Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Saturday 16 January 2010

Burma Black Markets
Oway Hein

ပည်သူ့တပ်မတော်သားများသို့ ပန်ကြားလွှာ

ပည်သူ့တပ်မတော်သားများသို့ ပန်ကြားလွှာ
-WFWW-
၀၁-၁၅.၂၀၁၀-

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်မှ ပြည်သူ့တပ်မတော်သားများထံသို့ ပန်ကြားလွှာ ကို ဇန်န၀ါရီလ (၁၄) ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး၊ ယင်းကြေညာချက် မိတ္တူအစောင် ၁၀၀၀၀ ကို မြန်မာနိုင်ငံအတွင်းရှိ တပ်တွင်းအိမ်ယာများ၊တပ်အများစု အခြေစိုက်ထားသည့်မြို့နယ်များသို့ ဖြန့်ချီသွားမှာဖြစ်ကြောင်း ကြားသိရပါသည်။ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် ပြည်တွင်း သတင်းဖြန့်ချီရေးနက်ဝပ် အင်အားစုများ မှ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် ဒေသတစ်ဝိုက်ရှိ တပ်များမှ ပြည်သူ့တပ်မတော်သားများထံသို့ ပေးပို့သော ပန်ကြားလွှာ အလွယ်တကူ ရောက်ရှိအောင် စီစဉ်ဆောင်ရွက် လုပ်ဆောင်သွားကြလိမ့်မယ်လို့ သိရှိရပါသည်။ တချို့ တပ်စခန်းများရှိရာ မြို့များ၌ ဖြန့်ချီသွားပြီးဖြစ်ကြောင်းလည်းသိရှိရပါသည်။

ရန်ကုန်တိုင်းအတွင်းရှိ ဘောက်ထော်တပ်တွင်းအိမ်ယာများ၊ သနက ၄ တပ်တွင်းအိမ်ရာများ၊မင်္ဂလာဒုံ နှင့် မှော်ဘီတပ်တွင်းရှိ အိမ်ယာများ၊ ပြည်မြို့ ရှိ တပ်မ ၆၆ လက်အောက်ခံတပ်ရင်းများ၏ တပ်တွင်းအိမ်ယာများ၊ အုပ်ဖို၊ အင်းမ ရှိ တပ်တွင်းအိမ်ယာများ၊ မိတ္တီလာ ရှိ တပ်မ ၉၉ လက်အောက်ခံ တပ်တွင်းအိမ်ယာများ၊ ကရင်ပြည်နယ်ရှိ တပ်မ ၄၄၊ တပ်မ ၂၂ လက်အောက်ခံတပ်ရင်းများ၏ တပ်တွင်းအိမ်ယာများ၊ ရှမ်းပြည်နယ် သီပေါ၊ ကျောက်မဲ ခလရ ၂၂၊ ခလရ ၂၃ တပ်တွင်းအိမ်ယာများ၊အပါအ၀င် တပ်စခန်းများရှိရာ မြို့များ၌ ဖြန့်ချီသွားမှာဖြစ်ပြီး၊ ပြည်နယ် နှင့်တိုင်းအသီးသီးရှိ စစ်ရုံးများသို့လည်း စာတိုက်မှဖြစ်စေ၊ အီးမေးမှတဆင့်ဖြစ်စေ ပေးပို့သွားမှာဖြစ်ကြောင်း သိရှိရပါသည်။

ပန်းကြားလွှာ ကို တပ်မတော်သားများ၊ တပ်တွင်းအရာရှိများအားလုံး ဖတ်ရှု့နိုင်ရန် စာတိုက်များမှတဆင့် သော်လည်းကောင်း၊ အီးမေးများမှတဆင့်သော်လည်းကောင်း လက်ဆင့်ကမ်း စာပေးပို့သွားကြဖို့ ပြည်သူထူထုတရပ်လုံးအား တိုက်တွန်းနှိုးဆော် ထားကြောင်းသိရှိရပါသည်။

Statement by Free Burma Federation (14.1.2010)