Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 6 December 2010

ငရဲကြီးတာနဲ့ ဝဋ်လိုက်တာ

6-12-2010

လောကကြီးမှာ မပြစ်မှားထိုက်သူတွေကို ပြစ်မှားရင် ခံစားရမယ့်
ပြစ်ဒဏ်တွေ ရှိပါတယ်။ ရှောင်ရှားဖိုအတွက် ဗဟုသုတဖြစ်စေရန် ဖော်ပြပေးလိုက်ပါတယ်။

မပြစ်မှားထိုက်သူကို ပြစ်မှားရင်
၁။ ခေါင်းကိုက်ရောဂါ စတဲ့ ပြင်းထန်တဲ့ဝေဒနာကို ခံစားရတယ်။
၂။ ခဲခဲယဉ်းယဉ်း ရထားတဲ့ ဥစ္စာတွေ ဆုံးရှုံးတယ်။
၃။ လက်ပြတ်ခြင်း-စတဲ့ ခန္ဓာကိုယ် ပျက်စီးမှု ရှိတယ်။
၎။ ကိုယ်တခြမ်းသေခြင်း စတဲ့ ကြီးကျယ်တဲ့ ရောဂါ ဖြစ်တယ်။
၅။ ရူးတယ်။
၆။ မင်းဒဏ်

ဈာန်နဲ့ပတ်သတ်၍

6-12-2010

တပည့်တော်သည် ဈာန်ကို အခြေခံသော အဘိဥာဏ်၏အစွမ်းနှင့် ပတ်သက်သည်ကို အထူးပင်စိတ်ဝင်စားပါသည်ဘုရား။ ပဋိဘာဂနိမိတ်ဝင်စားကာ သမာပါတ်ရှစ်ပါး အနုလုံပဋိလုံဝင်စားခြင်းအားဖြင့်
ပထဝီကသိုဏ်းကိုတည်ပြီး ဖန်ဆင်းအပ်သော ရုပ်သည်မည်မျှ အရှည်ကြာဆုံး တည်နိုင်ပါမည်လဲဘုရား။
အဓိဌာန်သမျှ တည်သည်ဆိုလျှင် အဓိဌာန်သောပုဂ္ဂိုလ်က ကြာရှည်လေးမြင့်စွာတည်တံ့နေအောင် အဓိဌာန်သော်ငြားလည်း
သူ၏ဈာန်ကွယ်သော ခဏမှာ ထိုအဖန်ဆင်းခံရုပ်၏ လားရာသည် မည်သို့ဖြစ်နိုင်ပါသည်လဲဘုရား။
အကျိုးအကြောင်းကို တပည့်တော်သည် မပစ်ပယ်ပါ။ သို့သော်လည်း ဗကဗြဟ္မာလောင်း ရသေ့ကြီး၏
လူအများကို ကယ်တင်သောထုံးကို နှလုံးမူပြီး ယခုရဟန်းသူမြတ်၊ လူသူတော်မြတ်တို့သည်
သတ္တဝါတို့၏ဆင်းရဲကြောင်းကို တန်ခိုးအစွမ်းဖြင့် ဟန့်တားနိုင်စကောင်းပါသလား အရှင်ဘုရား။
ထိြု့ပင် သူ့မယားလိုချင် သူ့လင်လှံဖြင့်ထိုး ပုံဝတ္ထုထဲမှကဲ့သို့ မကောင်းသောသူအား သိကြားမင်းသည်
သူ၏က္ကုဒိပါဒ်အစွမ်းဖြင့် ပယ်ရှားပေးသကဲ့သို့ ယခုမျက်မှောက်လောကတွင် ဈာန်တန်ခိုးသည်
အဖြေတစ်ခု ဖြစ်နိုင်ပါမည်လား အရှင်ဘုရား။ အကြောင်းနှင့်အကျိုးတွင် ကံသည်အားကြီးသော
အကြောင်းဖြစ်သော်ငြား လည်း ကံတစ်ခုတည်းသက်သက်ဖြင့် မပြည့်စုံသောအခါ
ပြင်ပမှအကြောင်းတရားများဖြင့် ပံ့ပိုးပေးရသည်ဟု မှတ်သားဖူးသဖြင့် ထိုအကြောင်းတရားသည်
ဈာန်တန်ခိုး ဖြစ်စကောင်းပါသလားဘုရား။ တပည့်တော်သည် မဖြစ်နိုင်သော မဟာလူစွမ်းကောင်း
အဖြစ် စိတ်ကူးယဉ်ခြင်းမဟုတ်ပါဘုရား။ ဖြစ်နိုင်သည်ဟု အတိအကျ ဖော်ပြခဲ့ပြီး
ရှေးသူတော်ကောင်းတို့ထုံးကို နှလုံးမူကာ နှလုံးသွင်းဆင်ခြင်ခြင်းမျှသာ
ဖြစ်ပါသည်ဘုရား။



ထို့ပြင် စိတ္တသံယုတ်မှ နွေရာသီအပြန်လမ်းတွင် နွမ်းနယ်ကြသောမထေရ်မြတ် တို့အား ပင်ပန်းခြင်းကိုဖြေဖျောက်စိမ့်သောငှာ မိုးပြေးကလေးရွာစေသာအရှင်မြတ်ကဲ့သို့ လူ့၇ွာလောကအား
ဈာန်တန်ခိုးသည် လိုအပ်သောနေရာများတွင် ဖြေရှင်းချက်(solution) တစ်ခုဖြစ်နိုင်စကောင်းပါသလားအရှင်ဘုရား။
ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါ အရှင်ဘုရား။ လက်အုပ်ချီမိုးရှိခိုးလျက်။



အင်း ဒကာမေးတဲ့ မေးခွန်းတွေက အဘိဓမ္မာကို ပြန်ကြည့်မှ ရှင်းအောင်ဖြေလို့ရမယ် ဒကာ။ ဦးဇင်းလည်း ခု သီရိလင်္ကာနိုင်ငံမှာ ကျောင်းတတ်နေတာဆိုတော့ စာအုပ်ကလည်း ဒီမှာမရှိဘူး။ နောက်ပြီး အင်တာနက်မှာ
လိုက်ရှာဖို့ မအားသေးဘူးဖြစ်နေတယ်။ စာမေးပွဲကလည်း ဒီဇင်ဘာ(၆)ရက်နေ့ဆို
ဖြေရတော့မှာလေ။



အဲဒီတော့ ဒကာသိချင်တဲ့အထဲက တစ်ခုကိုတော့ ဖြေပေးလိုက်ပါမယ်။ မြတ်စွာဘုရားက ဈန်တရားတန်ခိုးတွေကို လူများအထင်ကြီးအောင် ဒုက္ခရောက်အောင် မလုပ်ရဘူး။ မလိုအပ်တဲ့နေရာမှာ မသုံးရဘူးလို့ မိန့်ခဲ့တယ်။



ဈာန်တန်ခိုးကိုဖန်ဆင်ရာမှာ မိမိရဲ့စိတ်အာရုံကျက်စားမှုပေါ်မှာ မူတည်ပြီး လျင်မြန်အောင် ဖန်ဆင်အသုံးချနိုင်ပါတယ်။ ဈန်တန်ခိုးကိုဖန်ဆင်းမယ်ဆိုရင် ဈန်တရားကို
ပြန်ပြီးအာရုံပြုပြီးမှ ဖန်ဆင်းလို့ရပါတယ်။ မိမိက ဈာန်တန်ခိုးကို အမြန်အသုံးချနိုင်အောင်
လေ့ကျင့်ထားမယ်ဆိုရင်တော့ လေ့ကျင့်မှုပေါ်မှာ မူတည်ပြီး အနှေးအမြန် ကွာခြားပါမယ်။ ဈာန်တန်ခိုးကို
တကယ်လိုအပ်တဲ့နေရာမှာသာ သုံးဖို့ဘုရားရှင်က ခွင့်ပြုခဲ့ပါတယ်။



ရှင်မောဂ္ဂလာန်က လူသားတွေ ငတ်မွတ်ခေါင်းပါးတဲ့အချိန်မှာ မြေကြီးကိုလှန်ပြီး အောက်ကမြေသြဇာတွေကို အလွယ်တကူစားလို့ရအောင် ဖန်ဆင်းမယ်လုပ်တော့ ဘုရားရှင်က လူသားတွေအတွက် မိမိကိုယ်ကို
အားကျိုးချင်သောစိတ်တွေ ပျောက်မယ်၊ လူသားတွေရဲ့ဝီရိယတွေ လျှော့ပါးသွားစေမယ်ဆိုပြီး
တားမြစ်ခဲ့ပါတယ်။ လူသားတွေဟာ မြေကြီးကိုလှန်ပေးလိုက်ရင် အစားအစာကို
အလွယ်တကူစားလို့ရရင် မိမိကိုယ်ကို အားကိုးချင်တဲ့စိတ်ရော
လူသားတွေရဲ့ဝီရိယအားထုတ်မှုတွေရော လျှော့သွားမှာမို့ ဘုရားရှင်က ခွင့်မပြုခဲ့ခြင်း
ဖြစ်ပါတယ်။



နောက်တစ်ခုက နဂါးက ရဟန်းတွေကြားမှာ လူဟန်ဆောင်ကာ ဝေယျာဝစ္စလုပ်နေတဲ့အချိန် ဂဠုန်ကနဂါးကိုမြင်သွားပြီး နဂါးကိုဖမ်းမယ်လုပ်တော့ ကိုရင်တစ်ပါးက သူ့၏လျင်မြန်သောဈာန်တန်ခိုးဖြင့်
နဂါးပေါ်မှာ ဂဠူန်ထက်ကြီးမားသော ခန္ဓာကိုယ်ကြီးလုပ်၍ ကာကွယ်ပေးခဲ့ပါတယ်။ အဲဒီမှာ
သူတစ်ပါးကို လျှပ်တပြက်ကူညီပေးချင်တဲ့အခါမှာတော့ ဈာန်တန်ခိုးကို
အသုံးပြုလို့ရပါတယ်။ ဈာန်တန်ခိုးကို ဖန်ဆင်းသူ၏ အဓိဋ္ဌာန်ပေါ်မှာမူတည်ပြီး ကြာရှည်အောင်လုပ်နိုင်ပါတယ်။ ဈာန်တန်ခိုးဖန်သူ၏ အဓိဋ္ဌာန်အလျှောက် ဈာန်တန်ခိုးဟာ ဖြစ်ပေးပါတယ်။

သောတာပန်သည် လောကဓံကို ခံနိုင်ရည်ရှိ၏

6-12-2010

မြတ်စွာဘုရားရှင်၏ သာသနာတော်အတွင်း" အလှူအတန်းမှာမွေ့လျော်သူ ဧတဒဂ်ရ”အနာထပိဏ်သူဌေးဆိုလျှင် ချမ်းသာသမှ ကျိကျိတက်ဖြစ်၏။ မြတ်စွာဘုရားရှင်အား"သေတ၀န်ကျောင်းတိုက် “ဆောက်လုပ်လှူဒန်းရန်”ဇေတ” မင်းသားထံ မှ မြေကွက်ကို ရွှေဒင်္ဂါးပြား အပြည်ခင်းပြီး ၀ယ်ယူခဲ့နိုင် လောက်အောင် ချမ်းသာခဲ့၏။ယခုခေတ် စတုရန်း”၁ပေ”ကွက်ကို ကျပ်ငွေ သိန်းသောင်း ဂဏန်းတန်ဘိုးတို့ သည် သူ့အတွက် ရယ်စရာဖြစ်နေ၏။အဲသည်လောက်ချမ်းသာသော်လည်း ကံကြမ္မာ အလှည့်အပြောင်းကြောင့်တစ်ချိန်တခါမှာ ရဟန်းသံဃာတော်များအား ဆွမ်းဟင်းလျာလှူရန် ခက်ခဲသွားသည့်အတွက် ပုန်းရည်ကြီးဟင်းလျာဖြင့်သာ ဆက်ကပ်ခဲ့ရဖူး၏။သို့သော် သောတာပန်ပုဂ္ဂိုလ်ကြီး ဖြစ်သည့်အတွက် စိတ်ဓါတ်ကျအသွားပေ။ သူ၏အလှူဒါနကိုကား နောက်ဆုတ်မသွားပေ။ ရှိတာနှင့်သာ လှူရသော်လည်းအလှူအတန်းမှာ ရပ်တန့် မသွားပေ။ လက်တွန့်မသွားပေ။

သောတာပန်တို့၏စိတ်ဓါတ်နှင့်ခံနိုင်ရည်ကို အမြဲလေးစား၊တန်ဘိုးထားရမည်။

ဘုရားရှင်အဆူဆူတို့၏ စကားတော်သုံးခွန်း

6-12-2010

လောကမှာ လူရယ်လို့ဖြစ်လာရင်တော့ ကိုးကွယ်သည့် ဘာသာသည် ရှိစမြဲပါ၊ ဘာသာခြားလည်း ရှိနိုင်ပါသည်။

သို့သော် အနည်းစုသာဖြစ်သည်။ ဘာသာတရားကို အဘယ်ကြောင့်ကိုးကွယ်နေကြပါသနည်း၊ ကြောက်၍ကိုးကွယ်နေကြခြင်းပင်ဖြစ်သည်။

မှန်ပါသည်အပါယ်ကျမည်ကို ကြောက်၍ကိုးကွယ်သည်။ အကျိုးကိုလိုလား၍ ကိုးကွယ်သည် စသည်ဖြင့်

ကိုယ်ယုံကြည်သည့်အတိုင်း သစ်ပင်၊ တောတောင်၊ မီး၊ ရေ၊ လေစသည်ဖြင့်ရှေးခေတ်က မိမိတို့ယုံကြည်သည့် အတိုင်းကိုးကွယ်ခဲ့ကြသည်။

ထို့နောက် ဘာသာရေးခေါင်းဆောင် ပုဂ္ဂိုလ်များ ပေါ်ထွက်လာပြီးနောက်ထိုပုဂ္ဂိုလ်တို့၏ ပြောစကားများကို ယုံကြည်၍ ထိုပုဂ္ဂိုလ်တို့၏ဘာသာတရားများကို ကိုးကွယ်ခဲ့ကြသည်။

ကျွန်ုပ်တို့သည် ဗုဒ္ဓရှင်တော်ဘုရား ဟောပြောချက်များကို အကြွင်းမဲ့ယုံကြည်၍ ဗုဒ္ဓ္ဓကိုကိုးကွယ်ခဲ့ကြသည်။

ဗုဒ္ဓ္ဓကိုကိုးကွယ်ကြသော သူများကို “ဗုဒ္ဓ္ဓဘာသာဝင်” ဟူ၍ခေါ်သည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များသည်၊ “ဗုဒ္ဓ္ဓ” အကြောင်း “ဘာသာ” အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် မဟုတ်သည့်တိုင် အတန်အသင့် သိထားဖို့လိုအပ်ပါသည်။

“ဗုဒ္ဓ” ဆိုသည်မှာ သစ္စာလေးပါး အမှန်တရားကို ဆရာမရှိ ကိုယ်တော်တိုင်သိမြင်တော်မူသော ပုဂ္ဂိုလ်၊ ကိလေသာတရားများကို ၀ါသနာနှင့်တကွ ပယ်သတ်ပြီးသောပုဂ္ဂိုလ်၊ ဆိတ်ငြိမ်ရာ အရပ်၌ မကောင်းမှုကို ပြုတော်မမူသော ပုဂ္ဂိုလ်၊ လူ၊နတ်၊ ဗြဟ္မာ၊ သတ္တ၀ါအပေါင်းတို့၏ ဆရာတစ်ဆူဖြစ်တဲ့ ပုဂ္ဂိုလ်၊ ထိုသတ္တ၀ါအပေါင်းတို့၏ ပူဇော်မှုကိုလည်း ခံယူထိုက်သော ပုဂ္ဂိုလ်မျိုးကို “ဗုဒ္ဓ္ဓ” ဟုခေါ်သည်။
“ဘာသာ” ဆိုသည်မှာ ထိုမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော် စကားတော် များဖြစ်၏။

“ဗုဒ္ဓ္ဓဘာသာဝင်” ဆိုသည်မှာ ဗုဒ္ဓ္ဓရဲ့တရားတော်အတိုင်း လိုက်နာကျင့်သုံး သူများတွင်ပါဝင်သော (၀ါ) ဗုဒ္ဓဘာသာအနွယ်ဝင်ဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓ္ဓဘာသာဝင် မှန်ပါက ဗုဒ္ဓ္ဓတရားတော် များစွာရှိသည့်အနက် အခြားတရားတော်များကို မသိရှိစေကာမူ အောက်ပါတရားတော် စကားတော်သုံးခွန်းကိုမူ နားလည်သိရှိသင့်၏။

၁။ သဗ္ဗပါပဿ အကရဏံ၊ မကောင်းမှုကို ရှောင်ကြည်ပါ။ Not to do all evil,

၂။ ကုသလဿ ဥပသမ္ပါ၊ ကောင်းမှုမှန်သမျှကို ပြုလုပ်ပါ။ To do what is good,

၃။ သစိတ္တပရိယေဒ ပနံ၊ မိမိစိတ်ကို ဖြူစင်အောင်ထားပါ။ To purity one’s mind, this is the teaching of the Buddha. ဟူ၍ပင်ဖြစ်သည်။

ထိုစကားတော်သုံးခွန်းကို အလွတ်ကျက်မှန်နိုင်ရန်
ဆရာတော်ကြီးများက အောက်ပါအတိုင်း လင်္ကာစီးခဲ့ပါသည်။
မကောင်းမှုရှောင် ကောင်းမှုဆောင်။

ဖြူအောင်စိတ်ကိုထား။
ဗုဒ္ဓ္ဓတိုင်းသာ မိန့်ခဲ့တာ၊ သုံး ဖြာဤစကား။

ခုလဲချမ်းသာ၊ နောင်ချမ်းသာ။ မြတ်စွာ ဟောမိန့်ကြား။

ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓရဲ့တရားတော်များကို သဘောပေါက် နားလည်၍ နားလည်သည့်အတိုင်း ကျင့်ကြံကြိုးစားနိုင်ကြပါစေ…

တရားနှင့်အာဟာရ အလိုတော်ပြည့်ဆရာတော်ဒါန အင်းစိန်အကျဉ်းသားများရ

http://popularmyanmar.com/mpaper/wp-content/uploads/2010/11/Wai-Yan-Sayadaw-Dar-Na-300x225.jpg



နိုဝင်ဘာ ၉ ရက်တွင်အင်းစိန် ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၉ဝဝဝ ကျော်အား အလိုတော်ပြည့်ဆရာတော် ဒေါက် တာ ဘဒ္ဒန္တအရိယဝံသမှ တစ်ရက် စာ အစားအသောက်များ ဒါနပြု၍ တရားဟောကြားခဲ့ကြောင်း သိရ သည်။ဆရာတော်မှ အကျဉ်းသား များအား တစ်ဦးလျှင် နံနက်ခင်းစာ ကောက်ညှင်းပေါင်း ကျပ် ၂ဝဝ ဖိုး၊ နံနက်စာ ကြက်သားဟင်းနှင့်ထမင်း ကျပ် ၅ဝဝ ဖိုး၊ ညနေစာ ကြက်သား ဟင်းနှင့်ထမင်း ကျပ် ၅ဝဝ ဖိုးစီ စုစုပေါင်း ကျပ် ၁ဝ၈ သိန်းဖိုး ဒါန ပြုခဲ့သည်။ ယခုကဲ့သို့ ဆရာတော် များ လာရောက်လှူဒါန်းခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမ အကြိမ်အဖြစ် သီတဂူဆရာတော်မှ တရားနှင့် အာဟာရ လာရောက် လှူဒါန်းခဲ့သည်။၎င်းနေ့ နေ့လယ် ၁၂ နာရီ တွင် အင်းစိန်ဗဟိုအကျဉ်းထောင် ဝင်းရှိ အားကစားခန်းမတွင် ဆရာ တော်မှ တရားဟောကြားခဲ့ပြီး အကျဉ်းသား ၄ဝဝ ဦးနှင့် အကျဉ်း သူ ၁ဝဝ ဦးတို့အား အားကစား ခန်းမသို့ ကိုယ်တိုင်တရားလာ ရောက် နာယူခွင့်ပြုခဲ့ပြီး ကျန်အ ကျဉ်းသားများကို အိပ်ဆောင်များ အတွင်းသို့ ဆောင်းဘောက်များဖြင့် တိုက်ရိုက်လွှင့်ထုတ်ပေးခဲ့ကြောင်း သိရသည်။”အကျဉ်းထောင်မှာ လှူဒါန်းမှု တွေလုပ်ချင်တယ်ဆိုရင် ဆက် သွယ်လှူဒါန်းနိုင်ပါတယ်၊ အလှူရှင် တွေအနေနဲ့ လာရောက်တင်ပြလို့ အထက်ကခွင့်ပြုရင် လှူဒါန်းဖို့ စီစဉ်ပေးမှာပါ”ဟု အင်းစိန်ဗဟို အကျဉ်းထောင်မှ ထောင်ပိုင်ကြီးက ပြောသည်။
နိုဝင်ဘာ ၁၇ ရက်နေ့ ဘက္ကရီ အီးဒ်နေ့တွင် မွတ်စလင် လူမျိုးအ လှူရှင်များမှာ အမဲသားဟင်းနှင့် ထမင်းလာရောက်လှူဒါန်းမည်ဖြစ် ပြီး အမဲသားမစားသူများအား ကြက်ဥ၊ ဘဲဥကျွေးမွေးမည်ဟု သိရသည်။

ဝေယံမိုးမြင့်

ခွင့်လွှတ်ခြင်း တရားတော် ...

6-12-2010

ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။
ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာတွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေတယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့ စဉ်းစားပါနော်…

Disappointment – ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကိုမျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ ကတိအတိုင်းမတည်လို့ စိတ်ဆင်းရဲရတာ…
Rejection – ကိုယ့်ကို နေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊ ကိုယ့်စကားကိုလေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ…
Abandonment – စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ…
Ridicule – လှောင်တာ၊ ပြောင်တာ၊ သရော်တာ…
Humiliation ဂုဏ်သိက္ခာ ကျသွားအောင်ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ…
Betrayal – သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ်ယောက်စောင့်စည်းရမှာကို မစောင့်စည်းဘူး။ ဖောက်ပြားတာ…
Deception – လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုးသုံးတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံတော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊ ပျက်စီးတာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေအနေမရှိတော့လို့ပဲ…
Physical Abuse – ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ…
Emotional Abuse ဆိုတာ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြောတာ။ စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်းခြောက်တာကို ခေါ်တယ်။…

ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလည်း တိုးတက်းမှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။

ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်လိုက်တာ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။
ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။

ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။
ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နဲသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။

ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုကတာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။
ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးပါ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။

You are more available to other people.
ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။

To error is human. But to forgive devine.
လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။
တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ့ ပါတယ်။
အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။

ကိုယ်လုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။
ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်…..

တရားသိရုံနှင့် မပြီး၊ တရားရှိမှ ပြီးတယ် – အရှင်ဣန္ဒက

၂၀၀၃ ခုနှစ် ဇွန်လ ၇ ရက် စနေနေ့။

အမေရိကန်၊ အင်္ဂလန် စသည့် နိုင်ငံရပ်ခြား တိုင်းတပါးမှာ နေထိုင်ကြသော မြန်မာပြည်ဖွား ဗုဒ္ဓဘာသာများသည် မိမိတို့ နေထိုင်ရာ အိမ်ဂေဟာများမှာလည်းကောင်း၊ ဘုရားကျောင်းကန်များသို့ သွား၍လည်းကောင်း
အလှူပွဲများကို အခါအားလျော်စွာ ပြုလုပ်လေ့ရှိကြပါသည်။

ယနေ့လည်း မောင်ကျော်လွန်ထွန်း၊ မစုစုမော်တို့ အိမ်မှာ လောကချမ်းသာဘုရားကျောင်းမှ သံဃာတော်များအား ပင့်ဖိတ်ပြီး ဘုရားအနေကဇာတင်ပွဲ ပြုလုပ်၍ အရုဏ်ဆွမ်း ဆက်ကပ် လှူဒါန်းကြပါသည်။

ဤဇနီးမောင်နှံနှစ်ဦးသည် ကံကောင်းသည့် ဇနီးမောင်နှံနှစ်ဦးဖြစ်၏။ အကြောင်းမှာ လွန်ခဲ့သော လေးနှစ်က အင်မီဂရင့်ဒီဗွီမဲပေါက်ပြီး အမေရိကန်နိုင်ငံ၊ နယူးယောက်ကို ရောက်လာကြခြင်း ဖြစ်၏။
သူတို့ နယူးယောက်ကို ရောက်ပြီးနောက် မကြာမီမှာပင် မိမိတို့ကျောင်းကို
လာပြီး ဘုရားဖူးကြရာမှ မိမိနှင့် သိကျွမ်းခဲ့ကြသည်။ ဆရာ-ဒကာ ဖြစ်ခဲ့ကြရသည်။

ယခုနှစ် ဧပြီလထဲမှာ မြန်မာပြည်သို့ ပြန်လည်ကြပြီး အိမ်မှာ ကိုးကွယ် ပူဇော်ရန်အတွက် ဆင်းတုတော်နှစ်ဆူ ပင့်လာခဲ့ကြ၍ ယခုလို ဘုရားအနေကဇာတင်ပွဲ ပြုလုပ်ကြခြင်း ဖြစ်သည်။
နိုင်ငံရပ်ခြားမှာ နေကြသော်လည်း မိမိတို့၏ ဘာသာရေး ယဉ်ကျေးမှုကို ရိုသေ
လေးစားစွာ ဆက်လက် ထိန်းသိမ်း ကျင့်သုံးနေသည်ကို တွေ့ရသဖြင့် ဝမ်းသာစရာပင်
ဖြစ်ပါသည်။ ဤသည်လည်းပဲ မိမိတို့ တစ်ပိုင်တစ်နိုင် သာသနာပြုခြင်းပင် ဖြစ်၏။

သံဃာတော်များအား နံနက် ၆ နာရီအချိန်မှာ ကျောင်းသို့ မောင်ကျော်လွင်ထွန်းကိုယ်တိုင် ကားမောင်းပြီး လာပင့်ခဲ့ပါသည်။ ကိုယ်ပိုင်ကားလေးစီးနိုင်သည်ကို တွေ့ရသဖြင့် မိမိ ဝမ်းသာမိသည်။
ဇနီးမောင်နှံနှစ်ယောက်တို့ ဒီလိုသာ အလုပ်ကို ကြိုးစား လုပ်ကိုင်သွားကြလျှင်
မကြာမီမှာ ကိုယ်ပိုင်အိမ်လေးနှင့် နေနိုင်ကြလိမ့်မည်ဟုလည်း
မျှော်လင့်မိပါသည်။

မှန်ပါသည်။
အမေရိကန်နိုင်ငံမှာ အလုပ်ကို မှန်မှန် လုပ်ပြီး စုစုဆောင်းဆောင်း နေထိုင်သွားကြသူ အများအပြားတို့သည် ဆယ်နှစ်လောက်ဆိုလျှင်
ကိုယ်ပိုင်အိမ်နှင့် နေနိုင်သွားကြပါသည်။ အလုပ်ဖင်မမြဲသူများကတော့
နှစ်တွေသာ ကြာညောင်းခဲ့သော်လည်း အိမ်တစ်ဆောင် မီးတစ်ပြောင်နှင့်
ခိုင်ခိုင်မာမာ ဘဝရပ်တည်မှု မရနိုင်ကြသည်က များပါသည်။
ထို့ကြောင့် ကြီးပွားလိုသူတစ်ဦးသည် အလုပ်မှာ သမာဓိရှိဖို့ လိုသည်ဟု အမေရိကန်၌ အောင်မြင်သူ ပုဂ္ဂိုလ်တစ်ဦးက မိမိအား ပြောပြဖူး၏။

ယနေ့ အလှူရှင်များ ဝမ်းသာရန် “တရားသိရုံနှင့် မပြီး၊ တရားရှိမှ ပြီး” ခေါင်းစဉ်ဖြင့် တရားကို ဆယ်မိနစ်ခန့် ဟောကြား ချီးမြှင့်ခဲ့ပါသည်။

တရားဆိုတာ သိရုံ တတ်ရုံနှင့် ကိစ္စမပြီးပါဘူး။ သိပြီးတဲ့ တရားကို မိမိသန္တာန်မှာ ရှိအောင် ကြိုးစား ကျင့်ပေးရပါမယ်။ ဒါမှသာ တရားသိတဲ့သူ ဖြစ်မယ်။ တရားရှိမှသာ တရားချမ်းသာများကို ခံစားနိုင်မယ်။ တရားကျင့်သူ၊
တရားရှိတဲ့သူဟာ မျက်မှောက် တမလွန် နှစ်ဘဝလုံးမှာ ချမ်းသာစွာ
နေထိုင်ရတဲ့အကြောင်း ဓမ္မပဒပါဠိတော်မှာ “ဓမ္မစာရီ သုခံ သေတိ အသ္မိံလောကေ
ပရမှိစ”လို့ ဟောထားပါတယ်။

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”ဘုရားရှိခိုးကို လူတိုင်း ရနေကြပါတယ်။ ရထားရုံနဲ့ မပြီးပါ။ အဲဒီဘုရားရှိခိုးကို အကြိမ်ကြိမ် ရွတ်ဆို ရှိခိုးနေရပါမယ်။ ရှိခိုးနေရင် မိမိမှာ ဘုရားရှိခိုးတဲ့
ကုသိုလ်တရားရှိနေတယ်လို့ ဆိုရပါတယ်။

ဘုရားရှင် ရွှေလက်ထက်တော်အခါက ဓနဉ္စာနီအမည်ရှိတဲ့ အမျိုးသမီးလေးဟာ “နမော တဿ” ကို အမြဲ ရွတ်ဆို ရှိခိုးနေလေ့ရှိခဲ့ပါတယ်။
အဲဒီတော့ သူ့သန္တာန်မှာ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေ ကိန်းဝပ်နေတော့တာပေါ့။
အဲဒီလို ဘုရားအာရုံနဲ့ နေရင် ဘေးဥပါဒ် အန္တရာယ်တွေ ကင်းတယ်။ သေရင်လည်း
ဘဝကောင်းမှာ ဖြစ်ရပါတယ်။ အရိယာ မဖြစ်တောင်မှ အရိယာပုဂ္ဂိုလ်များလို နေခြင်း
ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာအများစုဟာ တရားသိသူတွေ အတော် များကြပါတယ်။
တရားအသိကတော့ အဆင့် မနိမ့်ကြပါ။
သို့သော် တရားရှိသူတွေကိုတော့ လက်ချိုး ရေတွက်ရမလို ဖြစ်နေတယ်။
ငါးပါးသီလမြဲဖို့ ဗုဒ္ဓဘာသာတိုင်း သိကြပါတယ်။
ဒါပေမယ့် ငါးပါးသီလလုံသူ အရေအတွက် မည်မျှများသည်ကို လေ့လာကြည့်ရင် သိနိုင်ပါတယ်။

ငါးပါးသီလဟာ လူတို့ရဲ့ စောင့်ထိန်းရမယ့် ကိုယ်ကျင့်တရားပါ။
သဘာဝတရား – ယူနီဗာဆယ်လော ဖြစ်တဲ့အတွက် ဖောက်ဖျက်ရင် မိမိလည်း ဆင်းရဲမယ်။ မိမိပတ်ဝန်းကျင်လည်း ဆင်းရဲမှာပါပဲ။
ငါးပါးသီလကို ဖောက်ဖျက်သူတွေ များတဲ့ အရပ်ဒေသမှာ ငြိမ်းချမ်းသာယာမှု မရနိုင်ပါ။
လူတွေဟာ ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်ကြရပါတယ်။

နယူးယောက်မြို့လို မြို့ကြီးများမှာ ငါးပါးသီလ မလုံသူတွေကြောင့် မြို့သူမြို့သားများ အမြဲ သတိ ဝိရိယနဲ့ သွားလာ နေထိုင်ကြရတာ ထင်ရှားပါတယ်။
ငါးပါးသီလ ပျက်တဲ့ နိုင်ငံအစိုးရများအောက်မှာ နေထိုင်ကြရတဲ့ တိုင်းသူပြည်သားတွေလည်း ဆင်းဆင်းရဲရဲ နေထိုင်ကြရပါတယ်။

အစိုးရဝန်ထမ်းများရဲ့ အဒိန္နာဒါန သီလပျက်မှုဟာ တိုင်းပြည်ဆင်းရဲခြင်းရဲ့ အဓိကအကြောင်းတစ်ခု ဖြစ်ပါတယ်။
လာဘ်စားတဲ့ အစိုးရအမှုထမ်းများဟာ ပြည်သူများထံမှ အခွန်ဘဏ္ဍာငွေများကို မတရား ကောက်ခံကြပြီး မိမိတို့အိတ်ထဲ ထည့်ကြတယ်။
တိုင်းပြည်ဘဏ္ဍာငွေကို နည်းမျိုးစုံဖြင့် ခိုးဝှက်ကြသောကြောင့် တိုင်းပြည် ဆင်းရဲလာတော့တယ်။
တိုင်းပြည်ဘဏ္ဍာငွေ မရှိသောကြောင့် တိုင်းပြည်မှာ အဓိကလိုအပ်တဲ့
လမ်းပန်းဆက်သွယ်ရေးတွေကို ကောင်းကောင်း မလုပ်နိုင်ပါ။ ရေ,မီးလည်း မှန်မှန်
ရအောင် မဆောင်ရွက်နိုင်လို့ ပြည်သူပြည်သားတွေ ဆင်းဆင်းရဲရဲ
နေထိုင်ကြရပါတယ်။
ဒီသီလပျက်စီးနေသမျှ ကာလပတ်လုံး ပြည်သူပြည်သားတွေဟာ လူ့အဆင့်အတန်းမီမီ နေနိုင်တဲ့ ဘဝမျိုးရောက်ဖို့ ဝေးလှပါတယ်။
ဒါကြောင့် တရားသိရုံနဲ့ မပြီးပါ။ တရားရှိမှသာ အများသူငါ ချမ်းသာစွာ နေနိုင်ကြမှာ ဖြစ်ပါတယ်။

ငါးပါးသီလရှိဖို့အတွက် ကိုယ်ချင်းစာတရား များများ ထားရပါမယ်။
ကိုယ်ချင်းစာတရား လက်ကိုင်ထားရင် သီလတွေ လုံပါတယ်။
ကိုယ်ချင်းစာစိတ်ထားပုံကတော့ “ငါ့အသက် ညှင်းဆဲ သတ်ဖြတ်ခံရသူကို
ငါမကြိုက်သလို အခြားသတ္တဝါများလည်း သူတို့အသက် သတ်ဖြတ် ညှင်းဆဲသူများကို
မကြိုက်ကြ။ ဒါကြောင့် သတ္တဝါအသက် သတ်ဖြတ် ညှင်းဆဲမှုကို ငါမပြုသင့်”လို့
ကိုယ်ချင်းစာစိတ် ထားလိုက်ရင် သီလလုံသွားပါတယ်။

ဒီနည်းအတိုင်း သူတပါးပစ္စည်း မတရားယူရာမှာလည်း ကိုယ်ချင်းစာစိတ် မွေးရပါမယ်။
သူ့မယားပြစ်မှား ကျူးလွန်မှုမှာလည်း ကိုယ်ချင်းစာစိတ်ထားပြီး ရှောင်ပါ။
သူတပါးအကျိုးပျက်အောင် လိမ်ညာ ပြောဆိုမှုမှာလည်း ကိုယ်ချင်းစာစိတ်နဲ့ ထိန်းပြီး လိမ်ညာ မပြောပါနဲ့။
အရက်သေစာ သောက်စားမှု အလွန်အကျူး ပြုလာရင် သီလတွေ ပျက်၊
ကိုယ်ချင်းစာနာစိတ်တွေ ကင်းမဲ့ခြင်းအကြောင်း ဖြစ်သောကြောင့် အရက်သေစာ
မူးယစ်ဆေးဝါးသုံးမှုတွေကိုလည်း ရှောင်ရမှာ ဖြစ်ပါတယ်။
ဒီလို ကြိုးစား ကျင့်ရင် တဖြည်းဖြည်းနဲ့ သီလတရားရှိသူ ဖြစ်လာနိုင်ပါတယ်။

သီလတော သုခိတာ = သီလသည် ချမ်းသာကြောင်း အကျင့်ကောင်း ဖြစ်၏။

ဒါနကုသိုလ်လည်း ရှိအောင် ကြိုးစားကြရပါမယ်။
“ဒါနတော ဘောဂဝါ”ဆိုတဲ့အတိုင်း ဒါနတရားသည် မျက်မှောက် တမလွန် နှစ်ဘဝလုံးမှာ ကြီးပွားချမ်းသာကြောင်း ကုသိုလ်လို့ ဘုရားဟောတော်မူပါတယ်။
ပေးကမ်းစွန့်ကြဲရတာ ပေးသူရော ခံယူသူပါ စိတ်ပျော်ရွှင်စေပါတယ်။
စေတနာသန့်သန့်ဖြင့် လှူဒါန်း ပေးကမ်းခြင်း အမှုသည် မပေးလိုတဲ့ မစ္ဆေရစိတ် ကင်းစေပါတယ်။

အဲဒီလို ဒါနတရားကို သိပြီးတဲ့နောက်မှာ ဒါနတရားရှိအောင် ပြုလုပ်နည်းလေးကိုလည်း ဆွေးနွေးပြလိုပါတယ်။
“အလှူရေစက် လက်နဲ့မကွာ”ဆိုတဲ့ မြန်မာစကားအတိုင်း နေ့စဉ် ဒါနပြုလို့ရပါတယ်။
ဘုရားနှင့်ပတ်သက်ပြီး နေ့စဉ် ဒါနရှိအောင် ပြုလို့ ရပါတယ်။
နံနက်တိုင်း ဘုရားသောက်တော်ရေ ဆက်ကပ် လှူဒါန်းနိုင်ပါတယ်။
ရေအလှူကို အလွယ်တကူ ပြုနိုင်ပါတယ်။ မပျင်းဖို့သာ အရေးကြီးပါတယ်။
ထို့အတူ မိမိ ဘာကိုပဲစားစား ဘုရားကို စိတ်နဲ့ လှူပြီးမှ စားရင် (ဘုရားဆိုတဲ့
အမြတ်ဆုံးပုဂ္ဂိုလ်ကို လှူရတာဖြစ်သောကြောင့်) အမြတ်ဆုံးဒါန ပြုရတာ ဖြစ်တယ်။
ကိုယ်ထိလက်ရောက် ပြုလုပ်နိုင်ရင်တော့ အတိုင်းထက်အလွန် ကောင်းတာပေါ့။

သံဃာတော်များအား တတ်အားသမျှ လှူဒါန်းခြင်း၊ လူပုဂ္ဂိုလ်များကို ဧည့်ခံ ကျွေးမွေးခြင်း၊ အယုတ်ဆုံး တိရစ္ဆာန်လေးများကိုပါမကျန် အခါအားလျော်စွာ အစာကျွေးခြင်းဖြင့် ဒါနကုသိုလ်မျိုးစေ့တွေ မိမိမှာ ရှိလာပါမယ်။
ရှိလာရင် ပစ္စုပ္ပန် တမလွန် နှစ်ဘဝလုံးမှာ စီးပွားချမ်းသာတွေ ပြည့်စုံလာမှာ အမှန်ပါပဲ။
ဒါကြောင့် ဒါနကုသိုလ်ကို မိမိရောက်လေရာ အရပ်ဒေသများမှာ နည်းများမဆို ချရသွားရမှာဖြစ်တယ်ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။
မိမိ ဒါနမျိုးစေ့ချထားတဲ့နေရာမှာ ဘဝတစ်ခုခုဖြစ်လာခဲ့ရင် ကြီးပွားချမ်းသာပါတယ်။

နောက်တစ်ခုရှိရမယ့်တရားကတော့ ဘာဝနာကုသိုလ်ထူး ဖြစ်တယ်။
“ဣတိပိသော ဘဂဝါ”စတဲ့ ဘုရားဂုဏ်တော်တွေကို အာရုံပြု ရွတ်ဆိုပွားများကာ ဗုဒ္ဓါနုဿတိ ဘာဝနာကုသိုလ်ကို ပြုလုပ်နိုင်ပါတယ်။
ဂုဏ်တော်ပွားနည်း စာအုပ်များကို လေ့လာ ဖတ်ရှုပြီး ပွားများသင့်ပါတယ်။
ဘုရားဖက်တော့ အသက်ရှည်ဆိုတဲ့အတိုင်း အသက်ရှည် စိတ်ချမ်းသာခြင်းအကျိုး လက်ငင်း ရနိုင်ပါတယ်။

မေတ္တာဘာဝနာကုသိုလ်ကို ပွားများရင် မေတ္တာအကျိုး (၁၁)မျိုးကို ရရှိခံစားရပါတယ်။
အားလုံးသတ္တဝါတွေ ဘေးရန် ကြောင့်ကြ ဆင်းရဲ ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ မေတ္တာပွားနိုင်ပါတယ်။
မေတ္တသုတ်ကိုလည်း အနက်အဓိပ္ပာယ်ရအောင် ကျက်မှတ်ပြီး ရွတ်ဆို ပွားများနိုင်ပါတယ်။
မေတ္တာပွားနေသူဟာ တဒင်္ဂအားဖြင့် ဒေါသစိတ်တွေ ကင်းနေလို့ စိတ်ချမ်းသာခြင်းအကျိုးကို ချက်ချင်း ခံစားနိုင်ပါတယ်။

အဓိဋ္ဌာန်ပြုပြီးလည်း မေတ္တာပွားလို့ ရပါတယ်။
နံနက် အိပ်ရာက ထတာနဲ့ “ဒီနေ့ ငါ့သန္တာန်မှာ ဒေါသစိတ်တွေ ဖြစ်ပေါ်မလာအောင် စောင့်စည်းနေမယ်”လို့ ဆောက်တည်ထားရင် မေတ္တာစိတ်တွေ အလိုလို ဖြစ်ပေါ်နေပါတယ်။
ဒေါသဖြစ်စရာ ကြုံလာရင် “ငါ ဒီနေ့ ဒေါသစိတ်တွေနဲ့ မနေဘူးလို့ အဓိဋ္ဌာန်ထားတယ်။
ဒေါသထွက်လို့ မတော်ဘူး”လို့ ဆင်ခြင်လိုက်ရင် ဒေါသစိတ်တွေ ဆက်လက်
မဖြစ်ပေါ်တော့ပါ။ အဲဒီလို ပွားများ အားထုတ်နေရင် မေတ္တာကုသိုလ်တွေ
မိမိသန္တာန်မှာ ရှိလာမှာ ဖြစ်ပါတယ်။

“ကုသိုလ်အားလုံးကို ပြုလုပ်လိုရင် သတိပဋ္ဌာန်ဘာဝနာ ပွားရမယ်”လို့ ဟောထားပါတယ်။
ဒါကြောင့် နေ့စဉ် မိနစ်ပိုင်းလောက်တော့ သတိပဋ္ဌာန်ဘာဝနာ ပွားများသင့်ပါတယ်။
မဟာစည်ရိပ်သာ၊ မိုးကုတ်ရိပ်သာ၊ စွန်းလွန်းရိပ်သာ၊ ဦးဘခင်ရိပ်သာစသည်တို့မှာ
သတိပဋ္ဌာန်တရား ပွားများပုံကို သင်ယူပြီး အားထုတ်နိုင်ပါတယ်။

ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး ညွှန်ကြားထားတဲ့အတိုင်း “မိမိ ဝမ်းဗိုက်မှာ စိတ်ကို ထားပြီး အသက်ကို မှန်မှန် ရှူကာ ဝမ်းဗိုက် ဖောင်းမှုပိန်မှု ဤနှစ်ခုကို သတိကြပ်ကြပ်ပြုပြီး ရှူမှတ်ကာ” သတိပဋ္ဌာန်တရားကို
နေ့စဉ်မှန်မှန် ဆယ်မိနစ်ခန့် အားထုတ်ခြင်းဖြင့် ဘာဝနာကုသိုလ်တွေ
မိမိသန္တာန်မှာ ဖြစ်ပါလိမ့်မယ်။
သတိ သမာဓိကောင်းလာသည်နှင့်အမျှ စိတ်အညစ်အကြေး လောဘ ဒေါသ ကိလေသာတွေ ကင်းပြီး ကုသိုလ်တရားတွေ ဒီရေအလား တိုးပွားနေပါလိမ့်မယ်။

ကုသိုလ်တရားတွေ များလေ အကုသိုလ်တရားတွေ ပါးလေဖြစ်ကာ နိဗ္ဗာန်ရောက်ကြောင်း ပါရမီကုသိုလ်ထူးများ၏ အကျိုးများကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း ရေးသား တင်ပြအပ်ပါသတည်း။

လောကချမ်းသာ အရှင်ဣန္ဒက

၂၆ ကြိမ်မြောက် ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းပြိုင်ပွဲ စည်စည်ကားကား ကျင်းပ

http://popularmyanmar.com/mpaper/wp-content/uploads/2010/11/Shwe-Dagon-300x199.jpg



ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့မှ ကြီးမှူးကျင်းပသော ၂၆ ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲကို နိုဝင်ဘာ ၂ဝ ရက် ညနေ ၅ နာရီတွင် မြောက် ဘက်ခ်မုခ်ရှိ အောင်မြေ၌ စည်စည် ကားကား ကျင်းပခဲ့သည်။ရွှေတိဂုံစေတီတော်၏ မသိုး သင်္ကန်းရက်ပြိုင်ပွဲတွင် ပါဝင်ယှဉ် ပြိုင်မည့် ဘာသာရေးအသင်း အဖွဲ့ များ သတ်မှတ်အရေအတွက်ထက် ပိုပါက မဲနှိုက်ရွေးချယ်ယှဉ် ပြိုင်စေ ခြင်းဖြစ်၍ ယခုနှစ် မသိုးသင်္ကန်း ရက်ကန်းပြိုင်ပွဲတွင် အသင်း ၉ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲ ချိန် ညနေ ၅ နာရီမှ ည ၁ဝ နာရီ အထိ ယှဉ်ပြိုင်ခဲ့ကြသည် ပြိုင်ပွဲ သတ်မှတ်ချိန်ပြည့်သည်နှင့် ရရှိ သောသင်္ကန်းများကို မြန်မာ့အထည် လိပ်လုပ်ငန်းမှပညာရှင်များက စစ် ဆေးပြီး ဆုရွေးချယ်ကြ သည်။ထို့နောက် ဆုရရှိသောအသင်း များကို ဆုကြေညာရာ တနင်္ဂနွေ အသင်းက ပထမ၊ ဗုဒ္မသာသနာ့ ဟိတအသင်းက ဒုတယ၊ ဓမ္မဂုဏ် ရောင်အသင်းက တတိယအသီးသီး ရရှိခဲ့ကြသည်။ ထို့နောက် မသိုး သင်္ကန်းအားဝိနည်တော်နှင့်အညီ ချက်ချင်းချုပ်လုပ်ပြီး နံနက် ၄ နာရီ ၌ ရွှေတိဂုံစေတီတော်အား လက် ယာရစ်တစ်ပတ်ပူဇော်ပြီ ရရှိသော ဆုများအလိုက်ကပ်လှူပူဇော်ရမည့် ဘုရားများ၌ မသိုးသင်္ကန်းများ အသီးသီး ကပ်လှူပူဇော်ခဲ့ကြ ကြောင်း သိရသည်။

AR YONE OO MAR SHOCK SHI TAE DOWNLOAD LINKS

AR YONE OO MAR SHOCK SHI TAE DOWNLOAD LINKS

အမှတ်စဉ် (1)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=33

အမှတ်စဉ် (2)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=34

အမှတ်စဉ် (3)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=35

အမှတ်စဉ် (4)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=36

အမှတ်စဉ် (5)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=37

အမှတ်စဉ် (6)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=38

အမှတ်စဉ် (7)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=39

အမှတ်စဉ် (8)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=32

အမှတ်စဉ် (9)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=40

အမှတ်စဉ် (10)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=41

အမှတ်စဉ် (11)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=42

အမှတ်စဉ် (12)

http://datlone.com/index.php?option=com_remository&Itemid=78&func=fileinfo&id=43

MEDIA FIRE DOWNLOAD LINKS

Episode 1

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 2

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 3

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 4

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 5

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 6

http://www.mediafire.com/file/0c06roog6nnu746/Burmese%20Video%20%286%29_x264.mp4

Episode 7

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 8

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 9

http://www.mediafire.com/file/0c06roog6nnu746/Burmese%20Video%20%286%29_x264.mp4

Episode 10

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 11

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

Episode 12

http://www.mediafire.com/file/2e2lub3sx5daur8/Dailymotion%20-%20Ar%20Yone%20Oo%20Mar%20SHOCK%20Shi%20Tae%20%281%29%20-%20a%20Film%20%20%20TV%20video.mp4

FACEBOOK LINKS

Episode 1 :http://www.facebook.com/video/video.php?v=1634863121488

Episode 2: http://www.facebook.com/video/video.php?v=1637497827354

Episode 3: http://www.facebook.com/video/video.php?v=1637501147437

Episode 4: http://www.facebook.com/video/video.php?v=1637502107461

Episode 5: http://www.facebook.com/video/video.php?v=1637523627999

Episode 6: http://www.facebook.com/video/video.php?v=1637537788353

Episode 7: http://www.facebook.com/video/video.php?v=1637538668375

Episode 8: http://www.facebook.com/video/video.php?v=1637561388943

Episode 9: http://www.facebook.com/video/video.php?v=1637581469445

Episode 10: http://www.facebook.com/video/video.php?v=1637587029584

Episode 11: http://www.facebook.com/video/video.php?v=1637589069635

Episode 12: http://www.facebook.com/video/video.php?v=1637608550122

YOUTUBE LINKS

(1) http://www.youtube.com/watch?v=2Z4aPI_h68U

(2)http://www.youtube.com/watch?v=jP8tBVJha2s&feature=related

(3)http://www.youtube.com/watch?v=10kFPLNqOBw&feature...=related

(4)http://www.youtube.com/watch?v=sHIyR1OAZH8&feature=related

(5)http://www.youtube.com/watch?v=VqJwvTOqgJc&feature=related

(6)http://www.youtube.com/watch?v=VqJwvTOqgJc&feature=related

(7)http://www.youtube.com/watch?v=w4SmHoFDnqI&feature=related

(8)http://www.youtube.com/watch?v=z-Keje6ozwY&feature=related

(9)http://www.youtube.com/watch?v=fye9p-yehxI&feature=related

(10)http://www.youtube.com/watch?v=1uTMcNAtwcA&feature=related

(11)http://www.youtube.com/watch?v=d3HLqriddxI&feature=related

(12)http://www.youtube.com/watch?v=LgiMjvUUrrk&feature=related

Download "SHOCK SHI TAE" song here!

http://www.bdcburma.org/mp_3/Shock%20master%20New.mp3 Download "SHOCK -SHI-TAE" Ring tones here! http://audiko.net/finalpage?ring=11820095&sendtomobile=GB

ရွှေတိဂုံစေတီတော် အား သြခက်စထြာတီးဝိုင်းဖြင့် ပထမဆုံးအကြိမ် ပူဇော်မည်

http://longwalktofreedom.files.wordpress.com/2010/12/shwedagon.jpg?w=293&h=239

နာမည်ကျော် မြန်မာပြည် ကျောက်စိမ်းဆိုင်းဝိုင်း၊ တယောပညာရှင် ၁၀၀ ခန့်နှင့် အဆိုတော်များက
သြခက်စထြာ တီးဝိုင်းပုံစံမျိုးဖြင့် ရွှေတိဂုံဘုရား အောင်မြေနေရာတွင် မြတ်စွာဘုရားကို ဂီတဖြင့်
ပထမဆုံးအကြိမ် ပူဇော်ကြမည်ဟု တယောကိုတင်ရီက ပြောသည်။

ယင်းသို့ ဂီတဖြင့် ပူဇော်ခြင်းကိုဒီဇင်ဘာလအတွင်း ကျင်းပမည်ဖြစ်ပြီး မြဝတီမင်းကြီးဦးစ၏ သီချင်းခန့် (ထူးမခြားနား ရောင်ခြည်တော်ဘွဲ့)၊ မြမန်းဂီရိ (ယိုးဒယား) ၊ တေဘုမ္မာ (ယိုးဒယား) အပါအဝင် တေးသီချင်း ၎
ပုဒ်တို့ကို တယောဦးတင်ရီ၏ အော်ဂက်စတာ တီးဝိုင်းဖြင့် ဒေါ်ရီရီသန့် အပါအဝင်
အခြားမျိုးဆက်သစ် အဆိုရှင်များက သီဆိုပူဇော်ကြမည်ဟု သိရကြောင်း ၂၀၁၀
ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အမေရိကန် အရေးယူပိတ်ဆို့မှု အလွယ်တကူ ရုတ်သိမ်းလို့မရ

ထက်အောင် Saturday, 04 December 2010 15:38

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ ကတည်းက မြန်မာစစ်အစိုးရ အပေါ် အမေရိကန်နိုင်ငံရဲ့ စီးပွားရေး အရေးယူ ပိတ်ဆို့မှုဟာ အလေးထား ဆွေးနွေးစရာ ကိစ္စအဖြစ် ပြန်လည် ပေါ်ထွက်လာပါတယ်။ လွတ်မြောက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အဲဒီလို အရေးယူပိတ်ဆို့မှုများအပေါ် သူ့ရဲ့သဘောထားကို မေးမြန်းတဲ့ မေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပုံက မြန်မာနိုင်ငံနဲ့ စီးပွားဆက်ဆံမှုအပေါ် ၀ါရှင်တန်ရဲ့ ပိတ်ဆို့မှုတွေကို ပြန်ဖွင့်နိုင်မယ့် သော့ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်မှာသာ ရှိနေသလိုမျိုး ဖြစ်နေပါတယ်။

ဒီလိုရှုမြင်တာကို မကြာသေးခင်က The Washington Times မဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့တဲ့ Suu Kyi seeks to review sanctions on Myanmar ဆိုတဲ့ဆောင်းပါးကို ဥပမာအဖြစ် ကြည့်နိုင်ပါတယ်။ အဲဒီဆောင်းပါးက အမေရိကန် ကွန်ဂရက်က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး အရေးယူပိတ်ဆို့မှုများနဲ့ ပတ်သက်လို့ “ကွန်ဂရက် လွှတ်တော် အမတ်အတော်များများဟာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုပြောမလဲဆိုတာကို လမ်းညွှန်အဖြစ် စောင့်ကြည့်နေတယ်” လို့ ဆိုပါတယ်။

“တကယ်လို့ ပိုပြီးလက်တွေ့ကျတဲ့ စေ့စပ်ညှိနှိုင်းမယ့် လမ်းကြောင်းတခုကို ဒေါ်အောင်ဆန်းစုကြည်က လှမ်းမယ်ဆိုတာကို လွှတ်တော်အမတ်များ မြင်ရရင် ဒါဟာ ပိုပြီးပျော့ပြောင်းတဲ့ ရပ်တည်ချက်တရပ် ဖော်ဆောင်ဖို့အတွက် အခြေအနေ အများအပြား ဖန်တီးပါလိမ့်မယ်” လို့ ဆောင်းပါးမှာ ရေးထားပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြောခဲ့ပြီးပါပြီ။ သူ့ရဲ့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဟာ အရေးယူပိတ်ဆို့မှုများနဲ့ ပတ်သက်လို့ ပါတီရဲ့မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ ဆန္ဒရှိပြီး ဝေဖန်သူတွေ ပြောနေသလို အရေးယူပိတ်ဆို့မှုတွေဟာ စစ်အစိုးရကိုထက် သာမန်ပြည်သူတွေကို ပိုပြီးထိခိုက်နစ်နာစေတာ ဟုတ်၊ မဟုတ် ရှာဖွေလေ့လာသွားမယ်လို့ ဆိုပါတယ်။

“အရေးယူပိတ်ဆို့မှုတွေဟာ တကယ်ပဲ ပြည်သူတွေကိုသာ ထိခိုက်နေတယ်လို့ ကျမတို့တွေ့လို့ရှိရင်၊ ကောင်းမွန်တဲ့ရလဒ် တခုမှ မရှိဘူးဆိုရင်၊ ဒါတွေကို ရပ်တန့်ဖို့အချိန် ကျ၊ မကျပြန်စဉ်းစားဖို့ ပိတ်ဆို့မှုတွေကို လုပ်တဲ့သူတွေကို ကျမတို့ဘက်က ပြောဆိုဖို့ စဉ်းစားရလိမ့်မယ်ဆိုတာ အသေအချာပါပဲ” လို့ အဲဒီဆောင်းပါးအတွက် တယ်လီဖုန်းမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါပေမယ့် သူက “ကောင်းပါပြီ၊ အရေးယူပိတ်ဆို့မှုတွေ ဖယ်ရှားဖို့ အချိန်တန်ပါပြီလို့ ပြောရုံလောက်နဲ့ လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် ကောင်းကောင်း သဘောပေါက်ထားသလိုပဲ အရေးယူပိတ်ဆို့ရေး မူဝါဒတွေမှာ တခုခု အပြောင်းအလဲလုပ်ဖို့ ဆုံးဖြတ်တာဟာ အမေရိကန် အစိုးရအပေါ်မှာသာ လုံးလုံးလျားလျား မူတည်နေပါတယ်။ အရေးယူပိတ်ဆို့ထားတဲ့ နှစ်နိုင်ငံချင်းပေးတဲ့ အထောက်အပံ့တွေနဲ့ နိုင်ငံတကာ အထောက်အပံ့တွေ ပေးတဲ့နေရာမှာ ပိတ်ဆို့တားဆီးမှုတွေ လုပ်တာကို ရပ်တန့်ဖို့ သမ္မတ အိုဘားမားအစိုးရနဲ့ အမေရိကန် ဥပဒေပြုအမတ်တွေက ဆုံးဖြတ်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ ဆုံးဖြတ်ချက်ဟာ အချက်တခုအနေနဲ့တော့ ပါပါလိမ့်မယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုတွေကို ၁၉၉၆ ခုနှစ်ကတည်းက ဥပဒေများပြဌာန်းပြီး မြန်မာစစ်အစိုးရကို ဖိအားပေးခဲ့တဲ့ အမေရိကန် ကွန်ဂရက်က အဓိကပါတီကြီးနှစ်ခုစလုံးရဲ့ ထောက်ခံမှုတွေကို ဒီမိုကရေစီအရေး လှုပ်ရှားသူများ ရရှိခဲ့တာမှန်ပေမယ့် ဥပဒေပြုအမတ်မင်းများက သူတို့ရဲ့ရပ်တည်ချက်ကို နေ့ချင်းညချင်း အပြောင်းအလဲတော့ လုပ်လိမ့်မှာမဟုတ်ပါဘူး။ ပြဌာန်းပြီးဖြစ်တဲ့ ဥပဒေတွေမှာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဘယ်လိုအခြေအနေမှာ ရုတ်သိမ်းမယ်ဆိုတဲ့ စည်းကမ်းချက်တွေလည်း ပြဌာန်းပြီးသားပါ။ လွတ်တော်နှစ်ရပ်စလုံးနဲ့ အိုဘားမားအစိုးရဟာ အရေးယူပိတ်ဆို့ရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် တခုခုချမယ်ဆိုရင် အဲဒီ အခြေခံစည်းကမ်းချက်တွေကို ကျင့်သုံးလိုက်နာဖို့လည်း တာဝန်ရှိပါတယ်။

အမေရိကန်အစိုးရရဲ့ အပြင်းထန်ဆုံး အရေးယူပိတ်ဆို့မှုတခုဖြစ်တဲ့ “မြန်မာနိုင်ငံ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီ အက်ဥပဒေ ၂၀၀၃” မှာ အရေးယူပိတ်ဆို့မှုတွေကို မရုတ်သိမ်းမီ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရမယ်ဆိုတဲ့ စည်းကမ်းချက်ကို ဖော်ပြ ထားပါတယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်းမြို့အနီး စစ်အစိုးရ ထောက်ခံအားပေးတဲ့ လူဆိုးလူမိုက်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်လိုက်နောက်ပါတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ပြဌာန်းခဲ့တဲ့ ဒီဥပဒေမှာ စစ်အစိုးရဟာ မြန်မာပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်နဲ့ သတင်းစာ လွတ်လပ်ခွင်တွေကို လေးစားလိုက်နာရမယ်ဆိုတဲ့ စည်းကမ်းချက်တွေလည်း ထည့်သွင်းထားပါ တယ်။ ယနေ့အထိ အပြုသဘောတိုးတက်မှုတွေ တခုမှ မတွေ့ရပါဘူး။

အရေးယူပိတ်ဆို့မှုကို ဖယ်ရှားဖို့ နောက်ထပ် အဓိကပြဿနာတခုကို ၂၀၀၃ အက်ဥပဒေရဲ့ အခန်း ၃ “မြန်မာစစ်အစိုးရကို အထောက်အပံ့ဖြစ်စေတဲ့ စီးပွားကုန်သွယ် ဆက်ဆံမှုတွေကို တားမြစ်ခြင်း” မှာ သွားတွေ့ပါတယ်။ အဲဒီအခန်းမှာ ဖော်ပြထားတဲ့ ပစ်မှတ်တွေထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနဲ့ ၎င်းကိုဆက်ခံတဲ့ အဖွဲ့အစည်းမှန်သမျှ ပါဝင်ပါတယ်။ ဒါကြောင့် ဒီဥပဒေအရ အဲဒီအသင်းကနေ ပါတီအသွင်ပြောင်းသွားပြီး နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ လွှတ်တော်ရဲ့ ရွေးကောက်ခံနေရာ ၈၀ ရာခိုင်နှုန်းနီးပါး အနိုင်ရထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ခေါင်းဆောင်များဟာ အရေးယူပိတ်ဆို့မှုများထဲမှာ ပါဝင်နေပါတယ်။

အဲဒီ အက်ဥပဒေကို အကောင်အထည်ဖော်ရာမှာ အမေရိကန်သမ္မတဟာ ဥပဒေပါအချက်တို့ကို ကင်းလွတ်ခွင့် ပေးခွင့်ရှိတဲ့ အခွင့်အာဏာကို အမေရိကန်လွှတ်တော်က သမ္မတကို ပေးထားပါတယ်။ ဒါပေမယ့် ဒီလိုကင်းလွတ်ခွင့် အာဏာကို ကျင့်သုံးတဲ့အခါ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားအရသာလျှင် ကျင့်သုံးနိုင်မှာပါ။ ဒါကြောင့် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို တစိတ်တပိုင်းဖြစ်စေ၊ တခုလုံးဖြစ်စေ ပြန်လည်ရုပ်သိမ်းတာဟာ အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွား အပေါ်မှာသာ အခြေခံပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုမှုအပေါ်မှာ အခြေခံမှာ မဟုတ်ပါဘူး။

ဒီအချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ၂၀၀၉ ခုနှစ်က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပုဂ္ဂိုလ်ရေးစာ နှစ်စောင်ရေးသားပေးပိုခဲ့ပြီး စီးပွားရေးပိတ်ဆို့မှုတွေ ပြန်လည်ရုတ်သိမ်းရေးအတွက် ပူးပေါင်း လုပ်ဆောင်ချင်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို ဆွေးနွေးဖို့ သူ့ရဲ့ပန်ကြားချက်ကို စစ်အစိုးရက လျစ်လျူရှုခဲ့ပါတယ်။

အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းဖို့ဆိုရင် စစ်အစိုးရဟာ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားတဲ့ အတိုက်အခံတွေကို အကြီးအကျယ် ဖိနှိပ်အုပ်ချုပ်နေမှုသည် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒကို ထူးထူး ခြားခြား ခြိမ်းခြောက်နေသည်” လို့ ၁၉၉၇ ခုနှစ် အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန် လက်ထက်ကစလို့ သမ္မတ အဆက်ဆက်က အမိန့်ထုတ်ပြန် ကြေညာထားချက်ကိုလည်း လက်ရှိသမ္မတ အိုဘာမားက ပြန်လည်ရုတ်သိမ်းဖို့ လိုအပ်ပါ တယ်။

သမ္မတရဲ့ဒီလို အမိန့်ဒီဂရီတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပုံမှန် ပြန်လည်လေ့လာသုံးသပ်မှုများ ရှိနေပြီး နှစ်စဉ် သက်တမ်းတိုးမှုကိုလည်း လုပ်ဆောင်ရပါတယ်။ တကယ်လို့ အဲဒီလို လေ့လာသုံးသပ်မှုများက မြန်မာပြည်ရဲ့ အခြေအနေဟာ သိသာထင်ရှားတဲ့ တိုးတက်မှုရှိနေတယ်လို့ တွေ့ရှိခဲ့ရင် သမ္မတဟာ သူ့ရဲ့အမိန့်ကို ထပ်မံသက်တမ်း မတိုးဖို့ ဆုံးဖြတ်နိုင်ပါတယ်။ ဒီလိုလုပ်လိုက်မယ်ဆိုရင် မူဝါဒပိုင်းမှာ အခြေခံကျကျ အပြောင်းအလဲတခု ဖြစ်လာမှာပါ။

ဒါပေမယ့် စစ်အစိုးရဖက်က အတိုက်အခံတွေအပေါ် ပြုမူဆက်ဆံမှုတွေမှာ တိုးတက်မှုမရှိခဲ့တာကြောင့် အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းမယ့် ဒီလို ပထမခြေလှမ်းကို စတင်ဖို့ အမေရိကန်ဖက်ကလည်း အခြေခံအကြောင်းရင်းမရှိ ဖြစ်နေပါတယ်။

တကယ်လို့များ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ခဲ့ရင်တောင်မှ အဲဒီအရေးယူပိတ်ဆို့မှုတွေက အဓိက ဦးတည်ထားတဲ့ စစ်အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင် သူလည်းပဲ ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။ ။

http://www.irrawaddy.org/bur/

ဝေါ်လေတွင် နအဖတပ်ကို DKBA တိုက်ခိုက်

ဘစောတင် Saturday, 04 December 2010 18:00


ထပ်မံရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များ (ဓာတ်ပုံ - ဧရာဝတီ)

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ်၌ နအဖ စစ်အစိုးရ အရံဗျူဟာ တည်ရှိရာ ဝေါ်လေဒေသရှိ သံမဏိ တောင်ကုန်းကို ယမန်နေ့ည ၁၁ နာရီအချိန်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ကရင် သတင်းစဉ် လက်ထောက် အယ်ဒီတာ ဒေါ်နန်းထူးစံက “ဖြစ်တာက ဒီလိုပါ။ DKBA တွေက ဝေါ်လေမှာရှိတဲ့ နအဖ တပ်တွေကို လက်နက်ကြီး တွေနဲ့ လှမ်းပစ်တယ်လေ။ ရွာသား တွေကတော့ အစကတည်းက ဒီဘက်ကို ပြေးလာ နေကြတာ” ဟု ပြောသည်။

နိုဝင်ဘာ ၇ ရက်နေ့မှစ၍ မြ၀တီနှင့် ဘုရားသုံးဆူ မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ မြဝတီမြို့အနီး ဝေါ်လေ ဒေသတွင် နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်လျှက် ရှိကြောင်း၊ ယမန်နေ့ ညပိုင်းကလည်း တိုက်ပွဲ ဖြစ်သေးကြောင်း ABSDF စစ်ကော်မရှင် အတွင်းရေးမှူး ကိုခင်ကျော်က ဆိုသည်။

“ညတုန်းကတော့ ဝေါလေ ဘက်မှာရှိတဲ့ သံမဏိကုန်း ဘက်မှာ ဗျူဟာအရံ တပ်စွဲထားတဲ့ နေရာကို DKBA က ည ၁၁ နာရီလောက်မှာ ၀င်ရောက် တိုက်ပါတယ်” ဟု ပြောသည်။

တိုက်ပွဲများကြောင့် မြ၀တီဆေးရုံတွင် နအဖ အရာရှိ ၂ ဦးနှင့် တပ်သား ၆ ဦး ဆေးကုသမှု ခံယူလျှက် ရှိကြောင်း မြ၀တီမြို့ခံ ရဲဝန်ထမ်း တဦးက ပြောသည်။ ဘုရားသုံးဆူ ဘက်တွင်လည်း ဒဏ်ရာရရှိသော တပ်သား ၄ ဦးကို ထိုင်းနိုင်ငံထဲမှ ဖြတ်ကာ ကားဖြင့် ထားဝယ် ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရသည်။

တိုက်ခိုက်မှုများကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ထွက်ပြေးလာသူ မြန်မာ စစ်ပြေးဒုက္ခသည် ၁ ထောင်ခန့် ရှိနေကြောင်း၊ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များထားရှိရာသို့ လာရောက်ကြည့်ရှုကြောင်း သိရသည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးက ဒုက္ခသည်များကို အလျင်စလို ပြန်ပို့ရန် မလိုအပ်သေးကြောင်း၊ အဘယ့်ကြောင့်ဆိုသော် တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သည့် အခြေအနေရှိနေသည် ပြောကြောင်းလည်း သိရှိရသည်။

http://www.irrawaddy.org/

Imprisoned Student Leader Warns of Second Depayin

Saturday, December 4, 2010

By KO HTWE

Htay Kywe, one of the imprisoned leaders of the 88 Generation Students group, said he is worried that Aung San Suu Kyi could face another attack like the one that killed many of her supporters in May 2003, according to his brother-in-law, Phyo Min Thein.

Phyo Min Thein, who is also a prominent political activist and former member of the Union Democratic Party, told The Irrawaddy on Friday that Htay Kywe spoke of his concerns during a 45-minute family visit at Buthitaung Prison in Arakan State on Dec. 2.


In this image taken from TV from footage issued on Saturday Oct. 13, 2007 by the Democratic Voice of Burma, based in Norway, shows Htay Kywe seen in Rangoon. (Photo: AP)

He said that Htay Kywe, who is currently serving a 65-year sentence for his political activities, asked him to convey his concerns to Suu Kyi, who was released from house arrest on Nov. 13.

“He said he is worried that she could face another situation similar to the one at Depayin and asked me to warn her about that,” Phyo Min Thein said.

On May 30, 2003, around 5,000 armed thugs recruited by the pro-junta Union Solidarity and Development Association (USDA) ambushed Suu Kyi’s convoy in Depayin, Sagaing Division, killing an estimated 100 people.

Htay Kywe also expressed his continuing support for Suu Kyi as the leader of Burma's pro-democracy movement.

“He said that all political forces need to cooperate under the leadership of Aung San Suu Kyi to achieve national reconciliation,” said Phyo Min Thein, adding that they also discussed the lack of progress in reaching this goal.

According to Phyo Min Thein, Htay Kywe appeared to be thinner than usual and was suffering from a stomach ailment. He added that members of Burma's Special Branch police force monitored them throughout the visit.

Concerning prison conditions, Htay Kywe said that he is able to write and draw, but wants the authorities to move political prisoners serving their sentences in remote areas closer to their families.

The Burmese regime often forces its imprisoned opponents to serve long sentences in relatively inaccessible parts of the country, making it difficult for them to receive regular family visits.

In a recent interview with United Press International, Suu Kyi described conditions in Burma's prisons as “brutal.”

During another visit in August, Htay Kywe told family members that Burma's Nov. 7 election would be meaningless without the participation of Suu Kyi's National League for Democracy and called on the army, political forces, pro-democracy parties and ethnic groups to work together toward an “all-inclusive” solution to the country's political problems.

Htay Kywe was first arrested in 1991 and sentenced to 15 years in prison for violating Burma's draconian security laws. Initially held in Rangoon’s notorious Insein Prison, he was transferred to Tharrawaddy Prison in Pegu Division in 1995.

He was released in July 2001, but was subsequently arrested on several occasions under Section 10 A of the 1975 State Protection Law, which allows the military authorities the right to detain suspects arbitrarily.

In 2005, Htay Kywe co-founded the 88 Generation Students group along with other prominent leaders of the nationwide pro-democracy uprising of August 1988, including Min Ko Naing, Ko Ko Gyi, Min Zeya and Pyone Cho.

From 2005 to 2007, the group engaged in nonviolent activities, including group visits to political prisoners’ homes and holding Buddhist ceremonies at Shwedagon Pagoda in Rangoon to commemorate political prisoners still behind bars.

On Nov. 11, 2007, Htay Kywe and other members of the 88 Generation group were given 65-year prison sentences for their alleged involvement in massive monk-led pro-democracy protests in September of that year.

Most of the imprisoned 88 Generation leaders are serving their sentences in remote areas, including Buthitaung Prison in Arakan State, Kengtung Prison in Shan State, Loikaw Prison in Karenni State, Kawthaung Prison in Tenasserim Division, Kalaymyo Prison in Sagaing Division, and Myitkyina and Putao prisons in Kachin State.

Buthitaung Prison is notorious for its harsh treatment of political prisoners and its severely cold weather.

According to the Thailand-based Assistance Association for Political Prisoners, there are 2,203 political prisoners in prisons across Burma.

http://www.irrawaddy.org/article.php?art_id=20253

ကချင်ပြည်နယ် စစ်ရေးပြင်ဆင်မှုတွေ တိုး

By နူးပန် စနေ, 04 ဒီဇင်ဘာ 2010



နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုနဲ့ မြန်မာစစ်အစိုးရကြား မှာ တနေ့တခြား တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ ခုရက်ပိုင်းအတွင်း မြန်မာစစ်တပဘက်က စစ်ရေး ပြင်ဆင်မှုတွေကို တိုးလုပ်လာနေပါတယ်။ မြန်မာပြည်အောက်ပိုင်း တပ်တွေကနေ လက်နက်ကြီးတွေကို ကချင်ပြည်နယ်ဘက်ကို ဆက်တိုက်ပို့နေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ကြောက်လန့်နေပါတယ်။ အခြေအနေအပြည့်အစုံကို စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မနူးပန်က တင်ပြထားပါတယ်။

နိုဝင်ဘာလကုန်ပိုင်းကတည်းက မနေ့ကအထိ ကချင်ပြည်နယ် ဗန်းမော်နဲ့ မြစ်ကြီးနားဘက်ကို မြန်မာစစ်တပ် အမြောက်ကြီးတွေတင်လာတဲ့ ကားကြီးတွေ ဖြတ်သွားတာ ၁၀ စီးအထက် တွေ့ရတယ်လို့ ဗန်းမော်မြို့က မျက်မြင်ဒေသခံ အဘိုးတစ်ယောက်က အခုလို ပြောပါတယ်။

“ကားတစီးပေါ်မှာဆိုရင် သူတို့က လက်နက်ကြီးတစ်လက်စီနဲ့ စက်သေနတ်တွေနဲ့ မိုးပျံသေနတ်တွေလည်း ပါမှာပေါ့။ စစ်သားတွေတော့ ၄-၅ ယောက်၊ အဲလိုမျိုး ပါတယ်။ သူတို့က စစ်ပစ္စည်းတွေသွားသယ်တာ သလောက်ပဲရှိတယ်။ သူတို့က ဒီ မန္တလေး လမ်းကနေ တက်လာတာပဲ။”

မနေ့က နိုဝင်ဘာ ၃ ရက်နေ့ညမှာလည်း မန္တလေးလမ်းဘက်ကနေ လက်နက်ကြီး တင်ဆောင်လာတဲ့ စစ်ကား ၅ စီးနဲ့ ထပ်ဝင်လာသလို သင်္ဘောနဲ့လည်း သယ်ပို့နေတာတွေ့ရပြီး ဗန်းမော်စစ်တပ် ခလရ (၂၃၆)၊ ခလရ (၂၃၇)၊ ခလရ (၄၇) နဲ့ အမှတ်(၂၁) စစ်ဆင်ရေး ကွပ်ကဲဌာနချုပ် စစ်တပ်တွေမှာ ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ပြီး စစ်ကားတွေ မနက်စောစောဖြတ်သွားတာကို တွေ့မြင်ခဲ့တဲ့ ဈေးသည်တွေက ကြောက်လန့်နေပြီး စစ်ဖြစ်ရင်ဘယ်မှာပုန်းမလဲ မြို့ပေါ်စစ်ဖြစ်ရင် ပုန်းမယ့်နေရာမရှိတဲ့အတွက် အခြေအနေကို စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။

ဒီအခြေအနေတွေကို အကဲခတ်နေတဲ့ တရုတ်နယ်စပ် ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်က ကိုအောင်ဝါကတော့ မြန်မာစစ်အစိုးရနဲ့ ကေအိုင်အိုဟာ ပိုမိုတင်းမာလာတဲ့ အနေအထားမှာ ရှိနေတဲ့အတွက် နှစ်ဖက်တပ်တွေ စစ်ရေးပြင်ဆင်မှုတွေ တိုးလုပ်လာနေပေမဲ့ အဆင့်သင့်ပြင်ဆင်တဲ့ အနေအထားမှာပဲ ရှိနေကြတယ်လို့ အခုလို သုံးသပ်ပြောဆိုပါတယ်။

“န.အ.ဖ အနေနဲ့ စစ်ရေးပြင်ဆင်တဲ့သဘောမျိုးပဲလို့ သုံးသပ်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီမှာလည်း အခက်ခဲတွေနဲ့ အများကြီး ကြုံနေရတယ်။ အရှေ့ဘက်မှာ ဒီကေဘီအေ၊ ကေအဲန်ယူ၊ တခြား ရှမ်းအဖွဲ့အစည်း တွေနဲ့ တိုက်ခိုက်နေတယ်။ ဒီဘက်မှာလည်း ကေအိုင်အေနဲ့ ပြန်တိုက်မယ်ဆို သူ့အတွက် ပိုမိုကြီးမားတဲ့ စစ်မျက်နှာ ဖွင့်ရမယ်။ ဒါကြောင့် ချက်ချင်းတော့ တိုက်မယ်လို့တော့ မမြင်ပါဘူး။ ဒါပေမဲ့ သူကတော့ စစ်ဆင်ရေးအတွက် အဆင်သင့်အနေအထားမျိုး ပြင်ဆင်တယ်လို့ပဲ မြင်နေရတယ်။ ဒီဘက်က ကေအိုင်အေ ဘက်ကနေ ကြည့်မယ်ဆိုရင်လည်း နိုင်ငံရေ အရပဲ ဖြေရှင်းလိုတယ်၊ စစ်ရေးအရတော့ ဖြေရှင်းချင်တဲ့ ဆန္ဒတော့ မရှိကြဘူး။ ဒါကြောင့် အဓိကတော့ န.အ.ဖ ဘက်က တိုက်မှပဲ ဒီစစ်ပွဲကဖြစ်လာမယ့်သဘော မြင်နေရပါတယ်။”

ဒါပေမဲ့ ဒေသခံတွေကတော့ မြန်မာစစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ချေမှုန်းဖို့ အတွက်ပဲ ပြင်ဆင်နေတာဖြစ်တဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနေချင်ပေမဲ့ စစ်ရေးပြင်ဆင်မှုအရ စစ်ဖြစ်လာ နိုင်ဖွယ်ကြောင့် ကြောက်လန့်နေကြလို့ အစောက ဗန်းမော်ဒေသခံကပဲ ခုလိုပြောပါတယ်။

“သူတို့က ဒီရွေးကောက်ပွဲလုပ်တာလည်း သူတို့က အရင်က လက်နက်ကိုင် အဖွဲ့အစည်းနဲ့ စာချုပ်စာတမ်း တွေကို ဖျက်ဆီးတာ၊ အပြစ်တင်တာ၊ ဖုံးထားတာ၊ ခြိမ်းခြောက်တာတွေ လုပ်ချင်လို့ပဲ ဒီလိုမျိုးလုပ်တာလို့ ကျွန်တော်တို့ မြင်ကြတယ်။ ဒေသခံတွေကတော့ ဒါ သူတို့ ဗမာစစ်တပ်တော့ သူတို့စစ်သဘောက တကယ် တိုက်မယ်လို့ ကျနော်တို့ထင်တာပဲ။ ဟိုးချောင်ချိုချောင်ကြားမှာ ပြည်သူ့စစ်တွေကို ချထားတယ်။ ကျနော်တို့က ကျနော်တို့ လူမျိုး ဒီကချင်ပြည်နယ်မှာ လူမှုရေး ကောင်းကောင်းမွန်မွန် နေချင်တာပေါ့။”

ခုတလော မြန်မာစစ်အစိုးရက ကေအိုင်အို နယ်မြေထဲက ကုန်အ၀င်အထွက်တွေကိုလည်း ပိတ်ဆို့လိုက်သလို မကြာသေးခင်ကပဲ ကေအိုင်အို စီးပွားရေး အဆက်အသွယ်ရုံးကလွဲလို့ မြန်မာနိုင်ငံမှာရှိသမျှ ကေအိုင်အို ဆက်ဆံရေးရုံး အားလုံးကို ပိတ်ခိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ကေအိုင်အိုအရာရှိတွေကတော့ မြန်မာစစ်အစိုးရဟာ ပြဿနာကို တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့ထက် အဆက်အသွယ် လုံးဝဖြတ်လိုက်သလို ဖုန်းကအစ ဖြတ်တောက် လိုက်တဲ့အတွက် တင်းမာလာတဲ့ အခြေအနေဘက်ကိုပဲ ဆွဲခေါ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

http://www.voanews.com/burmese/news/KIO-Kachin-Burma-12-04-10-111316019.html

ချက်သမ္မတဟောင်း Vaclav Havel ဒေါ်စုကို ဂုဏ်ပြုချီးမွမ်းစာပို့

By မိုးဖြူ သောကြာ, 03 ဒီဇင်ဘာ 2010

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း Vaclav Havel က သူ့လိုပဲ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို စာတစောင်ရေးသားခဲ့ပြီး အဲဒီစာကို ချက်သတင်းသမားနှစ်ဦး ရန်ကုန်မြို့ကိုရောက်တဲ့အချိန်မှာ ပေးပို့ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အဲဒီသတင်းသမားတွေ တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ မမိုးဖြူက တင်ပြထားပါတယ်။

မြန်မာနိုင်ငံလိုပဲ အာဏာရှင်စနစ်လက်အောက်ကနေ ဒီမိုကရေစီရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ချက်နိုင်ငံ သမ္မတဟောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Vaclav Havel က သူ့ရဲ့ ရောင်းရင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး မြန်မာပြည်သူတွေနဲ့အတူ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ နိုင်ငံရဲ့ ဒီမိုကရေစီအရေး ဆက်ပြီးဆောင်ရွက်နေတာကို ၀မ်းသာယုံမက လေးစားဂုဏ်ပြုတဲ့အကြောင်း စာတစောင် ရေးသားပေးပို့လိုက်ပါတယ်။ အဲဒီဟာနဲ့ ပတ်သက်လို့ ချက်နိုင်ငံက မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအဖွဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး Kristina Prunerova က အခုလို ပြောပါတယ်။

“အဲဒီစာထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိုလည်း တဆက်တည်း တောင်းဆိုပါကြောင်းနဲ့ ဘယ်လို ခက်ခဲတဲ့အာဏာရှင်စနစ်မျိုးအောက်မှာ ဖြစ်ပါစေ အခုလို အကြမ်းမဖက် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းဟာ မုချအောင်မြင်မှုရမယ်လို့ ယုံကြည်ကြောင်း ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။”

ချက် ရုပ်မြင်သံကြားနဲ့ Weekly Respect အပတ်စဉ်သတင်းစာတွေက သတင်းထောက် နှစ်ဦးဖြစ်တဲ့ ပါဗဲလ်ဗွန်ဒရာ နဲ့ နာဒါစထွာကိုဗာ တို့က ရန်ကုန်မြို့ကို ရောက်ရှိစဉ်မှာ ကိုယ်တိုင်ပေးပို့ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းမှုလည်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်တဲ့အပေါ်မှာ ချက်ရီပါ့ပလစ်နိုင်ငံက နှစ်ပေါင်းများစွာ အစဉ်တစိုက် ထောက်ခံအားပေးမှုတွေကို အလေးအနက် ကျေးဇူးတင်ပါတယ်လို့ တုံ့ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီသတင်းသမား နှစ်ယောက်ဟာ ၁၉၈၉ ခုနှစ်မှာ ချက်ပြည်သူတွေရဲ့ ဒီမိုကရေစီရရှိဖို့ ဆင်နွှဲခဲ့တဲ့ ပြည်သူ့အုံကြွမှုကြီးအပြီးကစလို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေအကြောင်းကို ၁၉၉၀ ပြည့်နှစ်တွေကတည်းက တောက်လျှောက်ဆိုသလို ချက်နိုင်ငံနဲ့ နိုင်ငံတကာ သတင်းစာမျက်နှာတွေပေါ်မှာ ရေးသားတင်ပြနေကြသူတွေ ဖြစ်တယ်လို့ Kristina Prunerova က ပြောပါတယ်။

“မကြာသေးခင်က ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပါအ၀င် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်ရင် ချက်နိုင်ငံ သတင်းမီဒီယာက အမြဲတက်ကြွပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံနဲ့ ချက်နိုင်ငံတို့မှာ ရေမြေသဘာဝ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေနဲ့ နိုင်ငံဖွဲ့စည်းထားပုံတွေမှာ ခြားနားကြပေမဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းစွာ ရင်ဆိုင်ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်ဆိုတာကို ယုံကြည်ပုံချင်း တူညီကြပါတယ်။ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အပါအ၀င် တနိုင်ငံလုံး စုစုစည်းစည်းနဲ့ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ခွန်အားတွေ ပိုရှိလာကြပြီလို့လည်း ကျမတို့က ယုံကြည်ပါတယ်။”

ချက်ရီပါပလစ် နိုင်ငံဟာ ၁၉၉၀ ခုနှစ်တွေကစပြီး မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို တစိုက်မတ်မတ် ထောက်ခံအားပေးပြီး အဲဒီအချိန်က သမ္မတ Haval က ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးအတွက် အမည်စာရင်း တင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ချက်သတင်းသမား နှစ်ဦး တွေ့ဆုံမေးမြန်းခန်းကို လာမယ့် တနင်္ဂနွေနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ချက်ပြည်သူတွေအတွက် ချက် ရုပ်မြင်သံကြား အစီအစဉ်ကနေ ထုတ်လွှင့်ပေးမှာဖြစ်ပြီး Weekly Respect အပတ်စဉ် သတင်းစာမှာလည်း လာမယ့် တနင်္လာနေ့ကစလို့ ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

http://www.voanews.com/burmese/news/Vaclav-Havel-Burma-12-03-10-111296504.html

မြန်မာ့ဒီမိုကရေစီရေး EU ဆက်လက် ထောက်ခံ

သောကြာ, 03 ဒီဇင်ဘာ 2010

နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို ဥရောပသမဂ္ဂ (EU) က ဆက်လက် အားပေး ထောက်ခံသွားမယ်လို့ အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဘယ်လ်ဂျီယံနိုင်ငံက ပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လ်ဂျီယံ သံအမတ်ကြီးတို့ သောကြာနေ့က တွေ့ဆုံစဉ်မှာ အခုလိုပြောခွင့်ရခဲ့တာ ဖြစ်တဲ့အကြောင်း ဘယ်လ်ဂျီယံနိုင်ငံ ဒုတိယ ၀န်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ၀န်ကြီးလည်းဖြစ်တဲ့ Steven Vanackere က ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

နိုဝင်ဘာလ ၇ ရက်နေ့မှာ စစ်အစိုးရက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မျှော်လင့်ထားခဲ့သလို ဒီမိုကရေစီရေးအတွက် လမ်းပွင့်မလာတာမို့ ဘယ်လ်ဂျီယံနိုင်ငံနဲ့ EU အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံ ရလိမ့်မယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုင်းရင်းသား လူမျိုးစုတွေနဲ့ လူ့အဖွဲ့အစည်း အသီးသီးက သူတွေနဲ့အတူ ဒီမိုကရေစီရေး လှုပ်ရှားသူ အတိုက်အခံတွေရဲ့ အသံတွေဟာ အင်မတန်မှ အရေးကြီးပါတယ်လို့လည်း ဘယ်လ်ဂျီယံ နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်ထဲမှာ ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင် ကျော်ကို ပြန်လွတ်ပေးဖို့ဟာလည်း မြန်မာစစ်အစိုးရ အနေနဲ့ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စအဖြစ် ရှိနေဆဲပဲလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

http://www.voanews.com/burmese/news/burma/Burma-EU-12-03-10-111289764.html

လေဘေးသင့်ပြည်သူတွေ အလှူငွေ ၃၉ သိန်း ရရှိ

2010-12-04

ရခိုင်ပြည်နယ် ဂီရိမုန်တိုင်းသင့် ပြည်သူတွေအတွက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကူညီ ထောက်ပံ့တဲ့ အလှူငွေ ၃၉ သိန်းကို လေဘေးသင့် ပြည်သူတွေထံ NLD အဖွဲ့ဝင်တွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။


ရခိုင်ကမ်းရိုးတန်းသို့ အောက်တိုဘာ ၂၂ ရက်က ဆိုင်ကလုံး ဂီရိ မုန်တိုင်း တိုက်ခတ်ပြီးနောက် လေဘေးဒုက္ခသည်များ ကျောက်ဖြူမြို့ရှိ ဘုန်းကြီးကျောင်းတခုသို့ စုရုံး ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: RFA Listener)

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ လှူဒါန်းလိုက်တဲ့ ကျပ်ငွေ ၃၉ သိန်းကို ရခိုင်ပြည်နယ် NLD အဖွဲ့ဝင်တွေ စုစည်း ဖွဲ့စည်းထားတဲ့ ဂီရိ မုန်တိုင်းသင့် ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ထောင်ရေး ကော်မတီက ဦးဆောင်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့က စလို့ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေ အတွင်းက ကျေးရွာတွေမှာ လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို လှူဒါန်းခဲ့ကြတာနဲ့ ပတ်သက်ပြီး ဦးဆောင် ပါဝင်ခဲ့တဲ့ NLD ဗဟိုဦးစီး အဖွဲ့ဝင်လည်းဖြစ်၊ ရခိုင်ပြည်နယ် တွဲဘက် အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးသိန်းလှိုင်က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။

“နိုဝင်ဘာ ၂၄ ရက်နေ့က ဒေါ်စုနဲ့ ကျနော်ရယ် ဒေါ်ညိုအေးရယ်၊ နောက် ကိုစိုးလေးရယ် သုံးယောက် တွေ့ပြီးတော့ အလှူငွေတွေကို လက်ခံတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့မှာ မြေပုံမြို့နယ် အမျက်ထွက်ရွာရယ် ပေါက်ကုန်မြို့နယ် သဲတွေရွာ။ ဒီဇင်ဘာ ၁ ရက်နေ့ကျတော့ ကျင်းခြံရယ် နောက် ကွမ်းခြံရွာ။ ဒီဇင်ဘာ ၂ ရက်နေ့မှာ သရက်ချောင်း ရွာဟောင်း သရက်ချောင်းရွာသစ် သွားပြီးတော့ လှူတယ်။ အိမ်ထောင်စု တစုကို ဆန် ငါးပြီ၊ ငွေ ငါးထောင်စီ လှူတယ်။ အားလုံး ၃၉ သိန်းနဲ့ ငါးသောင်းကျပ်ဖိုး ကျနော်တို့ လှူနိုင်ခဲ့တယ် ခင်ဗျ။ ဒါဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ လှူတဲ့အလှူ ဖြစ်တယ်လို့ ပြောပြတယ်။ သူတို့ကလည်း ဒေါ်စု အပေါ်မှာ အင်မတန်မှ ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်းကို ကျနော်တို့ကို ပြောတယ်ခင်ဗျ”

ဂီရိမုန်တိုင်းဒဏ် ခံခဲ့ကြရတဲ့ ကျေးရွာတွေမှာ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေအောင် အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်နေသလို မုန်တိုင်းသင့် ပြည်သူတွေထံ သွားရောက်ကူညီခဲ့တဲ့ ခရီးစဉ် တလျှောက်မှာလည်း လမ်းခရီး အခက်အခဲတွေ ကြုံခဲ့ကြရတယ်လို့ ဦးသိန်းလှိုင်က ဆက်ပြောပါတယ်။

အလှူရှင်တွေက ကူညီကြတယ် ဆိုပေမယ့် တကယ်တမ်း မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ကြုံခဲ့ရတဲ့ ကျောက်ဖြူ၊ မြေပုံ၊ ပေါက်တောစတဲ့ မြို့နယ်တွေအတွင်းက ကျေးရွာအတော်များများမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေဆဲ ဖြစ်သလို ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ အတွက်လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ပြီးချိန်မှာပဲ မုန်တိုင်းသင့် ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ထောင်ရေး ကော်မတီဟာ ကျောက်ဖြူမြို့နယ်က ကျေးရွာ ၆ ရွာလောက်ကို ဆန်အိတ် ၁၀၀ လှူဒါန်းခဲ့သလို နိုဝင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့မှာလည်း ဒေါ်မေ၀င်းမြင့် ဦးဆောင်တဲ့ အဖွဲ့နဲ့အတူ ကျောက်ဖြူနဲ့ မြေပုံမြို့နယ်တွေမှာ ဆန်အိတ် ၁၀၀ နဲ့ အ၀တ်အထည်တွေ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

http://www.rfa.org/burmese/

လူ့အခွင့်အရေးတွေအတွက် စာရေးကြပါ

2010-12-04

မြန်မာ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လန်ဒန် အခြေစိုက် Amnesty International ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးနဲ့ နယူးဇီလန်နိုင်ငံရောက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign New Zealand (BCNZ) အဖွဲ့တို့ ပူးပေါင်းပြီး “Write for Rights”- “မိမိ မွေးရာပါ လူ့အခွင့်အရေးအတွက် စာရေးကြပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားမှုတရပ်ကို Auckland နဲ့ Wellington မြို့တွေမှာ မနေ့က စတင်ခဲ့တယ်လို့ သိရပါတယ်။


စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ နယူးဇီလန်နိုင်ငံ အော့ကလန်မြို့တော် Aotea square ရင်ပြင်တွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: Tin Zaw Moe)

လောလောဆယ် ပထမဦးဆုံး လှုပ်ရှားမှုအဖြစ် ခန္တီးအကျဉ်းထောင်မှာ ထောင်ဒဏ် ၈ နှစ်ခွဲ ကျခံနေရတဲ့ မစုစုနွေးနဲ့ ပူတာအိုထောင်မှာ ၃၅ နှစ် ကျခံနေရတဲ့ ကိုဇာဂနာ တို့အတွက် လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ BCNZ အဖွဲ့တာဝန်ခံ ကိုနိုင်ကိုကိုက RFA ကို ပြောပြခဲ့ပါတယ်။

အကြောင်းစုံကို အာအက်ဖ်အေ အဖွဲ့သား ဦးဘအောင်က စုစည်းတင်ပြထားပါတယ်။

http://www.rfa.org/burmese/news/prisoners_release_campaign_launched_in_new-zealand-12042010112730.html

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗီဒီယိုမှတ်တမ်း အသံထွက်ပေါ်လာ

2010-12-04

ပြီးခဲ့တဲ့အပတ်က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ပတ်သက်ပြီး အသံမပါတဲ့ ဗီဒီယိုမှတ်တမ်းတခု အင်တာနက်မှာ ထွက်ပေါ်ခဲ့ပြီးနောက် ဒီကနေ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီတို့ အပြန်အလှန် ပြောစကားအသံတွေပါတဲ့ ဗီဒီယိုမှတ်တမ်း ထွက်ပေါ်လာပြန်ပါတယ်။


နေအိမ် အကျယ်ချုပ် ချထားသော ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အား ရိုက်ကူးထားသည့် ဗီဒီယို မှတ်တမ်းတခုတွင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီနှင့် စစ်အစိုးရအရာရှိများ ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားရန် ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (screenshot of the leaked video)

အခုထွက်ပေါ်လာတဲ့ မှတ်တမ်းမှာ သူဟာ အပြင်နဲ့ ဆက်သွယ်ပြီး ဘာတခုမှ လုပ်ဆောင်ခဲ့တာမျိုး မရှိကြောင်း၊ သူ့အပေါ် လုံခြုံရေးအရ သတ်မှတ်ထားတဲ့အတိုင်း နေနေကြောင်း၊ သူဟာ နိုင်ငံတော် ဆန့်ကျင်နေတဲ့သူ မဟုတ်ပါဘူးလို့ ပြောဆိုသွားသံကို ကြားကြရပါတယ်။

ဒါ့ပြင် သူ့ကို ခေါ်ဆောင်သွားဖို့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ပြောဆိုတဲ့အခါ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က “သားနှစ်ယောက်လည်း ခေါ်သွားပြီ။ သားမက်လည်း ထောင်ချထားပြီးပြီ။ အခု ကလေးတွေလည်း တယောက်မှ ကျောင်းမတက်ရဘူး” လို့ ပြောပါတယ်။

အဝတ်အစားတွေ မယူခဲ့ဖို့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ပြောတဲ့အခါမှာ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်က “ယူသွားမယ်၊ ယူသွားမယ်။ ဘာလို့လည်းဆိုတော့ အရင် သားတွေ ခေါ်တုန်းကလည်း ဘာမှ ပစ္စည်း မယူရဘူးဆိုပြီး ဘာမှ ပါမသွားဘူး…” ဆိုပြီး ပြောဆိုတာကိုလည်း ကြားကြရပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ဒီပြောဆိုချက်နဲ့ ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ကိုဘိုကြည်က အခုလို မှတ်ချက်ချ ပြောဆိုပါတယ်။

“ကျနော်တို့တွေ ဆိုတာ အဲဒီအချိန်တုန်းက သူတို့ရဲ့ သားအရွယ် သမီးအရွယ်တွေပါ။ ကျနော်တို့တွေကို သူတို့တွေ ဒီလိုပဲ ခနဆိုပြီး ခေါ်သွားတယ်၊ ထောင်ထဲမှာ နှစ်ပေါင်းများစွာ ကြာတယ်။ အဲလိုပဲ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမိန့်နဲ့ အဖမ်းခံထားရတဲ့ သန့်ဇော်နဲ့ ညီညီဦး ဆိုရင် အခုချိန်အထိ ထောင်ထဲမှာ အနှစ် ၂၀ ကျော်လောက် ဖြစ်နေပါပြီ။ သူတို့ဆိုရင် သံလျင်ရေနံချက် စက်ရုံမှာ ဗုံးခွဲတဲ့ကိစ္စနဲ့ သူတို့နဲ့ ဘာမှ မပတ်သက်ဘူး။ အဲဒါကို ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမိန့်နဲ့ သေဒဏ် ချထားတယ်။ ခုချိန်ထိ ထောင်ထဲကနေ ပြန်လွှတ်မပေးသေးဘူး။ ဒီလိုမျိုးတွေ အများကြီးပဲ။ သူတို့ နှိပ်စက်ခဲ့လို့ မတရားလုပ်ခဲ့လို့ ထောင်ထဲမှာ သေသွားတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း အများကြီး ရှိနေပါတယ်။ အခု သူခံစားနေရတယ်ဆိုတဲ့ အဖြစ်အပျက်က နိုင်ငံရေးအကျဉ်းသားတွေ၊ ပြည်သူလူထုတွေ ခံစားနေရတာနဲ့ စာရင် ဘာမှ မရှိသေးပါဘူး”

အပြည့်အစုံကို အာအက်ဖ်အေ ဝိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

http://www.rfa.org/burmese/news/ex-general_video_leaks_with_audio-12042010101909.html

်ဒေါ်အောင်ဆန်းစုကြည်ကိုသိက္ခာချလိုသည့်သဘောဖြင့်ပြည်တွင်းဂျာနယ်အချို့ရေးသားဖော်ပြနေ



http://burmese.dvb.no/

မိုင်းထာဆီးရေးသမ္မတအိုဘားမားလက်မှတ်ထိုးရန်နိုဘယ်လ်ဆုရှင်များလှုပ်ရှားမှုတွင်ဒေါ်အောင်ဆန်းစုကြည်ပါဝင်



http://burmese.dvb.no/

ကေအိုင်အေနှင့်နအဖတိုက်ပွဲဖြစ်



http://burmese.dvb.no/