Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 4 November 2010

Press Release: ‘Binning the Election’

Press Release: ‘Binning the Election’

05 Nov 2010

Date: Friday 5 November 2010, 1:30 PM to 2:30 PM

Venue: Richmond Terrace, White Hall, LONDON SW1

The Democratic Party for a New Society (DPNS – UK) in cooperation with the Burma Democratic Concern (BDC) holds a boycott 2010 Elections in Burma campaign under the banner ‘Binning the 2010 Elections’.

The campaign travels today outside the Prime Minister’s Office at Downing Street London, welcoming the UK government’s decision not to recognise the upcoming fake election and highlighting the Burmese people's aspiration for a real parliamentary democracy like the Westminster democracy. It also demonstrates a real consensus against the continuing "bonfire of oppression" in the country. It urges the UK government to continue to pressure the regime. It requests the UK government to take a lead in EU and UN in sending a stern message to the regime in Burma. It requests the Prime Minister David Cameron to discuss about Burma's situation with the China's President Hu Jintao during his meeting with him next week.

The launch of a series of weekly ‘Binning the 2010 Elections’ campaign began in a form of protest outside the Burmese Embassy in London on 8 October with each participant binning the voting paper titled ‘2010 Elections’ in the litter bin in silence or with a short speech - to symbolise their disapproval of the elections on 7 November. It will represent the opinion of thousands of Burmese people inside the country who will boycott the election. The ‘Binning 2010 Election’ travelled outside the Department for International Development (DFID) and European Union (EU) and European Commission (EC) office to highlight concerns of the Myanmar Egress, an entity which promotes the unfair election and the rubber stamp 2008 constitution.

Background: 7 November will see Burma having its first 'general elections' in 20 years. Unfortunately, this will be a sham election designed to legitimise the current military rulers. The consequence of this election for Burma will be the entrenchment of the ruling military elite that has presided over widespread human rights abuses, including arbitrary detentions, enforced disappearances, rape and torture.

For more info:

Ko Myo Thein: 07877882386

Ko Aung: 07762094562

Zin Khine: 07904393457

Binnign 2010 Election in Burma - Boycott Election

Date: Friday 5 November 2010, 1:30 PM to 2:30 PM

Venue: Richmond Terrace, White Hall, LONDON SW1

The Democratic Party for a New Society (DPNS – UK) in cooperation with the Burma Democratic Concern (BDC) holds a boycott 2010 Elections in Burma campaign under the banner ‘Binning the 2010 Elections’.

The campaign travels today outside the Prime Minister’s Office at Downing Street London, welcoming the UK government’s decision not to recognise the upcoming fake election and highlighting the Burmese people's aspiration for a real parliamentary democracy like the Westminster democracy. It also demonstrates a real consensus against the continuing "bonfire of oppression" in the country. It urges the UK government to continue to pressure the regime. It requests the UK government to take a lead in EU and UN in sending a stern message to the regime in Burma. It requests the Prime Minister David Cameron to discuss about Burma's situation with the China's President Hu Jintao during his meeting with him next week.

The launch of a series of weekly ‘Binning the 2010 Elections’ campaign began in a form of protest outside the Burmese Embassy in London on 8 October with each participant binning the voting paper titled ‘2010 Elections’ in the litter bin in silence or with a short speech - to symbolise their disapproval of the elections on 7 November. It will represent the opinion of thousands of Burmese people inside the country who will boycott the election. The ‘Binning 2010 Election’ travelled outside the Department for International Development (DFID) and European Union (EU) and European Commission (EC) office to highlight concerns of the Myanmar Egress, an entity which promotes the unfair election and the rubber stamp 2008 constitution.

Background: 7 November will see Burma having its first 'general elections' in 20 years. Unfortunately, this will be a sham election designed to legitimise the current military rulers. The consequence of this election for Burma will be the entrenchment of the ruling military elite that has presided over widespread human rights abuses, including arbitrary detentions, enforced disappearances, rape and torture.

For more info:

Ko Aung: 07762094562, Ko Myo Thein: 07877882386, Zin Khine: 07904393457

ရယကများကြံ့ဖွံ့ပါတီအတွက်မဲဆွယ်စည်းရုံးရေးဆင်းနေ

မော်လမြိုင်မြို့အတွင်းရှိ ရယကရုံးများတွင် မဲနံပါတ်သွားရောက်ကြည့်ရှုတောင်းခံသူများကို ကြံ့ဖွံ့ပါတီ
ထောက်ခံဖို့စာရွက်များပေးဝေခဲ့ကြောင်းသိရသည်။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက (ကျွန်တော်တို့အိမ် အတွက်မဲနံပါတ်စာရင်းသွားယူတုန်းရယကတာဝန်ရှိသူတစ်ဦးက ကြံ့ဖွံ့ပါတီထောက်ခံဖို့မဲဆွယ်စာရွက်တစ်ဦး
တစ်စောင်စီပေးခဲ့တယ်)ဟုပြောကြားပါသည်။ အခုလိုရွေးကောက်ပွဲကျင်းပမည့်နီးကပ်လာသည်နှင့်အမျှကြံ့ဖွံ့
ပါတီကစည်းရုံးရေးလုပ်ငန်းများကိုတရားမျှတသည်ဖြစ်စေ၊မမျှတသည်ဖြစ်စေတိုးမြှင့်လုပ်ဆောင်နေကြောင်း
ရပ်ကွက်ရှိပြည်သူတစ်ဦးကပြောပါသည်။ ယခုကဲ့သို့အာဏာပိုင်များကတဆင့်စည်းရုံးရေးဆင်းခိုင်းခြင်းသည်
ရွေးကောက်ပွဲဆိုင်ရာပြစ်မှုမြောက်ကြောင်းရှေ့နေတစ်ဦးမှပြောဆိုကြောင်းသိရသည်။

အရွယ်မရောက်သောကလေးများကိုအသုံးချပြီးကြံ့ဖွံ့ပါတီစည်းရုံးရေးဆင်း
မော်လမြိုင်မြို့၊ကျောက်တန်းကျေးရွာအတွင်းတွင် ကြံ့ဖွံ့ပါတီမှ ခုနှစ်တန်း၊ရှစ်တန်းမိန်းကလေးများကို
အသုံးပြုပြီးမဲဆွယ်စည်းရုံးရေးဆင်းနေကြောင်းသိရသည်။ ရွာခံတစ်ဦးက ကျွန်တော်ကလေးတွေနဲ့မဲဆွယ်နေ
တာကိုမြင်တော့မေးကြည့်ဖြစ်ပါတယ်။ သမီးတို့ဘာကြောင့်စည်းရုံးရေးဆင်းရသလဲဟုမေးမြန်းရာ လူကြီးများက
အတင်းအကြပ်ခိုင်းသောကြောင့်လုပ်ရပါသည်ဟုပြောကြားခဲ့သည်။ အခုလိုအရွယ်မရောက်သေးသောကျောင်း
နေအရွယ်ကလေးများကိုအတင်းအကြပ်စည်းရုံးရေးဆင်းခိုင်းနေသည်မှာ ရွေးကောက်ပွဲကိုလက်တလုံးခြားပြု
လုပ်နေသကဲ့သို့ ပြစ်မှုများကိုကျူးလွန်နေခြင်းလည်းဖြစ်ပါသည်။ လက်ရှိဝန်ကြီးများပါဝင်သောကြံ့ဖွံ့ပါတီသည်
ယခုရွေးကောက်ပွဲတွင်မနိုင်မနေရသဘောမျိုးလုပ်ဆောင်နေသဖြင့် ပြည်သူများဒေါသတကြီးဝေဖန်နေကြသည်
လွန်ခဲ့သည့်နှစ်ရက်ခန့်ကလည်း ကြံ့ဖွံ့ပါတီမဲဆွယ်စာစောင်တွင် ညစ်ညမ်းသောစာသားများရေးသားပြီးမော်လ
မြိုင်မြို့အနှံကြဲခဲ့ကြောင်းမျက်မြင်သက်သေတစ်ဦးကပြောဆိုခဲ့ပါသည်။

အတင်းအကြပ်မဲဆွယ်
မွန်ပြည်နယ်၊ချောင်းဆုံမြို့တွင် ကြံ့ဖွံ့ပါတီကအိမ်တိုင်းအိမိတိုင်းတွင် စတေကာများလိုက်လံကပ်ပြီး
စည်းရုံးရေးဆင်းခဲ့ကြောင်းသိရသည်။ မွန်ပြည်နယ်အတွင်းကားဖြင့်လှည့်လည်စည်းရုံးခွင့်၊စတေကာများကပ်
ခွင့်များကိုပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကလုံးဝခွင့်မပြုသော်လည်းကြံ့ဖွံ့ပါတီကဆက်လက်လုပ်ဆောင်
နေကြောင်းသိရသည်။ ဒေသခံတစ်ဦးက ကျွန်တော့်အိမ်မှာလာမကပ်ဖို့ပြောတာကို စည်းရုံးရေးမှူးတစ်ဦးက
တစ်နိုင်ငံလုံးရှိအိမ်တိုင်းမှာကပ်ထားကြောင်းအိမ်တိုင်းကိုလည်းကပ်ရကြောင်းပြောကြားပြီးအတင်းအကြပ်ကပ်
သွားခဲ့သည်။ အထက်ကအမိန့်အတိုင်းလုပ်တာပါ။ ဒါကြောင့်မို့လို့ကပ်တာပါဟုပြောကြားသွားခဲ့ပါသည်။

တိုက်ပွဲခေါ်သံ

ကျွန်ူပ်တို့ တိုင်းပြည်၏ လူမျိုးဘာသာ ၊ သာဿနာသည် မသမာသူ လူ့မိစ္ဆာတို့၏ ယုတ်မာပက်စက်သော
အကြံဆိုးများ ၏ နှိပ်စက်မှု အောက်တွင် အဖက်ဖက်က ဆုတ်ယုတ်နေသည် ။ ယခုမျက်မှောက်ခေတ် ကမ္ဘာအလယ့်အတွင် မြန်မာနိုင်ငံသည် နံမည်ဆိုး အမျိုးမျိုးဖြင့် ကျော်ကြားလျှက် ရှိသည့် အပြင် မြန်မာလူမျိုးတို့၏ ကိုယ့်ကျင့်သီလ တို့သည်လည်း ငွေကြေးနှင့် လဲစားခံလိုက်ရသည် ။
အသိညဏ်ကို သစ္စာစောင့်သိသည့် မိုးခါးရေ မသောက်ချင်သည့် ပညာရှင် အများစုကလည်း လက်ရှိအာဏာရှင်များ နှင့် မဆက်ဆံလိုကြတော့ ။ မှားနေတာကို မှားပါလို့ ထောက်ပြသူများကို နေရာပေးလေ့ မရှိကြ ၊ ပညာရှင် အဖြစ် အသုံးမချ လို ၊ ထိုအခါ ပညာရှင်တို့၏ နေရာတွင် ပညာရှင် အမည်ခံ ကိုယ်ကျိုးရှာလိုသူများက လက်ရှိစစ်အာဏာရှင်တို့ ဘာလုပ်လုပ် အဟုတ်ဟု မြှောက်ပေးကာ
နေရာ ယူလာကြသည် ၊ အာဏာရှင်တို့ နှစ်ပေါင်း နှစ်ဆယ်ကျော် တိုင်းပြည်ကို မတရားစိုမိုး အနိုင်ကျင့်ဗိုလ်ကျ ပြည်သူ့ဘဏ္ဍာတွေ သိမ်းပိုက်ထားတဲ့ အကျိုးဆက်ကတော့ ယနေ့ လက်ရှိ ကျွန်ူပ်တို့ နိုင်ငံအခြေအနေကို တွေ့ရှိရမှာပါ ။

မြန်မာနိုင်ငံ တိုင်းတပါး နယ်ချဲ့တို့ လက်အောက်တွင် သူ့ကျွန် ဘ၀ သို့ရောက်ရှိခဲ့ရသည့် အကြောင်းတရားမှာ တိုင်းပြည်ကို အုပ်ချုပ် မင်းလုပ်သည့် ခေါင်းဆောင်များ ပညာ အားနည်းသော ကြောင့် ဖြစ်သည် ။ ထိုအချိန်မှ စ၍ မြန်မာနိုင်ငံကြီးသည် သည် နယ်ချဲ့တိုင်းတပါးတို့ လက်အောက်တွင် နှစ်ပေါင်းများစွာ သူ့ကျွန်အဖြစ် နွံနစ်ခဲ့ကြရပြီး ပျော်ရွှင်ဖွယ်ကောင်းနေ့များကို အဆုံးသတ်ခဲ့ရသလို အာဇာနည် သူရဲကောင်းမှန်သမျှ အကျိုးခံစားခွင့်ကို မခံစားရဘဲ တစ်ယောက်ပြီး တစ်ယောက် ရင်နင့်ဖွယ်ရာ တိုင်းပြည် အတွက် စတေးခံသွား ခဲ့ရရှာသည် ။ သူရဲကောင်းတွေက စွှန့်ပြီး မစားခဲ့တော့ ကိုယ်ကြိုးရှာလိုသူ တစ်စု က မစွှန့်ဘဲ စားနေကြရတယ် ။ ဒီလို မတရားသိမ်းပိုက်ပြီး တိုင်းပြည်ရဲ့ အဆီအနှစ်ကို စားရတာ လူတွေ လက်မခံနိုင်မှန်းသိတော့ ၊ သူတို့ကိုယ်သူတို့ ရွေးကောက်ပွဲ အမည်ခံ ကျင်းပပြီး လူထုဆီက အုပ်ချုပ်ရေးအာဏာကို တပါတ်ရိုက်ပြီး ရယူဖို့ကြံစည်တာ ဖြစ်တဲ့အကြောင်း ပြည်သူလူထု သိရှိအောင် အဆိပ်ရှိတဲ့မြွေဟာ အရေခွံလည်းလိုက်ပေမယ့် သူ့အဆိပ်က သတ္တ၀ါတွေ သေကြေစမြဲ ဆိုတာကို သိရှိအောင် ရှင်းပြဖို့ ကြိုးစားအားထုတ်ခဲ့ပါတယ်။


သူရဲကောင်းတွေသာ ကျဆုံးခဲ့ရတယ် တိုင်းပြည်ကတော့ အကျိုးမခံစားရဘဲ လူမိုက်တွေက ပိုပြီး ကောင်းစားလာကြတယ် ။ ဒီလို အမှန်တရားရဲ့ ဘက်တော်သားတွေ ကျရှုံးလာတဲ့ အရင်းအမြစ်ကို လိုက်ရှာကြည့်တော့ သူရဲကောင်းကိုသာ အားကိုးပြီး ကိုယ်တိုင်သူရဲကောင်း ဖြစ်ချင်တဲ့လူတွေ နည်းပါးနေသေး တဲ့အပြင် ကြားနေ၀ါဒကို ကျင့်သုံးတဲ့ လူတွေများလာလို့ဆိုတာကို သိမြင်လာတယ် ။ ဒါကြောင့် သူရဲကောင်း စိတ်ဓါတ်များ မွေးမြူပေးကြပါဆိုတဲ့ စကားလုံးလေးကို လက်ကိုင်ထားပြီး လူထုကို တတ်နိုင်သမျှ လိုက်လံ ရှင်းပြခဲ့တယ် ၊ သူရဲကောင်း ဖိတ်စာတွေပို့ပေးခဲ့တယ် ။

သူရဲကောင်း ဖိတ်စာကို ရရှိတဲ့ လူတွေထဲက သူရဲကောင်း စိတ်ဓါတ်ကို ကိုယ်တိုင်မွေးမြူကြတဲ့ လူနည်းစုက ပြည်သူလူထုကို တိုင်းပြည်ကို တကယ်ချစ်ရဲ့လား ဆိုတဲ့ မေးခွန်းလေးများကို လိုက်လံမေးခဲ့ကြတယ် ။ တိုင်းပြည်ကို ဘယ်လို ချစ်သင့်တယ်ဆိုတာ လမ်းပြပေးခဲ့တယ် ။ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် သင့်တိုင်းပြည် အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာကို လိုက်လံ ညွှန်ပြ ပေးကြပြန်တယ် ။ အဲဒီ အချိန်မှာ သူတို့ သုံးတဲ့ စကားလုံးလေးတွေမှာ ဒီမိုကရေစီ ဆိုတဲ့စကားလုံးလေး ပါလာတော့ လူထုက အဲဒီ စကားလုံးကို သိပ်နားလည် ချင်လာကြတယ် ။

အဲဒီခါမှာ ဒီမိုကရေစီ နှင့် လက်ရှိ မြန်မာပြည် အကြောင်းကို နှိုင်းယှဉ်ပြီး ရှင်းပြခဲ့တယ် ။ ဘာကြောင့် လက်ရှိ အစိုးရက ဒီမိုကရေစီ နိုင်ငံ မတည်ဆောက်စေချင်တယ် ဆိုတာကို အရိုးရှင်းဆုံး စကားလုံးလေးတွေ သုံးပြီး လူငယ်တွေ သဘောပေါက်အောင် ရှင်းပြခဲ့ပါတယ် ။ လူငယ်တွေ ကို ဒီမိုကရေစီ နိုင်ငံကို မြင်ယောင်လာအောင် လမ်းပြခေါ်ဆောင်ဖို့ အတွက် ကကြီး ခခွေး နိုင်ငံရေး သမားလေးတွေ ဖြစ်အောင်
အရင် လမ်းညွှန်ခဲ့ပါတယ် ။ ဒါ့အပြင် ကကြီးခခွေး နိုင်ငံရေး သမားလေးတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်လို့ အားလုံးဝိုင်းဝန်း စောင့်ရှောက်ကြဖို့ သက်ဆိုင်ရာ ပညာရှင်များကို မေတ္တာရပ်ခံခဲ့ပါတယ် ။ ဒီလိုလုပ်ဆောင်ချက်လေးတွေ ကြောင့် အမှန်တရားကို ချစ်မြတ်နိုးကာ မဟုတ်လျှင် မခံ ၊ မတရားလျှင် တွန်းလှန်လိုသည့် သွေးမျိုးဆက်များ ရှင်သန် ပေါက်ဖွားလာခဲ့ပါသည် ။

သွေးမျိုးဆက်တွေရဲ့ ခွန်အားကို အသုံးချပြီး တပ်မတော်နဲ့ ပြည်သူလူထု ကြားက ဆက်နွယ်မှုကို လူတိုင်း သိရှိနားလည်စေလိုတဲ့စေတနာနဲ့ တပ်မတော်နဲ့ ပြည်သူလူထု ရဲ့ဆက်စပ်ပုံ ၊ ဟိုယခင်က တပ်မတော်သားတွေနဲ့ ယခုတပ်မတော်သားတွေ ကွာခြားပုံတွေကို ဥပမာလေးများနှင့် ရှင်းပြပေးခဲ့တယ် ။ ဒီလို ကွာခြားတဲ့ အမူအကျင့်စရိုက်တွေကြေင့် ပြည်သူလူထုက တပ်မတော်ကို သဘောထား အမြင်များ ပြောင်းလာခဲ့ပုံ ၊ လက်ရှိတပ်မတော်သားတွေ ခံစားနေရတဲ့ ဒုက္ခတွေက လွတ်မြောက်ဖို့ ပြည်သူလူထုနဲ့ လက်တွဲသင့်တဲ့ အကြောင်းကို အားလုံး နားဝင်အောင် ထပ်မံကြိုးစား ပြခဲ့ပါတယ် ။

ဒီနေ့ နိုင်ငံရေးသမား တွေ တင် မကဘူး ပြည်တွင်းက လူတွေက ပြည်ပကလူတွေကို အမြင် သိပ်မကြည်လင်ကြဘူး ။ ကိုယ့်တိုင်းပြည်မှာ အလုပ်အကိုင် ရှားပါးလို့ ပြည်ပကို ထွက်ခွာပြီး အလုပ်လုပ်နေကြတာကို အပြစ်မြင်နေကြတယ် ။ ဒါတင် မကသေးဘူး ပြည်ပကို ရောက်မှ နိုင်ငံရေး လုပ်တာကို အပြစ်ပြောချင်ကြတယ် ။ ပြည်ပရောက် နိုင်ငံရေး သမားတွေကို ၀ါးလုံးရှည်နဲ့ ပတ်သိမ်း ပြီး ရမ်းယုံသာ မကဘူး ၊ သမိုင်း အမှားတွေကို လူငယ်တွေ ထွေပြားအောင် လမ်းမှားကြီးကို ညွှန်ပြနေကြတယ် ။ ဒါကြောင့် လူရယ်လို့ ဖြစ်လာရင် လူပီသအောင် နေထိုင်ဖို့သာ အဓိက ဆိုတာကို လိုက်လံ နိုးဆော်ပေးခဲ့ပါသေးတယ် ။

တကယ်တော့ လက်ရှိ ရွေးကောက်ပွဲကို သဘောထားတွေ ကွဲလွဲနေတယ်ဆိုတာ အမြင်မှားတွေ လက်ခံထားကြလို့ပါ ။ ဘာကြောင့် အမြင်တွေ မှားနေရတယ်ဆိုတာကို သေချာစွာ ရှင်းပြခဲ့ပါ ယုံသာမက ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဆိုတာကို သဘာဝ အမှန်ရှုထောင့်က လူတိုင်း နာလည်းလာအောင် တင်ပြပေးခဲ့ပြီး အမြင်မှားကိုလက်ခံထားကြသူများရဲ့ အကြောင်းကို ဝေဖန် ပိုင်းခြားပြခဲ့ပါတယ် ။
ဒီလို အမြင်မှားတွေကို လက်ခံထားကြတဲ့လူတွေဟာ သူတို့ အသိညဏ်ကို ငါဆိုတဲ့ အတ္တ မျက်မှန်နဲ့ တပ်ပြီး ကြည့်လေ့ရှိတော့ သဘာဝ အမှန်တရားကို မမြင်နိုင်ကြဘူးပေါ့ ။ သူတို့တွေကို အမှန်နဲ့အမှားကြားက ကာခြားထားတဲ့ နံရံပါးပါးလေးကို ဖောက်ထွက်ဖို့ အတွက် ကိုယ့်ရဲ့ အသိညဏ်ကို အားမနာတမ်း ကိုယ်တိုင် ကိုယ်ကျ သုံးသပ်သင့်ကြောင့် အကြံပြု တင်ပြ ပေးခဲ့ ပါသေးတယ် ။

နောက်ဆုံး အနေနဲ့ လူပီသတဲ့ လူသားတစ်ယောက် အနေနဲ့ လုပ်စရာက တစ်ခုတည်း ရှိပါတယ် ။ အများကောင်းစားရေးကို ရှေှးရှု တိုင်းပြည် အကျိုးကို ရည်မျှော်လို့ တိုက်ပွဲခေါ်ရာကို တစ်စိုက်မတ်မတ် လိုက်ကြရအောင် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် တစ်ခုတည်းသော လမ်းစဉ်နောက်ကို စွဲစွဲမြဲမြဲ လိုက်ကြမှာ သာလျှင် စစ်မှန်တဲ့ စည်းလုံးညီညွှတ်ရေးကို ဖော်ဆောင် နိုင်မှာ ဖြစ်ပါတယ် ။
မြန်မာနိုင်ငံက ရဟန်းရှင်လူ ပြည်သူထု နှင့် ကျောင်းသား များပါ မကျန် တိုင်းပြည်ချစ်စိတ် ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ကာ သူရဲကောင်း စိတ်ဓါတ်များ ကိုယ်တိုင် မွေးမြူကြ၍ ကျရာ အခန်းဂဏ္ဍကနေ နိုင်ရာ တာဝန်ထမ်း ကြလျှင် မကြာခင် ကျွန်ူပ်တို့ တိုင်းပြည် အာဏာရှင် စနစ်ဆိုးအောက် လွတ်မြောက်၍ ဒီမိုကရေစီ နိုင်ငံ တည်ဆောက် နိုင်မည်မှာ အသေအချာပါဟု စွဲမြဲ ယုံကြည်လျှက် တိုက်ပွဲဝင်ကြပါရန် လေးစားစွာ တိုက်တွန်း နိုးဆော်လိုက်ရပါသည် ။


ခင်မင်လေးစားလျှက်

ဗမာ့သွေး

ကျွန်တော်ရေးခဲ့သမျှ ဆောင်းပါး ခေါင်းစဉ်တွေကို အနှစ်ချုပ်လိုက်တော့ တိုက်ပွဲခေါ်သံ တပုဒ် ဖြစ်သွားတာပေါ့ ။ မိတ်ဆွေ သင်မြန်မာနိုင်ငံသား တစ်ယောက်ဟု ခံယူထား၍ တိုင်းပြည်ကို တကယ်ချစ်ခဲ့လျှင် သင့်မိတ်ဆွေများကို ဆက်လက် ဖြန့်ဝေပေးပါလို့ လေးစားစွာ မေတ္တာရပ်ခံ
အပ်ပါတယ်ခင်ဗျာ ။ တိုင်းပြည်ကို ချစ်သည့် စိတ်ဖြင့် အများသူငါ သိရှိလာအောင် ဖြန့်ဝေပေးကြည့် သူရဲကောင်း အပေါင်း နှင့်တကွ မြန်မာနိုင်ငံ ဒီမိုကရေစီ တိုက်ပွဲဝင်ရင် အသက်စွှန့်သွားကြရရှာသော အာဇာနည် သူရဲကောင်းများ ကို ဒီနေရာလေးကနေ လေးစားစွာ ဂါဝရ ပြုလိုက်ပါတယ် ။

( အရေခွံ လဲပွဲ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=149402008410788

( သူရဲကောင်း စိတ်ဓါတ်များ ကိုယ်တိုင် မွေးမြူပေးကြပါ )
http://www.facebook.com/permalink.php?story_fbid=170825766276673&id=100000010222133#!/note.php?note_id=148736711810651

( သူရဲကောင်း ဖိတ်စာ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=157833757567613

( တိုင်းပြည်ကို တကယ်ချစ်ရဲ့လား )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=150529104964745

( သင့်တိုင်းပြည် အတွက် သင်ဘာလုပ်ပေးနိုင်သလဲ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=153022268048762

( ဒီမိုကရေစီ နှင့် မြန်မာပြည် )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=158459620838360

( ကကြီး ခခွေး နိုင်ငံရေး သမား )
http://www.facebook.com/note.php?note_id=166265806724408&comments&ref=notif¬if_t=note_comment#!/note.php?note_id=164952436855745

( သွေးမျိုးဆက်တို့ ရှင်သန်လာပြီ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=162961487054840

( တပ်မတော်နှင့် ပြည်သူလူထု )
http://www.facebook.com/permalink.php?story_fbid=170825766276673&id=100000010222133#!/note.php?note_id=162083837142605

( လူပီသအောင် နေထိုင်ကြစို့ )
http://www.facebook.com/note.php?note_id=166265806724408&comments&ref=notif¬if_t=note_comment#!/note.php?note_id=163817656969223

( အမြင်မှားကို လက်ခံထားကြသူများ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=165211453496510

( တစ်ခုတည်းသော လမ်းစဉ် )
http://www.facebook.com/note.php?note_id=166265806724408&comments&ref=notif¬if_t=note_comment#!/note.php?note_id=167058313311824

( တမျိုးသားလုံး လွတ်မြောက်ရေး )
http://www.facebook.com/permalink.php?story_fbid=170825766276673&id=100000010222133#!/note.php?note_id=150168401667482

( တိုက်ပွဲဝင် ဖို့ အသင်ပြင်ထားကြပါစို့ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=155423274475328

( တိုက်ပွဲသာ ၀င်လိုက်ကြပါစို့ )
http://www.facebook.com/notes.php?id=100000010222133¬es_tab=app_2347471856#!/note.php?note_id=157178350966487

အကျင့်သီလ


လူတွေက သီလကို အကျင့်နဲ့ တွဲခေါ်တယ်. . . အကျင့်သီလလို့ပြောကြတယ်. . . အဲသည်တော့ သီလဆိုတာ အကျင့်ပါပဲ . . ကောင်းမွန် မြင့်မြတ်တဲ့ အကျင့်ကို သီလလို့ခေါ်ပါတယ်. . . ရိုးသားခြင်းဟာ အကျင့်သီလဖြစ်တယ်.. . သီလရဲ့ တန်ခိုး ၊ သီလရဲ့ တန်ဖိုး မည်မျှကြီးကြောင်းကို ဟိန္ဒူ ပုံပြင်ကလေး တစ်ပုဒ် ကို နဲ့ ဖော်ပြပါ့မယ်

ရှေးအခါက ဇမ္ဗူဒီပါ တစ်ကျွန်းလုံးက ရိုသေလေးစားရတဲ့ ပြဟလားဒ် အမည်ရှိတဲ့ မင်းတစ်ပါးရှိတယ်. . . အဲသည်မင်းရဲ့ ဘုန်းတန်ခိုးဟာ တက်နေအလား တဖြည်းဖြည်း နတ်မင်းကြီး အရှင်အိန္ဒရာ သိကြားမင်းကတောင် သူ့ကို လေးစားရတယ်တဲ့ . .ပြဟလားဒ် မင်းဟာ နတ်ဘုံကိုတောင် သိမ်းပိုက်စိုးစံရန် စီစဉ်တဲ့အထိပဲ . . . . သိကြားမင်းက သည်အကြံကိုတားဖို့ ပုဏ္ဏားငယ်ယောက် ဆောင်တယ် . . ပြီးတော့ ပြဟလားဒ်ကို ဖူးမြော်တယ်.

"အသင်ပုဏ္ဏား ဘာအလိုရှိ၍ ရောက်လာသလဲ "

"ကျွန်တော်မျိုးရောက်လာခြင်းက အရှင်မင်းကြီးသည် ဘယ်သို့သော အကျင့်မြတ်ကို ၍ ဤသို့ ဘုန်းတန်ခိုးကြိးသလဲ ဆိုသည်ကို သိလိုသဖြင့် ရောက်လာခဲ့ခြင်းဖြစ်ပါတယ်. . . ထိုအကျင့်ကိုလဲ သင်ကြားတတ်မြောက်လိုပါတယ်. . . . "

"အိုပုဏ္ဏား သင့်ကိုပေးရအောင် ကျွန်ုပ်မှာ မအားပါ. . . . . တိုင်းနိုင်ငံ အုပ်ချုပ်ရေး ကိစ္စက များတယ်. . . "

"အိုအရှင်မင်းကြီး ၊သင့်ကို အာစရိယ ဆရာလို့မှတ်ပါတယ်. . . ကျွန်ုပ်ကို တပည့်အဖြစ်သင်ပေးပါ. . ."

"ကဲ သည်မျှထိ ဖြစ်နေတော့လဲ သင့်ကို ပြောကြားနားလည် စေရတော့မှာပေါ့ . . ငါသင်ကြားတာကို မှတ်လော့ . ."

"ကောင်းပါပြီ အရှင်"

"ငါကား လောကအားလုံးကို အုပ်ချုပ်ရသော မင်းဧကရာဇ် ဖြစ်ပါလျက်နှင့် မင်းဟူသော အမှတ်ဖြင့် မည့်သည့်အခါမှ မာန်မာန မထား ၊ မာနကို ချိုးနှိမ်ပါတယ်. . ဒေါသအမျက်ကိုလဲ နှိမ်န်င်းသိမ်းဆည်းရတယ်. . ကာမဂုဏ်အာရုံကို လဲ ချုပ်ထိန်းရတယ်. . . . ရသေ့၊ရဟန်း ၊ ပညာရှိနဲ့ သက်ကြီး ရွယ်အိုတွေကိ ၀စီကံ၊ ကာယကံ၊ မနောကံနဲ့ စော်ကားခြင်း မပြုဘူး ၊ သူတို့ညွန်ပြတဲ့ ဓမ္မလမ်းကြောင်းအတိုင်း သာ လိုက်နာ ကျင့်ဆောင် တယ် . . ငါ့ရဲ့ ကျင့်ဆောင်ခြင်းက သီလပဲ ပုဏ္ဏားငယ်"

"သြော် သီလရဲ့ တန်ခိုး ၊ သီလရဲ့ တန်ဖိုးပါလား . . အရှင်မင်းကြီးရဲ့ ရိုးသားခြင်း၊ အကျင့်သီလသည် ထိပ်ဆုံးရောက်အောင် ပို့တာပဲ . . "

"ကဲ ပုဏ္ဏားငယ် သင်သိပြီမို့ ပြန်ပေတော့ . . . "

"ကျွန်တော်မျိုး မပြန်လိုသေးပါ. . . အရှင်မင်းကြီးထံက တစ်စုံတစ်ခု တောင်းလိုပါတယ်. . . "

"တောင်းပါ ရွှေလား ၊ ငွေလား သင်ဆင်းရဲသလား . "

"ဆင်းရဲသော်လည်း ရွှေငွေမတောင်းလိုပါ. . . "

"ဟဲ့ ဘာများတုံး ၊ တောင်းစမ်း ငါပေးမယ်. . "

"ကျွန်တော်မျိုးလိုချင်တာ မင်းကြီးရဲ့ သီလပါ. . . "

"အဲဒါတော့ ပေးလို့ဘယ်ဖြစ်မှာလဲ"

"အဲဒီသီလကို သာ လိုချင်ပါတယ် ၊ ရိုးသားခြင်း သီလကိုသာ ကျွန်တော်မျိုးကို ပေးလိုက်ပါ. ."

"အင်း. . ငါပေးမယ်ဆိုတဲ့ ကတိအတိုင်း သင့်ကို ပေးလိုက်မယ်. . ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်တယ် မရှိရဘူးလေ. . ငါ၏ သီလအား ယနေ့ သင့်ကိုပေးပါတယ်. . . "

"ပုဏ္ဏားငယ်ယောင်ဆောင်တဲ့ နတ်မင်းကြီး ဟာ မင်းကြီးသီလကိုလည်းရရော ရတနာတွေရသလို ၀မ်းသာသွားပြီး နန်းတော်က ထွက်ခွာသွားတော့တယ်. . ."

မင်းကြီး ဟာ အဲသည်မှာ စိတ်မချမ်းမြေ့စွာ တစ်ယောက်တည်း ထိုင်မှိုင်နေတယ်. . တိတ်ဆိတ်စွာ ထိုင်နေစဉ်မှာပဲ သူ့ကိုယ်ထဲက သူနဲ့တူတဲ့ ကိုယ်ပွား တစ်ခု ထွက်လာတယ် . .

"အိုသင်ဘယ်သူလဲ. . . ငါ ဟာ သီလပါ . . သင့်ရဲ့ သီလပါ. . သင်က ပုဏ္ဏားငယ်ကို ငါ့အား ပေးလိုက်တဲ့အတွက် ငါသွားရပါတော့မယ်. . သင့်ကို ငါနှုတ်ဆက်တာပါ. .

အဲသည်လိုပြောပြီး ကိုယ်ပွား ပျောက်သွားတယ်. . .

မင်းကြီး ဟာ တွေတွေဝေေ၀ ဖြစ်သွားတယ် . . ရင်ထဲမှာလည်း ၀မ်းနည်းနေတယ်. . . အဲသည်အချိန်မှာ နောက်ထပ် ကိုယ်ပွား ပေါ်လာပြန်တယ်. .



မင်းကြီး ဟာ တွေတွေဝေေ၀ ဖြစ်သွားတယ် . . ရင်ထဲမှာလည်း ၀မ်းနည်းနေတယ်. . . အဲသည်အချိန်မှာ နောက်ထပ် ကိုယ်ပွား ပေါ်လာပြန်တယ်. .

"သင်ဘယ်သူလည်း . . "

"ကျွန်ုပ်ကို ဓမ္မဟု သိရှိပါ. . သီလရှိရာတွင် ကျွန်ုပ်နေနိုင်တယ်. . . သီလကိုယူသွားသော ပုဏ္ဏား နောက်သို့ ကျွန်ုပ်လိုက်ရပါတော့မယ်. . . "

"အို. . . ဓမ္မရယ်. . "

တစ်ဖန်မကြာခင်မျာပဲ ပြဟလားဒ်မင်းရဲက ခန္ဓာကိုယ် အတွင်းက အလျှံ တပြောင်ပြောင် တောက်လောင်တဲ့ တတိယ ကိုယ်ပွား တစ်ခု ထွက်လာတယ်. .

"အို . . .သင်ကရော. . . ဘယ်သူလဲ. . . . "

"ကျွန်ုပ်က သစ္စာလို့လဲ ခေါ်တယ်. . . အမှန်တရားလို့လည်းခေါ်ကြပါတယ်. . . ဓမ္မတည်ရာမှာသာနေပါတယ်. . . "

"သင် က ဓမ္မနောက်ကို လိုက်မှာပေါ. . . . "

"ဟုတ်ကဲ့ပါအရှင်. . . . "

တစ်ဖန် စတုတ္ထမြောက် ကိုယ်ပွား တစ်ခု ပေါ်လာပြန်ရော. . . ဘုရင်ကြီးမမေးခင်မှာ သူက ဖြေတယ်. .

"ငါကား စာရိတ္တဖြစ်တယ်. . . "

"သင်ကော ဘယ်သို့သွားမည်လဲ. . . "

"ငါက သစ္စာ အမှန်တရားနောက် ကိုလိုက်မယ်. . . . "

ပဉ္စမကိုယ်ပွား ပေါ်ပေါက်လာချိန်မှာ ပြင်းထန်တဲ့ အသံကြီး ပေါ်လာတယ်. .

"ငါသည်ကား ဗလခေါ် အင်အားပဲ၊ သင်နှင့် ငါမနေ စာရိတ္တနောက်သို့ ငါလိုက်သွားမယ်. . . "

အဲသည်လို သီလ၊ ဓမ္မ၊ သစ္စာ ( အမှန်တရား ) ၊ စာရိတ္တ၊ ဗလ တို့ ထွက်သွားပြီးချိန်မှာ ကိုယ်ရောင် ကိုယ်ဝါ အသွင် ထွန်းလင်းတောက်ပလျက် ကောင်းခြင်း မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံတဲ့ နတ်ဒေ၀ီတစ်ပါးဟာ မင်းကြီးရဲက ကိုယ်တွင်းက ထွက်ပေါ်လာပြန်တယ်. .

"ကျွန်ုပ်သည်. . ရှရီ (လက်ချမီး ) နတ်သမီးဖြစ်တယ်. . ကျွန်ုပ်သည် သင့်ရဲ့ ကျက်သရေနဲ့ ချမ်းသာ သုခ အဖြာ ဖြာကို တိုးပွားစေခဲ့တယ်. . နှစ်ပေါင်းများစွာ သင့်ထံမှ တည်နေခဲ့သော်လည်း ယနေ့တော့ သင့်ကို ငါ စွန့်ခွာရတော့မယ်. . .သီလ၊ ဓမ္မ၊ သစ္စာ ( အမှန်တရား ) ၊ စာရိတ္တ၊ ဗလ တို့ရှိရာ. ငါလိုက်ပါရမှာ အမှန်ဖြစ်တယ်. . အဲဒီငါးဦး ငါးမျိုးထံမှာ သာ ကျွနု်ပ် တည်တယ်. . ."

"အိုဒေ၀ီမြတ် ခေတ္တနေပါဦး၊ ကျွန်ုပ်မှာ ဘယ်လိုမှားယွင်းမှုပြုခဲ့ပါပြီလဲ ပြောပြပါ. . . ကျွန်ုပ်ထံလာသော ပုဏ္ဏား က ဘယ်သူလဲ . . "

"အသင်မင်းကြီး၊ ပုဏ္ဏားငယ်ကား နတ်ဒေ၀တို့ရဲ့ အရှင်သခင် အရှင် အိန္ဒရာ သိကြားမင်းဖြစ်ပါတယ်. . . သင့်ရဲ့ ဘုန်းတန်ခိုးလျော့သွားအောင်. . နတ်ဘုံကို မသိမ်းသွင်း မတိုက်ခိုက်နိုင်အောင် သိကြားမင်း ဟာ သင့်ထံမှာ သီလကို တောင်းခံသွားခြင်းဖြစ်ပါတယ်. . . . . အို ပြလဟား . . ဒီလောကမှာ ကြီးကြယ် မြင့်မြတ်တဲ့ အကျိုးတရားတွေ ဖြစ်ထွန်းစေနိုင်တဲ့ အရာတွေဟာ ဤတရားတွေပဲ . . အဲဒီတရားတွေကို အခြေပြုတာ ရိုးသားခြင်း အကျင့်သီလပဲ. . . ."

မင်းကြီး ဟာ နောင်တကြီးစွာ ရတယ်. . လူ့ဘ၀မျာ ရိုးသားသော အကျင့်သီလ ရှိတဲ့ သူတွေမှာသာ မြဲတဲ့ ချမ်းသာ သုခ ဖြစ်လေ့ရှိပါတယ်. . . သီလနဲ့ ကင်းကွာ တဲ့ ချမ်းသာ သုခဟာ မတည်မြဲပဲ ပျောက်ကွယ် သွားတတ်ပါတယ်. . .

လောကကြီးမှာ မိမိကိုယ်ကို ထိန်းသိမ်းမှု အကျင့်သီလဟာ တန်ခိုးနဲ့ တန်ဖိုးအကြီးဆုံးပါပဲ. .
သူပျက်ရင် အရာ အားလုံးပျက်တာမို့ မိမိကိုယ်မိမိ ထိန်းသိမ်းမှု အကျင့်သီလကို နည်းနည်းလေးမှ မပျက်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်. .

လူဆိုတာ ခန္ဓာကိုယ်ကို ရေမိုးနဲ့ သန့်စင်နိုင်ပါတယ်. . ရိုးသားခြင်းနဲ့ စိတ်ဓာတ်အား မှန်ကန်ခြင်းကိုတော့ သစ္စာတရားနဲ့ သာ သန့်စင်နိုင်ပါတယ်. .

ဘုရားတည်ခြင်းနှစ်မျိုး

ဘုရားတည်ခြင်းသည်မြေပြင်မှာတည်ခြင်းနှင့် လူများ၏ နှလုံးတွင် ဘုရားတည်ခြင်းဟု နှစ်မျိုးရှိပါသည်၊ ၊
မြေပြင်မှာတည်ခြင်းသည် ရာသီဥတု ဒဏ်ကြောင့်ပျက်ဆီးတက်သလို့ တကယ်ဘေးတကယ်အရေးနှင့် ကြုံရသောအခါ သာသနာမကွယ်ပျောက်အောင် တားဆီးကာကွယ်နိုင်စွမ်းမရှိပေ၊ ၊ ထိုအချက်ကို ဗုဒ္ဓဘာသာဝင်များကွယ်ပျောက်သွားသော နိုင်ငံများမှဘုရားစေတီများမှ သက်သေပြလျှက်ရှိသည်၊ ၊ အင်ဒိုနီးရှား နိုင်ငံတွင် `ဗောဓောဗုဓု´ အမည်ရှိကျောင်စေတီကြီးတည်ရှိနေ၏၊ ထိုအတူ အာဖဂန်နစ္စတန်နိုင်ငံတွင်လည်း ပေ `၁၀၀´မြင့်မားသော ကျောက်ဆင်တုတော်ကြီး ( ယခု ဖျက်ဆီးခံရ ) wတည်ရှိနေ၏ ။
သို့သော်ထိုင်နိုင်ငံများတွင် ဗုဒ္ဓဘာသာဝင်များ တစ်ဦးတယောက်မျှမရှိပေ၊
`ဥာဏ်ပညာကြီးမားသူတို့သည်သူတပါး၏အမှားကိုကြည့် ပြီး သင်္ခန်စာယူတက်ကြ၏ ဥာဏ်ပညာနည်းသောသူတို့သည်
ကိုတိုင်မှားမှ သင်္ခန်စာယူတက်ကြ၏ ဥာဏ်ပညာ မရှိသူတို့သည်ကိုတိုင်မှားသော်လည်း သင်္ခန်စာမယူတက်ကြပေ´ ၊
ဟူသောဒဿနအတိုင်းမြန်မာဗုဒ္ဓဘာသာဝင်များသည် သူများနိုင်ငံမှ အမှားကိုကြည်ပြီး မိမိနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များမ ကွယ်ပျောက်အောင် သင်္ခန်စာယူပြီး ကာကွယ်ကြရမည်၊ ။၊ ထိုသို့ ကာကွယ်လို့လျှင် လူသားတို့၏နှလုံးသားများတွင်
ဘုရားစေတီများ များသည်ထက်ပိုပြီး များအောင်တည်ပေးကြရမည်၊ ၊ ထိုသို့တည်ပေးနေသူများမှာ ဗုဒ္ဓဘာသာ ပရဟိတ အသင်းများ ဗုဒ္ဓဘာသာစာပေပိုချနေသော စာသင်တိုက်များ ဗုဒ္ဓဘာသာမိဘမဲ့ ဂေဟာများ ဗုဒ္ဓဘာသာစာပေပိုချနေသော ဆရာတော်များ ဖြစ်ကြပါသည်
မျော်လင့်ချက်ဖြင့် ပေးကန်းလျှင်အရောင်အ၀ယ် လုပ်ချင်တမျိုးဖြစ်၏ ။ ။
မျော်လင့်ချက်မပါဘဲ ပေးကန်လျှင် ကိလေသာ ကုန်ရာ နိဗ္ဗာန်ရဖို့ ဒါနပါရမီ ဖြည့်ဆည်းခြင်းဖြစ်၏၊ ။
မြတ်သောဒါန ဖြင့် လုဒါန်းနိုင်ကြပါစေ။ ။

သူတစ်ပါးကို သူများခိုင်း၍သတ်သည်ရှိသော်

အရှင်ဘုရား တပည့်တော် မရှင်းတာလေးရှိလို့မေးပါရစေဘုရား။ တပည့်တော် ကတော့ ၀န်ထမ်းတစ်ယောက်ပါ။ တပည့်တော်တို့သိချင်တာက သူတစ်ပါး၏အသက်ကို မိမိရဲ့စိတ်မပါဘဲ သူများခိုင်း၍ သတ်ရလျှင် ဘယ်သူ့မှာ အပြစ်ရှိပါသလဲဘူရား။ ကိုယ်ကိုယ်တိုင်က
မလုပ်ချင်ပေမယ့်လည်း တာဝန်အမိန့်အရလုပ်ရတာတွေရှိပါတယ်။ အဲဒီအကြောင်းအရာ လေးကိုဖြေကြားပေးတော်မူပါဘုရာ။

နောက်ထပ်တစ်ခုအနေနဲ့ အရှင်ဘုရားဖြတ်သန်းလာခဲ့ရတဲ့ဘ၀အတွေ့ အကြုံလေးတွေ တပည့်တော်တို့ ဘယ်လိုနေဘယ်လိုထိုင်ရမယ်ဆိုတာလေးတွေကိုပါ ပြောကြားပေးတော်မူပါဘုရား။ အရှင်ဘုရားရဲ့ ဘလော့လ်မှာအမြဲလာရောက် ဖတ်ရှု့သူ တစ်ဦးပါ။

ဟုတ် ဒကာ။ ဒကာမေးတဲ့မေးခွန်းမျိုးကို သီဟိုဠ်ဘုရင်တစ်ပါးဖြစ်သော ဒုဋ္ဌဂါမဏီမင်းကြီးကလည်း အဘယရဟန္တာမထေရ်မြတ်ကို လျှောက်ဖူးတယ်။ ဘုရင်က သူလည်း တိုင်းပြည်အတွင်းသို့ကျူးကျော်လာတဲ့ ရန်သူတွေကို တိုင်းပြည်နှင့်လူမျိုးဘာသာ
အတွက် မသတ်ချင်သော်လည်း သတ်ခဲ့ရသည့်အတွက် သူ့မှာပါဏာတိပါတကံတွေ များနေပြီလို့တွေးပြီး
စိတ်မချမ်းမြေ့ဖြစ်နေပါတယ်။ အဲဒါနဲ့ ရှင်အဘယရဟန္တာမထေရ်ကို မေးခဲ့တာပါ။
ရဟန္တာမထေရ်မြတ်က သီလလုံခြုံတဲ့ပုဂ္ဂိုလ်၊ သူတော်ကောင်းစိတ်ရှိသော ပုဂ္ဂိုလ်၊
(ယခုခေတ်အလို သဘောကောင်းသောပုဂ္ဂိုလ်ကို) သတ်မိရင် လူတစ်ယောက်ကို သတ်တာနဲ့တူပါသည်။
စိတ်ထားမကောင်းသော လူယုတ်မာကိုသတ်မိလျှင် တိရစ္ဆာန်ကို သတ်တာနဲ့တူတယ်ဟု
မိန့်ကြားပေးခဲ့ပါသည်။

သူတစ်ပါးကို ကိုယ်စားသတ်ခိုင်းသော ပုဂ္ဂိုလ်မှာ အပြစ်ပိုမိုရှိပါသည်။ ကိုယ်စားသတ်ပေးသောပုဂ္ဂိုလ်မှာလည်း သူများခိုင်း၍သတ်ရပါသည် မိမိစိတ်ထဲ၌ သူတစ်ပါးကို သေစေလိုသော စေတနာမပါဘူးဆိုလျှင် အပြစ်နည်းပါသည်။
အပြစ်ကတော့ နည်းနည်းရှိပါသည်။

အဘယ့်ကြောင့်ဆိုသော် ဘုရားလောင်းပါရမီဖြည့်စဉ်အခါက ရှင်ဘုရင်လုပ်ရ မည်ကို အင်မတန်ကြောက်ရွံ့၍ စကားမပြောခဲ့သော တေမိဇာတ်ဆိုတာ ရှိခဲ့ပါတယ်။ ရှင်ဘုရင်ဖြစ်လျှင် အများကိုမသတ်ချင်သော်လည်း သတ်ရမည့်အလုပ်သည်
ဧကန်ပင် ရှိနေပါသည်။ သူတစ်ပါးကိုသတ်လျှင် မိမိစိတ်ပေါ်နှင့်သတ်ခံရသောပုဂ္ဂိုလ်ပေါ်မှာ
မူတည်ပြီး အကျိုးပေးအနည်းအများကွာခြားသော်လည်း မိမိ၏ ကာယကံလုပ်ဆောင်မှု ပါနေသောကြောင့်
အပြစ်တော့ရှိနေပါသည်။

မိမိသည်လည်း နောက်ဘ၀များ၌ သူများသတ်ခံရသလို မိမိကိုယ်ကိုလည်း သူတစ်ပါးက မိမိသတ်ခဲ့သလို သူများခိုင်း၍ သတ်ခြင်းများကို ခံရပေလိမ့်မည်။ ထို့ကြောင့် ဘုရားလောင်းသည် ရှင်ဘုရင်လုပ်ရမည်ကို
အင်မတန်မှ ကြောက်ရွံ့ခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ မိမိသည်မလွဲသာ၍ သူများအသတ်ကို သတ်ခဲ့ရသည်ရှိသော် ကောင်းမှုကုသိုလ်များဖြင့် အစားထိုး၍ ဖြေဖျောက်ပါလေ။

ဝါလကင်းလွတ်သီတင်းကျွတ်…



မေထုန်ငယ်(၇)ပါး

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ကုသိုလ် တရားတို့၏
အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော
အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန်လေးပါးကို ပွားများလေလော့။

(မဟာဝဂ္ဂသံယုတ်၊ ဗာဟိယသုတ်)

သီလ ပန်းတစ်ပွင့်ရဲ့ သဘောတရားတွေကို အဖြူဖက်ကနေ ချဉ်းကပ်ပြီး
တင်ပြခဲ့တယ်၊ ဒီနေ့တော့ အမည်းရောင်ဖက်နေ ချဉ်းကပ်ပြီး ဖော်ပြလိုတယ်၊
စိတ်အဆင့်ဆင့် မြင့်တက်ရေး သစ္စာတရားကို ဥာဏ်နဲ့ရှာဖွေရေး လမ်းစဉ်မှာ
သီလပန်းတစ်ပွင့် အမြဲလန်းဆန်းဖို့ တကယ့်ကို အရေးကြီးလှပါတယ်၊ ကိုယ်
စောင့်ထိန်းထားတဲ့ သီလ ညှိုးနွမ်း ပေါက်ပျက် ကြောင်ကြားသွားပြီဆိုရင်
သီလပျက်စီးဖို့ သေချာသလောက် ရှိပါပြီ။

ဒီနေရာမှာ ကိုယ် စောင့်ထိန်းထားတဲ့ သီလ သိက္ခာပုဒ်တွေ အားလုံးကို
လွန်ကျူးဖောက်ဖျက်မှ သီလ ညှိုးနွမ်းတယ်လို့ ခေါ်ဆိုတာ မဟုတ်ဘဲ အစ
သိက္ခာပုဒ်နဲ့ အဆုံးသိက္ခာပုဒ်ကို လွန်ကျူးရင်ပဲ ဖြစ်ဖြစ် အလယ်
သိက္ခာပုဒ်တွေကို ဖောက်ဖျက်ရင်ပဲ ဖြစ်ဖြစ် ကွက်ကျော်လွန်ကျူးမိရင်ပဲ
ဖြစ်ဖြစ် အစဉ်အတိုင်း နှစ်ပါး သုံးပါးကို လွန်ကျူးရင်ပဲဖြစ်ဖြစ် ကိုယ်
စောင့်ထိန်းနေတဲ့ သီလဟာ ညှိုနွမ်းသွားပါတယ်၊ ဒီလို ကိုယ်အမူအရာ နှုတ်အမူအရာ
တွေကို မစောင့်စည်းဘဲ အရှက် အကြောက်ကင်းမဲ့စွာ ဒုစရိုက်တွေကို ပြုမိ
ပြီဆိုရင်တော့ သီလဟာ လုံးဝ ပျက်စီးတော့မှာပါ။

ဒီလို သီလ ညှိုးနွမ်းစေတဲ့ အကြောင်းနဲ့ဆက်စပ်ပြီး စာပေတွေမှာ ဖော်ပြတဲ့
မေထုန်ငယ်(၇)ပါး ကိုပြောပြလိုတယ်၊ သစ္စာရှာပုံတော် ခရီးမှာ ကိုယ့်ကိုယ်ကို
မလိမ်တမ်း မညာတမ်း စစ်တမ်းထုတ်သင့်တဲ့ အချက်တွေလို့လဲ ပြောနိုင်ပါတယ်၊
အခုဖော်ပြတဲ့ (၇)ချက်ဟာ ကိုယ်စောင့်ထိန်းနေတဲ့ သီလ သို့မဟုတ် ကို
ညစ်နွမ်းစေတဲ့ အရာတွေပါ၊ ဒါတွေကတော့

၁။ ရေမွှေးဆွတ်ဖြန်းခြင်း သနပ်ခါးလိမ်းခြင်း ပေါင်ဒါမုန့် စတဲ့
အမွှေးအကြိုင်တွေနဲ့ ပွတ်သပ် လိမ်းကျံရတာကို သာယာ ကြည်နူး ကျေနပ်ခြင်း၊
၂။ ရယ်ရွှင်စရာ ဟာသများနဲ့ ရယ်မော ပျော်ရွှင် မြူးတူး ကစားခြင်း၊
၃။ဆန့်ကျင်ဘက် လိင်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အသံကို နားထောင် သာယာခြင်း၊
၎။ စောင့်စည်းဆင်ခြင်မှု မရှိဘဲ ဆန့်ကျင်ဘက် လိင်ရှိတဲ့ ပုဂ္ဂိုလ်ကို ကြည့်ရှုခြင်း၊
၅။ အရင်ခံစားခဲ့ဖူးတွေ ကာမဂုဏ်ကို အာရုံပြုပြီး သာယာခြင်း၊
၆။ သူတစ်ပါးတို့ ခံစားနေသည့် ကာမဂုဏ်အမှုများကို အာရုံပြုပြီး သာယာခြင်း၊
၇၊ မိမိကျင့်တဲ့ သီလအကျင့်မြတ်ဟာ နတ်ဘ၀ နတ်စည်းစိမ် မင်းဘ၀ မင်းစည်းစိမ်
ရမှာပဲလို့ တောင့်တ သာယာခြင်း တို့ပဲဖြစ်ပါတယ်။

ဒီမေထုန်ငယ် ၇ ပါးဟာ သီလဖြူစင်ရေး သစ္စာရှာဖွေရေးမှာ အလွန် သတိထားသင့်သလို
တရားကို လက်တွေကျကျ ကျင့်ကြံနေသူ လူဖြစ်စေ ရဟန်း သီလရှင်ဖြစ်စေ
ကိုယ့်သီလလေး မညှိုးနွမ်းဖို့ ဂရုစိုက်ရမယ့် အချက်တွေလည်း ဖြစ်ပါတယ်၊
ကိုယ့်စိတ်ကို အကောင်းဆုံး အရည်အသွေး ရအောင် ပြုစုလေ့ကျင့်တဲ့နေရာမှာ
မထင်မှတ်တာလေး တွေကလည်း အတားအဆီး ဖြစ်နေတတ်တယ် ဆိုတာကို ဘုရားရှင်က
မီးမောင်းထိုးပြတာပါ၊ မိမိတို့ ရဟန်းတော်များ သီလရှင်များအနေနဲ့ကတော့
သီလနဲ့ပတ်သက်ပြီး အထူးထူး ဆင်ခြင် သတိပြုရပါတယ်၊ စောင့်ထိန်းစရာ စည်းကမ်း
သိက္ခာပုဒ်တွေ များပြားရုံသာမက အာရုံတွေအပေါ် စောင့်စည်းမှု
စားသုံးဆင်ခြင်ရာမှာ စောင့်စည်းမှုစတဲ့ သီလတွေကလဲ ရှိနေပြန်တာမို့ ပိုလို့
သတိထားကြရပါတယ်၊ ဒီနေရာမှာ ရဟန်းတစ်ပါး (သီလရှင်တစ်ပါးက) လူတွေအထင်ကြီး
အံ့ဩလာအောင် ကြည်ညိုစရာလေး နေပြတာ၊ ဒကာ ဒကာမတွေကို မြှောက်ပင့်
ပြောဆိုတာ၊ ကိုယ်လိုချင်တာကို အရိပ်အရောင်ပြ ပြောဆိုတာ၊ ဒကာ ဒကာမတွေ
ကြောက်ရွံ့ပြီး ပေးလှူလာအောင် ဖိနှိပ်ပြောဆိုတာ ကဲ့ရဲ့တာ တွေဟာလည်း သာသနာ
့ဝန်ထမ်းများရဲ့ သီလ ညှိုးနွမ်းကြောင်းတွေ ဖြစ်လို့ သတိထားသင့် ပါတယ်၊
ဒါကြောင့် ဘုရားရှင်က သီလဟာ သတိပဋ္ဌာန်တရား အားထုတ်ရာ သစ္စာရှာဖွေရာမှာ
ဘယ်လောက် အရေးကြီးလဲဆိုတာ သိစေချင်လွန်းလို့ ဗာဟိယကို မိန့်တော်မူတာက

ဗာဟိယ! သင်သည် ကုသိုလ်တရားတို့၏ အစကို သုတ်သင်လော့၊ ကုသိုလ်တရားတို့၏
အစကား အဘယ်နည်း၊ ကောင်းစွာ စင်ကြယ်သော သီလနှင့် ဖြောင့်မှန်သော
အယူပေတည်း။

ဗာဟိယ ! အကြင်အခါ၌ သင့်အား သီလလည်း စင်ကြယ်၏၊ အယူလည်း ဖြောင့်မှန်၏၊
ထိုအခါ သင်သည် သီလကိုမှီ၍ သီလ၌တည်၍ သတိပဋ္ဌာန် လေးပါးကို ပွားများလေလော့။

လို့ မိန့်တော်မူတာပါ၊ အလယ်အလတ် လမ်းစဉ်လို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးရဲ့
ခေါင်ချုပ် သတိပဋ္ဌာန်တရား ကျင့်ကြံပွားများရာမှာ ညစ်နွမ်းခြင်းမရှိ
လန်းဆန်းခြင်း ပကတိရှိတဲ့ သီလပန်းတစ်ပွင့် ပန်ဆင်နိုင်အောင်
ကြိုးစားကြပါစို့။ ။

အရှင်တိက္ခဉာဏာလင်္ကာရ

***ကိုးကွယ်တယ်ဆိုတာဘာလဲ(၁) ***

ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဆိုရင် ရတနာသုံးပါးကို ကိုးကွယ်ရတယ်။
ကျမ်းဂန်စကားနဲ့ပြောရင် သရဏဂုံတည်ရတယ်။

‘သရဏဂုံ’လို့ ပြောလိုက်တော့ ကြောက်မသွားနဲ့။ အဲဒီလို ပြောလိုက်ရင် တို့မြန်မာစကားက ဘယ်ရောက်သွားလဲ … သိလား။ လူသေဆုံးတဲ့ဆီ ရောက်သွားရော။ ဘုန်းကြီးတွေ သရဏဂုံတင်တဲ့ဆီ စိတ်ရောက်သွားတယ်။ ဝေါဟာရဆိုတာ မလွယ်ဘူး။
‘သရဏဂုံ’ဆိုတာ ပါဠိလို ‘သရဏဂမန’လို့ခေါ်တယ်။

အဲဒီ ‘သရဏဂမန’ကနေ ‘သရဏဂုံ’လို့ ဆိုလိုက်တော့ နားမလည်ကြဘူး။ ရှေးက မြန်မာတွေက ပါဠိကို မြန်မာပြန်တဲ့အခါ တစ်ခါတစ်ခါတော့လည်း မြန်မာပြန်တယ်။ တစ်ခါတစ်ခါကျတော့လည်း ပါဠိပျက်သံနဲ့ပဲ ပြောတယ်။

‘စိတ်’ဆိုတဲ့ စကားလုံး ရှိသေးတယ်။ ‘စိတ်’ဆိုတဲ့ စကားကို မြန်မာစကားလို့ ထင်နေကြတယ်။
‘စိတ္တ’ဆိုတဲ့ ပါဠိကနေ ‘စိတ်’ဆိုပြီး ပါဠိပျက်စကား သုံးကြတာ။ မြန်မာမှုပြုကြတာပဲ။

အဲဒီလိုပဲ သရဏဂုံဆိုတာလည်း ဒီအတိုင်းပဲ။ ‘ဂမန’ကို (ဂုမ်/ဂုံ)လို့ ဘာသာပြန်ပြီးတော့၊ ‘သရဏ’ကတော့ ‘သရဏ’ပဲ။
‘သရဏဂမန’လို့ မခေါ်ဘဲနဲ့ ‘သရဏဂုံ’လို့ လွယ်လွယ် ခေါ်ကြတယ်။


သရဏဆိုတာ

‘သရဏ’ဆိုတာ ဘာလဲ?
‘ဂမန’ဆိုတာ ဘာလဲ?
‘သရဏ’ဆိုတာ ‘ဘုရားကို ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်း’ပဲ။

‘သရဏ’ကို ကျမ်းဂန်တွေက ဘယ်လို ဖွင့်ပြထားသလဲဆိုတော့ ‘အပါယ်လေးပါး၌ဖြစ်သော ဆင်းရဲမှုကို သတ်တတ် ညှဉ်းဆဲတတ် ပယ်သတ်တာ’ကို ‘သရဏ’လို့ ခေါ်တယ်။

‘သရဏ’ဆိုတာ ရှင်းရှင်း ပြောရင် ‘ညှဉ်းဆဲတတ်တာ၊ ပယ်သတ်တတ်တာပဲ’။
ဘာကို ညှဉ်းဆဲတတ်တာလဲ?
ဒုက္ခကို ညှဉ်းဆဲတတ်တာ၊ ဒုက္ခကို ကာကွယ်ပေးတာပဲ၊ ဒုက္ခမရှိအောင် လုပ်ပေးတာ။

ဘုရား တရား သံဃာ ရတနာသုံးပါးဟာ တို့ကို ဘေးရန်တွေ ကာကွယ်ပေးတယ်။ ဆင်းရဲဒုက္ခမှ ကာကွယ်ပေးတယ်။ အပါယ်ကျတဲ့ ဒုက္ခမှ ကာကွယ်ပေးတယ်။

ကာကွယ်ပေးတယ်လို့ သုံးကြစို့။
တိုက်ရိုက်ပြောရင် ပယ်သတ်တယ်၊ ညှဉ်းဆဲတယ်လို့ ဒီလို သုံးရမယ်။
မြန်မာလို ပြန်ရင်တော့ ‘ကိုးကွယ်ရာ’လို့ ပြန်ထားတယ်။


ဗုဒ္ဓသရဏဂုံ

မြတ်စွာဘုရားက မင်းတို့ အကုသိုလ်တွေ မလုပ်ကြနဲ့။ ဒီလို ဟောတယ်။
ကုသိုလ်ကို လုပ်ကြ။
အကုသိုလ်တွေ မလုပ်ကြနဲ့ဆိုတာ မကောင်းမှုတွေ ဖြစ်မှာ စိုးလို့ ပြောတာ။ အကျိုးစီးပွားတွေ ပျက်စီးမှာ စိုးလို့ မလုပ်ကြနဲ့လို့ ပြောတာနဲ့ အတူတူပဲ။
ကုသိုလ်ကို လုပ်ကြလို့ ပြောတာဟာ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ အကျိုးစီးပွားရှိမည့် အလုပ်ကို လုပ်ကြလို့ ပြောတာနဲ့ အတူတူပဲ။

ဒါကြောင့် မြတ်စွာဘုရားဟာ သတ္တဝါတွေမှာ ဖြစ်မည့် ဘေးရန်တွေကို ကာကွယ်တယ်။ နှိပ်စက်တယ်။ ညှဉ်းဆဲတတ်တယ် ဆိုပြီး မြတ်စွာဘုရားကို သရဏလို့ ခေါ်တယ်။


ဓမ္မသရဏဂုံ

တရားတော်ကို သရဏလို့ ခေါ်တာကျတော့ တရားတော်ဆိုတာ မဂ် ဖိုလ် နိဗ္ဗာန် ပရိယတ်တရားကို ခေါ်တယ်။
မဂ်ဖိုလ်ရလိုက်ရင် ဒီပုဂ္ဂိုလ်ဟာ အပါယ်မကျတော့ဘူး။
အပါယ်ကျမည့် ဘေးမှ စောင့်ရှောက်တတ်တယ်။

အဲဒီလို တရားထူးလေး တစ်ခါ ရလိုက်ရင် မိမိတို့အဖို့ သက်သာရာ ရတယ်လို့ ဆိုလိုတယ်။

လောကဆင်းရဲ ဒုက္ခကြားမှာ နေရပေမယ့် တရားထူးလေး ရလိုက်တဲ့အခါ အပါယ်လေးပါး ကင်းဖို့ သေချာသွားပြီပေါ့။
သက်သာရာ ရတယ်လို့ ကျမ်းဂန်က သုံးတယ်။

အဲဒီလို သက်သာရာကို ရစေခြင်းဖြင့် သတ္တဝါတို့မှာ ဖြစ်မည့် ဘေးရန်ကို တားဆီးတတ်တယ်။ ဖျက်ဆီးပေးတတ်တယ်။
ဒါကြောင့် တရားတော်ကို သရဏလို့ ခေါ်တယ်။


သံဃသရဏဂုံ

သံဃာကို သရဏလို့ ခေါ်တာကျတော့ သံဃာဆိုတာ နည်းနည်းလေး လှူလည်း အကျိုး အများကြီး ရတယ်။
သံဃာကို လှူတာနဲ့ ပုဂ္ဂိုလ်ကို လှူတာ မတူဘူး။

ပုဂ္ဂိုလ်ကို လှူတာက အဲဒီပုဂ္ဂိုလ်က ကောင်းရင် အကြောင်း မဟုတ်ဘူး။ မကောင်းရင် အလှူမှာ အကျိုး အရနည်းတယ်။ ကောင်းရင် အကျိုး အရများတယ်။

ကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာနဲ့ မကောင်းတဲ့ မြေမှာ မျိုးစေ့စိုက်တာ ကွာတယ်။

ဒါကြောင့် သံဃာလို့ ဆိုလိုက်တာနဲ့ မကောင်းတဲ့ သံဃာလို့ ဘယ်တော့မှ မရှိဘူး။ ကောင်းတဲ့ သံဃာချည်းပဲ။
နည်းနည်းလေး လှူသော်လည်းပဲ အများကြီး အကျိုးပေးတဲ့အနေနဲ့ သတ္တဝါတွေရဲ့ အကျိုးမဲ့ဖြစ်စေမည့် ဘေးရန်ကို ပယ်ဖျက် တားဆီးတတ်သောကြောင့် သံဃာကို သရဏလို့ ခေါ်တယ်။

နောက်ပြီး သံဃာကလည်း ဘုရားရှင်ရဲ့ တရားကို လိုက်နာ ကျင့်သုံးပြီး ဘုရားရှင် ဟောကြားတဲ့အတိုင်း လူနတ်ဗြဟ္မာ သတ္တဝါများအား အကုသိုလ် မလုပ်ကြနဲ့။ ကုသိုလ်ကို လုပ်ကြလို့ ဟောတယ်။
လိုက်နာ ကိုးကွယ်သူများမှာ ဘေးရန် ဆင်းရဲ ကင်းပြီး ကောင်းကျိုးချမ်းသာကို ရစေတယ်။

ဒါကြောင့် သံဃာကလည်း ကိုးကွယ်သူများအား ဆင်းရဲ ကင်းပျောက်၊ ချမ်းသာ ရောက်အောင် စောင့်ရှောက်တတ်လို့၊ ဆင်းရဲ ဘေးရန်တွေကို ပယ်သတ်တတ်လို့ သံဃာတော်ကို သရဏလို့ ခေါ်တာ။


သရဏဂမန = သရဏဂုံ

သရဏဆိုတာ ဘာလဲ?
ဘုရား တရား သံဃာပဲ။
မကောင်းမှုကို တားမြစ်တယ်။ ကောင်းမှုကို လုပ်အောင် အားပေး တိုက်တွန်းတတ်တယ်။

ဂမနဆိုတာ ပါဠိစကား၊ သွားခြင်းဆိုတဲ့ အဓိပ္ပာယ် ရှိတယ်။
ဒီနေရာမှာတော့ အဋ္ဌကထာဆရာက ‘သိခြင်း’ဆိုတဲ့ အဓိပ္ပာယ်ကို ယူပါတဲ့။

ဒါကြောင့် ‘သရဏဂမန’ဆိုတာ မြန်မာလိုတော့ ‘ကိုးကွယ်ခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ သိခြင်း’၊ ‘ကိုးကွယ်ရာဟူ၍ အသိအမှတ် ပြုခြင်း’ကို ‘သရဏဂုံ’လို့ ခေါ်တယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ။

မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ သိမှတ်ပါ၏။

ရိုးရိုး အဓိပ္ပာယ်နဲ့ ပြောရင် -
မြတ်စွာဘုရားကို ကိုးကွယ်ပါ၏
တရားတော်ကို ကိုးကွယ်ပါ၏
သံဃာတော်ကို ကိုးကွယ်ပါ၏။

အဲဒီလို ဆိုလိုက်တော့ မင်းတို့ရဲ့ စိတ်ထဲမှာ ဘာဖြစ်သွားသလဲ။
ဒါကတော့ အဘိဓမ္မာဆန်သွားပြီ။ ကုသိုလ်စိတ် ဖြစ်တယ်။

ဘုရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
တရားအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။
သံဃာအပေါ်မှာ ယုံကြည်တဲ့ ကုသိုလ်စိတ် ဖြစ်တယ်။

အဲဒီလို ယုံကြည်မှုကို ပါဠိလို ‘သဒ္ဓါ’လို့ ခေါ်တယ်။

တို့အခုလူတွေ သုံးနေတာတော့ ရက်ရောတာကို သဒ္ဓါလို့ သုံးနေကြတယ်။
ဒီပုဂ္ဂိုလ်က သဒ္ဓါတရား ကောင်းတယ်ဟေ့၊ များများ လှူတယ်၊ ခဏ ခဏ လှူတယ်ဟေ့လို့ ဒီလို သုံးတတ်တယ်။

တကယ်တော့ သဒ္ဓါတရား ကောင်းတယ်ဆိုတာ ‘ဘုရား တရား သံဃာတွေရဲ့ အပေါ်မှာ မှန်ကန်တဲ့ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်’ကို သဒ္ဓါတရားကောင်းတယ်လို့ ခေါ်တာ။
အဲဒီ ယုံကြည်မှုရှိတဲ့ ပုဂ္ဂိုလ်ဟာ အလှူအတန်းလည်းပဲ လက်မနှေးဘူး။ ဒါကြောင့် ရက်ရောတဲ့ ပုဂ္ဂိုလ်ကိုလည်း သဒ္ဓါတရားကောင်းတယ်လို့ မြန်မာစကားမှာ သုံးတာ။


သမ္မာဒိဋ္ဌိ

ဘုရား တရား သံဃာကို ယုံကြည်လာပြီဆိုတော့ အဲဒီ သဒ္ဓါတရားတွေကို အကြောင်းပြုပြီး ကိုယ့်မှာ မှန်ကန်တဲ့ အယူတွေ ဖြစ်လာတယ်။

ဘုရားနဲ့ ပတ်သက်ပြီးတော့ ဘုရားဟာ တကယ် ရှိတယ်။
အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

တရားဂုဏ်တော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော တရားတော်။

သံဃာ့ဂုဏ်တော်ကိုးပါးနှင့် ပြည့်စုံတော်မူသော သံဃာတော်။

အဲဒီ ဘုရား တရား သံဃာကို ယုံကြည်တဲ့အတွက် မှန်ကန်တဲ့ အယူအဆတွေလည်း ကိုယ့်မှာ ရလာတယ်။
အဲဒါ သမ္မာဒိဋ္ဌိပေါ့။

အဲဒီလို ဖြစ်တဲ့ စိတ်ကို သရဏဂုံယူခြင်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်းကို အတိအကျ ပြောစမ်းပါဆိုရင် ဘုရား တရား သံဃာကို ကိုးကွယ်နေတယ်၊ အာရုံပြုပြီးတော့ ယုံကြည်တဲ့ စိတ်။ ခေတ်စကားနဲ့ ပြောရရင်တော့ ခေါင်းထဲမှာ …. ဘုန်းကြီးတွေကတော့ ခေါင်းထဲမှာလို့ မသုံးဘူး။ နှလုံးထဲမှာလို့ သုံးတယ်။ …. နှလုံးထဲမှာ ဖြစ်တယ်။
အဲဒီစိတ်ကလေး ဖြစ်တာကို သရဏဂုံယူတယ်လို့ ခေါ်တယ်။

သရဏဂုံယူရင်လည်း ဒီစိတ် တကယ် ဖြစ်တယ်။


နားလည်မှုပါမှ သရဏဂုံ စစ်

ဒါဖြင့် မင်းတို့ ခုနက သရဏဂုံယူခဲ့ကြတယ် ….. ဟုတ်ရဲ့လား?
သရဏဂုံ တည်ခဲ့ကြတာ ဟုတ်ရဲ့လား?
ဖြေရ … ခက်နေပြီ။

ဒါပေမယ့် ငါတို့ … ဘုရား တရား သံဃာကို ကိုးကွယ်နေတယ် … ရှိခိုးနေတယ်လို့ အသိလေးတော့ ရှိနေမှာပေါ့။
အေး … ဒီကနေ့က စပြီး မင်းတို့ သရဏဂုံ အစစ်ရပြီ … မှတ်ထားပါ။

သရဏဂုံယူတဲ့အခါ နားလည်မှု ရှိပါမှ သရဏဂုံ အစစ် ရတယ်။

‘သိတဲ့စိတ် မပါဘဲနဲ့ ရွတ်တာ’၊ ‘ကိုယ့်အစား သူများက ယူပေးတာ’၊ သရဏဂုံအစစ် မရဘူးတဲ့။

မြတ်စွာဘုရားလက်ထက်တော်က ဗောဓိမင်းသားဆိုတာ ရှိတယ်။ ဒီမင်းသား သူ့အမေဝမ်းမှာ ကိုယ်ဝန်ရှိတဲ့အခါ သူ့အမေက မြတ်စွာဘုရားထံ သွားပြီးတော့ လျှောက်တယ်။
“အရှင်ဘုရား၊ ယခု တပည့်တော်မမှာ ကိုယ်ဝန် ရှိနေပါတယ်။ ယောက်ျားလေးဖြစ်လား၊ မိန်းကလေးဖြစ်လား မသိဘူး။ ဘာပဲဖြစ်ဖြစ် ဒီကလေးဟာ မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ အသိအမှတ်ပြုပါတယ်ဘုရား”လို့ လျှောက်တယ်။

မွေးလာပြီးတဲ့နောက် ကလေးဘဝမှာပဲ မသိတတ်သေးတဲ့အရွယ်မှာ အထိန်းတော်က မြတ်စွာဘုရားဆီ ခေါ်သွားပြီးတော့ လျှောက်ပြန်တယ်။ ဒီကလေးဟာ အရှင်ဘုရားကို ကိုးကွယ်ပါတယ်၊ ဆည်းကပ်ပါတယ်။

တစ်နေ့မှာ မြတ်စွာဘုရား သူ့ဆီကြွလာပြီးတော့ တရားဟောတယ်။
တရားဆုံးတော့ မြတ်စွာဘုရားကို သူ သဘောကျတယ်။ သူ့သူငယ်ချင်းကလည်း အနီးအနားမှာ ရှိနေတော့ ပြောတယ်။
မင်းက ဘုရားကိုတော့ ချီးမွမ်းနေတယ်။ ဒါပေမယ့် သရဏဂုံလည်း မယူဘူးလို့ ပြောတယ်တဲ့။

ဒီတော့ သူက ပြန်ပြောတယ်။
ဟေ့ … ငါက အမေ့ဗိုက်ထဲမှာ နေကတည်းက သရဏဂုံ ယူခဲ့တာကွ။ ကလေးဘဝတုန်းကတည်းက သရဏဂုံ ယူခဲ့တာ။ မင်းပြောလို့ အခုလည်း ငါ ထပ်ယူပါတယ်လို့ ပြောတယ်။

အဲဒီမှာ အဋ္ဌကထာက ဖွင့်တယ်။
ဟိုတုန်းက ဗိုက်ထဲမှာ သရဏဂုံယူတာ မရဘူးလို့ ပြောတယ်။
သရဏဂုံဆိုတာ စိတ်အသိဉာဏ် ပါမှ ရတယ်။

ကလေးဘဝက ယူတာလည်း မရဘူးတဲ့။

သို့သော် သူသိတတ်တဲ့ အရွယ်ရောက်တဲ့အခါ အမေက ပြောတယ် ဆိုပါတော့။ ငါ မင်းကို ကိုယ်ဝန်ရှိတုန်းက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။ အထိန်းတော်ကလည်း ပြောတယ်။ မင်းကလေးဖြစ်စဉ်တုန်းက ငါက မင်းအတွက် သရဏဂုံ ယူခဲ့တယ်။
သြော် … ဟုတ်ပေသားပဲလို့ သူက အသိအမှတ် ပြုလိုက်ရင် သရဏဂုံ ရမယ်။
ဒီလိုမှ မဟုတ်ရင် သရဏဂုံ မရဘူးတဲ့။

ဒါကြောင့် ငါတို့ မြန်မာလူမျိုးတွေ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’ဆိုနေရင် အဲဒီ အသိလေး ပါနေစေချင်တယ်။

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ”ကတော့ နေ့တိုင်းလောက် ဆိုနေမယ် ထင်တယ်နော်။

ဒီနေ့က စပြီး အဲဒီ အသိကလေးပါနေရင် နေ့တိုင်း သရဏဂုံ အပြည့်အဝ တည်နေပြီလို့ မှတ်ရမယ်။
ဒီမတိုင်ခင်ကဆိုရင် မင်းတို့ ရချင်မှ ရမယ်။ အတိအကျ မသိနိုင်ဘူး။

အေး … သရဏဂုံ-ကိုးကွယ်ရာလို့ ဆိုပြီး ဆည်းကပ်တာက ဘာလဲလို့ မေးရင်တော့ တိတိကျကျ ပြောရရင် ကိုးကွယ်တဲ့အခါ ခေါင်းထဲမှာ နှလုံးထဲမှာ ဖြစ်တဲ့ ကုသိုလ်စိတ်ကို ခေါ်တယ်။

မြတ်စွာဘုရားကို ကိုးကွယ်ပါတယ်လို့ ဆိုတဲ့အခါမှာ မင်းတို့ စိတ်ထဲမှာ မကောင်းတာတွေ ရှိသေးလား? လောဘတို့ ဒေါသတို့ ရှိသေးလား?

မရှိဘူး။ အဲဒီ အချိန်အခါမှာ လောဘ ဒေါသ အစရှိတဲ့ ကိလေသာတွေ ကင်းနေတယ်ပေါ့။
အဲဒီလို ကိလေသာတွေ ကင်းပြီးတော့ ဘုရားကို ကိုးကွယ်တဲ့ စိတ် မိမိသန္တာန်မှာ ဖြစ်နေတယ်။
အဲဒါကို သရဏဂုံလို့ ခေါ်တယ်။

ကိုးကွယ်ရာဟူ၍ သိတယ်၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်တယ်။
အဲဒါကြောင့် ငါတို့ ဘုရားကို ကိုးကွယ်တယ်ဆိုတာ မကောင်းမှုမှ တားမြစ်တယ်။ ကောင်းမှုကို တိုက်တွန်းပေးတတ်တယ်ဆိုတဲ့ အနေနဲ့ အသိအမှတ်ပြုတာကို ကိုးကွယ်တယ် ဆိုတယ်။


ကိုးကွယ်တယ်ဆိုတာ တရားကို ကျင့်တာ

တို့ ဗုဒ္ဓဘာသာမှာ ဘုရားဆိုတာဟာ ဟောကြားရုံပဲ ရှိတယ်။
ကိုယ် ကိုယ်တိုင်က ကျင့်ရတယ်။

မြတ်စွာဘုရား ကိုယ်တော်တိုင်က ပြောထားတယ်။ ငါကိုယ်တိုင် ဒီတရားကို သိပြီးလို့ ခုမင်းတို့ကို ဟောတာ။ အခု မင်းတို့က ကိုယ့်ဟာကိုယ် ဝီရိယစိုက်ပြီး ကျင့်ရမယ်တဲ့။

တို့ ဘုရားဆိုတာ ဟောကြားရုံပဲ ဟောကြားနိုင်တယ်။ ဆိုလိုတာကတော့ ‘ရော့ မင်းတို့အတွက် နိဗ္ဗာန်’လို့ မပေးနိုင်ဘူး။
သွားတောင်းလည်း အလကားပဲ။

ဘုရားဆီမှာ နိဗ္ဗာန်ကို တောင်းလို့ ဘုရားကလည်း ပေးနိုင်တာမှ မဟုတ်တာ။ အဲဒီတော့ ကိုယ်ကိုယ်တိုင် ကျင့်ရမယ်။ ကိုယ်ကိုယ်တိုင် ကောင်းတာလုပ်ရင် အဲဒီ ကောင်းတဲ့အကျိုးကို ကိုယ်ကိုယ်တိုင် ရမယ်။ ကိုယ် မကောင်းတာ လုပ်ရင် မကောင်းတဲ့အကျိုး ကိုယ်ပဲ ရမယ်။ သူများက ကိုယ့်အတွက် တာဝန်ခံတာမျိုး မရှိဘူး။

ဘုရားကို ကိုးကွယ်ပါ၏။
တရားကို ကိုးကွယ်ပါ၏။
သံဃာကို ကိုးကွယ်ပါ၏လို့ ဘယ်လောက် ဆိုနေ ဆိုနေ၊ မကျင့်ရင် မရဘူး။

တစ်ဖက်မှာ ကိုယ်တိုင် ကျင့်မှ ရတယ်ဆိုတဲ့ စကား ရှိတယ်။
ဒီဘက်ကျတော့ တို့က ဘုရားကို ကိုးကွယ်နေတယ်၊ အားထားနေတယ်ဆိုတော့ အဓိပ္ပာယ်ရှိရဲ့လား။
ဘုရားကို အားကိုးတယ်ဆိုတာ ကျောင်းသားက ဆရာကို အားကိုးနည်းမျိုး အားကိုးတာ။ ကျောင်းမှာ ဆရာက ကျောင်းသားအတွက် စာမကျက်ပေးနိုင်ဘူး၊ သင်ပြပေးတယ်။
မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို ကျင့်ကြလို့ပဲ ညွှန်ပြပေးနိုင်တယ်။ မင်းတို့ သွားကစားနေကွာ၊ မင်းတို့အတွက် ငါကျက်ထားပေးမယ်၊ ဒီလို လုပ်လို့ မရဘူး။

အဲဒီလိုပဲ မြတ်စွာဘုရားက မင်းတို့ ဘယ်လို လုပ်ကြ၊ ဘယ်လို နေကြ၊ ဘယ်လို တရားကျင့်ကြ၊ အဲဒီလို လေ့ကျင့်ပေးတယ်။ ဟောကြားပေးတယ်။ အဲဒီလိုသာ လုပ်ပေးနိုင်တယ်။

ဒါကြောင့် ဘုရား တရား သံဃာ ကိုးကွယ်တယ်ဆိုတာ မြတ်စွာဘုရားကို လမ်းကောင်း လမ်းမှန် ညွှန်ပြပေးနိုင်တဲ့ ဆရာအဖြစ် အသိအမှတ် ပြုတယ်၊ အားထားတယ်။ တရားကိုလည်း ဆရာအဖြစ် အသိအမှတ် ပြုတယ်။ အဲဒါကိုပဲ ကိုးကွယ်တယ်လို့ ဆိုတာ။
ကိုးကွယ်တယ်ဆိုတာ ကလေးက အမေကို အားကိုးတာမျိုး မဟုတ်ဘူး။ ငါကိုးကွယ်ရင် ပြီးရော၊ ကျန်တာတွေ ဘုရားက အကုန်လုံး လုပ်ပေးလိမ့်မယ်လို့ ဒီလို မျှော်လင့်ချက်နဲ့ အားကိုးတာလည်း မဟုတ်ဘူး။ အဲဒါကို နားလည်ပါ။


ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အခြေခံ ဗုဒ္ဗဘာသာ ယဉ်ကျေးမှု” မှ

ကွန်နက်ရှင်ကြီး စိတ်ကောက်နေလို့ အပိုင်း (၂) ကို နောက်ရက်များမှာ ..ဖတ်ရှကြပါရှင်


အားလုံးကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်

တလွဲဆံပင်ကောင်းကြသော ဗုဒ္ဓ ဘာသာဝင်များ

ဗုဒ္ဓဘာသာဝင်များဟာဘုရားကျောင်း၊ကန်၊ဇရက် ဒါကာ ဒါကာမ အဖြစ်အရမ်းကိုရပ်တည်လို့ကြပါတယ်
ဘုရား၊ကျောင်း၊ကန်၊ဇရက် ဒါကာ ဒါကာမ ဖြစ်ဖို့ဆိုရင် သိန်း ၁၀၀ လုတန်းဖို့ဝန်မလေးကြပါဘူး
ဒါကောင်းသောအလုပ်ပါ။ ။
ဒါပေမဲ့ရှိပြီးသားဘုရား၊ကျောင်း၊ကန်၊ဇရက် နာမည်ကြီးသောဆရာတော်များထံမှာသာလုးဒ်ါန်းပါတယ်
ကျနော်ပြောချင်တာက ယခုအချိန်မှာ ဗုဒ္ဓ ဘာသာဝင်းများဟာအမြင် ကြယ်ဝင်းသင့်ပါပြီး
ရဟန်းတော်များ သီလှရှင်များဟာ အနယ်နယ်အရပ်ရပ်မှာ ပရဟိတ မိဘမဲ့ဂေဟာများ စာသင်တိုက်များ ဗုဒ္ဓ စာပေပိုချသော နွမ်းပါသောဆရာတော်များ ဆပ်ကပ်လူးဒါန်သင့်ပါတယ် ။
၊ ထိုကျောင်းများမှာ အလူငွေလူဒါန်းသူနည်းပါးလှသဖြင့် ကလေးသူငယ်များမ၀ရေစာ စားသုံးနေကြရပါတယ် ရှိပြီးသားဘုရား၊ကျောင်း၊ကန်၊ဇရက် ဆရာတော်များထံတွင် ထက်ကာလူဒါန်နေကြမည်အစား ထိုကဲ့သို့ လိုအပ်သောနေရာများတွင် လူဒါန်သင့်ပါသည် ။ ။ ဘာလို့လဲဆိုတော့ ဘာသာချားများဟာ သူတိုဘာသာအတွက် ၀န်ခြံကြယ်ကြီးများတွင် ကားဝက်ရှာ့များ ကားဘော်ဒီးရုံကြီးများတည်ဆောက်ကြပြီး ရာပေါင်းများစွာသော ဗုဒ္ဓ ဘာသာဝင်ကလေများကို ထမင်ကျွှေး အသက်မွှေးဝမ်ကြောင်းသင်ပေနေတဲ့ အပြင် လစာပါပေးနေသောကြောင့် ရာပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်ကလေများဟာ တဖွဲ့ဖွဲ့ ၀င်ရောက်လာပြီး
နောက်ဆုံတော့ သူတိုဘာသာဝင်များအဖြစ်သွတ်သွင်ချင်ခံလိုက်ရပါတော့တယ် ၊
ဘုရား၊ကျောင်း၊ကန်၊ဇရက် များ များပြားလာသည်နှင့်အမျှ ဗုဒ္ဓ ဘာသာဝင်များနည်းပါလာသည်ကို သတိပြုသင့်လှပေ၏ ဒါကြောင့် ကျနော်ပြောချင်တာက ဗုဒ္ဓ ဘာသာဝင်များဟာဒီအတိုင်ဆက်သွားမယ် ဆိုရင် ဗုဒ္ဓ ဘာသာဟာ နောင်နှစ်အနည်းငယ် အတွင်းမှာ ကျောင်းကန်ဇရက် တို့သာတည်ရှိပြီး ဗုဒ္ဓ ဘာသာဝင်များဟာ မရှိသလောက်ကို နည်းပါးသွားပြီး ပြောက်ဆုံးသွားမှာပါ ။ ။
ဒါကြောင့် အလူဒါန တွင် အသိနှင့် သတိရှင်ပြီး အမှန်တကယ် လိုအပ်သောနေရာများတွင် လူဒါန်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်

မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင်။

တစ်ခါက အလွန့်အလွန် နာမည်ကြီးတဲ့ ကျမ်းပြု ဆရာတော် တစ်ပါးက တရားဟောရင်း
စကားတစ်ခွန်း ထည့်ပြော သွားပါတယ်။
“မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အာဖရိကနိုင်ငံတွေနဲ့ သူမသာ ကိုယ်မသာဖြစ်မှာပဲ” ဆိုတဲ့ စကားလေ။

ဒါကိုတော့ ခင်ဗျားတို့ သေချာပေါက်ကြားဖူးတယ်။
ရဲလေးနဲ့ ကြက်ဖတို့ဆိုထားတဲ့သီချင်းကို တရားလုပ်ဆိုထားတာ။
စကြားစတုန်းကတည်းက ကျွန်တော် ဒီပိုစ့်ကို ရေးမလို့ပါ။ ဒါပေမယ့်
ဒီတစ်ပုဒ်တည်းနဲ့ ပြီးမယ်လို့ ထင်ခဲ့လို့ပါ။ သိပ်မကြာပါဘူး။
ဂန္ထ၀င်ရည်းစာစာ ဆိုပြီး ထွက်လာပြန်ပါရော။ ဆိုတဲ့သူကလည်း မကြောက်။
နားထောင်တဲ့သူကလည်း မကြောက်။ ကျွန်တော်တို့ ဘုရားရှင်က သိက္ခာပုဒ်တွေကို
ပညတ်ခဲ့ရာမှာ လောကအပြစ်နဲ့ မလွတ်တဲ့ အပြစ်တွေကိုလည်း သိက္ခာပုဒ်အနေနဲ့
သတ်မှတ်ခဲ့ ပါတယ်။ ဒါတွေဟာ ဒီလိုလုပ်တာဟာ လောကအပြစ်ပါ။ ဘာသာခြားတွေ
ဟားတိုက်စရာ။ လှောင်ပြောင်စရာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ ကိုယ့်ဘာသာတရားကို
ကပျက်ကချော်လုပ်ရဲတယ်။ ဒီဘာသာဟာ နဂိုရ်ကတည်းက ဘာမှအဓိပ္ပါယ်မရှိ
ဖွဲ့စည်းထားတဲ့ ဘာသာဖြစ်မှာပါပဲလို့ ထင်မြင်သွားစရာဖြစ်ပါတယ်။

အဲဒီသီချင်းတွေက တရားဝင်ဖြန့်တာ မဟုတ်ဘူးလို့ ကျွန်တော် ယူဆမိပါတယ်။
ဒါပေမယ် တရားဝင်ထွက်လာတဲ့ ခွေက မေတ္တာပို့ ကိုဒီဂျေပွတ်တာပါ။
ရင်နာစရာကောင်းပါတယ်။ ဗုဒ္ဓဘာသာကသာ ဗုဒ္ဓဘာသာကို ပြန်ဖျက်ဆီး လိုက်ကြပါပြီ။
မာတာပိတု အာစရိယ
ဉာတိမိတ္တသမူဟာ အဝေရာဟောန္တု အဗျာပဇ္ဇာဟောန္တု အနီဃာဟောန္တု စတာတွကို
ဒီဂျေပွတ်ပစ်တာပါ။ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း။ ဆရာသည်လည်းကောင်း၊
ဆွေမျိုးသည်လည်းကောင်း၊ မိတ်ဆွေသည်လည်းကောင်း ကျန်းမာပါစေ၊ ချမ်းသာပါစေ။
ဘေးရန်ကင်းပါစေ ဆိုတာကို ခင်ဗျားတို့ ကလို့ရတယ်ပေါ့။
ခပ်မှိန်မှိန်အပြာရောင်မီးအောက်မှာူးမူးရူးရူးတစ်ယောက်ကို တစ်ယောက် လူမှန်းမသိအောင်မူးရင်း ဖက်နမ်းပြီး ကရဲကြတယ်ပေါ့။ အဲဒီသီချင်းကို အနုပညာ
လို့ ခေါ်ရဲတယ်ပေါ့။ အဲဒီပညာတွေကို။ ခေတ်မီတယ်ပေါ့။ ဗုဒ္ဓဘာသာကို
ပြန်ဖျက်ဆီးကြတာ ပျော်စရာကောင်းတယ်ပေါ့။ မစိုးရိမ်ဆရာတော်ဘုရားကြီး
ပြောလေ့ရှိတဲ့ စကားက “မင်းတို့က မတောက်တခေါက် အတွေးအခေါ်တွေနဲ့ ဖင်ခေါင်းက
သိပ်ကျယ်ချင်ကြတာ” လို့ ကျွန်တော် ပြန်ပြောရင်တောင် ကျွန်တော်က
ယဉ်ကျေးပါသေးတယ်။ ခင်ဗျားတို့က မအေကိုင်တုတ်မှ ရိုင်းတယ်လို့
ထင်နေကြတာပေါ့။ မြန်မာနိုင်ငံက အနုပညာရှင်တွေ သူတို့ကိုသူတို့
အနုပညာရှင်လို့ ပြန်ခေါ်ရဲတာ အံ့တယ်။

သီချင်းတစ်ပုဒ်က “ဘုန်းကြီးဝတ်သွား” တဲ့။ ဟုတ်လား။ ဆိုစရာ ရှားနေရင်
သူတောင်းစားလုပ်စားလို့ ရတယ်။ မြန်မာတွေ ထွင်ထားတဲ့ စကားပုံတစ်ပုံရှိတယ်။
“ထမင်းငတ်လို့ မသေပါဘူး” တဲ့။ အရေးထဲ မန္တလေးသင်္ကြန်မှာ ချစ်သုဝေက
ပြောသွားသေးတယ်။ “ကိုယ်တော်တွေ ရရင် လိုက်ဆိုလို့ရတယ်” တဲ့။
စန္ဒီမြင့်လွင်က “အများကြီးပဲ ကိုယ်တော်တွေ” တဲ့။ အများကြီးပဲ အဆိုတော်တွေ
ပြောသွားတဲ့ စကားတွေ။ မြန်မာနိုင်ငံမှာ ရဟန်းပေါင်း ငါးသိန်းကျော်တယ်။
မဟုတ်တာလုပ်နေတဲ့ ကိုယ်တော်တွေ တစ်သောင်း မပြည့်ပါဘူး။ စာသင်နေတဲ့
စာချနေတဲ့ တရားထိုင်နေတဲ့ ကိုယ်တော်တွေကို လိုက်မကြည့်ဘဲ ပုထုဇန်သဘာဝအရ
မရင့်ကျက်သေးတဲ့ ကိုယ်တော်တွေကို လိုက်ကြည့်ပြီး အပြစ်ပြောချင်နေတယ်။
ဆိုစရာသီချင်းမရှိရင် ကျွန်တော့်ဆီလာခဲ့ပါ။ ကျွန်တော်ရေးပေးမယ်။
ဘုန်းကြီးဝတ်သွားဆိုတဲ့ စာသားကို မြန်မာ့ဂီတအစည်းအရုံးကလည်း
ထုတ်ခွင့်ပေးတာ အံ့ပါတယ်။ ဆင်ပေါက်ထက် ဂျောက်ဂျက်ကမှ ယဉ်ကျေးပါသေးတယ်။

ဒီသီချင်းတွေကို ကျွန်တော့်ထက် မိတ်ဆွေတို့ ပိုကြားဖူးမှာပါ။

အထက်ပါ ကျမ်းပြုဆရာတော်ဟာ အထက်ပါစကားကို ပြောသွားခဲ့တာ နှစ်ပေါင်း
ငါးဆယ်ကျော်သွားပါပြီ။ ဆရာတော်ဘုရား သိပ်မှန်တယ်။ “မြန်မာနိုင်ငံကို
ဗုဒ္ဓဘာသာသာ ရောက်မလာခဲ့ရင် အာဖရိကနိုင်ငံနဲ့ သူမသာကိုယ်မသာဖြစ်နေမှာပဲ”

ကျွန်တော်ဒီပိုစ့်ကို ဆွမ်းဆန်ထဲ ကြက်ချေးရောသည်ဟု သတ်မှတ်သော်လည်း
အကြာကြီးထိုင်ပြီး အစော်ကား မခံနိုင်တော့သဖြင့် တင်လိုက်ခြင်းဖြစ်ပါသည်။

ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်

ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ကိုရကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးပင် ဖြစ်ပါ၏ ။

လောက၌ ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်၏ ။

ထို့ကြောင့်လည်း စလင်းကန်လယ်ဆရာတော်ဘုရားကြီးက……

" အိုလူများတို့ ၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ဘာ ၀မ်းနည်းစရာရှိသလဲ ၊ ယခုအခါ ဓမ္မက္ခန္ဓာ ဘုရားတွေအများကြီး ရှိသေး၏ ။ကံ ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီးနစ်နာကြလိမ့်မည် ။ စာမတက်လို့ ဘာမတက်လို့ လဲမလုပ်ကြပါနှင့် ၊ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည် ။ သို့အတွက် အိုလူများတို့ ၊ ယခုအခါ ကံ ပါရမီကိုမေးရန် မလိုပါ ။ ရှင်ဘုရင်သားဖြစ်ပြီးအိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလိုပါ ။မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီးပျားဖွတ်ရန်မလို ၊ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော် ၊ ကံပါရမီချဖွယ်မလို ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျက်မဆေးသော်ရေ၌အပြစ်ဆိုဖွယ်ရာမလို ၊ မိမိကသာဖျင်းလို့ ၊ အ လို့ န လို့ ဖြစ်သည် ။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏ ။ကြောက်ကြ ၊ လန့်ကြ ၊ ထိတ်ကြ ၊ အိုလူများတို့ ၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့ ။ "

..... ဟူ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည် ။

မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀မှ အနှစ်သာရထုတ်ခြင်းတစ်ခုပင် ဖြစ်၏ ။ ထိုကဲ့သို့ အနှစ်သာရထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး ၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရန်လိုအပ်ပါသည်

Activists to attempt elections uprising


An activist network will attempt to spark a mass uprising against military rule in Burma on Sunday, the day of the country’s first elections in two decades, DVB has learned.

Moethee Zun, one of the leaders of the 1988 student uprising which was brutally put down by the army, said the People Action Committee (PAC) believed it could succeed where the ‘88 demonstrators failed. “We have no guns or bullets… but we have enough determination to end the dictatorship and restore democracy,” said Moethee Zun, one of the PAC’s seven leading members.

Sunday’s elections will not be free and free and will merely perpetuate the military regime’s rule, said the long-time activist and former deputy chairman of the influential All Burma Students’ Democratic Front (ABSDF). “Major parties such as the National League for Democracy and ethnic ceasefire groups have been purged from the political process… they are being besmirched by the regime’s propaganda machine.”

“Only the USDP [Union Solidarity and Development Party] is campaigning freely, using threats, bribes and violence,” he said. He accused the military of blocking the activities of democratic parties, preventing them from meeting in public and denying them the freedom to promote their policies in the media.

The PAC has a central committee of around 50 members, including ‘88 activists, MPs elected in the 1990 elections and ethnic leaders inside the country, said Moethee Zun. Each committee member has a network of activists within Burma ready to disrupt the polls, he said. The network would distribute leaflets and posters, make speeches, shout slogans, and attempt to start marches in crowded areas, he said.

The PAC has already started its activities. On Wednesday its members gave out leaflets in the Yuzana Plaza shopping mall. Tomorrow activists will campaign in 20 townships in Upper Burma, giving out t-shirts, urging the public not to support the election and demanding the release of political prisoners including Aung San Suu Kyi. Asked whether Suu Kyi would join the government if the uprising succeeded, Moethee Zun said his group had not held discussions with her.

But political analyst Aung Naing Oo, himself a former member of the ABSDF, was sceptical the group would succeed in its goals. “Democracy is a process…. Even if the opposition groups are able to kick out the military, democracy won’t come to Burma overnight,” he said.

In fact, the PAC was putting lives at risk by inviting a violent crackdown by the army, he said. “I have argued with opposition groups, especially people like Moethee Zun… that he is sending people to their deaths… They [the military] didn’t even spare the country’s most revered institution, the monks,” he said, referring to the 2007 Saffron Revolution, when the military brutally suppressed a mass uprising by Burma’s Buddhist clergy.

Asked if the PAC risked provoking violence in Burma, Moethee Zun’s reply was simple. “We are expecting that response,” he said. “We have no choice.”

Source: http://www.dvb.no/elections/activists-to-attempt-elections-uprising/12577