Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 23 April 2009

ရန်သူလား မိတ်ဆွေလား


ရန်သူလား မိတ်ဆွေလား
အောင်မင်းခေါင်

ကျွန်တော်တို့ အမိမြန်မာပြည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ရရန်အတွက် လူတိုင်းမှာတာဝန်ရှိသည်။ မြန်မာပြည်သည် ကျွန်တော်တို့တိုင်းပြည်ဖြစ်သည်။ မြန်မာတိုင်းရင်းသားများ အားလုံးသည် ပိုမိုကြိုးစားရမည်။ မြန်မာပြည်သည် ဒီမိုကရေစီရရန်ပြည်တွင်း ပြည်ပ ဟန်ချက်ညီညီကြိုးစားကြရမည်။
ပြည်တွင်း မှ အမှန်တရား မြတ်နိုးသော သူရဲကောင်းများက အသက်ကို ပဓနမထား၊ ထောင်မကြောက် ၊ တန်းမကြောက် ၊ နိုပ်စက်မှုကို ဂရုမပြုဘဲ သန်း ၅၀ သော ပြည်သူများအတွက်၊ တရားမျှတမှု အတွက်ဘ၀တွေစတေးကာ သတ္တိရှိရှိ တိုက်ပွဲ ၀င်လျှက်ရှိသည်။

တော်လှန်ရေးတရပ်အောင်မြင်ဖို့လူထုပူးပေါင်းပါဝင်ကြဖို့ အလွန်အရေးကြီးသည်။ မြန်မာ ပြည်သူတရပ်လုံး ကသာအကြောက်တရား ဘေးဖယ်ထားပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် ကျောင်းသားခေါင်းဆောင်များ ၊ ဘုန်းတော်ကြီးများ၏ ဦးဆောင်မှုကို တညီတညွတ်တည်း အင်တိုက်အားတိုက် ပါဝင်လျှင် လူထုအားဖြင့် အောင်ပွဲဆင်နိုင်ပါသည်။ အကယ်၍ သာမြန်မာပြည်သူများသည် မဟတ္တမဂန္ဒီနှင့်အိန္ဒိယပြည်သားများ လွတ်လပ်ရေးကြိုးပမ်းစဉ် ကဲ့သို့ ထောင်တွေအားလုံးကို ပြည်သူ နှင့် ဖြည့်လိုက်လျှင်အကျည်းသားမည်မျှဆံပါမည်နည်း။ စစ်တပ်ဘာလုပ်နိုင်ပါမည်နည်း။ ဒါသည် အာကြမ်းမဖက် နည်းဗျူဟာဖြစ်သည်။

သေချာတာကတော့ သစ္စာရှိရမည်။ သတ္တိ ရှိရမည်။ အနစ်နာခံ ရဲရမည်။ပိုမိုပြီး အရေးအ ကြီးတာက လူညီရမည်။ တော်လှန်ရေး သတိ ရှိရမည်။ သစ္စာဖောက်လောက်ကောင်များကို ဖော်ထုတ် ပြီး ၀ိုင်းကြဉ်ကြရမည်။ လူ့ဘောင်လောကထဲမှ သူတို့အားပယ်ပစ် ကြရမည်။ အကယ်၍ သူတို့ကအမှားကို မြင်၍ အမှန်ကိုပြင်လာကြ လျှင်လှိုက်လှဲစွာ ကြိုဆို ကြရမည်။ စစ်အာဏာရှင်များ၏ အသက်သွေးကြော မှာစစ်သားများဖြစ်သည်။ အကယ်၍ သာ စစ်သားများသည် ပြည်သူဘက်မှမားမားမတ်မတ် ရပ်တည်ပြီး သေနတ်ပြောင်းကို အာဏာရှင်များဘက်သို့လှည့်ကြမည်ဆိုလျှင် တော်လှန်ရေး ပိုမိုမြန်ဆန်စွာ အောင်မြင်နိုင်သည်။

ကျွန်တော်တို့ တော်လှန်ရေးတွင် မိတ်ဆွေနှင့်ရန်သူ နှစ်မျိုးသာရှိသည် ။ ကြားနေသည် ဟုဆိုလျှင်ရန်သူအားပေးဖြစ်သော ကြောင့်ရန်သူပင်ဖြစ်သည်။ မြန်မာပြည် သည်လက်ရှိ အာဏာရှင် စနစ်အောက်တွင်၂၁ နှစ်ကြာ ဆင်းရဲမှု ၊ ရက်စက်ကြမ်းကြုတ်မှု နှင့် ညှင်းပန်းနှိပ်စက်မှု အပေါင်းကို ခါးသီးစွာ ခံစားရလျှက်ရှိသည်။ ပြည်သူ နှင့် တန်သော အစိုးရကိုရသည် ဟူသောဆိုစကားရှိသည်။ မြန်မာပြည်သူများ သည် စစ်အာဏာရှင် အစိုးရနှင့်သာ တန်ပါသလား။

ကမ္ဘာအရပ်ရပ်၌ ၊ အရှေ့အနောက်တောင်မြောက် အရပ်လေးမျက်နှာ ၌ ထို ၂၁ နှစ်တာ ကာလ အတွင်း ( ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊) စသော မြန်မာတိုင်းရင်းသားများသည် နေရာ အနှံ့၌ ရောက်ရှိလျှက်ရှိသည်။ အချို့က ပညာသင်ရန် ပညာရှာ ၊ အချို့က အလုပ်လုပ် ရန် ငွေရှာ ၊ အချို့ကတော့ ခိုလှုံရန် (asylum) ။

မြန်မာပြည်လူဦးရေသည် ကမ္ဘာအရပ်ရပ်၌ သန်းချီရှိလေသည်။ ဒီနေရာမှာ မြန်မာပြည်ကောင်းစား ရန် ပြည်တွင်းပြည်ပ နှစ်ဌာန ပြိုင်တူပူးပေါင်း လုပ်ကြရန်အလွန်အရေးကြီသည်။ အကယ်၍ မြန်မာလူမျိုးများ အားလုံးကသာ ၊အထူးသဖြင့် ခိုလှုံရေးသမား များအားလုံး ကသာတက်ညီလက်ညီဝိုင်ဝန်း ကြိုးစား ကြပါလျှင် ကျွန်တော်တို့တော်လှန်ရေး အောင်ပွဲ ကို အမြန်ဆုံး အရောက်လှမ်းနိုင်မှာ ဖြစ်သည်။

အကြောင်းအမျိုးမျိုးကြောင့်ခိုလှုံနေကြသော သူများသည် အမိမြန်မာပြည်ကောင်းစားရေးအတွက် ပိုမိုအလုပ်လုပ်သင့်သည်။ သစ္စာပိုရှိသင့်သည့် ။ နိုင်ငံတော် ၊ လူမျိုး နှင့် ပြည်သူအပေါ် အမြဲ သစ္စာရှိရမည်။
သို့သော် ကမ္ဘာအရပ်ရပ် ရောက်မြန်မာများသည် မြန်မာပြည်ကောင်းစားရေး အတွက် လှုပ်ရှားသူ ဘယ်နှစ်ယောက် ရှိပါသနည်း။ လက်ချိုးရေ၍ရပါသည်။

ဘာကြောင်ပါလဲ။ ခိုလှုံခွင့် ယူပြီး အချောင်ခို သွားကြသူက ပိုမိုများပြားနေသောကြောင့်ဖြစ်သည်။ မိမိ ကိုယ်ကျိုးအတွက် ဦးစားပေး ရှေ့တန်းတင်နေ သောကြောင့်ဖြစ်သည်။

ကမ္ဘာအရပ်ရပ်တွင် ခိုလှုံနေကြသူများသည် မြန်မာပြည်ကောင်းစားရေး အတွက်အမှန်တကယ်သာစိတ်ဆန္ဒ ရှိလျှင် လုပ်နိုင်တာတွေ အများကြီးရှိပါသည်။ လူအင်အား၊စိတ်ဓါတ်အင်အား၊ငွေအင်အား တတ်နိုင်သမျှ ၀ိုင်းပါ၍ရပါသည်။ သို့သော် အများစုသော ခိုလှုံခွင့်ယူထားသူများသည်ခိုလှုံခွင့် ရပြီးပါက မိမိဘ၀အတွက် ဖူလုံပြီဟု မှတ်ယူကာ တော်လှန်ရေး အပေါ်သစ္စာဖောက် သွားကြသည်။

တစ်ချို့ကလည်း ဘေးထိုင်၊ဘုပြော၊၀င်မလုပ် ဖြစ်သွားကြသည်။ ပြန်လာခဲ့ကြပါ ရဲဘော်တို့ တို့တတွေအပြီးသတ် တိုက်ပွဲကို ၀ိုင်းဝန်းတိုက်ပွဲဝင်ကြပါစို့လို့ဖိတ်ခေါ်ချင်ပါသည်။ အချို့ခိုလှုံ သူများမှာ တကယ်ပင်စိတ်ဓါတ်ရှိပါသည်။ တကယ်ကိုဝိုင်းလုပ်ချင်ကြပါသည်။ သို့သော် စိတ်မကောင်းစရာ မှာ ကျွန်တော်တို့ တော်လှန်ရေးထဲတွင် ကပ်ခိုနေလျှက်ရှိသော စစ်တပ်သူလျှို များ၏ စိတ်ဓါတ်စစ်ဆင်ရေး ဖြစ်သော ခြောက်လုံးများ ကြောင့် ၎င်း၊ အချို့သော တော်လှန်ရေးကို လုပ်စားသူများ ၏ လူသစ်ကို ရိုက်ချခြင်း၊ မျက်နှာသစ်ကို ဘ၀သတ်ခြင်းတို့ ကြောင့်၎င်း၊ အချို့သောအကျင့်ပျက် တော်လှန်ရေးသမား အမည်ခံများကြောင့် လည်းကောင်း ရှေ့မထွက်ရဲ တထိတ်လန့်လန့် ဖြင့် စိတ်ဓါတ်ကို မြိုသိပ်နေရသူများ လည်းရှိသည်။

ထိုသို့သောရဲဘော်များကို လှိုက်လှိုက်လှဲလှဲ BURMA DEMOCRATIC CONCNERN(BDC) မှ ဖိတ်ခေါ်လိုက်ပါသည်။ ၀င်လာခဲ့ကြပါ ။ ရဲရဲသာ လာခဲ့ကြပါ။ (BDC) သည်သင်တို့ကို Judgement မလုပ်ပါ။ Privacy ကိုတန်ဖိုးထားပါသည်။ Confidentiality ကိုလေးစားပါသည်။ စစ်အာဏာ ရှင် အလိုတော်ရိ များမေးနေကြ ဖြစ်သော မြန်မာပြည်တွင်ဘာလုပ်ဖူးသလဲ၊ဘယ်တုန်းက ပါခဲ့ဘူးသလဲ၊ ဘာဖြစ်ဖူသလဲ စသော မေးခွန်းများ ကိုမမေးပါ။ သင်ယခုစလုပ်လျှင် ယခုပင်လျှင် မြန်မာပြည်ကောင်းစားရေး အတွက် အကျိုးရှိပါသည်။ သင့်ကို(BDC) မှအလိုရှိပါသည်။(BDC)သည်လူတိုင်းပါဝင်မှု၊ (BDC) သည်လူတိုင်းခေါင်းဆောင်မှု ၊ (BDC) သည်လူတိုင်း လှူဒါန်းကူညီမှု ကို လေးစားတန်ဘိုးထားပါသည်။