Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 8 November 2010

Marching on London

Burma Democratic Concern (BDC) welcomes USA government’s position and EU statement on the junta’s election


















Burma Democratic Concern (BDC) welcomes USA government’s position on the junta’s election. We are happy to learn that US government is seeing the true situation of Burma.

President Obama said the elections would “be anything but free and fair”.

We also welcomes EU statement saying that junta is holding the election without honoring the 1990 election. We are happy to learn that EU is seeing the true situation of Burma.

This is the Burma Democratic Concern (BDC)’s long time position which is in line with Daw Aung San Suu Kyi led NLD, the victors of the 1990 election, since we have been consistently calling for to boycotts junta’s planned sham election.

Burma Democratic Concern (BDC) has been persistently lobbying international community that “We don’t need another elections in Burma, implement 1990 election results first”.







EU Statement on Burma

EU Statement

EU statement on 7 Nov 2010

EU Statement on 7 Nov 2010

Inside Burma

Yangon, November 8 -- Some of the political parties including National
Democratic Force Party and Democratic Party ( Myanmar ) are now
urgently discussing among themselves to lodge a joint complaint with
the Union Election Commission regarding what they called “gross
malpractices and unjust methods” committed by the military
government’s party namely the Union Solidarity and Development Party (
USDP ) to win the elections held yesterday throughout the country.

This was revealed by Chairman of Democratic Party ( Myanmar ) U Thu
Wai to @@ in an exclusive this afternoon.

Thu Wai’s Democratic Party ( Myanmar ), which is considered by
political observers as an independent party, fielded 47 candidates in
the general elections held yesterday.

According to Thu Wai, his party won only three seats – one each in
Yangon, Pago and Mandalay region.

Thu Wai, who contested for Pyithu Hluttaw ( House of Representatives
) from Minglar Taung Nyunt constituency in the center of Yangon
against U Aung Kyi ( current Minister for Labour ) said he was
defeated by Aung Kyi merely because of the votes, which bear no
signature of officers-in-charge of the voting stations.

“Several hundreds of such votes were found to be cast by workers of
factories and those from nearby Yangon City Development Committee and
Railway Department. As the counting began it was found that these
votes did not bear the signature of officers-in-charge of voting
stations concerned as required by Election Law,” Thu Wai charged.

“As such, though my standing was good as the vote started to be
counted, it suddenly changed by huge number of such votes, which bear
no signatures of officers-in-charge of the voting stations. I don’t
know how and in what way these votes got into ballot boxes,” said Thu
Wai angrily.

Source: Inside Burma

ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ရေး by ဒေါ်အောင်ဆန်းစုကြည် ....အပိုင်း (၂) (Freedom from Fear) .....

by San Maung on Sunday, November 7, 2010 at 12:59pm

"စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက်အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်နေကြတဲ့ လူတွေလဲ ရှိတာပဲ။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်ကို ပြောင်းကြရမယ်။ ငါတို့ဟာ လက်နက်ကိုင်တွေ ဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေ မဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာကို သဘောပေါက်ရမယ်။"(ဗိုလ်ချုပ်အောင်ဆန်း)

“အောင်ဆန်းစုကြည်သည် အမှန်တရားကို ပြောဆိုနေ၍ လည်းကောင်း၊ မြန်မာနှင့် ကမ္ဘာ့ အခြေခံ အယူအဆများကို ရောင်ပြန်ဟပ်နေ၍ လည်းကောင်း၊ သူမအားနှူတ်ဆိတ်အောင် မပြုလုပ်နိုင်ပါ။”

(ဗားစလဗ်ဟာဗဲလ်)

“အောင်ဆန်းစုကြည်သည် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်၏ အကောင်းဆုံး လက္ခဏာများဟု သူမက ယူဆထားသည်များကို ဂရုပြုလာစေရန် ကြိုးစား၍ သူမကိုယ်တိုင်လည်း ယင်းလက္ခဏာရပ်များနှင့် ထပ်တူထပ်မျှ ဖြစ်စေရန် ကြိုးပမ်းအားထုတ်သည်။”

(နိုဘလ်ကော်မတီ ဥက္ကဌ၊ ၁၉၉၁)

အပိုင်း (၁)

Link to part 1 http://www.facebook.com/notes.php?id=100001368265940¬es_tab=app_2347471856#!/note.php?note_id=171142429565261

စတြာစ်ဘောက်မြို့( Strasbourg) ၌ (၁၂) နိုင်ငံ ပါဝင်သော ဥရောပပါလီမန်သည် ၁၉၉၁ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့တွင် တည်ငြိမ်သိက္ခာရှိသော အထူးစည်းဝေးပွဲကျင်းပကာ မြန်မာနိုင်ငံမှဒေါ်အောင်ဆန်းစုကြည်အားလွတ်လပ်စွာ တွေးခေါ်မှူအတွက် ၁၉၉၁ ခုနှစ် ဆာခါရော့ ( Sakharov) ဆုကိုချီးမြှင့်လိုက်ပါသည်။

ယခင်နှစ်များက တောင်အာဖရိကမှ နယ်ဆင်မန်ဒဲလား( Nelson Mandela)၊ဆိုဗီယက်ပြည်ထောင်စုမှအနာတိုလီမာချန်ကို( Anatoly Marchenko) နှင့် ချက်ကိုဆလိုဗက်ကီးယားနိုင်ငံမှအလက်ဇန္ဒားဒုဗ်ချက်( Alexander Dubcek) တို့အား အလားတူ ဂုဏ်ပြုခဲ့ပါသည်။ ပါလီမန်ဥက္ကဌဖြစ်သူဘာရွင်ခရက်စ်ပို(Baron Crespo) က ခန့်ညားထည်ဝါသော စပိန်ဘာသာစကား နှင့် မြွက်ကြားလိုက်သောကြေညာချက်ကိုကျမတို့ နားကြပ်များထဲမှ ဘာသာပြန်က အင်္ဂလိပ်စကားနှင့်ပြန်ပြောလိုက်သည်မှာ' ကျနော်တို့သည် ဤဆုကို ရဲရင့်သော အာရှသူတဦးအားချီးမြှင့်လိုက်ပါသည်၊ထိုအမျိုးသမီး၏ အမည်သည်လွတ်လပ်ခြင်း နှင့် ဒီမိုကရေစီ အတွက်အကြမ်းမဖက်သောနည်းနှင့်တိုက်ပွဲဝင်ခြင်းတို့နှင့်ထပ်တူထပ်မျှပင်ဖြစ်ပါသည်။

မိန့်ခွန်းအပြီး၌ ဥက္ကဌကြီးသည် အခမ်းအနား စင်မြင့်ပေါ်၌ဖခင်နှင့်အတူ ထိုင်နေသော ကင်မ်( ဒေါ်အောင်ဆန်းစုကြည်၏သားငယ် မောင်ထိန်လင်း)အားဆုလက်မှတ်ကို အပ်နှင်းလိုက်ခြင်းဖြင့် တိုတောင်းသော်လည်းစိတ်လှူပ်ရှားဖွယ်အတိဖြစ်သော အခမ်းအနားကို နိဂုံးချူပ်လိုက်ပါသည်။

မိတ်ဆွေသူငယ်ချင်း အများစုက ' စု ' ဟူ၍ ခေါ်လေ့ရှိသော သူမသည်ကားဤဆုကို ကိုယ်တိုင်လာရောက် လက်မခံနိုင်ရှာပါ။သူသည် မြန်မာစစ်အစိုးရ၏အကျဉ်းကျခံတစ်ဦးအနေနှင့်ရန်ကုန်မြို့၌ အထိန်းသိမ်းခံဘ၀ သုံးနှစ်မြောက် သက်တမ်းကိုစတင်ရင်ဆိုင်လျက်ရှိပါသည်။

ဤဖမ်းဆီးချူပ်နှောင်ခြင်းနှင့် ဤဂုဏ်ပြုချီးမြှင့်ခြင်းတို့ကိုဖြစ်ပေါ်လာစေခဲ့သော စု၏ ဘ၀လမ်းကြောင်းကိုစဉ်းစားသုံးသပ်ရင်းကျမကိုယ်ကျမ မေးခွန်းအမျိုးမျိုး ထုတ်နေမိပါသည်။ ဒါတွေဟာ ဘယ်လိုကဘယ်လိုဖြစ်ပေါ်ခဲ့တာပါလိမ့်၊ဒီလို အခြေအနေဆိုးတွေ၊ ဖိစီးချူပ်ချယ်မှူတွေကိုခံနိုင်စွမ်းပေးတဲ့ကြံ့ခိုင်တဲ့စိတ်ဓါတ်ရဲ့ အရင်းအမြစ်ဟာဘာပါလိမ့်၊ဘယ်ကများ ထွက်ပေါ်လာပါလိမ့်၊ဘယ်လောက် ကြာအုံးမယ်မသိအောင်ဆက်လက်ထိန်းသိမ်းခံနေရအုံးမှာနဲ့ မြန်မာ့နိုင်ငံရေးဇာတ်ကွင်းထဲသူမစွမ်းဆောင်ခဲ့သမျှကို စစ်အစိုးရက တမင်တစကာ တိုက်ဖျက်နေတာတွေကိုသူမဘယ်လိုများမြင်ပါလိမ့်၊သူမသည် ထိုဇာတ်ကွင်းထဲသို့ ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်စဉ်က၀င်ရောက်ခဲ့ပါသည်။

သူမအား ဖမ်းဆီးလိုက်ပြီး (၁၀) လခန့်အကြာတွင် ကျင်းပခဲ့သော ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ၌ ထိုပါတီက အပြတ်အသတ် အနိုင်ရခဲ့ပါသည်။ကျမ၏ အထင်အမြင်အရ၊စု၏ အနိုင်မခံ အရှူံးမပေးစိတ်ဓါတ်နှင့် အများနှင့်အတူတမူထူးသော သဘောသဘာဝတို့၏ ခိုင်မြဲသော ဇစ်မြစ်သည် မေ့ပျောက်၍ မရနိုင်သော သူမ၏ဖခင် ဗိုလ်ချူပ်အောင်ဆန်း၏ သတိရတမ်းတဖွယ်ရာ အရည်အချင်းများနှင့် သူမ၏ထူးခြားသောမိခင် ဒေါ်ခင်ကြည်၏ ပြုစုပျိုးထောင်မှူတို့ပင်ဖြစ်ပါသည်။

ဗိုလ်ချူပ်အောင်ဆန်း၏ ဘ၀ ဇာတ်လမ်းသည် မြန်မာ့သမိုင်း ၏တစိတ်တပိုင်းဖြစ်၍ အများကသိပြီး မှတ်တမ်းတင်ပြီး ဖြစ်ပါသည်။(နောက်ဆုံးမှတ်တမ်းတရပ်ကို သူ့သမီးကိုယ်တိုင် ပြုစုခဲ့ပါသည်။)ဗြိတိသျှလက်အောက်ခံ မြန်မာနိုင်ငံအတွင်းသို့ ဂျပန်တပ်မတော်နှင့်အတူ ရှေ့ဦးမှချီတက်မည့် ရဲဘော်သုံးကျိပ်ခေါင်းတောင်အဖြစ် ဂျပန်တို့ထံမှစစ်ပညာသင်ကြားခဲ့ပုံ၊ ဂျပန်တို့ လက်အောက်ခံအဖြစ် နေခဲ့ရသောအတုအယောင်လွတ်လပ်ရေးကာလ နောက်ပိုင်း၌ မြန်မာပြည်ကို ပြန်လည်သိမ်းပိုက်ရမ်ဝင်ရောက်လာသော မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပုံ၊ နောက်ဆုံးစစ်ပြီးခေတ်၌ လုံးဝလွတ်လပ်ရေးတောင်းဆိုချက်ကို ဗြိတိသျှတို့လိုက်လျောရသည်အထိအပတ်တကုတ် ကြိုးပမ်းလှူပ်ရှားခဲ့ပုံ စသည်တို့ကို စာရေးဆရာအများက အသေးစိတ်ရေးသားတင်ပြပြီးဖြစ်ပါသည်။

ဒေါ်ခင်ကြည် ၏ အတ္ထုပ္ပတ္တိကိုမူ စေ့စေ့ငှငှမှတ်တမ်းတင်ထားခြင်းမရှိပါ။ဗိုလ်ချူပ်နှင့်ပတ်သတ်၍ ကျမ သတိရနေသော အချက်တစ်ချို့မှာအထူးအောက်မေ့လွမ်းဆွတ်ဖွယ် ဖြစ်ပါသည်။မြန်မာနိုင်ငံ လွတ်လပ်ရေးကိစ္စများကိုအတ္တလီ( Attlee) အစိုးရနှင့်ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ကာဗိုလ်ချူပ်ရောက်လာသော ၁၉၄၇ ဇန်နဂါရီလမှာ အင်္ဂလန်၏အဆိုးဆုံးဆောင်းကာလ၏ရာသီဒဏ်ကိုအလူးအလဲခံနေရချိန်ဖြစ်ပါသည်။လန်ဒန်မြို့လယ်၌နှင်းစိုင်နှင်းခဲများသည် ရှင်းလင်း၍ မထားနိုင်လောက်အောင် ထူထပ်စွာပုံနေပြီးကိုယ်စားလှယ်အဖွဲ့ တည်းခိုရာ ဒေါ်ချက်စ်တာဟိုတယ် သွားလမ်းကိုပင် ပိတ်ဆို့လုမတတ်ဖြစ်နေပါသည်။စစ်ပြီးစခောတ် ခြိုးခြံစွာနေထိုင်ရေးစနစ်သည် အားလုံးအပေါ်သက်ရောက်မှူရှိသဖြင့် မြန်မာများလည်း အခြားလန်ဒန်တွင် နေထိုင်သူလူအများနည်းတူနေ့စဉ် နာရီပေါင်းများစွာ လျှပ်စစ်ဓါတ်အား ဖြတ်တောက်ခံရသည်ဒုက္ခကို ကောင်းကောင်းကြီး ရင်ဆိုင်နေကြရပါသည်။

ဟိုတယ်ခန်းများတွင် မီးသွေးမီး၊ထင်းမီး တို့နှင့် ဟုန်းဟုန်းတောက်နေသော မီးလင်းဖိုကြီးများ မရှိပါ။သေးငယ်သောဓါတ်မီးလင်းဖိုကလေးများသာရှိပါသည်။အနေအထိုင်အရ မသက်သာလှသော အချိန်ဖြစ်သော်လည်း၊မျှော်လင့်ခြင်းနှင့် စိတ်ဓါတ်တက်ကြွခြင်းတို့ မြင့်မားနေချိန်လည်းဖြစ်ပါသည်။ဗိုလ်ချူပ်သည် လန်ဒန်ရှိ မြန်မာများအားလုံးနှင့် တွေ့ဆုံနိုင်ရင်ဂရုတစိုက် စီစဉ်ခဲ့၏ ။ လန်ဒန်ရှိ မြန်မာများဆိုသည်မှာ ပညာသင်နေသူများ၊အလုပ်လုပ်ကိုင် နေထိုင်နေသူများ ၊ခရီးသွားရင်းလာရင်း ခဏတဖြုတ်ရပ်နားနေသူများနှင့် ကျမကဲ့သို့ ခပ်ကြာကြာ အလည်အပတ်ရောက်နေသော ဧည့်သည်များဖြစ်ကြပါသည်။ စိုဟိုရပ်ကွက်(Soho) ရှိမြန်မာထမင်းဆိုင်တဆိုင်တွင် ဗိုလ်ချူပ်အား ဂုဏ်ပြုသည့်ဧည့်ခံပွဲကျင်းပြကြပါသည်။ အတော်အတန် ပြည့်ကြပ်နေသော ဧည့်ပရိသတ်ကိုနှူတ်ခွန်းဆက်စကား ပြောပြီးနောက် ဗိုလ်ချူပ်က ကျမတို့တဦးချင်းနှင့်ခင်မင်ရင်းနှီးစွာ စကားပြောပါသည်။ ဗိုလ်ချူပ်၏ ရနံ့သင်းသော ဂုဏ်သတင်းများကျမတို့ထံ ရောက်ခဲ့သည်မှာ အတန်ကြာပါပြီ။

Aung San Su Kyi(Freedom from Fear)

Breif Biography of Aung San Su Kyi

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအကျဉ်း

၁၉၄၂ စက်တင်ဘာ ၆

မြန့်မာလွတ်မြောက်ရေးတပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရန်ကုန်ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်ခင်ကြည်တို့ လက်ထပ်ထိမ်းမြားသည်။

၁၉၄၅ ဇွန် ၁၉

မြန်မာနိုင်ငံ မြို့တော် ရန်ကုန်တွင် ဖခင် ဗိုလ်ချုပ်အောင်ဆန်း( ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့တွင် လုပ်ကြံခံရသူ) နှင့် မိခင်ဒေါ်ခင်ကြည်တို့မှ မွေးဖွားလာခဲ့၏။ တတိယမြောက်ရင်သွေးဖြစ်သည်။

၁၉၄၇ ဇူလိုင် ၁၉

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ၀န်ကြီးချုပ် ၆ ဦး လုပ်ကြံခံရသောနေ့ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။ို ၁၉၆၀ ဒေါ်ခင်ကြည် အိန္ဒိယ သံအမတ်ကြီး အဖြစ် သတ်မှတ်ခံရ သဖြင့် မိခင်နှင့်အတူ ဒေလီမြို့သို့ လိုက်ပါနေထိုက်ခဲ့၏။ ၁၉၆၀-၆၁ နယူးဒေလီ မေရီခရိယန်ကျောင်းတွင် ပညာသက်ကြားခဲ့သည်။

၁၉၆၂-၆၃

နယူးဒေလီ အမျိုးသမီးဆုဒီလန်ခရေးကြီး တက္ကသိုလ် တွင် နိုင်ငံရေးသိပ္ပံ ပညာကို သင်ယူခဲ့သည်။ ၁၉၆၄-၆၇ ၀ိဇ္ဇာဘွဲ့ ကို ဒဿနိက၊ နိုင်ငံရေးသိပ္ပံ၊ စီးပွားရေးပညာ တို့ဖြင့် အော့ဖို့တက္ကသိုလ် စိန့်ဟူးကောလိပ်မှ ရရှိခဲ့၏။

၁၉၆၈

လန်ဒန်တက္ကသိုလ် အာရှအရှေ့ပိုင်း အာဖရိက သုတေသနဌာနတွင်နိုင်ငံရေးဆိုင်ရာ ပညာရပ်များကို ကူညီသင်ကြားပေးခဲ့သည်။

၁၉၆၉-၇၁

New York မြို့ရှိ ကုလသမဂ္ဂအတွင်းဝန်များရုံး၏ အုပ်ချုပ်မှုနှင့် ဘတ်ဂျက်မေးခွန်းများဆိုင်ရာ အကြံပေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်၏။

၁၉၇၂

ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သုတေသနအရာရှိ အဖြစ်တာဝန်ထမ်းဆောင်၏။ ဗြိတိသျှပညာရှင် ဒေါက်တာမိုက်ကယ်အဲရစ်နှင့် ထိမ်းမြားခဲ့၏။

၁၉၇၃

သားကြီး အလက္ဇန္ဒားကို လန်းဒန်တွင်ဖွားမြင်။

၁၉၇၅-၇၇

အော့စဖို့တက္ကသိုလ် ဒါးဂါးဒီးယန်းစာကြည့်တိုက်တွင် တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၇

သားငယ် ကင်(မ) ကို အော့စဖို့၌မွေးဖွား။

၁၉၈၅-၈၆

ဂျပန် ကျိုတို တက္ကသိုလ် အရှေ့တောင်အာရှ လေ့လာခြင်း Center တွင် ဧည့်ပညာရှင် အဖြစ် ဆည်းပူး။

၁၉၈၇

အိန္ဒိယ ဆင်မလာရှိ အဆင့်မြင့်လေ့လာရေး အိန္ဒိယ တက္ကသိုလ်တွင် ပညာသင်အဖြစ်တက်ရောက်။

မတ် ၁၉၈၈

ရန်ကုန်တွင် ကန့်ကွက် ဆန္ဒပြမှုများ ဖြစ်ပွားနေစဉ် ကျန်းမာရေးမကောင်းသော မိခင်ကြီးအားပြုစုရန် မြန်မာနိုင်ငံသို့ပြန်။

ဇွန် ၂၃ ၁၉၈၈

၂၆ နှစ်ကြာပြီးနောက် မြန့်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဥက္ကဌ အဖြစ်မှ ဗိုလ်နေ၀င်းနုတ်ထွက်လိုက်ရခြင်းသည် ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် ခလုပ်နှိပ်ပေးလိုက်ခြင်းဖြစ်၏။

သြဂုတ် ၈ ၁၉၈၈

ထင်ရှားသော ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး စတင်ပေါ်ပေါက်လာကာ တစ်နိုင်ငံလုံးသို့ပြန့်နှံ့သွားလျှက် မဆလ အစိုးရကို ဆန့်ကျင်ရန် သန်းပေါင်းများစွာကို ဆွဲဆောင်လိုက်၏။ နောင်တက်လာသော စစ်အစိုးရက ယင်းကိုဖြိုခွဲ၍ လူထောင်ပေါင်းများစွာကို သတ်ပစ်လိုက်၏။

သြဂုတ် ၁၅ ၁၉၈၈

မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်း ပြည်သူ့အတိုင်ပင်ခံကော်မတီ ဖွဲ့စည်းရန် အကြံပြုခဲ့။

သြဂုတ် ၂၆ ၁၉၈၈

ကျော်ကြားသော ရွှေတိဂုံဘုရား အနောက်ဘက် မုခ်၌ သန်းတ၀က်ခန့် လူထုအစည်းအဝေးတွင် မိန့်ခွန်းပြောကြားကာ ဒီမိုကရေစီ အစိုးရထူထောင်ရန်တောင်းဆိုခဲ့။

စက်တင်ဘာ ၁၈ ၁၉၈၈

စစ်တပ်သည် ယင်းတို့၏အာဏာကို ပြန်လည်တည်ဆောက်ပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီကိုဖွဲ့စည်းလိုက်၏။ စစ်တပ်သည်လူရာပေါင်းများစွာကို အင်အားသုံးတပ်ဖြတ်လျှက် ဒီမိုကရေစီ လှုပ်ရှားမှုများကို ထပ်မံနှိမ်နင်း၏။

စက်တက်ဘာ ၂၄ ၁၉၈၈

ဒေါ်အောင်ဆန်းစုကြည် အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ယူလျှက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (National League for Democracy) NLD ကိုတည်ထောက်လိုက်သည်။

ဒီဇင်ဘာ ၂၇ ၁၉၈၈

မိခင်ဒေါ်ခင်ကြည် ကွယ်လွန်၏။ ဇာပန အခမ်းအနားသည် ဒီမိုကရေစီထောက်ခံသူအများစုကို ဆွဲဆောင်လျှက် စစ်အစိုးရကို ဆန့်ကျင်သော ငြိမ်းချမ်းစွာ ဆန္ဒပြသည့် အသွင်ပေါ်လွင်လွားခဲ့၏။

ဇူလိုင် ၁၉၈၈

အောက်တိုဘာ ၁၉၈၉ ရန်ကုန်၊ပဲခူး၊စစ်ကိုင်း၊မန္တလေး၊မော်လမြိုင်၊ထားဝယ်၊မြိတ်၊ပခုက္ကူ၊ တောင်ကြီး၊ ကျောက်ပန်းတောင်း၊ မုံရွာ၊ မြင်းမူ၊ မြစ်ကြီးနား စသည်တို့တွင် တက်ကြွစွာပြုလုပ်သော စည်းရုံးလှုပ်ရှားမှုများ၌ NLD ၏ ခေါင်းဆောင်အနေနှင့် ရာပေါင်းများစွာသော လူထုဟောပြောပွဲများ၌ မိန့်ခွန်းပြောကြားခဲ့။

ဧပြီ ၅ ၁၉၈၉

မြစ်ဝကျွန်းပေါ်ဧရာဝတီတိုင်း စည်းရုံးရေးဆင်းစဉ် စစ်တပ်မှ သူမအား သေနတ်နှင့် ချိန်ရွယ်သည် ကို မကြောက်မရွံ့ ရင်ဆိုင်ခဲ့၏။

ဇွန် ၂၁ ၁၉၈၉ ၁၉၈၈

လူထုအရေးတော်ပုံကြီးတွင် ကျဆုံးသွားသူများအတွက် အမှတ်တရ အထိမ်းအမှတ် အခမ်းအနားကို တက်ေ၇ာက်ခဲ့၏။

ဇူလိုင် ၁၉ ၁၉၈၉

န၀တမှ စစ်တပ်အင်အားများစွာကို တိုးချထားခြင်းအား ထိပ်တိုက်ရင်ဆိုင်တွေ့မည်ကိုရှောင်ရှားနိုင်ရန် စီစဉ်ထားသည့် အာဇာနည်နေ့ နှစ်ပတ်လည် အခမ်းအနားများကို ဖျက်သိမ်းလိုက်၏။

ဇူလိုင် ၂၀ ၁၉၈၉

စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ခြင်းကို ခံရ၏။ သူမ၏နေအိမ်မှကျောင်းသားများကို စစ်ကြောရေးစခန်းများကို ခေါ်ဆောင်ထိန်းသိမ်းခြင်းကို ကန့်ကွက်သည့် အနေနှင့် အစာငတ်ခံ ဆန္ဒပြခဲ့၏။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးမှ အပြစ်မဲ့ အကျဉ်းသား အဖြစ် အသိအမှတ်ပြုခဲ့၏။

မေ ၂၇ ၁၉၉၀

သူမအားဆက်လက် ထိန်းသိမ်းထားသော်လည်း NLD ကတရားဝင်မဲဆန္ဒပေါင်း၏ ၈၂% ဖြင့်ရွေးကောက်ပွဲတွင် အနိုင်ရလိုက်၏။ န၀တမှ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုရန် ပယ်ချခဲ့၏။

အောက်တိုဘာ ၁၂ ၁၉၉၀

နော်ဝေးနိုင်ငံမှ ၁၉၉၀ ရာဖ်တို လူ့အခွင့်အရေးဆု ကို မျက်ကွယ်၌ ချီးမြင့်လိုက်၏။

ဒီဇင်ဘာ ၁၉ ၁၉၉၀

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပဲရက်ဇ် ဒီကွေးလျား ၏ သူမအားလွှတ်ပေးရန်တောင်းဆိုမှုကို ခင်ပွန်းသည်၊ ကလေးများနှင့်အတူနေထိုင်ရန် ဆန္ဒရှိလျှင် လူသားခြင်းစာနာထောက်ထားသောအားဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာခွင့် ပြုမည်ဟု စစ်အစိုးရက တုန့်ပြန်ခဲ့။

ဇူလိုင် ၁၀ ၁၉၉၁

ဥရောပပါလီမန်၏ လူ့အခွင့်အရေးဆုဖြစ်သော “ဆာ ခါ ရော့ဗ်” ဆုကို မျက်ကွယ်တွင် ချီးမြင့်လိုက်၏။

သြဂုတ် ၁၀ ၁၉၉၁

ဒေါ်စုအား ရုံးတင် စစ်ဆေးခြင်းမရှိဘဲ ၅ နှစ်အထိ နေအိမ်အကျယ်ချုပ် ချထားနိုင်သည့် ဥပဒေကို ပြင်ဆင်ပြဌာန်းလိုက်၏။

အောက်တိုဘာ ၁၄ ၁၉၉၁

နော်ဝေးနိုင်ငံ နိုဘယ်ဖောင်ဒေးရှင်းမှ “ငြိမ်းချမ်းရေး နိုဘယ်ဆု” ချီးမြင့်လိုက်၏။

အောက်တိုဘာ ၁၄ ၁၉၉၁

ဒေါ်စုရေးသားသည့် “ကြောက်ရွံ့ခြင်းမှ ကင်းလွတ်ခြင်း” Freedom from Fear စာအုပ်ကို လန်ဒန်မြို့တွင် ထုတ်ဝေလိုက်၏။

၁၉၉၂

နိုဘယ်ဆုက ရရှိသည့် အမေရိကန်ဒေါ်လာ ၁.၃ သန်းကို မြန်မာနိုင်ငံသားများ၏ ပညာရေးနှင့် ကျန်းမာရေး အသုံးပြုရေး ဒေါ်စုက ရန်ပုံငွေ တည်ထောင်ထားကြောင်း နိုဘယ်ဆု ကော်မတီမှ ထုတ်ဖော်ပြောကြားလိုက်သည်။

ဇန်န၀ါရီ ၂၁ ၁၉၉၄

ဒေါ်စု၏ နေအိမ်အကျယ်ချုပ် သက်တမ်းကို ၅ နှစ်အပြင် နိုင်ငံခြားရေး၊ ပြည်ထဲရေး နှင့် ကာကွယ်ရေး ၀န်ကြီးများနှင့် ဖွဲ့စည်းထားသည့် ၃ ဦးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် နောက်ထပ် ၁ နှစ် ထပ်မံတိုးနိုင်ကြောင်း ကြေငြာ၏။

ဖေဖော်ဝါရီ ၁၄ ၁၉၉၄

ယူအဲန်ဒီပီ ဌာနေကိုယ်စားလှယ် ဂျဲဟန်ရာဟင်းမ်၊ အမေရိကန် လွှတ်တော် အမတ် ဘင်ရစ်ချတ်ဆဲင် နှင့် နယူးယောက်တိုင်း သတင်းထောင် ဖိလစ်ရှဲနွန် တို့ ၃ ဦး ဒေါ်စုထံ အလည်အပတ် သွားရောက်တွေ့ဆုံ၏။ မိသားစုပြင်ပ မှ ပုဂ္ဂိုလ်များနှင့် ပထမဆုံးအကြိမ်တွေ့ ဆုံခြင်းဖြစ်၏။ ဒေါ်စုက န၀တ နှင့် တွေ့ဆုံဆွေးနွေးရန်တောင်းဆိုလိုက်၏။

ဆက်လက်ဖော်ပြပါမည်....

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင်… သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”..........

“If you are neutral in a situation of injustice, you have chosen to side with the oppressor.”..............

Candidly yours

San Maung

Burma insight












အပေါ်က ကန့်တွေထဲမှာ ရယ်ဒီတော့ ရှိနေတယ် ဒါပေမဲ့ ထိုင်းနယ်မြေထဲက KNU လဲ ညမှ ဝင်နိုင်မှာအခုတော့ မြဝတီ တမြို့လုံး မီးဟုန်းဟုန်းတောက်နေပြီ. ဒုက္ခသည် စုစုပေါင်း ၅သောင်းလောက် ဒီဘက်ကို ရောက်နေပြီ ပြည်သူလူထုတွေ ငတ်ကုန်တာကို လက်ပိုက်မကြည့်နိင်ဘူး။ ကျနော်တို့ စောဘဦးကြီးမူလေးချက် မရမချင်း ဆက်လက်တိုက်ပွဲဝင်မယ်။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်၊ ကျောင်းသားတွေနဲ့ အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်။ တခြားအဖွဲ့ တွေလတည်း ကျနော်တို့ နဲ့ အတူတိုက်ပွဲဝင်ကြပါ လို့ ပြောချင်တယ်။ဟု ပြောဆိုသည်။
ဒီကေဘီအေနှင့် နအဖ တို့ရဲ့ တိုက်ပွဲအရှိန်ကြောင့် မီးတွေ လောင်နေကြောင်း။ ထိုင်းနိုင်ငံဘက်ရှိ ဆန်ခဆေးရုံကို လူနာများ ရောက်လာကြောင်း သိရှိရသည်။ တိုင်ပွဲက ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။ လက်နက်ငယ်များအဆက်အပြတ် ပစ်ခတ်နေပြီး လက်နက်ကြီးများလည်း မကြာခဏ ပစ်ခတ်….။
အာရှလမ်းမကြီးပေါ်နဲ့ ကြံခင်းလမ်းပေါ် လက်နက်ကြီးများ ပိုမိုပစ်ခတ်လာပါတယ်။ ခုနက ပစ်ခတ်ပြီးရပ်နားသွားပြီး ယခု မြန်မာစံတော်ချိန် ၁ နာရီ ၄၃ မိနစ် တရက်စက်ပစ်ခတ်နေတာပါ။ မြ၀တီမှ မဲဆောက်ကူးမည့် စစ်ပြေး ဒုက္ခသည်များကို လှေဖြင့် ပို့ပေးမည့် သူမရှိတော့ပဲ မြ၀တီ ဘက်ကမ်းမှာ လှေကို စောင့်နေပါတယ်။ စက်သေနတ် စက်တိုက်ပစ်သံတွေ ကြားနေရတယ်။ မြ၀တီ ကြံခင်းဂိတ်ကနေ ထိုင်းဘက်ကို ထွက်ပြေးဖို့စောင့်နေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပို့ဆောင်ပေးနေတဲ့ လှေက တစီးပဲရှိတယ်။

(၁ နာရီ ၃၂ မိနစ်) မြ၀တီမှ စစ်ပြေးဒုက္ခသည်များ ထွက်ပြေးလာနေကြပြီ။ မြ၀တီမြို့တွင်းမှ နအဖ စစ်တပ်မှ ထွက်ခွာချိန် ၄၅ မိနစ်ပေးထားရာ မိနစ် ၃၀ ရှိသွားပြီဖြစ်ကြောင်းသိရသည်။
(၁ နာရီ ၃၈ မိနစ်) ပြန်ပစ်ပြီ…. မြ၀တီမြို့မှာ ဒီကေဘီအေ ဘက်က အင်အား ၅ဝဝ ကျော်လောက်က၊ ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနဲ့ သိပ်မဝေးတဲ့ ကြံခင်းကျောင်းတိုက်ရှေ့ အာရှလမ်းမကြီးပေ
(၁ နာရီ ၄၅ မိနစ်) ဗိုလ်နှုတ်ခန်းမွှေး (စောလားဗွယ်) ပြောဆိုလာပါတယ်။ “ကျနော်တို့  တိုက်နေပြီ။ ရွေးကောက်ပွဲကို လက်ခံဘူး။ ဘောဒါဂတ် မလုပ်နိင်ဘူး။
(၂ နာရီ ၁မိနစ်) မြ၀တီတွင် ဖြစ်ပွားနေသော တိုက်ပွဲတွင် သုံးဦးထက် မနည်းသေဆုံးကြောင်း အေအက်ပီ သတင်းဌာနက ပြောဆိုသည်။ (ကိုးကား – 3 die in clashes in Burma)

(၃ နာရီ ၂၇မိနစ်) မြ၀တီတွင် ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲအရှိန်ကြောင့် မီးလောင်နေသည်။ ၉၀၇ ဒီကေဘီအေ တပ်ဝန်းကနေ စတင်လောင်ကျွမ်းတာပါ။
မီးခိုးလုံးတွေ တက်လာပါတယ်။ တိုက်ပွဲက တစတစနဲ့ ပိုမိုပြင်းထန်ပြီး အသံတွေ ပိုမိုကျယ်လောင်စွာ ကြားလာရပါတယ်။

(၃ နာရီ ၁၂မိနစ်) ဘုရားသုံးဆူတွင် ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲဖြစ်မှုကြောင့် ရုပ်သံစတေရှင် ပျက်စီးသွားပြီး စရဖရုံး ပြာကျသွားကြောင်း သိရှိရသည်။ ဒီကေဘီအေ ၂ယောက်ကျဆုံးပြီး နအဖ ဘက်မှ စစ်သား ၂ယောက်ကျသွားသည်။ နအဖ ဘက်မှ သေနတ် ၉ လက်ကို ဒီကေဘီအေမှရရှိ အောင်ပွဲခံခဲ့သည်။ နအဖ စစ်တပ်မှ ဆုတ်ပစ် ထွက်ခွာနေကြောင်း သိရှိရသည်။ ကေအန်ယူမှလည်း ၀န်းရံထားကြောင်း ထပ်မံသိရှိသည်။

(၄ နာရီ ၄မိနစ်) မဲဆောက်မြို့ လေယာဉ်ကွင်းရှေ့ စစ်တပ်ထဲရှိ စစ်ပြေး ဒုက္ခသည်အရေးကို တပ်ခရိုင်ဝန်၊ ယူအန်၊ အခြား အန်ဂျီအိုများ ဆွေးနွေးလျှက်ရှိကြောင်း သိရှိရသည်။ လောလောဆယ် ထိုစစ်တပ်ဝန်းထဲတွင် စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော်ရှိပြီး၊ အခြား နေရာများတွင်လည်း သုံးထောင်ကျော်ရှိကြောင်း သိရှိရသည်။

(၄ နာရီ ၁၉မိနစ်) မြ၀တီတွင် စစ်တပ်က လက်နက်ကြီးတွေ အသုံးပြုတော့မယ်။ မြို့ထဲက လူတွေကို အကုန် ထွက်ခိုင်းလိုက်ပြီ။ အခု တိုက်ပွဲက မြ၀တီ မြို့တ၀က်လောက်ဖြစ်နီပါး ဖြစ်ပွားနေတယ်။ ဘယ်သူမှ ထိန်းချုပ်လို့ မရသေးဘူး မော်လမြိုင်က နအဖတပ်တွေ တက်လာတယ်ဟု သိရ။
(၄ နာရီ ၃၇မိနစ်) မြ၀တီတွင် ဒီကေဘီအေမှ အဓိက ကျတဲ့ နေရာတွေ သိမ်းယူလိုက်ကြောင်း သိရှိရသည်။ (ကိုးကား..The Nation)

မြန်မာ့ဒီမိုကရေစီရေးအတွက် ဗြိတိန် ဆက်လက် ဖိအားပေးသွားမည်

2010-11-06
မြန်မာနိုင်ငံကို လွတ်လပ်တဲ့ ဒီမိုကရေစီ နိုင်ငံတနိုင်ငံ ဖြစ်လာတဲ့အထိ ဗြိတိန် အစိုးရ အနေနဲ့ အစဉ်တစိုက် ဆက်ပြီး ဖိအားပေးသွားမှာပါလို့ ဗြိတိန် ဝန်ကြီး ချုပ်ရဲ့ ကိုယ်ရေးအရာရှိက လန်ဒန်မြို့မှာ မနေ့က ဆန္ဒပြကြတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ပြောဆိုလိုက်ပါတယ်။

စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာ့ ဒီမိုကရေစီ အင်အားစုများ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: RFA)
ဗြိတိန်ဝန်ကြီးချုပ် ရုံးစိုက်ရာ အမှတ် (၁၀) ဒေါင်းနင်းလမ်းရှေ့မှာ ဆန္ဒပြနေတဲ့ သူတွေကို ၀န်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိက ထွက်ပြီး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဗြိတိန်ရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက မနက်ဖြန် တနင်္ဂနွေနေ့မှာ စစ်အစိုးရ ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ အများ လိုလားသလို အားလုံးပါဝင်ပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ကြောင်း ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို သောကြာနေ့တိုင်း ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

မကြာခင်မှာ တရုတ်သမ္မတနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတဲ့ ဗြိတိန်ဝန်ကြီးချုပ်ကို လိပ်မူ ရေးသားထားတဲ့ စာတစောင်ကို ဆန္ဒပြသူတွေက ၀န်ကြီးချုပ်ရုံးကို ပေးအပ်ခဲ့ပါသေးတယ်။ စာထဲမှာ ရေးသား တောင်းဆိုထားတဲ့ အကြောင်းအရာတွေကို ဆန္ဒပြရာမှာ ပါဝင်တဲ့ BDC (Burma Democratic Concern) အဖွဲ့ ဒါရိုက်တာ ကိုမျိုးသိန်းက ပြောပြပါတယ်။

“ကျနော်တို့ မြန်မာပြည်သူတွေ အနေနဲ့ တကယ် လိုချင်တဲ့အရာက တကယ် လွတ်လပ်စွာ စည်ရုံးခွင့်၊ ဆွေးနွေးခွင့်တွေ ရှိတဲ့ တကယ့် ဒီမိုကရေစီစစ်စစ် ဒီမိုကရေစီကို လိုလားခြင်းဖြစ်တယ်။ အတုအယောင် ဒီမိုကရေစီမျိုးကို မလိုလားဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ခွဲခြားပြီး ပြောထားပါတယ်။ ဒါအပြင့် ရှေ့အပတ်ထဲမှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်းနဲ့ တရုတ်သမ္မတ ဟူဂျင်းတောင် တွေ့ဆုံဖို့ ရှိပါတယ်။ တရုတ်အစိုးရနဲ့ တွေ့တဲ့အခါမှာ မြန်မာပြည်အရေးကို ဖိအားပေး ပြောဆိုဖို့၊ တရုတ်အစိုးရ အနေနဲ့ တရား မျှမျှတတ လုပ်ဆောင်ပေးဖို့ အဲဒါမျိုးတွေလည်း တောင်းဆိုခဲ့ပါတယ်”

မစ္စတာ ကင်မရွန်းအနေနဲ့ တရုတ်သမ္မတ ဟူဂျင်းတောင်နဲ့ တွေ့ဆုံတဲ့အခါမှာ မြန်မာနိုင်ငံ အကြောင်းကို ဆွေးနွေးမှာပါလို့လည်း ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိက အသိပေး ပြောဆိုသွားပါတယ်။
ဒီ ဆန္ဒပြပွဲမှာ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ စုစုပေါင်း လူ ၅၀ ကျော် ပါဝင်ခဲ့ကြပါတယ်။ http://www.rfa.org/burmese/news/britain_premier_office_promise_continuing_support-11062010122504.html