Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Tuesday 9 February 2010

Compilation of current labour protest in Burma - 09 February 2010





cai yi က အလုပ်သမားတွေက နေ့လည် 12 နာရီမှာစက်ရုံမှပြန်ကြပါတယ်။
ဘာမှလိုက်လျောပေးတာမရှိသေးပါဘူး။
ရဲကား (23) စီးကအဆင်သင့်ရှိနေပြီး တိုင်းမူးလည်းအခြေအနေကိုလာပြီးလေ့လာပါတယ်။
အဲဒီစက်ရုံက အလုပ်သမလေးတွေကတော့ လုံးဝမကျေနပ်ဘူး။
ဆက်လုပ်မယ်။
မနက်ဖြန်မှာအခြေအနေထူးနိုင်တယ်လို့ပြောပါတယ်။မနက်ဖြန်မှာမလုပ်ချင်လို့ထွက်မယ့်သူတွေကို လျှော်ကြေးအပြည့်အ၀ပေးဖို့တောင်းဆိုမယ်လို့ဆိုပါတယ်။
အလုပ်သမားတွေကိုကြည့်ရတာ ယုံကြည်မူ့ပြည့်ဝပြီးတက်ကြွနေပါတယ်။
ဇု(3)ကပဲ oppel (အိုပယ်) အထည်ချူပ်မှာလည်း ဖြစ်နေတာ(2)ရက်ရှိပါပြီ။
ဒီနေ့စက်ရုံ နံရံတွေကို အလုပ်သမားတွေကအုတ်ခဲကျိုးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
အလုပ်သမားတွေကတော့ နေ့လည်(3)နာရီမှာထွက်ခွာကြပါတယ်။
မနက်ဖြန် စက်ရုံသူဌေးလာမယ်ပြောပါတယ်။
ဇုံ(1)kinjo (အထည်ချုပ်) boss ( indo) မှာလည်း ဖြစ်နေပါတယ်။
စက်မှုဇုံတခုလုံး strike လုပ်ကြဖို့ ရှိကြပါတယ်။
ဇုံ(၃)ထိပ်မှစပိတ်ထားပြီး ရဲတွေက ၀င်တဲ့သူကိုရိုက်မယ်ဆိုပြီးပြောဆို နေခဲ့ပါတယ်။
အနှေးယာဉ်သမားတွေ၊ဈေးရောင်းသူတွေကိုလည်းအတင်းအကြပ်အပြင်ထွက်ခိုင်းခဲ့လို့မကျေမနေပ်တွေလည်းဖြစ်နေကြပါတယ်။
caiyi စက်ရုံ ဟာ အရင်တခါလိုက်လျှောပေးခဲ့ရတဲ့ စက်ရုံရဲ့ မျက်စောင်းထိုးမှာတည်ရှိပါတယ်။

ပေးပို့သူ။ ။ကိုမင်းရန်နိုင်


Binder 1

Compilation of current labour protest in Burma,source from http://www.nandar.jp.pn/
U Min Ein
PDC Monthly News Commentary - February 2010

ဆန္ဒပြအလုပ်သား ၁၄၀၀ ခန့်သည် နေ့လည် ထမင်းစားပြီးချိန်မှ စ၍ လုပ်ခလစာ တိုးမြှင့်ပေးရန် တောင်းဆိုနေခြင်း ဖြစ်ပြီး စက်ရုံမှာ ကိုရီးယားနိုင်ငံသားက ရင်းနှီးမြုပ်နှံထားခြင်း ဖြစ်သည်ဟု သူက ပြောသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များကို စက်ရုံမှ တာဝန်ရှိသူများနှင့် ယခုချိန်ထိ ညှိနှိုင်း၍ မရသေးကြောင်း သိရသည်။

လှိုင်သာယာ စက်မှုဇုန်များတွင် ဇန်နဝါရီလအတွင်း အလုပ်သမားများ လုပ်ခလစာနှင့် ခံစားခွင့် ဆိုင်ရာ ဆန္ဒပြပွဲ ၂ ရပ် ဖြစ်ပွားခဲ့သည်။

လှိုင်သာယာ စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်း စက်ရုံတခုတွင် အလုပ်သမား ၁၀၀ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆန္ဒပြခဲ့သလို၊ စက်မှုဇုန် ၃ ရှိ Weng Hong Hung အထည်ချုပ် စက်ရုံတွင် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် အလုပ်သမားများ လုပ်အားခ တိုးမြှင့်တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။



http://www.mizzimaburmese.com/news/breaking-newsbrief/4755-2010-02-08-12-59-38.html
0 comments
8 Feb Yeyintnge's Diary