Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 13 July 2009

၁၉၉၀ ၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်နှင့်ထောက်ခံရန်


မြန်မာစစ်အစိုးရသည်၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှာ အကြီးမားဆုံးလူထုအရေးတော်ပုံကြီး ကို နှိမ်နှင်းပြီး အာဏာကိုရယူလာခဲ့သည်။ ၁၉၉၀ မေလ ၂၇ ရက်နေ့မှာ စစ်အစိုးရမှကြီးမှုးပြီးတော့ အထွေထွေရွေးကောက်ပွဲ ကိုကျင်းပခဲ့ပါတယ်။ ထိုရွေုးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၈၉.၈% ရှိသောမဲများကို ရရှိခါ အပြတ်အသတ်အနိုင်ရရှိခဲ့ပါသည်။ သို့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများဟာ အနိုင်ရတဲ့ရလဒ်ကို အသိအမှတ်ပြုရန်ငြင်းဆန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ၊ ကျောင်းသားခေါင်းဆောင်များ၊ NLD အဖွဲ့ဝင်များကို ဖမ်းဆီးထောင်ချခဲ့ပါသည်။ စစ်အစိုးရ၏ ဥပဒေအမှတ် ၁၄/၈၉ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေအရ အခန်း ၃ တွင် လွှတ်တော်ကို လွှတ်တော်၏ကိုယ်စားလည်များက ဖွဲ့စည်းရမည်ဟု တရားဝင်ဖေါ်ပြထားပါသည်။

ထိုကြောင့် Burma Democratic Concern နှင့် အခြားဒီမိုကရေစီလိုလားသော အဖွဲ့အစည်းများသည် UK Priminister Mr Gordon Brown ကို ၁၉၉၀ ၏ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန်နှင့်ထောက်ခံရန်၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ၊ အပြည်ပြည်ဆိုင်ရာရှိမိသားစုဝင်များ အားလုံးအား မြန်မာစစ်အစိုးရံ၏ ၂၀၁၀ ရွေးကောက်ပွဲ game ကို မထောက်ခံကြဖို့တောင်းဆိုပါသည်။ အောက်တွင် ဖေါ်ပြထားသော link မှတဆင့် အမှတ် 10 Downing Street မှာရှိတဲ့ website ကိုရောက်ရှိသွားပါလိမ့်မည်။ လူတိုင်း လူတိုင်းသည် မြန်မာပြည်လွတ်မြောက်ရေးအတွက် အလွန်အရေးပါတဲ့ နေရာမှပါဝင်ပတ်သက်နေ ကြပါသည်။ ၊ ဒါကြောင့်အခုလို Burma Democratic Concern သည် လူတိုင်းလူတိုင်းအား ဒီ petition တွင်ဝင်ရောက် လက်မှတ်ထိုးခြင်းအားဖြင့် သင်တို့အားလုံးတို့၏၊ မြန်မာလူမျိုးတို့၏ လွတ်လပ်ရေးရရှိရေးကိုပြကြပါဟု တောင်းဆိုလိုပါသည် ။ ဒါကြောင့်မို့ သင်တို့ရဲ့ စိတ်ရှိစိုးရိမ်ပူပန်မှု့နဲ့ အမှန်တကယ် ဂရုဏာထားမှု့တွေကို ဒီ Burma Democratic Concern ရဲ့ petition မှာဝင်ရောက်လက်မှတ်ထိုးပေးကြပါဟုတောင်းဆိုလိုပါသည်။


http://petitions.pm.gov.uk/bdcpetition

http://www.gopetition.com/petitions/implement-1990-elections-result-in-burma/sign.html

www.bdcburma.org
Open Letter to UNSG_13072009
NLD Statement, July 9, 2009, English
Burma in the Darkness