Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Friday 8 May 2009

Will Daw Aung San Suu Kyi be Free?


As I was doing my Burmese broadcast, pheonixradio.net, I was interrupted by news Aung San Suu Kyi would soon be free. At that time I was contacted by sources within Burma and they verified the existence of a multitude of news reporters near and around Aung San Suu Kyi’s residence. But the verification came with reservations.
The immediate concerns were for Aung San Suu Kyi since assassination came immediately to mind with my Burmese constituents. Though this would be construed as a joyous event to the free world, to the people of Burma they look with apprehension. “Is this just a propaganda ploy to justify or cover up an assassination”, was the top of the list of worries. I would like to think Gen. Than Shwe wanted to be a part of Burma’s positive history rather than the “Great Oppressor” of the contemporary era. Only time will tell at this juncture. The death of Aung San Suu Kyi would be the doom of all who invested in tyranny.
It is advisable that Daw Aung San Suu Kyi remain in the public’s eye, just in case this was a ploy. It would only be obvious this were not a ploy if Aung San Suu Kyi were to establish a working dialogue with Gen. Than Shwe. Then change would be spontaneous, all encompassing and the world would know it was genuine. One can only pray.
From this vantage point, it’s is all speculation. I am eager to read the feeds that lay before me at this time.
Your Devil’s Advocate
Buffalohair

၂ဝဝ၈-ခုနှစ၊်၊ မေလ (၁)ရက်၊၊ နံနက် (၁ဝ)နာရီ

ဦးထွန်းလွင်၏မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် အနည်းငယ်နီမြန်းနေသည်။ နောက် (၁ဝ) နာရီဆိုလျှင် ဧရာဝတီတိုင်း၏ ကံကြမ္မာမှာ မည်သို့ဖြစ်မည်ကို မတွေးရဲလောက်အောင် ပူပန်နေပေမဲ့ စိတ်ကို ရှည်ရှည်ထားပြီး တပ်ချုပ်ကြီး ထွက်အလာကို စောင့်မျှော်နေရသည်။

ဒု-တပ်ချုပ်ကြီးကိုလည်း အကြောင်းစုံ ဆွေးနွေးတင်ပြသော်လည်း ဆုံးဖြတ်ချက်မပေးနိုင်ဘဲ ပေါ့ပျက်ပျက်နိုင်လှသော စကားကြောင့် စိတ်မကောင်းဖြစ်ခဲ့ရသည်။ လူပေါင်းသန်းနှင့် ချီသော ကံကြမ္မာဆိုးကို ဂရုမစိုက်ဘဲ မကြာမီကျင်းပတော့ မည့် လူထုဆန္ဒခံယူပွဲတွင် မသမာသောနည်းဖြင့် အနိုင်ရရှိရေးကိုသာ အာရုံရောက်နေသည်။ ခုဘဲကြည့်လေ နေ့လည် ကြောင်တောင်ကြီးမှာတောင် စကားပြောလိုက်တိုင်း အနံ့ဆိုးအရက်နံ့က ထွက်နေသည်။ မသင်္ကာသော မျက်နှာဖြင့်လည်း မေးခွန်းထုတ်လိုက်သေးသည်။

‘သေချာရဲ့လား မုန်တိုင်းသတင်းက။ ဒီအချိန်မှာ ပြည်သူလူထုတွေကို စိတ်မခြောက်ခြားစေချင်ဘူး။ ခုလုပ်မယ့် ဆန္ဒခံယူပွဲဟာ ဒို့တပ်မတော်အတွက် အရေးပါဆုံးအချိန်ဘဲကွ။ ခင်ဗျားတင်ပြတဲ့ အရေးပေါ်အခြေအနေထုတ်ပြန်ဖို့ ဆိုတာဟာ တပ်ချုပ်ကြီးနဲ့ဘဲ ဆိုင်တယ်။ သူ့ကို သွား ဆွေးနွေး တင်ပြလိုက်ပါ’

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးဦးထွန်းလွင်တယောက် လေးလံသောခြေလှမ်းများဖြင့် ဒုတပ်ချုပ်မှူးကြီး မောင်အေးအိမ်မှထွက်လာပြီး တပ်ချုပ်ကြီး အိမ်ဘက်သို့ ခြေဦး လှည့်လိုက်သည်။ အိမ်တအိမ်နှင့် တအိမ်အကွာအဝေးမှာ တမိုင်ကျော်ကွာဝေးနေပြီး နေအိမ်နှစ်လုံးကြားတွင်လည်း စစ်ဆေးရေးဂိတ်သုံးခုကို ဖြတ်ကျော်ခဲ့ရသည်။ နောက်ဆုံး ဂိတ်အရောက်တွင်လည်း ငါးမိနစ်ခန့် ကားကိုရပ်တန့်ပေးရပြီး လာရင်းကိစ္စ၊ အဆင့်ရာထူးများကိုပါ မေးမြန်းစစ်ဆေး ခြင်းခံနေရသည်။

ကွန်မန်ဒိုတပ်ခွဲငါးခွဲဖြင့် ခြံရံထားသော တပ်ချုပ်ကြီးအိမ်ရောက်တော့ ဧည့်ဆောင်၌ တပ်ချုပ်ကြီး ထွက်အလာကို စောင့်မျှော်နေရသည်။ တနာရီတိတိ ကြာသည်ထိ တပ်ချုပ်ကြီး ထွက်ပေါ် မလာခဲ့ပေ။ ဘုရားဝတ်ပြုခန်းတွင် ရှိနေခြင်း မဟုတ်ဘဲ မည်သူမျှ အကြောင်းကြား ပိုင်ခွင့်မရှိသော ကိုယ်ပိုင်သီးသန့်ခန်းတွင် အနားယူနေကြောင်းသိရှိရ၍ လက်မြှောက် အရှုံးပေးကာ နောက်ကြောင်း ပြန်လှည့်ခဲ့ရသည်။ မိမိအနေဖြင့် အသိပေးတင်ပြခြင်းကို တရားဝင်ဖြစ် အောင်တော့လုပ်ရမည်ဟူသောစိတ်ဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌရုံးသို့ နောက်ဆုံး ဝင်ရောက် အကြောင်းကြားရာ တပ်မှူးကြီးရွှေမန်း၊ တပ်မှူးကြီး မြင့်ဆွေတို့ကိုတွေ့ရ၍ အားတက်မိသွားသည်။ တပ်ချုပ်ကြီးကို တင်ပြခွင့်မရခဲ့ပေမဲ့ မပြေးသော်လည်းကန်ရာရှိဆိုသလို တပ်မှူးနှစ်ဦးအားအစီရင်ခံတင်ပြရာတွင် အိန္ဒိယ မိုးလေဝသ သတင်းဌာန၏ အရေးပေါ်သတိပေးချက်အရ ဘင်္ဂလား ပင်လယ်အော်တွင် အစပျိုး ဖြစ်ပေါ်နေသော မုန်တိုင်းသည် အားကောင်းလာပြီး အရှေ့မြောက်ဘက်သို့ ရွေ့ရှားနေကြောင်း၊ လေတိုက်နှုန်း မိုင်(၈ဝ)မှ (၁ဝဝ) အကြားတွင်ရှိပြီး လှိုင်းကြီးရုံတင်မက ဒီရေပါ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လွှမ်းနိုင်ကြောင်း၊ အထူးသဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသအဖို့ အရေးပေါ်ကြေညာချက်ထုတ်ပြီး ပြင်ဆင်ထားနိုင်လျှင် (၁ဝ)နာရီခန့် အချိန်မှီသေးကြောင်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ် (ဧရခ) မှလည်း မုန်တိုင်းတိုက်ခတ်မည့် လက္ခဏာများရှိနေ၍ မိုးလေဝသဌာနသို့ တနာရီတကြိမ် ပုံမှန် သတင်းပေးပို့နေကြောင်းတို့ကို တပ်မှူးကြီး နှစ်ဦးအား ရှင်းလင်းတင်ပြပြီး အရေးပေါ်ကြေညာချက် ထုတ်ပြန်နိုင်ဖို့အတွက် တပ်ချုပ်ကြီးကို ထပ်ဆင့် အကြောင်းကြားရန် စစ်ကူတောင်းခံခဲ့သည်။

မေလ (၂)ရက်နေ့

မြန်မာ့သဘာဝဘေးဆိုးများတွင် အဆိုးဆုံးသော မုန်တိုင်းဒဏ်ကို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ခံစားလိုက်ရသည်။ မုန်တိုင်းသတင်းများကို ပြည်ပ အသံလွှင့် ဌာနများတွင် အကျယ်တဝင့် ကြိုတင်ကြေညာထားသော်လည်း မိမိတို့ မိုးလေဝသဌာနမှ အမှန်အတိုင်း ထုတ်ပြန်ချင်သော်ငြားလည်း နေပြည်တော်မှ ပိတ်ဆို့မှုများကြောင့် သိက္ခာကျ ဆင်းခဲ့ရသည်။ မိုးလေဝသဌာနသုံး ရဟတ်ယာဉ် တစီးကတော့ မင်္ဂလာဒုံကွင်းထဲတွင် အထီးကျန်စွာဖြင့် ရပ်တန့် နေရှာသည်။ အခြားသော လေယာဉ်များ အထူးသဖြင့် တပ်ချုပ်ကြီးနှင့် စီးပွားရေးသာမက လူမှုရေးများတွင် ပါဝင်ပတ် သက်နေသူ မောင်တေဇပိုင် လေယာဉ်များမှာ ထူးထူးခြားခြားမတွေ့ရပေ။

နောက်မှသိရှိရသည်မှာ မိမိနေပြည်တော်မှအပြန် ညနေခင်းကတည်းက မန္တလေးသို့ ပြောင်းရွှေ့သွားမှန်းသိခဲ့ရသည်။ အရေးပေါ်ကြေညာချက်ကြိုတင်ထုတ်ပြန်ဖို့ သွားရောက် စောင့်ဆိုင်းနေစဉ် လုံးဝထွက်အတွေ့မခံဘဲ လေယာဉ်များ ရွေ့ပြောင်းရေးအတွက်ကိုတော့ တပ်ချုပ်ကြီးအမိန့်ပေးခဲ့သည်မှာ ယုတ္တိလုံးဝမရှိချေ။

မုန်တိုင်း စတင်တိုက်ခတ်ကတည်းက မိမိဌာနနှင့် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှာ အဆက်အသွယ် လုံးဝမပြတ်ခဲ့ချေ။ ရေတပ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီးစိုးသိန်း ကိုယ်တိုင် ဆက်သွယ်ရေး စက်မှတိုက်ရိုက် မိမိနှင့်အဆက်အသွယ်ရနေပြီး မုန်တိုင်းအခြေအနေကို တနာရီတကြိမ် ပေးပို့နေသောကြောင့် နေပြည်တော်ကိုလည်း ထပ်မံအစီရင်ခံနေရသည်။ ဗိုလ်ချုပ်စိုးသိန်းမှာ ဗိုလ်ကြီးအဆင့်ဖြင့် ဥရောပတွင် ရေတပ်ဆိုင်ရာ စစ်ပညာကို လေ့လာသင်ယူနေစဉ် မိမိနှင့် သိကျွမ်းခဲ့ရသည်။ ထိုစဉ်က မိမိမှာလည်း မိုးလေဝသဆိုင်ရာ လေ့လာဆည်းပူးဖို့ရန် နိုင်ငံတော်စရိတ်ဖြင့် ဥရောပတခွင် ရောက်ရှိနေချိန် ဖြစ်သည်။

‘ခင်ဗျားဌာနနဲ့ ကျနော့်တို့ရေတပ်က လင်မယားလိုဘဲနော်၊ နောက်များလည်း မကြာမကြာ တွေ့ကြရဦးမယ်။’ သတ္တုသံ ပါသောအသံ၊ နှုတ်ဆက်ဖော်ရွေခြင်းနှင့် ခန့်ညားသော ဥပဓိရုပ်ပိုင်ရှင် ဗိုလ်ကြီးစိုးသိန်းကို မိမိဥရောပတွင် စတင်ခင်မင် ခဲ့ရသည်။ အထူးသဖြင့် မိမိ ကြည့်မရသောစစ်သားများထဲတွင် ထူးထူးခြားခြား ဗိုလ်ကြီးစိုးသိန်းမှာ ခင်မင်စရာ ကောင်းနေသည်။

ဗိုလ်ကြီးစိုးသိန်းမှာ ယခုတော့ ကာကွယ်ရေးဦးစီးချုပ် (ရေ)ရာထူးကြီးရနေသလို မိမိမှာလည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်နေရသည်။ အမြဲတမ်းလိုလို တာဝန်အရဆက်ဆံနေရပြီး ယခုမုန်တိုင်း ကာလတွင် တိုက်ရိုက်ဆက်သွယ်စကားပြောနေရသည်။ အရေးပေါ်အခြေအနေထုတ်ပြန်ဖို့ တပ်ချုပ်ကြီးကို သွားလျှောက် ဖို့လည်း ဗိုလ်စိုးသိန်းက အကြံဥာဏ်ပေးခဲ့ရှာသည်။ သို့သော် မျှော်မှန်းသလို တပ်ချုပ်ကြီးက ထွက်မတွေ့ သောကြောင့် မုန်တိုင်းကို အန်တု စောင့်ကြည့်နေရုံသာရှိကြောင်း နှစ်ဦးသားတိုင်ပင်ကြသည်။

မုန်တိုင်းလွန်သော်

‘ကျနော့် (ပ-တ-ခ) ရေတပ်တော့ပျက်ပြီ။… စာရင်းချုပ်အရ စစ်သင်္ဘောကြီးငယ် (၃၆)စီး မြုပ်သွားတယ်။ ကိုစိုးဝင်း (ဝန်ကြီးချုပ်ဟောင်း) တရုတ်သွားတုန်းက ဟိုကမီးရထားတွဲ (၁၅ဝ)ကျော်လက်ဆောင်ပေးလိုက်တယ်။ ကျနော့်ကို တော့ ရေယာဉ်ကြီး (၄)စီးပေးတယ်။ နှစ်စီးကတော့ ကိုကိုးကျွန်းမှာ ကပ်ထားလို့ မုန်တိုင်းဒဏ်က လွတ်သွားတယ်။ ဟိုင်းကြီးကျွန်းက နှစ်စီးကတော့ နစ်တဲ့ထဲပါသွားပြီ။ ပြည်သူကိုကယ်ဖို့မဆိုထားနဲ့ ကိုယ့်ဟာကိုယ်တောင် မဆယ်နိုင် ဘူးဗျာ။’

ဗိုလ်စိုးသိန်းမျက်နှာမှာ နှမြောစိတ်ကြောင့် မကောင်းလှပေ။ မိမိမှာလည်း နေပြည်တော်သို့ အမြန်ဆုံးလာဖို့ ဆင့်ဆိုထား သောကြောင့် လာမဲ့ဘေး ပြေးတွေ့ရဦးမည်။ မသွားခင် ကိုယ့်ဘက်မှ မှားယွင်းမှု မရှိအောင် ပြင်ဆင်ထားဖို့လည်း သူငယ်ချင်းဗိုလ်စိုးသိန်းက သတိပေးရှာသည်။

တပ်ချုပ်ကြီး၏ဟန်ဆောင်ပူပန်ခြင်း

‘ဒီလောက်ထိကြီးဖြစ်လိမ့်မယ်လို့ လုံးဝကျနော်မမျှော်လင့်ဘူးဗျာ။ အဓိက မိုးလေဝသဌာနမှာ တာဝန်အရှိဆုံးပါ။ ညွှန်မှူး ထွန်းလွင်ကို တာဝန်ရှိသလိုသာ ဆက်လုပ်လိုက်ပါ။ လောလောဆယ် နာဂစ်ဒေသကို သိန်းစိန်နဲ့လွှတ်ထားလိုက်ပါ။’

အချိန်မှီသတိပေးပျက်ကွက်မှုကြောင့် ညွှန်မှူးထွန်းလွင်ကိုဖြုတ်ရန် တပ်မှူးကြီးသူရရွှေမန်းနှင့် တွဲဖက်တပ်မှူးမြင့်ဆွေ တို့ကိုမှာကြားပြီး တပ်ချုပ်ကြီးတယောက် ဥက္ကဌရုံးမှ ထွက်ခွာသွားသည်။ ကျန်ရစ်ခဲ့သော တပ်မှူးနှစ်ဦး တယောက် မျက်နှာ တယောက်ကြည့်ကာ ခေါင်းကိုက်ခဲ သွားလေတော့သည်။ တကယ်တော့ ညွှန်မှူးထွန်းလွင်ကြိုတင်၍ အစီရင် ခံခဲ့သည်။ မိမိတို့ကိုလည်း သေချာရှင်းလင်းတင်ပြခဲ့ပါသည်။ ထွက်မတွေ့ဘဲ အခန်းအောင်းနေသူက တပ်ချုပ်ကြီး ဖြစ်ကြောင်း သဘောပေါက်သည်။ မည်သူ့တွင် တာဝန်ရှိသည်ကို မေးနေစရာမလိုပါ။ တပ်မှူးနှစ်ဦးစလုံး တစုံတခုကို ဆုံးဖြတ်ချက်ချလိုက်သည်။

မတည်မြဲသော ရာထူးသင်္ခါရ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားရေးမှူးရာထူးကို ဦးထွန်းလွင်တယောက် မဆုံးရှုံးခဲ့ပါ။ သူငယ်ချင်းဖြစ်သူ ရေတပ်ချုပ် ကြီးမှာ ရာထူးနှစ်ဆင့်ကျကာ စက်မှု (၂)ဝန်ကြီး ရာထူးသို့ လျှောကျသွားသည်။ အံ့သြစိတ်ကြောင့်လည်း သူငယ်ချင်း၏ ရင်ဖွင့်သံကို မျှဝေခံစားပေးနေရသည်။

‘ပထမတော့ကျနော်လည်း သူတို့စစ်သဘောင်္တွေရောက်လာလို့ စိတ်နည်းနည်းတိုသွားတယ်။ နောက်မှ သူတို့ဘက်က ရှင်းပြတယ်၊ ထိုင်းနဲ့လုပ်မယ့် (Cobra) စစ်ရေး လေ့ကျင့်တာကို ရွေ့ဆိုင်းလိုက်ပြီး နာဂစ်အတွက်လာတာတဲ့၊ ရေယာဉ် ပေါ်မှာ လက်နက်မပါဘဲ ကယ်ဆယ်ရေးပစ္စည်းတင်ဆောင်လာတယ်ဆိုတာကို တက်ပြီးစစ်ဆေးဖို့လည်း ဖိတ်တယ်လေ။ ခင်ဗျားဘဲစဉ်းစားကြည့်ပါဗျာ။ ခုနေချိန်မျိုးမှာ ကိုယ်က ပြည်သူတွေကိုကယ်ဖို့ နေနေသာသာ ကိုယ့်ဟာကိုယ် တောင် မကယ်နိုင်ဘဲ ဒုက္ခဖြစ်နေတာဘဲလေ။ အကူအညီမှန်သမျှ များများနဲ့မြန်မြန် လက်ခံရမှာဘဲဗျ။ ကျနော်တင် မကဘူး။ ရေတပ်စခန်း တခုလုံးက သူတို့ သင်္ဘောတွေ လာကပ်တာကို ဝမ်းသာနေကြတယ်။’

ရေတပ်ချုပ်ကြီး၏ စိတ်ဓာတ်ကို ချီးကျူးလေးစားမိသည်။ အနောက်တိုင်းတခွင် ပညာ သင်ခဲ့ဖူးတာကြောင့် ခေတ်မှီ စိတ်ထားနှင့် ပကတိ အခြေအနေတွင်လည်း အမှန်ဘက်တွင် ရပ်တည်ခြင်းဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက် စိတ်ထားရှင် နေပြည်တော်တပ်ချုပ်ကြီးက ရေတပ်ချုပ်ကြီးသည် အမေရိကန်စစ်သဘောင်္များကို ဆိုက်ကပ်ခွင့်ပေးခြင်း၊ စစ်သဘောင်္များနှင့် နေ့စဉ်ဆက်သွယ်စကားပြောခြင်း၊ အမေရိကန် ရေတပ်ဦးစီးချုပ်အား မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် ကြိုဆိုစဉ်က မိမိအား လူစိတ် မရှိသယောင် ပုံစံမျိုးပြောဆိုသွားခြင်း စသော ပြစ်ချက်များ သတ်မှတ်ကာ ကာကွယ်ရေး ဦးစီးချုပ် (ရေ)ရာထူးမှ ထုတ်ပယ်ခဲ့သည်။ မတတ်နိုင်လွန်း၍ ကျန်ရေတပ်ကေဒါများ ပူညံပူညံ လုပ်မည်စိုး၍ စက်မှု (၂)ဝန်ကြီးရာထူးပေးကာ ချွေးသိပ်ခဲ့သည်။

အတိတ်ပုံရိပ် အိမ်မက်ခြင်း

စံအိမ်တော်ဘေးတွင်စိုက်ထားသောထင်းရှူးပင်မှာ သဘာဝအတိုင်း စိုက်ပျိုးထားခြင်းမဟုတ်ဘဲ အပင်ကြီးကို ကရိန်း ဖြင့်ဆွဲနှုတ်ကာ ကျင်းတူး၍စိုက်ပျိုးထားခြင်းကြောင့် အရွက်များမှာ အချိန်တိုအတွင်းခြောက်သွေ့နေသည်။ လေတိုက် လိုက်တိုင်းသစ်ရွက်ခြောက်မြည်သံကြောင့် တပ်ချုပ်ကြီး၏စိတ်ကို ခြောက်ခြားစေသလိုဖြစ်နေသည်။ ယခုလည်း စံအိမ်တော်မှာ ကိုးကွယ်ပူဇော်နေသော သထုံမြို့မှ အလံတရာဆရာတော်ရောက်ရှိနေသည်။ ယခင်ရွှေဝါရောင် လူသတ်ပွဲအပြီးတွင်လည်း စိတ်ခြောက်ခြားနေ၍ ဆရာတော်ကို ပင့်ဖိတ်၍ တရား ရေအေး တိုက်ကျွေးခိုင်းဖူးသည်။ ခုတော့ သက်သာမည်မထင်ပါ၊ တသက်လုံးဖုံးခဲ့သမျှသည် ဘူးပေါ်သလိုပေါ်နေပြီ။

မိမိ၏ သမီးတော်လေး ကိုယ်ဝန်နှင့်မင်္ဂလာဆောင်စဉ်က ဗီဒီယိုခွေမှာ လက်ကျန် ထောက်လှမ်းရေးများ လက်ဆော့ လိုက်သဖြင့် ကမ္ဘာပျံ့သွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ခေါင်းကိုက်နေချိန်တွင် လူဆိုးကြီးဆက်ဒမ်ဟူစိန်ကို ကြိုးပေးသတ်လိုက်တော့ နှလုံးရောဂါပါဖြစ်ပြီး စကာင်္ပူဆေးရုံသို့လစ်ရတော့သည်။ စင်္ကာပူဆေးတန်ခိုးကြောင့် ရောဂါ သက်သာခဲ့ပေမဲ့ ယခုအချိန်မှာ နာဂစ်အကျိုးဆက်ကြောင့် မိမိအပေါ် တကမ္ဘာလုံး အော့နှလုံးနာဖြစ်နေသည့် ရောဂါကို ဘယ်ဆေးဝါးမျိုးနှင့်မျှ သက်သာမည်မထင်ပါ။ အခံရအခက်ဆုံးမှာ မိမိ မွေးထားသော တပ်မှူးနှစ်ဦးက မိမိအမိန့်ကို အာခံကာ ညွှန်မှူးထွန်းလွင်ကို ဖြုတ်ချခြင်းမပြုဘဲ ထွန်းလွင်အစီရင်ခံစာကို ကဗျည်းထိုး မှတ်တမ်းတင် ထားသည်။ ရေခြားမြေခြား ရောက်နေသော ထောက်လှမ်းရေး အောင်လင်းထွဋ်ကလည်း ဖုံးကွယ်ထားခဲ့သော လူသတ်ပွဲကို အစပျိုး ဖော်ထုတ်နေလေပြီ။ တခြားသူ တဦးတယောက်ဆိုတော်ပါသေးသည်၊ ခုတော့ တရားခံပြသက်သေအဖြစ် ကမ္ဘာကိုကြေညာနေပြီ။

ဂြိုလ်မွှေသည့် မေလ

ဒီလဒီကာလရောက်လေတိုင်း စိတ်သောကရောက်ရစမြဲဖြစ်သည်။ ၁၉၉ဝ-ခုနှစ်ကတည်းက မိမိတို့ကို အလဲထိုး အနိုင်ယူခဲ့သော ရွေးကောက်ပွဲအောင်ပွဲက ခုထိခြောက် လှန့်နေသည်။ မိမိ၏ လက်စွဲတော် လူမိုက်များက လိုသည်ထက် ပိုမို၍ လက်လွန်သွားသော ဒီပဲယင်း ရိုက်သတ်ပွဲကြောင့် ကမ္ဘာက အယုံအကြည် ကင်းမဲ့ခဲ့ရသည်။

(၉ဝ)ရွေးကောက်ပွဲကို ချေဖျက်နိုင်ဖို့ အင်တိုက်အားတိုက်လုံးပမ်းခဲ့ရသော ဆန္ဒခံယူပွဲကလည်း ထင်သလောက် ဖြစ်မလာဘဲ ပိပိရိရိမသေသပ်မှုကြောင့် အရှက်ကွဲနေရသည်။ လွန်ခဲ့သောနှစ် မေလက တိုက်ခတ်သော နာဂစ်ကြောင့်လည်း အကြင်နာ တရားကင်းမဲ့သည့် ကမ္ဘာ့ အဆိုးဝါးဆုံး ပုဂ္ဂိုလ်ဘွဲ့ကိုရရှိစေခဲ့သည်။

မကြာမီရင်ဆိုင်ရမည့်စိန်ခေါ်မှုမှာ လွတ်ရက်စေ့၍ပြန်လွှတ်ပေးရတော့မည့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အကျယ် ချုပ်ပြဿနာဖြစ်သည်။ လွှတ်ပေးလိုက်ရရင်လည်း ကြွတက်လာမည့် လူထုလှိုင်းသည် မိမိတို့ကို ရိုက်ခတ်သွားနိုင်သည်။ ဆက်လက် ထိန်းထားလျှင်လည်း အကျယ်ချုပ် လက်နက်ထိပ်တုံးကို မိမိကိုယ်တိုင် ထမ်းပိုးရတော့မည်။ ထို့ပြင် ကလော်တုတ်ဆဲဆိုကြမည့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ညှိးများကိုလည်း အန်မတုဝံ့ပေ။ အဆိုးဝါးဆုံးမှာ မိမိ မွေးထားခဲ့သော တပည့်ကျော်များကလည်း ယုံကြည် စိတ်မချရသေး၊ မိမိသာ အာဏာမဲ့သွားလျှင် ဆရာကြီး ဦးနေဝင်းကဲ့သို့ ဖြစ်သွားနိုင်သည်။ အာဏာကိုဆက်ဆုပ်ကိုင်ထားသောကြောင့်လည်း မိမိရုပ်မှာ ဘီလူးကဲ့သို့လား ထင်မှတ်နေရသည်။

သောကကင်းငြိမ်းဖို့ရာ ဗုဒ္ဓတရား ရေအေးတိုက်ကျွေးဖို့ ခေါ်ထားသော သထုံ အလံတရာ ဆရာတော်ကလည်း ပင့်ဖိတ်လို့ မရ။ နောက်ဆုံး အားကိုးရာဖြစ်သော ကြင်သူသက်ထား မကြိုင်ကြိုင်က ဘေးနားမှနေ၍ မေတ္တာသုတ်ကို ရွတ်ဖတ် ပေးနေရှာသည်။ မေတ္တာသုတ်ကို နားစွင့်ရင်း ဘုရားအာရုံပြုလိုက်သောအခါ မနောစိတ်တွင်ဘုရားပေါ်မလာဘဲ ရွှေဝါရောင် ကာလက ရိုက်သတ်ခဲ့သော မေတ္တာသုတ်ပိုင်ရှင် သံဃာတော်များ၏ ပုံရိပ်ကသာ မင်းမူနေပါတော့သတည်း။


မင်းလွင် (ရှမ်းပြည်)

http://www.facebook.com/note.php?note_id=78066551228&ref=nf

မန္တလေးမှာ ဆွမ်းလောင်းလှူစဉ်ကပေါ့

န.အ.ဖ စစ်တပ်ပြစ်သက်လို့ ဇီဝိန်ကြွေ

သံဃာတွေသေကြေကြ

ရိုင်းစိုင်းယုတ်မာစဉ်ကပေါ့

ဒို့ တတွေခေါင်းငုံ့ မခံ

တွန်းလှန်မယ်ဆိုပြီး

ဘုရားပေးတဲ့ကမ္မဝါ

ပတ္တနိက္ကုဇ္ဖနာကို

စုပေါင်းခါရွတ်ဆိုကြ

သပိတ်မှောက်ခဲ့ကြပေါ့

ဒါပေမဲ့မျိုးယုတ်န.အ.ဖ

သံဃာကိုပစ်ကာသက်

တိပိဋကပါမကျန်လပ်ခံရ

ဆရာတော်တွေထောင်ထဲစံရပေါ့


ဒုတိယအကြိမ်

2007စက်တင်ဘာကာလ

သူတို့ ရက်စက်ယုတ်မာစဉ်ကပေါ့

တို့ တတွေလုံးဝလက်မခံတွန်းလှန်မယ်ဆိုပြီး

သပိတ်မှောက်ကမ္မဝါပတ္တနိက္ကုဇ္ဇနာကို

စုပေါင်းကာရွတ်ဖတ်ကြ

မေတ္တာပို့ ချီတက်ဆန္ဒပြကြပေါ့

ဒါပေမဲ့န.အ.ဖ ဘယ်သူ့ ကိုမှမခ

မာန်မာနတွေထောင်ကာကြွပြီး

သေနက်နဲ့ ပစ်သတ်ရက်ရက်စက်စက်

ညှင်းပန်းနှိပ်စက်ယုတ်မာနေကြ

သံဃာသွေးတွေကျောင်းသားပြည်သူသွေးတွေ

မြေမှာခကြရပေါ့....


ဒီလိုသာတသက်လုံးခံခဲ့ကြရင်

ဒို့ သာသနာဒို့ ပြည်ရွာကို

မိစ္ဆာတွေလက်ဝကွက်အပ်ရလိမ့်မယ်

လာမည့်စက်တင်ဘာ၁၇ရက်နေ့ 

ဒါဟာ န.အ.ဖ ကိုပေးမဲ့မန့်ဒိတ်

ဖန်းဆီးထားသံဃာများကိုချွင်းချက်မရှိ

ချက်ချင်းလွှတ်

မိမိမှားယွင်းကြောင်းပြန်တောင်းပန်

ဒီနှစ်တန်ဒင်းတို့ လက်မခံက

လာမည့်စက်တင်ဘာ၁၈ရက်နေ့

တတိယအကြိမ်သပိတ်

အဆုံးသတ်တိုက်ပွဲ

ဒို့ ဆင်နွှဲကြမယ်

ရဟန်းသံဃာကျောင်းသားပြည်သူ

အားလုံးအသင့်ပြင်ထားကြ….

မင်းသုည ကွမ်းခြံကုန်း

Economic Sanctions

Economic Sanctions by Khin Ma Ma Myo