Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 29 December 2011

Burma blast kills at least 17 in Rangoon
http://ping.fm/r7YeG

Thursday 22 December 2011

Burma Democratic Concern (BDC) wishes may Burma be "Min Ga Lar Shi Par Say"
http://ping.fm/CWo9E

Wednesday 21 December 2011

ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
2011-12-20

မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံပါတယ်။


RFA

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်၊ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီးနေအိမ်တွင် တွေ့ဆုံစဉ်။

အခုလို တွေ့ဆုံတာဟာ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံက နိုင်ငံ့ခေါင်းဆောင်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးတွေ့ဆုံတာပါ။
အရင်တစ်ခေါက် ခရီးစဉ်အတွင်း မတွေ့ဆုံနိုင်ခဲ့တဲ့ကိစ္စ အပါအဝင် ကိစ္စအထွေထွေကို ခေါင်းဆောင်နှစ်ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့တယ်လို့ ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုံးကြိုင်က ပြောပေမယ့် ဆွေးနွေးတဲ့ အကြောင်းအရာတွေကို ထုတ်ပြန်တာမရှိဘူးလို့ ဆိုပါတယ်။
ဆွေးနွေးပွဲမတိုင်ခင် ဆက်သွယ်မေးမြန်းတဲ့အခါ နှစ်နိုင်ငံ စီးပွားရေး ဖွံဖြိုးမှုဆိုင်ရာ ကိစ္စတွေကို အဓိက ထည့်သွင်း ဆွေးနွေးဖို့ရှိတယ်လို့ အင်န်အယ်လ်ဒီပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟာ ပျဉ်းမနားနေပြည်တော်မှာ ကျင်းပတဲ့ စတုတ္ထအကြိမ်မြောက် မဲခေါင်ဒေသတွင်း နိုင်ငံများ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ လာတာပါ။
မြန်မာနိုင်ငံကနေ သဘာဝ ဂက်စ် ဓာတ်ငွေ့ အသစ်ရှာဖွေ ထုတ်ယူရရှိနိုင်ဖို့ ဒီခရီးစဉ်အတွင်း မြန်မာစွမ်းအင်ဝန်ကြီးနဲ့ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးတို့ တွေ့ဆုံ ဆွေးနွေး ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၃ နှစ်ပြည့် ရန်ကုန်မှာ ကျင်းပ

2011-12-20

ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၇၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီး သမိုင်း မြို့မဘုန်းကြီးကျောင်းတိုက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။


RFA

၂၀၁၁၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၇၃ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ချိတ်ဆွဲထားသော ကျောင်းသားသမဂ္ဂ ပို့စတာ၊

၂၀၀၇ ဗကသ မျိုးဆက်သစ်တွေက ဦးဆောင်ပြီ ဒီကနေ့မနက် ၈ နာရီမှာ ကျင်းပခဲ့တယ်လို့ ဗကသအဖွဲ့ဝင် ကိုဇာနည်က ပြောပါတယ်။
“အဓိကကတော့ဗျာ ၂၀၀၇ ကျောင်းသားများသမဂ္ဂက ကျောင်းသားသမဂ္ဂအလံကို ကျောင်းသားသမဂ္ဂ စိတ်ဓာတ်ကို ပြန်ပြီးတော့ လွှင့်တင်တဲ့သဘောရယ်၊ နောက်ပြီးတော့ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ရဲ့အမှတ်ရဖွယ်နေ့ ဖြစ်တဲ့အတွက် ဒါတွေ မမေ့စေချင်တာရယ်။ နောက်လာမယ့် မျိုးဆက်တွေအတွက် ထပ်ပြီးတော့ အလင်းရောင်ပြတဲ့ သဘောပါပဲ။ နောက်ပြီးတော့ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ လုပ်မယ်ဆိုတာကိုလည်း ဒီပွဲမှာ တစ်ခါတည်း ကြေညာလိုက်တဲ့ သဘောပါပဲ”
အခမ်းအနားမှာ ၁၉၆၂၊ ၁၉၇၄၊ ၁၉၈၈၊ ၂၀၀၃နဲ့ ၂၀၀၇ စတဲ့ ခေတ်အဆက်ဆက် တိုက်ပွဲဝင် ကျောင်းသားတွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟံသာဝတီ ဦးဝင်းတင်၊ စာရေးဆရာကြီး ဒဂုန်တာရာ၊ ဆရာမောင်ဝံသ၊ ဆရာမကြီး ဒေါ်ခင်ဆွေဦးစတဲ့ စာပေနယ်က ထင်ရှားသူတွေနဲ့ ဧည့်ပရိသတ် ၁၅၀၀ ကျော်တက် ရောက်ခဲ့တယ်လို့ ဗကသအဖွဲ့ဝင်တွေက ပြောပါတယ်။
ဗိုလ်အောင်ကျော်နေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်တဲ့အတွက် ဂုဏ်ယူကြောင်း ကျောင်းသား သမဂ္ဂရဲ့အစဉ်အလာ သမိုင်းဟာ မြန်မာနိုင်ငံမှာ ကြီးမြတ်လှကြောင်းနဲ့ ခွပ်ဒေါင်းအလံကို အမြင့်မားဆုံး ဆက်လွှင့်ဖို့ ဦးဝင်းတင်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားအပြီးမှာ တက်ရောက်လာတဲ့ ကျောင်းသားတွေစုပြီး ခွပ်ဒေါင်းအလံကိုဝှေ့ယမ်းကာ သမဂ္ဂသီချင်းကို သံပြိုင်ဆိုခဲ့တယ်လို့ ကိုဇာနည်က ပြောပါတယ်။
“ခွပ်ဒေါင်းအလံကြီးကို ဝှေ့ယမ်းပြီးတော့ သမဂ္ဂသီချင်းကို သံပြိုင်ဆိုကြတာ အင်မတန် ကြက်သီးထဖို့ ကောင်းတဲ့ မြင်ကွင်းပါ။ ကျွန်တော်တို့နိုင်ငံမှာ မမြင်တာ ကြာပြီဖြစ်တဲ့ တိမ်းမြုပ် ပျောက်ကွယ်နေတဲ့ မြင်ကွင်းပါ။ ခုလို ခွပ်ဒေါင်း အလံကြီး ပြန်လည်ဝှေ့ယမ်း လာပြီးတော့ သမဂ္ဂ စိတ်ဓာတ်တွေ နိုးကြားလာခြင်းဟာ ကျွန်တော်တို့ နိုင်ငံတိုးတက်မှုမှာ တကယ့်ကို ရှေ့ဆောင်လမ်းပြ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အဲလိုမြင်ကွင်းမျိုးကို ကိုမင်းကိုနိုင်တို့ ကိုဌေးကြွယ်တို့ ကိုကိုကြီး တို့နဲ့ အတူတူ အမြန်ဆုံးပေါ့ဗျာ၊ နောက်ထပ် တစ်ခေါက် မြင်ချင်ပါသေးတယ်”
ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်ဟာ ၁၉၃၈ ခု ဒီဇင်ဘာ ၂၀ တတိယ ကျောင်းသား သပိတ်တိုက်ပွဲမှာ နယ်ချဲ့မြင်းစီးပုလိပ်တွေ ရိုက်နှက်တဲ့ ဒဏ်ရာနဲ့ ကွယ်လွန်ခဲ့ပါတယ်။

KIO နဲ့ နိုင်ငံရေးအရဆွေးနွေးဖို့ ၁၁ ဦးကော်မတီ မြန်မာအစိုးရ ဖွဲ့စည်း

2011-12-20

ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ အစိုးရဘက်က အဖွဲ့ဝင် ၁၁ ဦးပါ ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းပြီးကြောင်း အစိုးရက KIO ကို ဒီဇင်္ဘာ ၁၈ ရက်က အကြောင်းကြားခဲ့တယ်လို့ KIO အဖွဲ့က ပြောပါတယ်။

အခု အဖွဲ့ဟာ ပြည်ထောင်စုအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ ဖြစ်ကြောင်း KIO ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
အစိုးရက ပေးပို့လာတဲ့စာမှာ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးနိုင်ရန် အကြောင်းကြားထားပြီး အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း လက်မှတ်ရေးထိုး ထားတယ်လို့ ဆိုပါတယ်။
အဲဒီစာမှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တာဝန်ပေးအပ်ပြီး ဖြစ်ကြောင်း ပါရှိပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က KIO အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည် ရွှေလီမြို့မှာ ဆွေးနွေးတဲ့အခါ နှစ်ဦးနှစ်ဘက် သဘောတူညီချက် တစ်စုံတစ်ရာ မရခဲ့ပေမယ့် အစိုးရဘက်က ဆက်လက်ဆောင်ရွက်နေပါတယ်။
အခု ပေးပို့လာတဲ့ စာနဲ့ပတ်သက်ပြီး KIO ဘက်ကလည်း ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာ ပုံမှန်ဆက်ဆံသွားဖို့ရှိ

2011-12-20

မြောက်ကိုရီးယားမှာ ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်သွားပေမယ့် မြန်မာနိုင်ငံအနေနဲ့ ၂ နိုင်ငံအကြား ပုံမှန်အတိုင်း ချစ်ကြည်စွာ ဆက်ဆံသွားဖို့ ရှိကြောင်း သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က အာရ်အက်ဖ်အေကို ဒီကနေ့ ပြောကြားပါတယ်။


AFP

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့က (DPRK) မြောက်ကိုရီယား နိုင်ငံတည်ထောင်ခြင်း ၆၃ နှစ်မြောက် ကျင်းပသည့် စစ်ရေးအခန်းအနားတစ်ခုတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ်ကို တွေ့ရစဉ်။ မစ္စတာ ကင်မ်ဂျုံအီလ် (အသက် ၆၉ နှစ်) သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှလုံးရောဂါနှင့် ကွယ်လွန်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဟာ ကြားနေမူဝါဒကို ကျင့်သုံးတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ နွေးနွေးထွေးထွေး ဆက်ဆံသွားမယ်လို့ ထင်ကြောင်း ဒေါက်တာနေဇင်လတ်က မိမိအမြင်ကို ပြောပါတယ်။
ဒီလို ဆက်လက် ဆက်ဆံပေမယ့် အများပြောဆိုနေတဲ့ နျူကလီးယား လက်နက်နဲ့ စစ်ရေးဆိုင်ရာ ဆက်ဆံရေးတော့ ရှိမှာမဟုတ်ဘူးလို့လည်း ဒေါက်တာနေဇင်လတ်က ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီး နောက်ပိုင်း မြောက်ကိုရီးယားမှာ အပြောင်း အလဲတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မြန်မာ အစိုးရအရာရှိတစ်ဦးက ပြောဆိုကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာလည်း မြောက်ကိုးရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်သွားအပြီး မြောက်ကိုရီးယား နိုင်ငံမှာ နောင်တက်လာမယ့် ခေါင်းဆောင်သစ် အနေနဲ့ ကိုးရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ တိုက်တွန်းကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အင်န်အယ်လ်ဒီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒါအပြင် မြောက်ကိုးရီးယား ခေါင်းဆောင်သစ် အနေနဲ့ ပြည်တွင်းမှာလည်း နိုင်ငံရေးအရ အေးချမ်း တည်ငြိမ်မှုရှိအောင် စွမ်းဆောင်နိုင်စေချင်ကြောင်း အင်န်အယ်လ်ဒီ ခေါင်းဆောင် ဦးတင်ဦးက ပြောပါတယ်။
မြန်မာ အစိုးရ အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့မှာ ဖြစ်ကြောင်းလည်း မြန်မာ အစိုးရအရာရှိ တစ်ဦးက မနေ့က ပြောကြားခဲ့ပါတယ်။
မြန်မာ အစိုးရအရာရှိ နောက်တစ်ဦးကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့မယ့် ကိစ္စဟာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း၊ အခုတလော မြန်မာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို နိုင်ငံတကာ အသိုင်းအဝန်းက နားလည်မှု လွဲနေကြောင်း ပြောဆိုထားပါတယ်။

ရွှေညဝါဆရာတော်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ ပြန်စဉ်းစားဖို့ လျှောက်ထား
2011-12-20

ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာ သီတင်းသုံးနေတဲ့ ရွှေညဝါ ဆရာတော် ဦးပညာသီဟ အပေါ် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့က ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေဟာ ပြင်းထန်လွန်းတဲ့အတွက် ပြန်လည် စဉ်းစားပေးဖို့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေက စာရေးသား လျှောက်ထား လိုက်ပါတယ်။


RFA

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက် ရွှေညဝါဆရာတော် ဦးပညာသီဟ။

ဒီကနေ့ နေ့လယ်ပိုင်းက ကမ္ဘာအေး ကုန်းမြေမှာ ရှိတဲ့ သံဃာ့မဟာနာယက အဖွဲ့ရုံးမှာ စာဆက်ကပ်ခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ကိုကြည်လွင်က အာရ်အက်ဖ်အေကို ပြောပါတယ်။
ရွှေညဝါဆရာတော်ဟာ မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးမှာ ညီညွတ်ရေးတရား ဟောကြားခဲ့တဲ့အတွက် ကျောင်းတိုက်ကနေ ဖယ်ရှားဖို့ ဆရာတော်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်က ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယား ပြောင်းလဲနိုင်ကြောင်း မြန်မာ အစိုးရပိုင်း ပြောဆို

2011-12-19

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်ပြီး နောက်ပိုင်း မြောက်ကိုရီးယားမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာနိုင်တယ်လို့ မြန်မာ အစိုးရ အရာရှိ တစ်ဦးက ပြောဆိုကြောင်း AFP သတင်းဌာန က ဖေါ်ပြပါတယ်။


AFP PHOTO / KCNA via KNS

မြောက်ကိုရီးယား အစိုးရ သတင်းဌာနဖြစ်သည့် KCNA ကိုရီးယား ဗဟိုသတင်း အေဂျင်စီမှ ဖော်ပြသော ပုံတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (ယာ) ကို သားဖြစ်သူ ကင်မ်ဂျုံအွန်း (၀ဲမှ ဒုတိယ) ကို နိုင်ငံတည်ထောင်ခြင်း ၆၃ နှစ်မြောက် ကျင်းပသည့် စစ်ရေးအခန်းအနားတစ်ခုတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် တွေ့ရစဉ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီလ် (အသက် ၆၉ နှစ်) သည် နှလုံးရောဂါနှင့် ကွယ်လွန်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ အစိုးရ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒါပေမဲ့ ကင်မ်ဂျုံအီလ် ရဲ့ အရိုက်အရာကို ဆက်ခံမယ့် သားအငယ် ကင်မ်ဂျုံအွန်း ရဲ့အကြောင်းကိုတော့ သိပ်မသိကြောင်း၊ မြန်မာ အစိုးရ အနေနဲ့ ကင်မ်ဂျုံအီလ် အတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့မှာ ဖြစ်ကြောင်းလည်း အဲဒီ အရာရှိက ပြောပါတယ်။
မြန်မာ အစိုးရ အရာရှိ နောက်တစ်ဦးကလည်း ၀မ်းနည်းကြောင်း သ၀ဏ်လွှာ ပေးပို့မယ့် ကိစ္စဟာ လုပ်ရိုးလုပ်စဉ်သာ ဖြစ်ကြောင်း၊ အခုတလော မြန်မာ နဲ့ မြောက်ကိုရီးယား ဆက်ဆံရေးကို နိုင်ငံတကာ အသိုင်းအ၀န်းက နားလည်မှု လွဲနေကြောင်း ပြောဆိုပါတယ်။
မြန်မာ နဲ့မြောက်ကိုရီးယားတို့ကြား အဏုမြူဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ရှိနေတယ် ဆိုတဲ့ အပေါ် နိုင်ငံတကာ အသိုင်းအ၀ိုင်း- အထူးသဖြင့် အမေရိကန် လွှတ်တော် အမတ်တွေက စိုးရိမ်နေကြ ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စစ် ဟီလာရီ ကလင်တန် မြန်မာပြည်ကို လာရောက်ခဲ့စဉ် ကလည်း မြောက်ကိုရီးယား နဲ့ မသင့်မတော် ဆက်ဆံရေးတွေကို ဖြတ်တောက်ပစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မြန်မာ အစိုးရကတော့ ကုလသမဂ္ဂ ဆုံးဖြတ်ချက် အတိုင်း လိုက်နာသွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။
မြန်မာပြည်သွားရောက်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်း အတည်ပြု ပြောဆို


2011-12-19

ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အပါအ၀င် မြန်မာ အာဏာပိုင်တွေနဲ့ တွေဆုံခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာကို အတည်ပြု ပြောဆိုလိုက်ပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ ညီမဖြစ်သူ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ်ထရာ မြန်မာပြည်ကို သွားတဲ့အခါ အဆင်ပြေ ချောမွေ့စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တော်မှာ ရှိနေတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ကို ဘန်ကောက်ပို့စ် သတင်းစာက တယ်လီဖုန်းက တဆင့် ဆက်သွယ် မေးမြန်းခဲ့ရာမှာ မြန်မာပြည် ခရီးစဉ်ကို အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့တွေဆုံခဲ့သလို ယခင်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့လည်း တွေ့ဆုံခဲ့ကြောင်း၊ ဒါ့အပြင် ၀န်ကြီးချုပ် ယင်လတ် အနေနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံနိုင်ဖို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ပြောဆိုပါတယ်။
မစ္စယင်လတ် နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရေးမှာ အရေးကြီးတဲ့ အချက်နှစ်ချက် ရှိကြောင်း၊ ပထမအချက် အနေနဲ့ မြန်မာအတွက် ထိုင်းဟာ အရေးပါတယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပြီး၊ ဒီတွေ့ဆုံမှုဟာ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် တစ်ယောက် အနေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ကြောင်း၊ ဒီလို တွေ့ဆုံမှုမျိုးကို မြန်မာ အစိုးရ အနေနဲ့ အရင်က ခွင့်ပြုလေ့ မရှိကြောင်း မစ္စတာ သက်ဆင်က ပြောပါတယ်။ ဒုတိယအချက် ကတော့ ထိုင်းအစိုးရဟာ မြန်မာ့ ဒီမိုကရေစီရေးကို အားပေးတယ် ဆိုတာ ကမ္ဘာကို ပြသလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဝေဖန် သုံးသပ်သူတွေ ကတော့ --မစ္စယင်လတ်ရဲ့ မြန်မာပြည် ခရီးစဉ်ဟာ စွမ်းအင်နဲ့သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အတွက် အဓိက ဖြစ်ပြီး ၊ ဒီလုပ်ငန်းတွေ ကနေ မစ္စတာ သက်ဆင် နဲ့ သူ့ရဲ့ စီးပွားရေး အပေါင်းအပါတွေ အကျိုးရှိဖို့ အတွက်သာ ဖြစ်လိမ့်မယ်လို့ ပြောဆိုကြပါတယ်။
ထိုင်းဝန်ကြီးချုပ် ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံတဲ့အခါ ပြည်ပ ထွက်လို့ ရမယ်ဆိုရင် ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ဖို့ ဖိတ်ခေါ်မှာ ဖြစ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့် ရှိသူက ပြောဆိုပါတယ်။
စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းသင့်ကြောင်း ကိုဇာဂနာ အကြံပြု

2011-12-19

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည် ရုတ်သိမ်းလိုက်မယ် ဆိုရင် သာမန် ပြည်သူလူထု အတွက် အကျိုးကျေးဇူးတွေ ရရှိလာမယ်လို့ ဟာသ သရုပ်ဆောင် ကိုဇာဂနာက ပြောဆို လိုက်ကြောင်း Bloomberg သတင်းဌာနက ဖေါ်ပြပါတယ်။


(Photo: AFP)

ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင် ဇာဂနာ ခေါ် ကိုသူရ။ (Photo: AFP)

အထူးသဖြင့် အထည်ချုပ် လုပ်ငန်း ကဏ္ဍမှာ ရင်းနှီး မြှုပ်နှံခွင့်တွေ ရရှိလာမယ် ဆိုရင် သာမန်ပြည်သူတွေ အကျိုးခံစားရမှာ ဖြစ်ပါတယ်၊
စီးပွားရေး ပိတ်ဆို့ အရေးယူထားတာတွေကို ရုတ်သိမ်းလိုက်မယ် ဆိုရင် နိုင်ငံခြား တိုင်းပြည်တွေဆီက အကူအညီတွေ ပိုရလာမှာ ဖြစ်ပါတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ ကိုဇာဂနာက နိုင်ငံခြား သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဘဏ် နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ရာမှာ မြန်မာနိုင်ငံကို ကူညီ ထောက်ပံ့မှုတွေ ပေးနိုင်တဲ့ နည်းလမ်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်းလည်း ကိုဇာဂနာက ပြောဆိုပါတယ်။
ကိုဇာဂနာနဲ့ အဖွဲ့ဟာ ရုပ်ရှင်လုပ်ငန်းနဲ့ ပတ်သက်ပြီး အိမ်နီးချင်း နိုင်ငံတွေကို သွားရောက် လေ့လာရေး ခရီးစဉ် စတင်နေပါတယ်။ ဒီခရီးစဉ်ဟာ သူ့ရဲ့ပထမဆုံး ပြည်ပခရီး ဖြစ်ပါတယ်။ ကိုဇာဂနာ နဲ့အဖွဲ့ဟာ ထိုင်းနိုင်ငံ ကနေ ကမ္ဘောဒီးယားနိုင်ငံ ကို ဆက်လက် သွားရောက်မှာ ဖြစ်ပါတယ်။

http://www.rfa.org/burmese

ဗိုလ်အောင်ကျော်နေ့ ပထမ အကြိမ် ပြန်ကျင်းပ

By featured, လင်းသန့် on December 20, 2011 6:04 pm in သတင်း / 2 comments, Hits: 3,084

ယနေ့ ကျရောက်သည့် ၇၃ နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ကို နှစ်များစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ- ၂၀၀၇) ကဦးဆောင်၍ရန်ကုန်မြို့ သမိုင်းဘူတာရုံလမ်း၊ သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ယနေ့ နံနက်က စည်ကားစွာ ကျင်းပသည်။

“ဒီနေ့ မနက် ၈ နာရီကနေ ၁၁ နာရီထိကျင်းပတာပါ။ ခန့်မှန်းခြေ လူ ၁၀၀၀ လောက်လာပါတယ်”ဟု အခမ်းအနား စီစဉ်သူ တဦးဖြစ်သည့် ကိုစိမ်းရာဇာထွန်းက ဧရာဝတီကို ပြောသည်။

ကိုစိမ်းရာဇာထွန်းသည် ၂၀၀၇ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၏ အဖွဲ့ဝင်တဦး ဖြစ်သည်။

အခမ်းအနားသို့ ၁၉၆၂၊ ၇၄၊ ၇၅၊ ၈၈၊ ၉၆ ခုနှစ်များက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းများ၊ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များ အပါအ၀င် စာပေနယ်၊ လူမှုရေးနယ်ပယ်များက တက်ရောက်လာကြကြောင်း သိရသည်။

“အဓိက ဒီပွဲက ကျောင်းသား ခေါင်းဆောင်ဟောင်းကြီးတွေရဲ့သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်း သယ်တဲ့သဘော၊ အခု အကျဉ်းထောင်တွေထဲက ကျောင်းသားခေါင်းဆောင်တွေ လွတ်မြောက်ရေးအတွက် ဆက်ပြီး တိုက်ပွဲဝင်ကြမယ့် အကြောင်းနဲ့ သမဂ္ဂ စိတ်ဓာတ်ကို ပြန်လည်ဖော်ထုတ်တဲ့ပွဲ ဖြစ်တာကြောင့် အရမ်း အားရတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သူ ကိုဇာနည် က ပြောသည်။

ခေတ်အဆက်ဆက်က အသက်၊ သွေး၊ ချွေး စတေးခဲ့ကြရသူများကို ဂုဏ်ပြုရန်၊ နိုင်ငံအတွက် စွန့်လွှတ် အနစ်နာခံစိတ်များ တိုးပွားလာစေရန်၊ အမျိုးသားနိုင်ငံရေးတွင် ကျောင်းသားလူငယ်များ၏ အခန်းကဏ္ဍနှင့် ဦးဆောင်နိုင်မှု အရည်အသွေး မြင့်မား လာရန်ဟူသည့် ရည်ရွယ်ချက် ၃ ခုဖြင့် ကျင်းပခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

အခမ်းအနားသို့ ကဗျာဆရာကြီး ဒဂုန် တာရာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင်များဖြစ်သည့် ဦးဝင်းတင်၊ ဦးနိုင်းနိုင်း စသည့်ပုဂ္ဂိုလ်များ၊ ၁၉၆၂ ခုနှစ် ကျောင်းသားသမဂ္ဂ ခေါင်းဆောင် ဦးလှရွှေ၊ စာရေးဆရာ မောင်ဝံသ၊ စာရေး ဆရာမ ဒေါ်ခင်ဆွေဦး တို့ အပါအ၀င် ကိုညိုထွန်း၊ ကိုမျိုးအောင်ထွေး၊ ကိုမြတ်သူ၊ ကိုစိုးထွန်း စသည့် ၈၈ မျိုးဆက် ကျောင်း သားများလည်း တက်ရောက်ကြသည်။

“အဘ ဦးလှရွှေက မျိုးဆက်ဆိုတဲ့သဘောထားကို ပြောပြီး ကျောင်းသားသမဂ္ဂဆိုတာ သမိုင်းမှာ ဖိနှိပ်မှုရှိနေသော်လည်း အမြဲ ရှင်သန်နေတာကို ပြောသွားပါတယ်”ဟု ကိုစိမ်းရာဇာထွန်း က ဆိုသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နယ်ချဲ့ဗြီတိသျှ ကိုလိုနီစနစ်ကို ဆန့်ကျင်ခဲ့သည့် ကျောင်းသားအာဇာနည် ကိုအောင်ကျော်သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ၂၀ ရက် နေ့တွင် မြင်းစီး ပုလိပ်များ လက်ချက်ဖြင့် ကျဆုံးခဲ့ရသည်။ ထိုနေ့ကို ကျောင်းသားနေ့ဟုဂုဏ်ပြုခြင်းဖြစ်သည်။ ဗိုလ်အောင်ကျော်ကို နေမျိုးသီဟသူရ ဘွဲ့ပေးအပ်နှင်း၍ အမျိုးသားအာဇာနည် အဖြစ်လည်း ဂုဏ်ပြုခဲ့သည်။

“ကျောင်းသား သမဂ္ဂ သမိုင်းမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးစက ၁၇ ကြိမ်မြောက် ကျင်းပခဲ့တာ မှတ်တမ်းတွေမှာ တွေ့ရ တယ်။ နှစ်ပေါင်းများစွာ မကျင်းပနိုင်ခဲ့ဘဲ အခုမှ ဒါ ပထမဆုံး ပြန်ကျင်းပနိုင်တာပါ” ဟု ကိုစိမ်းရာဇာထွန်းက ပြောသည်။

ယခုအခမ်းအနားမှ တဆင့် ကျောင်းသားမျိုးဆက်များအနေဖြင့် လက်ရှိတိုင်းရင်းသားဒေသများတွင် စစ်မီးများ ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးသည် မဖြစ်မနေ အရေးတကြီးလိုအပ်ချက်ဖြစ်သည့်အတွက် တိုင်းရင်း သား ညီအစ်ကိုများနှင့် လက်တွဲဆောင်ရွက် သွားကြမည်ဟုလည်း သူက ဆိုသည်။

ကိုဇာနည်ကလည်း ဗိုလ်အောင်ကျော်နေ့ ခေါ် ကျောင်းသားနေ့ကို လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးတို့အတွက် ဦးထိပ်ပန်ဆင်ပြီး ကျင်းပသင့်သည်မှာ ကြာပြီဖြစ်ကြောင်း ပြောဆိုသည်။

“ခွပ်ဒေါင်းအလံကြီး တလွင့်လွင့်နဲ့ ကျောင်းသားလူငယ်တွေအားလုံးက သမဂ္ဂသီချင်းကို သံပြိုင်ဆိုတာက ကျနော့် အနေနဲ့အင်မတန်မှ ကြေကွဲဝမ်းနည်းသလို ကြက်သီးဖြန်းဖြန်းထတယ်၊ မမြင်တွေ့ရတာ ကြာပြီဖြစ်တဲ့ မြင်ကွင်မျိုးပါ၊ အကျဉ်းထောင် ထဲက နောင်တော် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့ ဒီလိုမျိုး စုစုစည်းစည်း မြင်ချင်ပါတယ်ဗျာ”ဟု သူက ဆိုသည်။

ယနေ့ အခမ်းအနားကို အာဏာပိုင်များက ဖိအားပေး နှေင့်ယှက်မှုများ မရှိခဲ့ကြောင်း၊ အရပ်ဝတ် ရဲသတင်းတပ်ဖွဲ့ဝင်တချို့ သတင်းမှတ်တမ်း ယူမှုသာ ရှိကြောင်း သိရသည်။

အစိုးရနှင့် KNU ထပ်တွေ့ဦးမည်

By featured, ဧရာဝတီ on December 20, 2011 5:31 pm in သတင်း / 2 comments, Hits: 6,334

ငြိမ်းချမ်းရေး အတွက် ထပ်မံဆွေးနွေးရန် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ကိုယ်စားလှယ်များ လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ဒုတိယ အပတ်၌ ကရင်ပြည်နယ်ဘားအံမြို့နယ်တွင် တွေ့ဆုံမည်ဖြစ်သည်။


လက်ရှိ KNU ဗဟိုကော်မတီဝင်များ (ဓာတ်ပုံ - ဧရာဝတီ)

တွေ့ဆုံပွဲတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည် ဖြစ်ပြီး KNU ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီဝင် အနည်းဆုံး ကိုယ်စားလှယ် ၃ ဦးခန့် ပါဝင်မည် ဖြစ်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ မှ ပြောရေး ဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထောက ဧရာဝတီသို့ ပြောသည်။

“အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့က လုပ်ရင် ကျနော်တို့ အနေနဲ့ ခိုင်မာချင်တဲ့ ဆန္ဒတော့ ရှိတယ်၊ ဒါမှလည်း ထာဝရ ငြိမ်းချမ်း ရေးကို သွားမှာကိုး ဆိုတော့ အဲဒီက စပြီးတော့ တဦးကို တဦး ဘယ်လို ပြုမှုဆက်ဆံ နေထိုင်ကြမလဲဆိုတာက အစ ဆွေးနွေးကြ မယ်”ဟု ၎င်းက ဆိုသည်။

KNU သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် နိုဝင်ဘာ ၁၀ ရက်က အဖွဲ့ဝင် ၇ ဦးပါရှိသည့် ပြည်တွင်း ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရနှင့် KNUထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များ အပြန်အလှန် အကြောင်းကြားရေး၊ ဗဟိုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် နေ့ရက်၊ နေရာ သတ်မှတ်ရန် စသည့် အချက် များကို အစိုးရ ကိုယ်စားလှယ်များက ချပြထားကြောင်း ဦးစောဒေးဗစ်ထောက ဆက်ပြောသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက KNUတပ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင် ထားခဲ့ သည်။

နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင် သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း တရားဝင် ထပ်မံ တွေ့ဆုံမည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

KNUအဖွဲ့သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး အတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။

သက်ဆင်ရဲ့ မြန်မာခရီး ဝေဖန်ခံရ

By featured, ရန်ပိုင် on December 20, 2011 6:30 pm in သတင်း / 7 comments, Hits: 12,068

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် မြန်မာနိုင်ငံသို့ မကြာသေးမီက သွားရောက်ကာ နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းသည်ဆင်ခြင်မှု ကင်းမဲ့သည့် လုပ်ရပ် ဖြစ်သည်ဟု ထင်ရှားသည့် ထိုင်းနိုင်ငံရေးသမားတဦးက ပြောကြားလိုက်သည်။


စက်တင်ဘာလက တွေ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် (ဓာတ်ပုံ - AP)

သူ၏ နှမဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်၏ မြန်မာပြည် ခရီးစဉ် ချောမွေ့စေရေး၊ နှစ်နိုင်ငံဆက်ဆံမှု တိုးတက်ရေး၊ စွမ်းအင်ကဏ္ဍ ရင်းနှီးမြုပ်နှံရေး၏တို့အတွက် မစ္စတာ သက်ဆင် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယခင် ထိုင်းလွှတ်တော်အမတ် မစ္စတာ ခရိုင်ဆတ် ချူနာဝမ်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“သူက ဘာကြောင့် ဘာကြောင့် နာမည်ကောင်း ၀င်ယူရတာလဲ။ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် သံတမန်တွေက စီစဉ်ရပေးမှာပါ။ သူ ၀င်ပြီး စီစဉ်ပေးစရာ မလိုပါဘူး” ဟု မစ္စတာ ခရိုင်ဆတ်က ဧရာဝတီကို ပြောသည်။

သူ၏ လုပ်ရပ်သည် မစ္စ ယင့်လပ် ဦးဆောင်သည့် ထိုင်းအစိုးရ၏ ရပ်တည်မှုနှင့် ပုံရိပ်ကို ထိခိုက်စေသည်ဟု မစ္စတာ ခရိုင်ဆတ်က ကောက်ချက်ချသည်။

“ယင့်လပ် ရှင်နာဝပ် နောက်မှာ သူ ရှိမနေဘူးလို့ အရင်တုန်းက သူ ပြောခဲ့တယ်။ အခု ယင့်လပ်ခရီးအတွက် သူက မြန်မာပြည် သွားစီစဉ်ပေးတယ် ဆိုတော့ သူက ယင့်လပ်နောက်မှာ ကြိုးကိုင်နေတယ် ဆိုတာ ပေါ်သွားတာပေါ့” ဟု မစ္စတာ ခရိုင်ဆတ်က ပြောသည်။

လာဘ်စားမှုဖြင့် ၀ရမ်းထုတ်ခြင်းခံထားရသည့် မစ္စတာ သက်ဆင်သည် ပြည်ပတွင် နေထိုင်လျက်ရှိပြီး ကြာသပတေးနေ့က နေပြည်တော်သို့ သွားရောက်ခဲ့သည်။

သူ၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ကို တွေဆုံခဲ့သည်ဟု သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပြခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သီးခြားစီ တွေ့ဆုံခြင်း ဟုတ်မဟုတ် ဖော်ပြထားခြင်း မရှိပေ။

မစ္စ ယင့်လပ်၏ အောက်တိုဘာလ မြန်မာပြည် ခရီးစဉ် မတိုင်မီကလည်း မစ္စတာ သက်ဆင် နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့သေးကြောင်း သံတမန် သတင်းရပ်ကွက် အဆိုအရ သိရသည်။

ယခုအခါ မစ္စ ယင့်လပ်သည် နေပြည်တော်ရှိ မဲခေါင်ဒေသဆိုင်ရာ ၂ ရက်ကြာ ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တွင် ရောက်ရှိနေကာ ယနေ့ညနေပိုင်းတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံလျက်ရှိသည်။

မစ္စ ယင့်လပ်၏ မြန်မာပြည် ဒုတိယ ခရီးစဉ်တွင် စွမ်းအင် ၀န်ကြီး ပီချိုင်နာရစ်သက်ဖန်၊ နိုင်ငံပိုင် PTT စွမ်းအင်ကုမ္ပဏီမှ အမှုဆောင်များလည်း လိုက်ပါသွားကြောင်း သိရသည်။

တနင်္သာရီတိုင်း စီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံထားသည့် ထိုင်းနိုင်ငံသည် မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို ၀ယ်ယူလျက်ရှိသည်။

နိုင်ငံရေး အမှုလိုက် ရှေ့နေ ဦးမြင့်သွင်ကို လိုင်စင် ၃ နှစ်ပိတ်

By featured, သန်းထိုက်ဦး on December 20, 2011 3:25 pm in သတင်း / 1 comment, Hits: 3,844

မန္တလေးမြို့တွင် နိုင်ငံရေး အမူနှင့် လယ်မြေ အသိမ်းခံရသော လယ်သမားများကို ကူညီနေသည့် ရှေ့နေ ဦးမြင့်သွင်ကို အစိုးရက မကြာသေးခင် ရက်ပိုင်းအတွင်း ရှေ့နေ လိုက်ခွင့် ၃ နှစ်ပိတ်ပင်လိုက်သည်။


ဦးမြင့်သွင် ကူညီဆောင်ရွက်ပေးခဲ့သည့် ဖားကန့်လယ်သမားများ၏ လယ်ယာမြေအသိမ်းခံရသော ရွာတခုအနီးတွင် မြေများတူးဖြို ရှင်းလင်းနေစဉ်။ (ဓာတ်ပုံ - independent.co.uk)

ရှေ့နေလိုက်ခွင့်ပိတ်ပင်ကြောင်း စာကို ယခုလ ၁၅ ရက်က ၎င်းထံ တရားရုံးချုပ်က ပေးပို့ခဲ့သည်ဟု ဦးမြင့်သွင်က ဧရာဝတီသို့ပြော သည်။

“ရှေ့နေ ဖြစ်ပြီးတော့ တာဝန်ကျေအောင် မထမ်းဆောင်တဲ့ အတွက် ရှေ့နေ ကောင်စီကနေပြီး နည်း ဥပဒေအရ ကျနော့်ကို အနား ပေးတယ်၊ ၃ နှစ် ရပ်ဆိုင်းတယ် ဆိုပြီးတော့ စာထဲမှာပါတယ်”ဟု ၎င်းက ဆိုသည်။

ဦးမြင့်သွင် လက်ခံထားသော အမှုသည် တဦး၏ ပြန်လည် တိုင်ကြားချက်ကြောင့် ရှေ့နေများ ကောင်စီ အက် ဥပဒေ ပုဒ်မ ၁၀/၁ အရ ရှေ့နေလိုက်ခွင့် ပိတ်ပင်ခံရခြင်း ဖြစ်သည်။

“လွန်ခဲ့တဲ့ ၇ လလောက်က အမှုတခုမှာ တရားရုံးချုပ်မှာ နောက်ကျလို့ ဆိုပြီးတော့ မကွေးတိုင်းဘက်က အမှုသည် တယောက်က တိုင်တာ၊ အဲဒီလို အတိုင်ခံရတာနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးတယ်၊ နောက်ကျသွားတော့ ကျမ်းကျိန်ပြီး ပြန်လျှောက်လဲချက် ပေးခွင့် ရပါတယ်၊ ကျနော့်ဘက်က တာဝန်ကျေအောင်တင်တာပေါ့၊ ဒါပေမယ့် သူ့အမှုက ဆက်ရှုံးတဲ့အခါကျတော့ ကျနော် နောက် ကျလို့ ရှုံးတယ် ဆိုပြီးတော့ တိုင်ထားတာ”ဟု ဦးမြင့်သွင်က ရှင်းပြသည်။

တရားခွင် အတွင်းသို့ အမှုလိုက်ပါ ဆောင်ရွက်ခွင့် မရှိတော့သဖြင့် ဥပဒေ အကြံပေး အဖြစ် ဆက်လက် ကူညီမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အမှုစစ်တာက တရားခွင်မှာ လက်မှတ် ထိုးတာနဲ့ ကိုယ်တိုင် ၀င်မစစ်ရတာဘဲ ရှိတယ်၊ ကျန်တာကတော့ ကျနော့်ရဲ့ လက်ထောက် ရှေ့နေတွေကို မေးခွန်းတွေ ရေးပေးတယ်၊ အမှုသည်တွေကိုလည်း ကျနော်ပွင့်ပွင့်လင်းလင်း အကုန်ပြောပြတယ်”ဟု ဦးမြင့်သွင်က ပြောသည်။

ဦးမြင့်သွင်သည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်များ ဖြစ်ကြသည့် ဒေါ်ဝင်းမြမြ၊ ဦးသန်းလွင် တို့၏ နိုင်ငံရေး အမှုများ အပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်နှင့် မေမြို့တို့တွင် လယ်မြေ အသိမ်းခံရသော လယ်သမားများကို ကူညီ ဆောင်ရွက်ပေးနေသော ရှေ့နေတဦးဖြစ်သည်။

လွန်ခဲ့သည့် သြဂုတ်လကလည်း လယ်မြေ အသိမ်းခံရသော လယ်သမားများကို ကူညီသည့် ရှေ့နေ ဦးတင်အောင်ထွန်းသည် လည်း ရှေ့နေ ကျင့်ဝတ်သိက္ခာ ဖောက်ဖျက်သည် ဟူသော စွပ်စွဲချက်ဖြင့် ရှေ့နေလိုင်စင် ရုပ်သိမ်းခံရသည်။

နိုင်ငံတဝန်းတွင် ဒီမိုကရေစီရေး လှုပ်ရှားသူများ၏ အကျိုးဆောင် ရှေ့နေ ၁၁ ဦးခန့် လက်ရှိ အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း သိရ သည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ ထုတ်ပြန်ချက်တွင် ဗဟို တရားရုံးရှေ့နေများ အပါအဝင် ၁၉၈၈ ခုနှစ်မှ စတင်၍ နိုင်ငံတဝန်းတွင် ဥပဒေ နည်းလမ်းတကျ မဟုတ်ဘဲ သတိပေးခံရသူ၊ ယာယီ လိုင်စင်ရုပ် သိမ်း ခံရသူ၊ အပြီးတိုင် လိုင်စင် ဖျက်သိမ်းခံရသူ ရှေ့နေပေါင်း ၂၀၇ ဦး ရှိကြောင်း ဖော်ပြထားသည်။

၂၀၀၈ ခုနှစ် အောက်တိုဘာလအတွင်းက နိုင်ငံရေး အမှုလိုက် လူငယ်ရှေ့နေတဦးဖြစ်သည့် ကိုညီညီထွေးနှင့် ၎င်း၏ အမှုသည်များ ဖြစ်ကြသော လှိုင်သာယာမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ ဝင်များဖြစ်ကြသည့် ကိုအောင်မင်း၊ ကိုရန်နိုင်ထွန်းနှင့် ကိုဝေလွင်မျိုးတို့ကို မြောက်ပိုင်းခရိုင်တရားရုံးက တရား စီရင်ရေးကို အနှောင့်အယှက် ပေးသည်ဟု စွဲချက်တင်၍ ထောင်ဒဏ် ၆ လစီချမှတ်ခြင်း ခံခဲ့ရသည်။



ဗဟိုဘဏ် သီးခြားရပ်တည်မည်
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို ဘဏ္ဍာရေးဝန်ကြီး ဌာနလက်အောက်မှ ခွဲထုတ်ကာ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် ထားရှိရန် စီစဉ်နေကြောင်း သိရသည်။ ဗဟိုဘဏ်ကို လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ထားရှိနိုင်ရန် ဥပဒေ၊ အမိန့်နှင့် ညွန်ကြားချက်များကို ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောဆိုသည်ဟု ပြည်တွင်းထုတ် Eleven Media Group အင်တာနက် ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

The Lady အင်္ဂလန်တွင် ပြမည်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ ဖြတ်သန်းမှုအကြောင်း ရိုက်ကူးထားသော The Lady အမည်ရှိရုပ် ရှင်ကားကို အင်္ဂလန်နိုင်ငံ၌ ဒီဇင်ဘာ ၃၀ ရက်တွင် ပြသမည်ဖြစ်ကြောင်း သိရသည်။ ယင်းရုပ်ရှင်ကားကို ပြင်သစ် ဒါရိုက်တာ Luc Besson က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာ သရုပ်ဆောင်ပေါင်းများစွာ နှင့် ရိုက်ကူးထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အဖြစ် ဟောလိ ၀ုဒ် ရုပ်ရှင်မင်းသမီး မီရှဲယိုးက အဓိက သရုပ်ဆောင်ထားသည်။ The Lady ရုပ်ရှင်ကို ပြီးခဲ့သည့် နိုဝင်ဘာ လကုန်ပိုင်းက ပြင်သစ်နိုင်ငံတွင် ပြသခဲ့သေးသည်။

မိုးကောင်း၌ ပေါက်ကွဲမှု ၅ ကြိမ် ဆက်ဖြစ်
ကချင်ပြည်နယ်အတွင်း တနင်္ဂနွေနေ့က ပေါက်ကွဲမှု ၅ ကြိမ် ဆက်တိုက် ဖြစ်ပွားခဲ့သည်။ မိုးကောင်းမြို့နယ် ထိုပူး ဘူတာနှင့် ဆားမှော် ဘူတာကြားတွင် ပေါက်ကွဲခြင်း ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ရထားသံလမ်းများ ပျက်စီးသွားကြောင်း၊ လက်နက် ခဲယမ်းများ နှင့် အတူ KIA တပ်ဖွဲ့ဝင် ၂ ဦး အလောင်းကိုလည်း တွေ့ရှိရကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။

http://burma.irrawaddy.org/

ရန်ကုန် မြို့သစ်နှင့် စည်ပင်လွန်ဒေသ ဈေးမြင့်တက်

ညီသစ် | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၃၉ မိနစ်



ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်တွင် မြို့စွန်နေရာများနှင့် စည်ပင်သာယာရေး နယ်နိမိတ်တွင် မပါဝင်သည့် နေရာများတွင် ဈေးမြင့်တက်လာကြောင်း အိမ်ခြံမြေလုပ်ငန်း အသိုင်းအဝိုင်းက ပြောသည်။

ရန်ကုန်မြို့ကို ပိုမိုတိုးချဲ့ရန် စီစဉ်နေပြီဟူသော သတင်းများ ထွက်ပေါ်အပြီး စည်ပင်နယ်နိမိတ်ဝင် မြို့နယ်များ
ဖြစ်သည့် ဒဂုံမြို့သစ် (တောင်၊ မြောက်၊ အရှေ့) မြို့နယ်များတွင် မြေကွက်ဈေးများ တက်သွားခဲ့ပြီး ရန်ကုန် စည်ပင် နယ်နိမိတ်ပြင်ပ မြို့များဖြစ်သည့် သံလျင်၊ ကျောက်တန်းနှင့် ဒလမြို့နယ်ဘက်တို့တွင်လည်း နှစ်ဆမှ သုံးဆနီးပါး မြင့်တက်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ဆိုသည်။

“ဒလဘက်က တချို့ နေရာကောင်းတဲ့ ရပ်ကွက်တွေမှာဆိုရင် အရင်က သိန်း ၂၀ ၊ ၃၀ လောက်တန်တဲ့ မြေကွက်
တွေက အခုသိန်း ၉၀၊ ၁၀၀ ခေါ်နေတယ်။ ... တချို့က ရေရှည်အတွက် ကြိုဝယ်ထားကြတယ်။ လူမနေပေမယ့်
ဈေးတက်လာမှာကို ကြိုတင်မျှော်ပြီး ဝယ်ထားတာ” ဟု အိမ်ခြံမြေ အကျိုးဆောင် တဦးက ပြောသည်။

နိုဝင်ဘာ ၂၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တခုတွင် သီလဝါ အထူးစီးပွားရေး ဇုံကို ဂျပန်၊ တောင်ကိုးရီးယားနှင့် တရုတ်တို့မှ လုပ်ဆောင်လိုကြောင်း အစိုးရသို့ တင်ပြမှုများ ရှိသည်ဟု မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောခဲ့သည်။

ထိုဇုံမှာ သန်လျင်နှင့် ကျောက်တန်းမြို့နယ်အကြား ဒလမြို့နယ် အရှေ့ဘက်တွင် တည်ရှိမည်ဖြစ်ကာ မြေဧက ငါးထောင်ဝန်းကျင်ခန့် ဖြစ်မည်ဟု သိရသည်။

“သီလဝါကျောက်တန်းဘက်မှာ အထူးစီးပွားရေးဇုံတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ကတည်းက အခုလို
ဈေးတွေ တက်ကုန်တာ။” ဟု ရန်ကုန်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် ကပြောသည်။

ထို့ပြင် သံလျင်မြို့နယ်အတွင်းရှိ ကျိုက်ခေါက်စေတီအနီး အောင်ချမ်းသာ ရပ်ကွက်တွင်လည်း မြေကွက်များ ဈေး
ကောင်းရလာကြောင်း၊ သံလျင်မြို့တွင်းနှင့်နီးသော နေရာများတွင်ပင် မြေဈေးမှာ ယခင် သိန်း ၅၀၀ ခန့် တန်ဖိုးရှိ
မြေကွက်သည် သိန်း ၆၅၀ ခန်ထိ ဈေးခေါ်လာသည်ကို တွေ့ရသည်။

သီလဝါ-ကျောက်တန်းဘက်တွင် အထူးစီးပွားရေး စက်မှုဇုန်ဖော်ဆောင်ရန် လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကပင် စတင်ခဲ့
သော်လည်း ယခုအချိန်ထိ သိသာသော တိုးတက်ဖြစ်ထွန်းမှု ပေါ်ထွက် မလာခဲ့နိုင်ဘဲ ဖြစ်နေခဲ့ရာက ပြည်ပ ရင်းနှီး
မြုပ်နှံမှုများ ဝင်ရောက်မည်ဆိုသော ကောလဟလများက ဈေးကွက်ကို တဖန် လှုပ်နိုးလာပြန်သည်။

အလားတူပင် ရန်ကုန်မြို့ကို ပြန်လည်ပြုပြင်မည့် အစီအစဉ် ရေးဆွဲပြီးပါက မြို့ကွက်သစ်တိုးချဲ့ရန် လိုအပ်လာခြင်း၊ လက်ရှိမြို့သစ်များကို ပိုမိုတိုးချဲ့လာပါက မကြာမီတွင် မြေဈေးများ ကောင်းမွန်လာမည်ကို မျှော်မှန်းကာ ဒဂုံမြို့သစ် မြို့နယ်များရှိ မြေကွက်များကို ဈေးနှုန်းများ တိုးမြှင့်ပေးကာ ဝယ်ယူခြင်း သို့မဟုတ် ဝင်ရောက် ဈေးကစားမှုများ
ပြုလာခြင်းတို့ နောက်ဆက်တွဲ ဖြစ်လာခဲ့သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ အကွက်များတွင် “ပေ၄၀ ၊၆၀ တကွက်ကို အရင်က ၁၀သိန်းဆိုတာ အလွန်ဆုံး၊ အခုဆို သိန်း လေး၊ ငါးဆယ်လောက် လာပေးနေကြတယ်။ တချို့အကွက်တွေဆို အကွက်တောင် ဖော်ရသေးတာ မဟုတ်ဘူး။” ဟု အိမ်ခြံမြေအကျိုးဆောင်တဦးက ပြောသည်။

အဝယ်သမားများက ရေရှည်တွင် ဈေးတက်လာနိုင်သည်ဆိုသော ခန့်မှန်းမှုဖြင့် လိုက်လံဝယ်ယူမှု အများစုဖြစ်ပြီး မြို့သစ်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းငယ်များလည်း တပါတည်း ပေါ်ထွက်လာခဲ့သည်။

သို့သော် အိမ်ယာမြေဈေးကွက် ကျွမ်းကျင်အချို့က ရန်ကုန်၏ လက်ရှိကာလ မြေဈေးနှုန်းများသည် အမြင့်ဆုံး အနေအထားသို့ ရောက်ရှိနေသည်ဟု သတိပေးထားပြီး မကြာမီ အနာဂတ်တွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများ လက်တွေ့ ဝင်ရောက်နိုင်ခြေ မရှိသေးကြောင်း ထောက်ပြထားကြသည်။

မြို့သစ်များနှင့် စည်ပင် နယ်နိမိတ်လွန် မြို့နယ်များတွင် မြေဈေးများ ကောင်းနေသော်လည်း ရန်ကုန်မြို့တွင်း
နေရာများတွင်မူ ယခုလအတွင်း အရောင်းအဝယ်နှင့် ဈေးနှုန်း အတက်အကျမရှိဘဲ ရှိနေသည်။

http://www.mizzimaburmese.com/

ဒီဇင်ဘာ ၂၀၊ ၂၀၁၁


Ku Mojo – ၀မ်းနည်းရမှာလား … ၀မ်းသာရမှာလား

http://moemaka.com/2011/12/ku-mojo

Tuesday 20 December 2011

Zarganar Wants Sanctions to End, Won’t Run for Parliament- http://ping.fm/NMMG1
Burma Democratic Concern welcomes the US Secretary of State, Hillary Clinton, visits to Burma http://ping.fm/Uty9B
MYANMAR OPENS NEW INTERNATIONAL AIRPORT http://ping.fm/scFmY

Tuesday 13 December 2011

IMPORTANT HUMAN RIGHTS COVENANTS AND PROTOCOLS
http://ping.fm/uTFBq

Monday 5 December 2011

Dear All Media and journalists,

It is to inform you that there will Media Meeting Event to give you more information on what we have prepared for the Fund Raising Stage Show for Education in Ethnic Areas in Sakura Tower , 20th floor , on 6.12.2011 from 10:00 am to 12:00 ( TOMORROW)

U Myo Yan Naung Thein
One of the organizers of the Show
Education Network
Democracy Network

+951 (09 73021874) http://ow.ly/7PgD5

Friday 2 December 2011

Burma Democratic Concern (BDC) welcomes the US Secretary of State, Hillary Clinton, visits to Burma

2nd December 2011

Burma Democratic Concern (BDC) welcomes the US Secretary of State, Hillary Clinton, visits to Burma hoping that her visits will help paving ways for more positive political development in Burma leading toward genuine national reconciliation.

Burma is facing challenges ahead which must address sensibly, wisely and realistically for the quest for democracy.

U Myo Thein, the Director of the Burma Democratic Concern (BDC) said that “We earnestly call for U Thein Sein regime to enter genuine time-bond dialogue with Daw Aung San Suu Kyi in order to bring about national reconciliation in Burma”.

Burma must solve not only political crisis but also human rights, economics isolation, armed-conflicts, poverty, environment, investment, technology, abuse of power, corruptions, poor technology and lack of expertise, education, lack of institutions, illegal immigration, poor healthcare, poor banking, unemployment, inflation, trade, fiscal and monetary policies, judiciary and rule of law.

U Khin Maung Win, the Director of the Burma Democratic Concern (BDC) said that “We call for the President U Thein Sein regime to release all 600 political prisoners immediately and unconditionally since it will be the indicators judging whether if Burma is truly on the road to reform or not”.

Burma needs technology and financial assistance from international community to help rebuilding the nation after five decades of isolation and economics mismanagement.

Burma Democratic Concern (BDC) calls for international community to provide more humanitarian assistance and development aids inside Burma and if there are obstacles blocking aids to Burma then we must remove them immediately since we don’t want to hurt the livelihood of the ordinary people of Burma. Burma Democratic Concern (BDC) opposes anything hurting people.

U Tint Swe Thiha, the Patron of the Burma Democratic Concern (BDC) said that “We must stop armed-conflicts so as to restore peace in Burma”.

In order to help reliving the suffering of the people of Burma, we must have common position amongst all parties concerned by putting national interest first.

Daw Khin Aye Aye Mar, the Patron of the Burma Democratic Concern (BDC) said that “We must alleviate poverty in Burma and we must promote economic development of the nation. At the same time, we must promote the educational standard which we believe the best investment for the future of the nation”.

Burma Democratic Concern (BDC) welcomes tourists visiting Burma so as to promote ordinary Burmese people engaging with people from around the world.

Burma Democratic Concern (BDC) will be very happy and will support international monetary institutions such as “International Monetary Fund, World Bank and/or the Asian Development Bank” helps tackling poverty in Burma.

http://www.bdcburma.org

Thursday 1 December 2011

Dear All ,

You are cordially invited to the 2nd Discussion Forum which will
focus on the issues that the candidates running for 48 constituencies
should handle in their campaigns and What and what are the issues and
problems that are really affecting people in these constituencies.

I personally believe that NLD re-registration and taking part in the
upcoming by-election are the right decisions, and I have some ideas on
which issues should be discussed first in the parliament.

Organized by U Myo Yan Naung Thein ( 09 730 21874, 01 501328)
Time : from 11:00 am to 2:00 pm
Date : 5.12.2011
Venue: No (2) second floor , West Htan Ta Pin Street , Hledan ,
Kamayut Township.Yangon
ဒုတိယအကြိမ်ဆွေးနွေးပွဲသို့ဖိတ်ကြားခြင်း


လာမည့် တနင်္လာနေ့ (5-11-2011) တွင် ယခုလစ်လပ်နေရာ (၄၈)နေရာ
ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများက ပြည်သူကို
ချပြဆွေးနွေးသင့်သည့် ကိစရပ်များနှင့် ထိုမဲဆနနယ်များ တွင်
ပြည်သူများအမှန်တကယ် ကြုံတွေ့နေသော ပြသနာရပ်များကို ၀ိုင်းဝန်း
ဆွေးနွေးကြမည် ဖြစ်ပါသဖြင့် လူကြီးမင်းအား လာရောက်ဆွေးနွေးရန်
ဖိတ်ကြားအပ်ပါသည်။

မှတ်ချက် ။ ။ မည်သူမဆို လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်ပါသည်။

ဖိတ်ကြားသူ - ဦးမျိုးရန်နောင်သိန်း (09 73021874၊ 01 501328)

အချိန် - နံနက် (၁၁)နာရီမှ နေ့လည် (၂)နာရီ
နေ့စွဲ - ၅-၁၁-၂၀၁၁ (တနင်္လာနေ့)
နေရာ - အမှတ်(၂)၊ ဒုတိယထပ်၊ ထန်းတပင်အနောက်ပိုင်းလမ်း၊ လှည်းတန်း၊
ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
ဒုတိယအကြိမ်ဆွေးနွေးပွဲသို့ဖိတ်ကြားခြင်း