Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 28 October 2010

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များ၏ မဲမပေးရေးလှုပ်ရှားမှု သတင်း ဓာတ်ပုံ






ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လူငယ်များမှ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ ဒလ၊ ကော့မှုးမြို့နယ် များသို့ အဖွဲ့ (၂)ဖွဲ့ခွဲ၍ မဲမပေးရေးလှုပ်ရှားမှု စာရွက်စာတမ်းများအား မဲဆန္ဒရှင် ပြည်သူများသို့ သွားရောက်ဝေငှခဲ့ကြောင်း သိရှိရပါသည်..။

တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံမြို့နယ်များသို့ တစ်ဖွဲ့နှင့် ဒလ၊ ကော့မှုးမြို့နယ်သို့ တစ်ဖွဲ့ သွားရောက်ခဲ့ကြပါသည်။ သင်္ဃန်းကျွန်းဈေး၊ တောင်ဥက္ကလာပ ၁၀ရပ်ကွက်ဈေး၊ မြင်သာဈေး စသည့် လူစည်ကားရာ နေရာများသို့ သွားရောက် ဝေငှခဲ့ကြောင်း သိရှိရပါသည်..။ ရောက်ရှိ ဝေငှရရာနေရာတိုင်း ၌ပြည်သူလူထုမှ လိုက်လံ တောင်းယူကြကြောင်း အဆိုပါ .. မဲမပေးရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် အဖွဲ့ချုပ်လူငယ် အဖွဲ့ဝင်တစ်ဦးမှ ပြောဆိုပါသည်..။

ကော့မှုးမြို့ဈေးအတွင်း စာရွက်ဝေငှရာ၌ ဈေးအာဏာပိုင်များ၏ တားမြစ်ခြင်းကို ခံရပြီး ကော့မှုးမှာ လက်ခံရယူခဲ့တဲ့ ပြည်သူများထံမှ မဲမပေးရေး စာရွက်များအား အာဏာပိုင်များမှ တရားမ၀င် စာရွက်တွေယူထား ပုံနှိပ်ဥပဒေနဲ့အဖမ်းခံရမည်ဟ ခြိမ်းခြောက် ပြောဆိုပြီး နေအိမ်များအထိ လိုက်လံတောင်းယူ ခဲ့တယ်လို့ သိရှိရပါသည်..။ အချို့မှာ ခြိမ်းခြောက်မှုအား ကြောက်ရွံ၍ ပြန်ပေးခဲသော်လည်း အများစုမှာ မိမိတို့အိမ်အား လာရောက်ဝေငှခြင်း မရှိဟု ငြင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ချုပ်ရဲ့ ကြေငြာချက်မှာ တိုင်းပြည်နှင့် ပြည်သူလူထု၏ ပစ္စုပ္ပန်နှင့် အနာဂတ် အကျိုးစီးပွားကို ရှေ့ရှု၍ ၂၀၁၀ ရွေးကောက်ပွဲကို လုံးဝဥသုံ သပိတ်မှောက်ကြောင်း အတိအလင်း ကြေငြာခဲ့သလို

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း

နိုင်ငံသားတွေ အနေနဲ့မဲပေးဖို့ အခွင့်အရေးရှိသလို
ဆန္ဒမရှိရင်လည်း မဲမပေးတာလည်း ဥပဒေအရ အခွင့်အရေးပဲဖြစ်ကြောင်း

အတင်းဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း

NLD မပါလို့ ဘယ်သူ့ကို မဲထည့်ရမလဲ ဆိုရင်
ကိုယ်ကြိုက်တဲ့ ပါတီမပါရင် မဲမထည့်ပဲ နေပါဟု ပြောဆိုထားပါတယ်..။

သတင်း၊ ဓာတ်ပုံများအတွက် ပေးပို့သူညီမအား ကျေးဇူးတင်ပါသည်..။

ဒီမိုဝေယံ

UN, Aid Groups to Scale Up Cyclone Disaster Response

28 October 2010 (Chinland Guardian): UN agencies and international humanitarian organizations are scrambling to scale up efforts to respond to Cyclone Giri following new estimates on the extent of damages caused by the killer storm that swept through western Burma last week.

A meeting held in the former capital Rangoon on Wednesday, and attended by heads of diplomatic missions, UN agencies interantional and local non-governmental organizations, named four Townships in Arakan State as being the worst-hit areas: Kyaukpyu, Minbya, Pauktaw and Myebon.

The UN Resident and Humanitarian Coordinator Bishow Parajuli told the high-level gathering that the number of people affected by the Cyclone could now be higher than initially estatimated. UN agencies such as the UNHCR, FAO, UNDP, WFP and UNICEF are already present in the areas mobilizing relief efforts, with several other aid groups now engaged in rapid assessment and provision of food and non-food items.

Acknowledging that 'good lessons' have been learnt from Cyclone Nirgis, the UN Chief in Burma urged the Burmese authorities to 'facilitate continued access' to the affected areas for all agencies engaged in providing humanitarian relief.

Meanwhile, the Canaidan government is being urged by Parliamentarians to provide humanitarian assistance to help victims of the Cyclone. Liberal MP Jim Karygiannis, who was the first politician to call for Canadian assistance to Burma during Cyclone Nirgis, says, "[Prime Minister] Harper and his ministers should immediately offcer assistance to victims of Cyclonehttp://burglish.my-mm.org/latest/trunk/web/testarea.htm Giri."

Canada was one of the largest contributors to the 2008 Cyclone Nargis relief efforts, making it the fifth largest nations in the world to contribute to the United Nations' Central Emergency Relief Fund (CERF) with a total donation amounting to 39.4 million dollars.

The United States on Tuesday pledged 100,000 dollars towards the Cyclone Giri relief efforts.

According to one Chin pastor based in one of the worst-hit areas of Myebon of Arakan state, at least 2,000 Chin families were affected by Cyclone Giri.

မြန်မာနိုင်ငံရှိ အသည်းကင်ဆာ ဝေဒနာရှင်များကို စင်ကာပူတွင် အခမဲ့ ဆေးကုသပေးမည့် အစီအစဉ်

စင်ကာပူအစိုးရ၏ ပံ့ပိုးငွေဖြင့် မြန်မာနိုင်ငံရှိ အသည်းကင်ဆာ ဝေဒနာရှင်များကို စင်ကာပူနိုင်ငံသို့ အခမဲ့ ခေါ်ဆောင်ကာ အခမဲ့ တာဝန်ယူ ဆေးကုသပေးသွားမည်ဟု သတင်းရရှိသည်။ ပထမဆုံး အနေဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အသည်းကင်ဆာ ဝေဒနာရှင် ၃၆၀ ဦးကို ခေါ်ယူကာ ကုသပေးသွားမည် ဖြစ်ပြီး အဆိုပါ ကုသမှုအတွက် လေယာဉ်လက်မှတ်၊ ဟိုတယ်အခန်းခမှ စ၍ အခကြေးငွေ တစ်စုံတစ်ရာ ပေးရန် မလိုကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ အသည်းကင်ဆာ အဖွဲ့အစည်း (International Liver Cancer Association, ILCA) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကမ္ဘာအသိအမှတ်ပြု မြန်မာ့အသည်းသမားတော် တစ်ဦးဖြစ်သူ ဒေါက်တာခင်မောင်ဝင်းမှ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မီဒီယာများသို့ ပြောကြားရာတွင် အသည်းကင်ဆာ (Hepatocellular Carcinoma) ဖြစ်ပွားလျှင် အကောင်းဆုံး ကုသနည်းမှာ ကင်ဆာဖြစ်သော အသည်းနေရာကို ခွဲစိတ်ထုတ်ပယ်ဖြစ်ခြင်း ဖြစ်ကြောင်း၊ ..............

Sorafenib ဆေး

သို့သော် လက်ရှိ ပြည်တွင်းတွင် အသည်းကင်ဆာများကို ဤသို့ ခွဲစိတ်ကုသပျောက်ကင်းနိုင်သော စောစီးသည့် အခြေအနေနှင့် တွေ့ရသည်မှာ ၅% ခန့်သာ ရှိကြောင်း၊ ထို့ကြောင့် ခွဲစိတ်ကုသနည်းသည် မြန်မာနိုင်ငံအတွက် အားမကိုးနိုင်ကြောင်း၊ ယခု စင်ကာပူနိုင်ငံမှ ကုသပေးမည့် အစီအစဉ်တွင် အသုံးပြုမည့် နောက်ဆုံးပေါ် ဆေးသည် Sorafenib ဟု အမည်ရပြီး ကနေဒါ ပညာရှင်များ တီထွင်ထားခြင်း ဖြစ်ကြောင်း၊ အသည်းကင်ဆာ ဝေဒနာရှင်များအတွက် အာနိသင် အကောင်းဆုံး ဆေးဖြစ်ပြီး အလွန်ဈေးကြီးကြောင်း၊ ၄င်းဆေးကို Y90 Yttrium Radioembolization အဏုမြူနည်းဖြင့် ပေါင်းစပ်ကုသရမည် ဖြစ်ပြီး လူတစ်ယောက်စာအတွက် မြန်မာငွေ သိန်း ၂၅၀ ခန့် ကုန်ကျမည် ဖြစ်ပြီး ယခု အာရှ-ပစိဖိတ် အသည်းကင်ဆာ ဆေးသုတေသနအဖွဲ့ (Asia-Pacific Hepatocellular Carcinoma Trial Group) မှ ကုသပေးသည့် အစီအစဉ်တွင် ဝေဒနာရှင်များဘက်မှ ကုသခ တစ်စုံတစ်ရာ ပေးရန် မလိုကြောင်း ရှင်းလင်း ပြောကြားသွားခဲ့သည်။

အသည်းကင်ဆာဆဲလ်များကို တိုက်ဖျက်မည့် Y90 အစ်ထရီယမ် အမှုန်လေးများ

အသည်းကင်ဆာဝေဒနာ ရှင်များကို ဦးစွာ စမ်းသပ်စစ်ဆေးပြီး Sorafenib ဆေးသွင်းကုထုံး တစ်မျိုးတည်းဖြင့် ကုသ၍ ရမည်ဆိုလျှင် စင်ကာပူသို့ သွားရန်မလိုဘဲ ပြည်တွင်းသို့ ဆေးများ အရောက်ပို့ပေးမည် ဖြစ်ကြောင်း၊ Y90 Yttrium Radioembolization အဏုမြူနည်းပါ လိုအပ်သူများကိုသာ စင်ကာပူသို့ ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်ဝင်းက ဆက်လက် ပြောပြခဲ့သည်။

အဆိုပါ ကုသမှုကို ခံယူနိုင်ရန် အကြမ်းဖျဉ်း အားဖြင့် ပြည်သူ့ဆေးရုံ တစ်ခုခုတွင် အသည်းကင်ဆာ ဝေဒနာရှင်အဖြစ် စာရင်းဝင်သူ ဖြစ်ရမည်ဟု ကြားသိရပြီး အသေးစိတ် အချက်အလက်များကိုတော့ သတင်းမရရှိသေးပါ။

(ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း အနေဖြင့် ကုသခွင့် လူနာ ၃၆၀ အနက် အယောက် ၃၀ ပို့ဆောင်ကုသခွင့် ရရှိထားကြောင်း သတင်းရရှိသည်။ ထိုအခွင့်အရေးသည် သူကဲ့သို့သော ကမ္ဘာကျော် ဆေးပညာရှင် တစ်ယောက် အနေဖြင့် ရသင့်သည့် အခွင့်အရေးဟု စာရေးသူ ထင်မြင်မိပြီး ကုသမှု တကယ်လိုအပ်သူ မရှိနွမ်းပါးသူများကို ဆေးရုံစာရင်းများအရ ခေါ်ယူသွားမည်ဟု နောက်ဆက်တွဲ သတင်းရရှိပါသည်)။

အထိုင်များလို့ ခါးဝေဒနာ မဖြစ်ရအောင်

တစ်နေရာထဲမှာ နာရီများစွာထိုင်ပြီး အလုပ်လုပ်ရင် ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ တင်ပါးပေါ်မှာ ကျရောက်နေတတ်ပါတယ်။ အဲဒီနာရီများစွာ ထိုင်တဲ့အခါထိုင်ပုံက ပျင်းတိပျင်းတွဲ ဖြစ်နေရင် ခန္ဓာကိုယ် ပုံသဏ္ဌာန် ပျက်ယွင်းတာက စပြီး အသက် ၄၅ နှစ်အောက် လူများမှာဆိုရင် ခါးနာရာက မသန်မစွမ်းဖြစ်တဲ့ အထိ အန္တရာယ် ရှိနိုင်ပါတယ်။ အလုပ်ခွင်မှာဖြစ်စေ၊ နေအိမ်မှာဖြစ်စေ တစ်နေရာတည်း နာရီများစွာ မလှုပ်မယှက် ထိုင်နေတာများလာရင် တင်ပါးအသားတွေ ပျော့တွဲလာတာ၊ သွေးကြောပိတ်တာတွေလည်း ဖြစ်တတ်ပါသေးတယ်။

ထိုင်နေတဲ့အခါ မတ်တတ်ရပ် အနေအထားထက် ပိုပြီး ကျောရိုးမှာ ဖိအားသက်ရောက်မှု ရှိတတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အင်္ဂလိပ်အက္ခရာ “C” ပုံသဏ္ဌာန် လက်ပြင်ကုန်းပြီး ထိုင်ရင်တော့ ကျောရိုးပေါ်သက်ရောက်တဲ့ ဖိအားဟာ နှစ်ဆပိုလာပါပြီ။ အဲဒီလိုပုံစံနဲ့ ထိုင်ရင် မလှုပ်မယှက်နေတဲ့အခါ ကျောရိုးထဲက အရိုးကွင်းဆက်တွေအတွက် လိုအပ်တဲ့ အာဟာရ မရရှိတော့ပါဘူး။ ခန္ဓာကိုယ်လှုပ်ရှားမှု ရှိနေမှသာ အဲဒီအရိုးကွင်းဆက်တွေက လိုအပ်တဲ့ အာဟာရကို သွေးကြောတွေက ထောက်ပံ့ပေးနိုင်တာပါ။

အဖြစ်များတဲ့ ခါးအောက်ပိုင်းနာကျင်မှု အပါအဝင် အထိုင်များလို့ ဖြစ်ရတဲ့ ဝေဒနာတွေကို ရှောင်လွဲနိုင်တဲ့ နည်းလမ်းတွေကတော့-
၁။ ထိုင်လျက် တစ်သတ်မတ်ထဲမနေဘဲ ပုံစံပြောင်းပါ။ ၁၅ မိနစ် ဒါမှမဟုတ် နာရီဝက်တစ်ခါလောက် ထိုင်ရာကထပြီး လက်နှစ်ဖက်ကို ခါးနောက်မှာ ယှက်ထားကြည့်ပါ။ ဖုန်းပြောတဲ့အခါ မတ်တတ်ရပ်ပြီးပဲ ပြောသင့်ပါတယ်။ ထိုင်လျက်အနေအထားမှာ ဝမ်းဗိုက်ကြွက်သားတွေကို ကျုံ့စေပါတယ်။ ဒါကြောင့် ထိုင်လျက်ပြောမယ်ဆိုရင်လည်း ခန္ဓာကိုယ်ကိုယ် မတ်မတ်ထိုင်ပြီး ကျောမှီထားပါ။
၂။ တတ်နိုင်သူတွေကတော့ လမ်းလျှောက်လေ့ကျင့်ခန်း စက်ကိရိယာ (Treadmill) တွေ အသုံးပြုပြီး ပြုလုပ်သင့်ပါတယ်။
၃။ ခါးအတွက်တော့ ဆောင့်ကြောင့်ထိုင်တာက ခုံနဲ့ထိုင်တာထက် ပိုကောင်းပါတယ်။ အကြောင်းကတော့ ဆောင်ကြောင့်ထိုင်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အလယ်ပိုင်းက အလေးချိန်အများစုဟာ ပေါင်တွေပေါ်မှာပဲ သက်ရောက်မှုရှိနေလို့ ဖြစ်ပါတယ်။ ဆောင့်ကြောင့်ထိုင်တဲ့အခါ ဦးခေါင်းနဲ့ ပခုံးတွေကို မတ်မတ်ထားပြီး ထိုင်ရင် ခါးရဲ့ သဘာဝအနေအထားကို ရရှိနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန် တစ်ဦးက ဆိုပါတယ်။
၎။ ရုံးမှာ ကားပေါ်မှာ ထိုင်တဲ့အခါ ခါးရဲ့ သဘာဝပုံစံ အနေအထားကို ဖြစ်ပေါ်စေဖို့ ထိုင်ခံပေါ်မှာ ခါးမှီတစ်ခုခု (Lumbar roll) ထား ရှိသင့်ပါတယ်။
၅။ လက်ပြင်ကုန်းပြီး ထိုင်တာကြာလာရင် အဲဒီလိုပုံစံကနေ မတ်မတ်ထိုင်တဲ့ ပုံစံကို တစ်ကြိမ်မှာ ၁၀ ခါကနေ ၁၅ ခါ အထိ တစ်နေ့သုံးကြိမ် ပြုလုပ်သင့်ကြောင်း တင်ပြလိုက်ပါတယ်။

အဓိက အိပ်ရေးပျက်ခြင်းကြောင့်

အိပ်ရေးပျက်ခြင်းကြောင့် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ် ။ မေ့တတ်လာတာတွေ ၊ ၀င်ရောက်လာနိုင်တဲ့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်စွမ်းတွေ လျော့ကျလာတာတွေ ရှိလာတတ်ပါတယ် ။ ဒီဆိုးကျိုးတွေက တဖြည်းဖြည်းချင်းမှ သက်ရောက်လာနိုင်ပေမဲ့ ချက်ချင်းသက်ရောက်လာနိုင်တဲ့ ဆိုးကျိုးကတော့ မျက်နှာပြင်မှာ ၀က်ခြံလို့ခေါ်ကြတဲ့ အဖုလေးတွေ ထွက်တတ်လာတာပါပဲ ။ အဲအဖုလေးတွေ ထွက်လာရင် အများစုကတော့ cosmetics တွေနဲ့ ဆေးတွေ သုံးစွဲကြပါတယ် ။ အဲဒီလို ဆေးတွေ ၊ cosmetics တွေသုံးတာ အပြင် ဒီလိုလေးဂရုစိုက်ပေးခြင်းဖြင့်လဲ ကာကွယ်နိုင်ပါတယ် ။
1. မျက်နှာပြင်နဲ့ အထိအတွေ့များတဲ့ မျက်နှာသုတ်ပုဝါ ၊ ခေါင်းအုံးစွတ် ၊ စောင် (တချို့က စောင်ကို ခေါင်းထိပါခြုံတတ်တဲ့ အလေ့အကျင့်ရှိကြလို့ပါ ) စတာတွေကို အမြဲသန့်ရှင်းအောင်ထားပါ ။
2. မိန်းကလေးတွေအတွက် ဆံပင်သန့်ရှင်းရေးကိုလဲ ဂရုစိုက်သင့်ပါတယ် ။ အမြဲတစေအပြင်မှာ လှုပ်ရှားသွားလာနေကြရတော့ ဆံပင်လေးတွေမှာ ဖုန့်မှုန့်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ကပ်တွယ်လာနိုင်ပါတယ် ။ မိန်းကလေးတွေက ဆံပင်အရှည်ထားတတ်ကြတော့ ယောက်ျားလေးတွေလို ခေါင်းနေ့တိုင်းလျှော်နိုင်ကြမှာ မဟုတ်ပါဘူး ။ (မိန်းကလေးတွေ ခေါင်းနေ့တိုင်းလျှော်ကြရင်လဲ ကျန်းမာရေးရှုထောင့်ကကြည့်ရင် ခေါင်းတစ်ခြမ်းကိုက်ခြင်းကအစပြုလို့ ဦးနှောက်မှာ အကြိတ်တည်လာခြင်းဆိုတဲ့ ဝေဒနာခံစားရနိုင်ပြီး အသက်ဆုံးရှုံးခြင်းတွေ ကြုံတွေ့ရနိုင်ပါတယ် ) ။ ဆံပင်ကိုမျက်နှာပြင်ပေါ် မကျလာအောင်ဂရုတစိုက်ထိန်းသိမ်းရင် ရပါတယ်။
3. နောက်ဆုံး အဓိကအချက်ကတော့ အိပ်ရေးဝအောင်အိပ်သင့်ပါတယ် ။ လူတစ်ယောက်အတွက် ည 11 နာရီ နောက်ဆုံးထားပြီး အိပ်ယာဝင်သင့်ပါတယ် ။
ဒီအချက်လေးတွေ ဂရုစိုက်ပေးမယ်ဆိုရင်တော့ ဆိုးကျိုးတွေ မကြုံတွေ့နိုင်ရတော့ပါဘူး။ တချို့က မျက်နှာပြင်မှာ အဖုလေးတွေပေါက်တတ်တာ ရောဂါတစ်မျိုးလို ခံစားနေတတ်ကြရပါတယ်။ အဲဒီ့အတွက်တော့ အရေပြားဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ် ။

အဖြစ်များနေကြတဲ့ မျက်စိနာရောဂါကို ကာကွယ်ကုသနည်းများ

အခုအချိန်မှာ လူအတော်များများ မျက်စိနာနေကြတာ တွေ့ရပါတယ်။ ပူနွေးစိုစွတ်တဲ့ အခုလို လာနီညာ ရာသီဥတုဟာ ဘက်တီးရီးယား ပေါက်ပွားနှုန်းကို အရမ်းမြန်စေလို့ ဒီနှစ်မှာ မျက်စိနာသူတွေ ပိုများနိုင်ပါတယ်။ မျက်စိနာတယ်လို့သာ ဆိုကြပေမယ့် တကယ်တမ်းကတော့ မျက်လုံးရဲ့ အဖြူရောင်အသား (Sclera) ကို ကာကွယ်ပေးထားတဲ့ အမြှေးပါး အကြည်လေး (conjunctiva) ရောင်တဲ့ ရောဂါမို့ ဆေးပညာအခေါ်အရ conjunctivitis လို့ ခေါ်ကာ အင်္ဂလိပ်လို pink eye လို့ ခေါ်ပါတယ်။

ဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲ အများဆုံး အကြောင်းအရင်းတွေက ဗိုင်းရပ်စ်ပိုး အချို့ ကြောင့် ဖြစ်ရတာ ဖြစ်ပြီး ဘက်တီးရီးယားကြောင့် ဖြစ်ရတာလဲ ရှိပါတယ်။ မျက်လုံးထဲကို မသန့်တဲ့ အရာတစ်ခုခု၊ ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာတစ်ခုခု ၀င်ခြင်း (ဥပမာ မီးခိုး၊ ဓာတ်ငွေ့၊ ၀တ်မှုန် စသည်) ၊ မျက်သားခြောက်သွေ့လွန်းခြင်း စတာတွေကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပွားနေကြတဲ့ တစ်ဦးနဲ့ တစ်ဦး အရမ်းကူးလွယ်တဲ့ မျက်စိနာ ရောဂါဟာ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ရတာ ဖြစ်ပြီး ၃ ရက်ကနေ ၅ ရက်ထက် ပိုမကြာပါဘူး။ ဒါကြောင့် မျက်စိနာခြင်း ခံစားနေရတာ ၅ရက်ကျော်သွားရင် ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ပိုစိုးရိမ်စရာ အကြောင်းအရင်း တစ်ခုခု ဖြစ်နေတတ်လို့ ဆရာဝန်နဲ့ မဖြစ်မနေ ပြသင့်ပါတယ်။

မျက်စိနာရောဂါရဲ့ လက္ခဏာတွေက အားလုံး သိရှိခံစား ဖူးကြတဲ့ အတိုင်း မျက်လုံးနီရဲ ရောင်ယမ်းခြင်း၊ မျက်ရည်ပူတွေ ပုံမှန်ထက် ပိုကျခြင်း၊ မျက်လုံးထဲမှာ ပြင်ပက ပစ္စည်း တစ်ခုခု ၀င်နေသလို ခိုးလိုးခုလု ခံစားရတတ်ခြင်း၊ အလင်းရောင် မကြည့်နိုင်ခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီဝေဒနာတွေဟာ အတော်ဆိုးကာ ဘာအလုပ်မှ လုပ်ချင်စိတ် မရှိအောင် အနှောင့်အယှက် ဖြစ်စေလို့ မျက်စိနာ ရောဂါ မဖြစ်အောင် ကာကွယ်နည်းများကို mmDailyNews ပရိသတ်များ အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) မျက်စိနာရောဂါ ဖြစ်စေတဲ့ ပိုးတွေဟာ မသန့်ရှင်းတဲ့ လက်ကနေ အများဆုံး ကူးစက်တာမို့ မျက်စိနာရောဂါ ကာကွယ်ခြင်းအတွက် အထိရောက်ဆုံး နည်းလမ်းတစ်ခု ကတော့ ပြင်ပအရာဝတ္ထုတစ်ခုကို ထိကိုင်ပြီးတိုင်း မျက်လုံး၊ မျက်ခမ်းကို ထိကိုင်ခြင်း မလုပ်တာပါပဲ။ လက်ကို သေချာစင်ကြယ်အောင် ဆေးကြောပြီးမှ မျက်နှာရဲ့ အစိတ်အပိုင်းတွေကို ထိကိုင်ပါ။

(၂) မျက်နှာသုတ်ပုဝါကို ဂရုစိုက်ပါ။ မျက်နှာ သုတ်ပုဝါဟာ သန့်ရှင်းနေဖို့ မရှိမဖြစ် လိုအပ်သလို လူတစ်ဦးကို မျက်နှာသုတ်ပုဝါ တစ်ထည် သီးသန့် သုံးတာ အကောင်းဆုံးပါ။ မျက်စိနာ ရောဂါ ဖြစ်နေတဲ့ သူအတွက် ဆိုရင်တော့ မျက်နှာသုတ်ပုဝါ တစ်ထည် သီးသန့် ထားပေးရပါမယ်။ မဟုတ်ရင် တစ်အိမ်သားလုံး ကူးကုန်ပါလိမ့်မယ်။ ဒါ့အပြင် မျက်စိနာတဲ့ သူရဲ့ မျက်နှာသုတ်ပုဝါကို နေ့စဉ် လျှော်ဖွပ်ပေးသင့်ပါတယ်။ အစွမ်းချွတ်ဆေး တစ်မျိုးကို သုံးပြီး ဖြစ်စေ၊ ရေနွေး ပွက်ပွက်ဆူမှာ ကြာကြာ ပြုတ်ပြီး ဖြစ်စေ လျှော်ဖွပ်ရမှာ ဖြစ်ပါတယ်။ ဒီလို မလုပ်ပေးရင် လူနာရဲ့ မျက်စိက ပိုးတွေက မျက်နှာသုတ်ပုဝါနဲ့ မျက်လုံးကြား သံသရာ လည်နေမှာမို့ မျက်စိနာရောဂါ ကြာတတ်ပါတယ်။

(၃) မျှတတဲ့ လတ်ဆတ်သော အသီးအရွက်တွေ ပါဝင်တဲ့ အစားအသောက်ပုံစံ မစားဘဲ အသားပဲ စားတဲ့သူတွေ၊ အိပ်ရေးပျက် အစားပျက်လို့ ကိုယ်ခံအား ကျနေသူတွေ၊ မျက်ကပ်မှန် ၀တ်ဆင်သူတွေ၊ ဓာတ်ငွေ့၊ ဖုန်မှုန့် စတာတွေနဲ့ နေ့စဉ် နီးနီးကပ်ကပ် အလုပ်လုပ်ရသူတွေဟာ တခြားသူတွေထက် မျက်စိနာဖို့ ပိုနီးစပ်တာမို့ အခုလို မျက်စိနာတွေ ပေါနေတဲ့ ရာသီမှာ လက်နဲ့ မျက်စိသန့်ရှင်းရေးကို ပိုမို သတိထားသင့်ပါတယ်။ ထူးခြားတဲ့ အနေနဲ့ အမြင်အာရုံ တစ်ဖက်တည်းသာ ရှိသူများဟာ မျက်စိနာဖို့ ပိုနီးစပ်တယ်လို့ တွေ့ရှိထားရတာမို့ ဒီလိုလူတွေလဲ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။

(၄) ကြိုတင်ကာကွယ်တဲ့ အနေနဲ့ နေပူဖုံထူတဲ့ အပြင်က ပြန်လာတိုင်း မျက်စဉ်းတစ်ခုခု ခပ်ပေးပါ။ အခုလို မျက်စိနာရောဂါတွေ အဖြစ်များနေတဲ့ မျက်စိမနာသေးပေမယ့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပိုးသတ်ဆေးပါတဲ့ မျက်စဉ်း တစ်ခုခု ခပ်ပေးတာလဲ ကာကွယ်ရာ ရောက်စေပါတယ်။

မျက်စိနာရင် မြန်မြန်ပျောက်စေဖို့ လိုက်နာရမယ့် အချက်တွေကတော့

(၁) မျက်စိနာနေတဲ့ အချိန်မှာ အရက်သေစာသောက်စားခြင်း၊ ဆေးရွက်ကြီး ပါသော ဆေးလိပ်၊ ကွမ်းယာ စားသုံးခြင်း၊ မျက်ကပ်မှန် တပ်ဆင်ခြင်း၊ ရေကူးခြင်း၊ခေါင်းလျှော်ခြင်း စာကြာကြာဖတ်ခြင်း၊ တီဗွီ၊ ကွန်ပျူတာ ကြည့်ခြင်း စတာတွေကို လုံးဝ ရှောင်ကြဉ်သင့်ပါတယ်။

(၂) မျက်စဉ်း ခပ်ကို ခပ်ရပါမယ်။ မျက်စဉ်းတွေထဲမှာ Neomycin, Norfloxacin, Ofloxacin စတဲ့ ပဋိဇီဝ ပိုးသတ်ဆေးတွေ ပါဝင်လို့ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ မျက်စိနာရောဂါကို သိသာစွာ သက်သာ ပျောက်ကင်းစေပါတယ်။ နောက်ပြီး ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ မျက်စိနာရောဂါဟာ မျက်စဉ်း ခပ်ဖို့ မလိုအပ်ပေမယ့် လက်နဲ့ ခဏခဏ ပွတ်မိရေင် ဘက်တီးရီးယားက ဒုတိယမြောက် ဆင့်ပွား ကူးစက်ခြင်း (Secondary Infection) အနေနဲ့ ၀င်လာတတ်တာမို့ မျက်စဉ်းခပ်ခြင်းကို မဖြစ်မနေ လုပ်ရပါမယ်။

ဒါ့အပြင် မျက်စဉ်းတွေထဲမှာ Dexamethasone ဆိုတဲ့ ရောင်ယမ်း ယားယံခြင်းကို သက်သာစေတဲ့ စတီးရွိုက် တစ်မျိုး ပါဝင်တာမို့ မျက်စဉ်းခပ်ပေးရင် ယားယံ ရောင်ယမ်းခြင်းတွေ သိသာစွာ သက်သာစေပြီး မြန်မြန် ပြန်ကောင်းစေပါတယ်။ မျက်စဉ်းမခပ်သူတွေကတော့ ဒီအကျိုးမျိုးတွေ မရနိုင်တော့ဘူးပေါ့။

(၃) မျက်နှာသုတ်ပုဝါ၊ နေကာမျက်မှန် စတာတွေကို တစ်ယောက်တစ်ခု သီးသန့်သုံးပါ။ နေ့စဉ် လျှော်ဖွပ်ပါ။ အိပ်ရာခင်း နဲ့ ခေါင်းအုံးစွပ်ကိုလည်း သန့်ရှင်းအောင် အထူးဂရုစိုက်ပေးပါ။

(၄) မြန်မြန် ပျောက်ချင်ရင် မျက်လုံးကို ခဏခဏ ပွတ်ခြင်းကို လုံးဝ ရှောင်ကြဉ်ရပါမယ်။

(၅) မည်သည့်အရွက်ကိုမှ သတ္တုရည် ညှစ်၍ မျက်စဉ်းခပ်ခြင်း မလုပ်ပါနဲ့။ မြန်မာ့တိုင်းရင်းဆေးလာ ဆေးနည်းတွေကို အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး။ ဥပမာ ကွမ်းရွက်ဆိုပါတော့။ ရေနဲ့ ဘယ်လောက်ဆေးပါတယ် ပြောပြော မျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေ မပြောင်တာ အသေအချာပါပဲ။
နောက်ပြီး ယနေ့ခေတ်မှာ အရွက်ပေါ်မှာ ဖျန်းထားမယ့် ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေကိုပါ ထည့်တွက်ရမှာ ဖြစ်ပါတယ်။ အရွက်ကို ဆားနဲ့ နယ်ကာ အရည်ညှစ်တဲ့ ကိစ္စကလည်း တကယ်ကို မလုပ်သင့်ပါဘူး။ ဆားက မသန့်ရင် အခန့်မသင့် မျက်လုံးကန်းသွား နိုင်ပါတယ်။ အချိန်တန်ရင် ပျောက်မယ့် မျက်စိနာရောဂါဟာ ဒါတွေကြောင့် ပိုကြာနေတတ်လို့ ရှောင်ကြဉ်သင့်ပါတယ်။

(၆) တတ်နိုင်သမျှ မျက်လုံးကို အနားပေးပါ။ အပြင်သွားရင် နေကာမျက်မှန် တပ်ပေးပါ။

(၇) မျက်စဉ်းကို မဖြစ်မနေ ခပ်သင့်တယ်လို့ ပြောခဲ့တဲ့ အထဲမှာ အဆင်ပြေရာ ဘယ်မျက်စဉ်းမဆို ခပ်လို့ရပါတယ်။ မျက်စဉ်းတွေရဲ့ ဘူးပေါ်မှာ တစ်နေ့ကို ၃ ကြိမ်လောက်ပဲ ခပ်ရမယ်လို့ ပြောထားပေမယ့် ဝေဒနာ ပြင်းထန်ရင် ပြင်းထန်သလောက် ၂ နာရီခြား တစ်ခါလောက်အထိ ခတ်နိုင်ပါတယ်။ ဘာအန္တရာယ်မှ ထွေထွေထူးထူး မရှိပါဘူး။ သန့်စင်တဲ့ မိခင်နို့ရည် ခပ်ခြင်းဟာ တကယ်ဘေးကင်းထိရောက်တဲ့ ဆေးနည်း ဖြစ်ပါတယ်။ ညှစ်ယူမယ့် နို့သီးခေါင်းရဲ့ ပြင်ပသန့်ရှင်းရေးနဲ့ ခံယူမယ့် ခွက်တို့ ဇွန်းတို့ကတော့ အထူးသန့်နေဖို့ လိုပါတယ်။

(၈) နာကျင် ရောင်ယမ်း ယားယံခြင်း အရမ်းဆိုးရင် သက်သာအောင် အနွေးကပ်ခြင်း (Warm Compress) နဲ့ အအေးကပ်ခြင်း (Cold Compress) တို့ လုပ်ပေးနိုင်ပါတယ်။ သန့်စင်တဲ့ အ၀တ်စ၊ ပတ်တီးစ တစ်ခုကို ရေနွေးနွေးလေးမှာ စိမ်ပြီး မျက်လုံးအပေါ်ကနေ ကပ်ပေးတဲ့ နည်းကို အနွေးကပ်ခြင်း လို့ ခေါ်ပါတယ်။ ရေအေးအေးလေးမှာ စိမ်ပြီး ကပ်တဲ့နည်းကတော့ အအေးကပ်ခြင်းပေါ့။ မျက်လုံး တစ်ဖက်ကို ၅ ကြိမ်ကနေ ၁၀ ကြိမ်လောက် လုပ်ပေးရင် သိသာစွာ သက်သာစေပါတယ်။

(၉) ရောင်ယမ်း ယားယံခြင်းတွေ သက်သာအောင် Cetrizine, Fenofexadine စတဲ့ဆေးတွေ တစ်နေ့ ၂ လုံးလောက် သောက်နိုင်ပါတယ်။ Cetrizine ထက် Fenofexadine က ပိုကောင်းတဲ့ အချက်ကတော့ အိပ်မငိုက်တာပါပဲ။