Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Thursday 30 April 2009

Pheonix Radio Show

Universal Declaration of NLD (Burmese Version)

မဇ္ဈိမ
ကိုဝိုင်း
ဗုဒ္ဓဟူးနေ့၊ ဧပြီလ 29 2009 21:32 - မြန်မာစံတော်ချိန်

ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံကို ပြည်သူလူထုအပေါင်း မျှော်မှန်းထားသည့်အတိုင်း ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်သွားရေး ကြိုးပမ်းရာတွင် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျတ်အတည်းများ အားလုံးကို ဖြေရှင်းနိုင်ရန် ရည်ရွယ်လျက် အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ဝင်များ၊ ယနေ့ထက်တိုင် အဖွဲ့ချုပ်နှင့်အတူတကွ ရပ်တည်နေကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသမီးလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ၊ လူငယ်လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် ရန်ကုန်မြို့ အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ် အစည်းအဝေးခမ်းမ၌ ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၈-၂၉ ရက်နေ့များတွင် နိုင်ငံရေး၊ စည်းရုံးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်တင်ပြခြင်း၊ အခြေအနေအရပ်ရပ်ကို တွေ့ဆုံဆွေးနွေးညှနှိုင်းခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးရာတွင် ပြဿနာအားလုံး ပြေလည်သွားစေရေး အကောင်းဆုံးနည်းလမ်းဖြစ်သော တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာစေရေးအတွက် အခြေအနေကောင်းများ ဖန်တီးပေးနိုင်မည့် အစီအစဉ်များကို အများသဘောတူညီကြသည့်အလျောက် ပြည်သူလူထုအား အသိပေးနိုင်ရန် ဤ ရွှေဂုံတိုင်ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာလိုက်သည်။

အဖွဲ့ချုပ်သည် နိုင်ငံ၏ ပြည်သူလူထုအကျိုးကို ရှေ့ရှုလျက် လက်ငင်းကြုံတွေ့နေရသော နိုင်ငံရေး အကျပ်အတည်းများဖြစ်သည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ရေး၊ တိုင်းရင်းသားလူမျိုးများအားလုံး အခွင့်အရေးတန်းတူညီမျှမှုကို အခြေခံသည့် စစ်မှန်သော ပြည်ထောင်စုကြီး တည်ဆောက်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးတို့သည် လက်ငင်းဖြေရှင်းရမည့် အဓိကပြဿနာများဖြစ်သည်ဟု ယူဆသည်။ ဤကိစ္စများအပေါ် အဖွဲ့ချုပ်၏ ရပ်တည်ချက်များမှာ -

(က) ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး။

(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) ပြန်လည်ပြင်ဆင်ရေး။

ဒီမိုကရေစီနိုင်ငံတော်အသစ်တရပ် တည်ဆောက်ရန် ဒီမိုကရေစီမူများအပေါ် အခြေခံသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ် လိုအပ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ အာဏာတည်ခြင်းမရှိသေးသော ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈) တွင် ဒီမိုကရေစီအခြေခံမူဝါဒများနှင့် မကိုက်ညီသည့်အချက်များ ပါဝင်နေသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ အပါအဝင် ပြည်သူအပေါင်း (…..) ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာစေရန် အထူးလိုအပ်သည်။

(ဂ) စည်းရုံးရေး။

တိုင်းရင်းသားလူမျိုးများတစ်စုတစ်ဝေးတည်း နေထိုင်လျက်ရှိသည့် ပြည်ထောင်စုမြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအားလုံး အခွင့်အရေး တန်းတူညီမျှမှု၊ တဦးပေါ်တဦး ဖြူစင်သောစေတနာ ထားနိုင်မှုတို့ကို အခြေခံသော ညီညွတ်မှု တည်ဆောက်ရမည်။ (…..) ရေခံမြေခံကောင်းတွင်သာ စစ်မှန်သော ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးနိုင်ပေမည်။ ထို့ကြောင့် နိုင်ငံရေးပါတီများအားလုံး လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ရှိရမည်။ သို့ဖြစ်ရာ ၂ဝဝ၃ ခုနှစ် မေလ ၃၁ ရက်နေ့မှ စတင်ကာ ယာယီဟုဆိုပြီး ချိတ်ပိတ်ထားခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်နယ်-တိုင်း စည်းရုံးရေးအဖွဲ့ ရုံးများ၊ မြို့နယ်စည်းရုံးရေး အဖွဲ့ရုံးများနှင့် တိုင်းရင်းသား နိုင်ငံရေးပါတီ (ရုံး) များကို အမြန်ဆုံးဖွင့်ပေးရန် လိုအပ်သည်။

(ဃ) ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုရေး။

ယနေ့ကာလတွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) နှင့်အညီ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေး စီစဉ်ဆောင်ရွက်ရန် အထူးလိုအပ်နေသည်။ သို့မှသာ ဒီမိုကရေစီ၏ အစဉ်အလာကောင်းများကို ထိန်းသိမ်းရာ ရောက်ပေမည်။ သို့မဟုတ်ပါက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ အနေဖြင့် မိမိပြဋ္ဌာန်းထားသော ဥပဒေကို မိမိကိုယ်တိုင် ချိုးဖောက်ရာ ရောက်ရှိနေပေလိမ့်မည်။

(င) တွေ့ဆုံဆွေးနွေးရေး။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို (၁၉၈၈) ခု ကတည်းကစ၍ အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံရေးလိုအပ်ချက်အရ ပြောင်းလွယ်ပြင်လွယ် သဘောထားဖြင့် ဆောင်ရွက်နိုင်စွမ်းရှိသည်ဆိုသော အချက်ကို အောက်ပါအတိုင်း ပွင့်ပွင့်လင်းလင်း ပြောကြားထားခဲ့ပြီးဖြစ်သည်။

“မြန်မာပြည်သူလူထုအတွက် အကျိုးပြုမယ့် ရလဒ်ကောင်းရဖို့ဆိုရင် ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြင်သာ ပြောင်းသာစွာနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ မကြာခဏ ပြောထားခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို တွေ့ဆုံဆွေးနွေးတာဟာ အဖွဲ့ချုပ်ကောင်းစားဖို့ ဦးတည်ဆွေးနွေးမှုမျိုး မဖြစ်သင့်သလို အာဏာပိုင်များကောင်းစားဖို့ ဦးတည်ဆွေးနွေးတာမျိုးလည်း မဖြစ်သင့်ပါဘူး။ မြန်မာပြည်သူလူထု ကောင်းစားရေးအတွက် ဦးတည်ရလိမ့်မယ်” ဟု ပြောထားပြီးဖြစ်သည်။

သို့ဖြစ်ရာ လက်ငင်းကြုံတွေ့နေရသော ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲများ မဖြစ်မနေကျင်းပရေး စီစဉ်ဆောင်ရွက်ပါရန် အဖွဲ့ချုပ်က ရိုးသားဖြူစင်စွာ စိတ်ကောင်းစေတနာဖြင့် ထပ်မံတိုက်တွန်းလိုက်သည်။

အဖွဲ့ချုပ်က မျှော်မှန်းထားသော ဆွေးနွေးပွဲ အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ကြိုတင်စည်းကမ်း သတ်မှတ်ထားခြင်း မရှိသော တွေ့ဆုံဆွေးနွေးပွဲကို ဆုံးဖြတ်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကာ အပြန်အလှန်လေးစားမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်မှုကို အခြေခံထားသည့် တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးကျင်းပရန်

(၂) ဆွေးနွေးပွဲများတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားများအားလုံး တန်းတူညီမျှ အခွင့်အရေးများရရှိရေး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ကို ပြန်လည်သုံးသပ်ရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော်ကို တနည်းနည်းဖြင့် အသိအမှတ်ရေး၊ နောင်လာမည့် ရွေးကောက်ပွဲများအရေး၊ လက်ရှိပြည်သူလူထု ဘဝအခြေအနေများ တိုးတက် ကောင်းမွန်လာစေရေး စသည်တို့ ပါဝင်သည်။

(၃) ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ရလဒ်များကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရ ဖွဲ့စည်းမည့် ပြည်သူ့လွှတ်တော်တွင် အတည်ပြုချက် ရယူခြင်းဖြင့် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရာရောက်အောင် စီစဉ်ရမည်။

(၄) လွှတ်တော်က အတည်ပြုပြီးဖြစ်သော သဘောတူ ဆုံးဖြတ်ချက်များအရ ထွက်ပေါ်လာမည့် အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတိုင်း သက်ဆိုင်သူများအားလုံးက ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် တညီတညွတ်တည်း ဆက်လက်ဖော်ဆောင်သွားရန် တို့ ဖြစ်သည်။

(စ) နောင်ပေါ်ပေါက်လာမည့် ရွေးကောက်ပွဲဆိုင်ရာ သဘောထား။

အဖွဲ့ချုပ်သည် ဖော်ပြပါ (…) ပြဿနာများကို တွေ့ဆုံဆွေးနွေး ဖြေရှင်းခြင်းဖြင့်သာ ရေရှည်တည်တံ့မည့် နိုင်ငံရေးတည်ငြိမ်မှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ရရှိနိုင်မည်ဟု ယုံကြည်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးမှုကောင်စီအနေဖြင့် တွေ့ဆုံဆွေးနွေးဖြေရှင်း ပြေလည်ရေးဆီသို့ မျက်နှာမမူဘဲလျက် နောင်လာမည့် ရွေးကောက်ပွဲကို တဖက်သတ် အစီအစဉ်ဖြင့် ကျင်းပခဲ့လျှင် အဖွဲ့ချုပ်က မည်သို့ ရပ်တည်သွားမည်ဆိုသည်ကို ပြည်သူလူထုအား အသိပေးရမည်ဖြစ်သည်။

ဒီမိုကရေစီခရီးတွင် ရွေးကောက်ပွဲကို ဖြတ်သန်းရမည့် မှတ်တိုင်တခု ဖြစ်သည်ဟု အဖွဲ့ချုပ်က လက်ခံထားသည်။ အဖွဲ့ချုပ်သည် ဒီမိုကရေစီတိုက်ပွဲကို စွန့်ခွာမည်မဟုတ်။ အဖွဲ့ချုပ်သည် မည်သည့်အခြေအနေတွင်မဆို ပြည်သူလူထုနှင့် တသားတည်း ရှိနေမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက နောင်ပေါ်ပေါက်လာနိုင်မည့် ရွေးကောက်ပွဲကို မိမိအစီအစဉ်ဖြင့် တဖက်သတ် ကျင်းပမည်ဆိုပါက -

(၁) အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးလျှင်

(၂) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုံန်းများနှင့် မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးလျှင်

(၃) အားလုံးလွှမ်းခြုံပါဝင်နိုင်မည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျက် ကျင်းပမည်ဆိုလျှင် - အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု တရပ်လုံး၏ အကျိုးစီးပွားကို သယ်ဆောင်နိုင်ရေး မျှော်မှန်း၍ ပေါ်ပေါက်လာမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသော ဥပဒေတို့ကို လေ့လာပြီး အထူးကိစ္စတရပ်အနေဖြင့် အလေးထားစဉ်းစား၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း ဤရွှေဂုံတိုင် ကြေညာစာတမ်းကို အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။

Shwegondaing Declaration

Naiona1 League for Democracy
97B - West Shwegondaing Street,
Bahan Township, Rangoon
April 29, 2009
Shwegondaing Declaration
We the members of the National League for Democracy (NLD) including the Central Executive Committee, representatives of State and Division organizational committees, the Members of Parliament- elect still standing with the NLD, representatives of the Central Women’s Affairs Committee, representatives of the Youth Affaires implementation Committee gathered on the 28th and 29th of April 2009 in the meeting hall of the Head Quarter of the NLD on West Shwegondaing Street and held discussions on the political and organizational Situations and the analytical report regarding the Constitution with the aim to resolve all the political impasse in striving to build up the Union of Burma as a democratic state in accordance with the inspiration of all the people.
This Shwegondaing Declaration is issued to inform the people as the agreement of the majority was obtained through these discussions for the plan to create a fair climate for the evolvement of a dialogue which is the best means for resolving the above impasse.
The NLD believes that the current political problems facing the country such as
􀂃 The immediate and unconditional release of all the political prisoners including U Tin Oo, Daw Aung San Suu Kyi;
􀂃 Review of the Constitution;
􀂃 Establishment of a genuine Union based on the principle of equality for all the ethnic nationalities; recognition in some ways of the result of the 1990 general election;
are the main issues to he resolved immediately for the benefit of the country and the people.
The stands of the League are:
(a) Unconditional Release of All the Political Prisoners including U Tin Oo and Daw Aung San Su Kyi
(b) Review of the Draft Constitution (2008)
A State Constitution based on the democratic principles is required to establish a democratic state - The not yet in force Constitution (2008) of the State Peace and
Development Council contains provisions which are not in accord with democratic principles. Therefore the emergence of a Constitution which is acceptable to all the people including the ethnic nationalities is urgently required.
(c) Organization in this Union of Burma where all the ethnic nationalities live together, a unity based on the principles of equal opportunity and mutual good will must be established. Genuine democracy can flourish only on such a fertile ground. Furthermore, all the political parties must have the freedom to organize. Therefore, the offices of the State! Divisional and Township Organization Committees which were closed and sealed since May 31 2003, said to be a temporary measure, should be reopened immediately together with those of the parties of ethnic nationalities.
(d) Recognition of the result of the Multi Party Democracy General Election (1990)
At the present recognition in some way of the People’s Parliament, which is the outcome of the 1990 elections, is urgently needed in accordance with the Section 3 of the People’s Parliament Election law. Only then the democratic traditions can be maintained. Otherwise the State Peace and Development would seem to be breaching their own laws and regulations enacted by themselves.
(e) Political Dialogue
The NLD has been constantly striving for finding solution through political dialogue since 1988. Daw Aung San Su Kyi, the General Secretary of the NLD has candidly stated the fact that she can work with flexible approach according to the political necessity as follows: "We have repeatedly stated that the NLD would negotiate flexibly to get beneficial outcomes for the people of Burma. Nevertheless such dialogues should not aim for the good of the NLD nor should they aim for the benefit of the authorities. Only the interests of the people of Burma should be targeted."
Therefore, the NLD requests again with pure intention that the dialogues that can resolve all the problems be carried out without fail. The agenda of the dialogue envisaged by the League is as follows:
(1) Unconditional dialogue participated by the decision makers should be commenced immediately based on the principles of mutual respects and national reconciliation.
(2) During the dialogues the issues of provision of equal opportunities for the ethnic nationalities: the unconditional release of all political prisoners including U Tin Oo and Daw Aung San Su Kyi: review of the Constitution (2008); recognition in some way of the People’s Parliament which is the result of 1990 election; issues of the elections of the future: development of the living condition of the people etc shall be considered.
(3) To arrange to recognize the result of the 1990 elections by approving the result of the dialogues at the People’s Parliament which is to be formed according to the People’s Parliament Election Law.
(4) All the stake holders to follow unitedly the political course for the future delineated by the agreements of the dialogue as adopted by the People’s Parliament.
(f) Attitude towards the Possible Future Elections
The NLD firmly believes that enduring political stability and the development of the country could be achieved only by resolving the fundamental problems mentioned above.
The people shall be informed what will be its stand if the State Peace and Development Council -uni-laterally hold upcoming elections at their own arrangement, without considering to resolve through dialogue.
The League accepts that elections are the landmarks to be passed in the journey to democracy. The NLD will not abandon the struggle for democracy. The League will stand by the people in all circumstances.
Therefore if the State Peace and Development Council unilaterally hold possible upcoming elections with their own plan and if:
(1) All the political prisoners including the leaders of the NLD were unconditionally released,
(2) The provisions of the (2008) Constitution which are not in accord with the democratic principles were amended,
(3) All inclusive free and fair general election were held under international supervision:
The National League for Democracy, through this Shwegondaing Declaration, states that, anticipating for the realization of the benefit of the whole people, it intends to participate in the elections only after gravely considering as a special case and after studying the coming Party Registration Act and the Laws relating to the Elections.
As per the resolution made at the meeting of the Central Executive Committee held on 29 April 2009
Central Executive Committee
National League for Democracy
Rangoon

Wednesday 29 April 2009

Letter From U Win Khet

for U Win Khat

Thanks for sending the Article to Burma Democratic Concern on scribd

29 Apr 09, 06:30
၂၆.၀၄.၂၀၀၉နေ့ တွင်( NAGOYA-JAPAN)ရှိမြန်မာ့ဒီမိုကရေစီအင်းအားစုများမှနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလက်မှတ်ရေးထိုးထောက်ခံပွဲကိုဆောင်ရွက်ခဲ့ကြသည်..။ ။

ပေးပို့ သူ(ကိုကျော်စီုး)

L.D.B(NAGOYA-BRANCH).


COIN အကြောင်း တစေ့တစောင်း

COIN အကြောင်း တစေ့တစောင်း
ညနေက အာဖဂန်စစ်မျက်နှာကနေ ပြန်လာတဲ့ သူငယ်ချင်း မတ်ခ်နဲ့ စားသောက်ဆိုင်တခုမှာ dinner
အတူစားဖြစ်ခ့ပဲါတယ်။ မတွေ့ ရတာကြာပြီဖြစ်တဲ့အတွက် စကားတွေ တော်တော်များများ
ပြောဖြစ်ခြဲ့ကပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အစုံအလင်ပါပဲ။ စစ်ပွဲက ပြန်လာသူတယောက်နဲ့
ဆုံတွေ့ရင် စစ်ပွဲစကားတွေဟာ ပြောဖြစ်ကြစမြဲမို့ မတ်ခ်တို့ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့
အာဖဂန်တောင်ပိုင်း အခြေစိုက် တာလီဘန်တွေအကြောင်း ပြောဖြစ်ကြပါတယ်။
အာဖဂန်တောင်ပိုင်းမှာ လှုပ်ရှားနေတဲ့ တာလီဘန်တွေဟာ ဒေသခံ ဘိန်းစိုက်တောင်သူ
လယ်သမားတွေနဲ့ သဘောတူညီမှုယူပြီး လှုပ်ရှားနေတာကြောင့် အာဖဂန်သမ္မတ Karsai ဦးဆောင်တဲ့
အစိုးရအဖွဲ့နဲ့ နိုင်ငံတကာ တပ်ပေါင်းစုတွေအတွက် ချေမှုန်းဖို့ ခက်ခဲတဲ့အကြောင်းတွေ မတ်ခ်က
ပြောပြပါတယ်။ သူတို့ကို ချေမှုန်းရေးက တနည်းပဲရှိတယ်။ တာလီဘန်အုပ်စုနဲ့
ဒီတောင်သူလယ်သမားတွေကို ခွဲထုတ်ပစ်ရမယ်။ ဒီနေရာမှာ ခက်နေတာက ဘိန်းစိုက်တောင်သူတွေဟာ
ဘိန်းစိုက်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေတာဖြစ်တဲ့အတွက်၊ သူတို့အတွက် တခြား livelihood
မလုပ်ပေးနိုင်မချင်း၊ အောင်မြင်နိုင်တဲ့ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးမှုအပေါ် ဒေသခံတွေ
စိတ်ပါဝင်စားလာအောင် မဆွဲဆောင်နိုင်မချင်း၊ လူထုနဲ့ ခွဲထုတ်ချေမှုန်းရမယ်ဆိုတဲ့ နည်းဗျူဟာကို
သုံးလို့ မရသေးကြောင်း ဆွေးနွေးပြောဆိုဖြစ်ကြတယ်။ ဒီလိုပြောကြရင်း စစ်မဟာဗျူဟာလေ့လာရေး
ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းတွေမှာပဲဖြစ်ဖြစ်၊ စစ်ဦးစီးတက္ကသိုလ်သင်တန်းတွေမှာပဲဖြစ်ဖြစ်၊ အရေးကြီး
သင်ရိုးညွှန်းတမ်းအဖြစ် ပြဌာန်းလေ့ရှိတဲ့ စစ်သုံးစကားအနေနဲ့ဆိုရင် COIN လို့ခေါ်တဲ့
အကြောင်းအရာအကြောင်း ဆက်ပြောဖြစ်ကြပါတယ်။
COIN ဆိုတာက Counterinsurgency ကို အတိုကောက်ခေါ်တဲ့ စကားဖြစ်ပါတယ်။
counterinsurgency ဆိုတာက insurgency ဆိုတဲ့ ပုန်ကန်ခြားနားမှု ကို တုန့်ပြန်မှုဖြစ်ပါတယ်။
၂၀ရာစုကာလတလျှောက် ကမ္ဘာတ၀ှမ်းမှာ အတွေးအခေါ်၊ အယူအဆအပေါ် အခြေခံလို့ပဲဖြစ်ဖြစ်၊
ပြည်ပကျူးကျော်မှုကို တွန်းလှန်မှုအပေါ် အခြေခံလို့ပဲဖြစ်ဖြစ်၊ မတရားဖိနှိပ်ချုပ်ချယ်မှုကို
တွန်းလှန်ဖို့ပဲဖြစ်ဖြစ် ပုန်ကန်မှုတွေ အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာစကားမှာ
အဓိပ္ပာယ်မှားယငွ်းနေတဲ့ စကားတခုရှိပါတယ်။ “သူခိုးကြီးရင် ဓားပြ၊ ဓားပြကြီးရင်သူပုန်” ဆိုတဲ့စကားပါ။
ဒါက ပုန်ကန်ခြားနားသူတြွေဖစ်တဲ့ သူပုန်တွေရဲ့ သက္ခိာကို စော်ကားပြောဆိုခြင်း ဖြစ်ပါတယ်။
တကယ်တမ်းကျတော့ ပုန်ကန်ခြားနားမှုဆိုတာက လက်ရှိအစိုးရ (သို့) အာဏာသိမ်းအစိုးရ (သို့)
ပြည်ပကျုးကျော်အုပ်ချုပ်မှု စတာတွေကို ဆန့်ကျင်ဖို့ စနစ်တကျစုဖွဲ့ထားတဲ့ နိုင်ငံရေး၊
စစ်ရေးလှုပ်ရှားမှုကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုန်ကန်ခြားနားမှု
ဖြစ်လာတဲ့အခါကျရင်တော့ တရားဝင်အစိုးရပဲဖြစ်ဖြစ်၊ တရားမ၀င်အစိုးရပဲဖြစ်ဖြစ်၊ ပြည်ပအစိုးရပဲဖြစ်ဖြစ်
Counterinsurgency (COIN) ကို ပြုလုပ်ဆင်နွှဲကြပါတယ်။ ဒီလိုပြုလုပ်ရာမှာ စစ်ရေး၊ နိုင်ငံရေး၊
စီးပွားရေး၊ စိတ်ဓာတ်စစ်ဆင်ရေး စတဲ့ စစ်မျက်နှာပေါင်းစုံကို ဖွင့်လှစ်ဆောင်ရွက်လေ့ရှိပါတယ်။
စစ်မဟာဗျူဟာလေ့လာရေး ပညာရှင်များကလဲ COIN ကင်ပိန်းတွေ အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့
လိုအပ်မယ့် အချက်တွေကို ဖော်ထုတ်ရေးသားကြပါတယ်။
ဒီနေရာမှာ strategic theorists များရဲ့ အခန်းကဏ္ဍကို ထည့်သွင်းပြောချင်ပါတယ်။ တချို့က
သူတို့တွေကို သီအိုရီသမားတွေ၊ စာအုပ်ထဲက စာတွေဖတ်ပြီး၊ လက်တွေ့နဲ့ ကင်းကွာနေသူတွေလို့
ထင်မြင်လေ့ရှိကြတယ်။ တကယ်တော့ theorists လို့ သူတို့ကို ခေါ်ဆိုမှုက ဒီအချက်ကို
ထောက်ပြနေပြီးသားမို့ ဘာမှ ထပ်ဆောင်း ပြောစရာမလိုအပ်တော့ဘူး။ သူတို့အလုပ်က
ဘာလဲဆိုတော့ သမိုင်းကြောင်း အချက်အလက်တွေ၊ သဘောတရားတွေ၊ အတွေးအခေါ်တွေနဲ့
သီအိုရီတွေကို ဖော်ထုတ်ရေးသားကြတာဖြစ်ပါတယ်။ စစ်ပညာရှင် ကလော့ဝစ်ဆိုခဲ့သလိုပဲ၊
ဒီလိုပေါ်ထက်ွလာတဲ့ သီအိုရီတေဟွာ လေ့လာချင်သူတွေအတွက် guideline တွေ ဖြစ်လာနိုင်တယ်။
ဖတ်ရှုလေ့လာသူတွေကို အတွေးအခေါ်၊ အမြင်သစ်တွေ ပံ့ပိုးပေးလာနိုင်တယ်။
သမိုင်းအဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး၊ အမှားအယွင်းတွေကို ရှောင်ရှားနိုင်လာတယ်။ ဒါပေမယ့်
သီအိုရီသမားတွေ ပြောသမျှ အားလုံးလုပ်လို့ရမယ်လို့လဲ မဆိုလိုနိုင်ပါဘူး။ သီအိုရီအရ ကြည့်ရင်တော့
သီအိုရီနဲ့ လက်တွေ့ဟာ ကွာခြားမှုမရှိဘူး။ ဒါပေမယ့် လက်တွေ့ကျတော့ ကွာခြားမှုတွေ
ရှိလာနိုင်တယ်။ ဒါကြောင့် သီအိုရီနဲ့ လက်တွေ့လုပ်ဆောင်သူတွေအကြား သူတော်တယ်၊ ငါတော်တယ်
အငြင်းပွားမှုတေဟွာ အဖိုးတန်တဲ့ အချိန်တွေကို သက်သက်မဲ့ ဖြုန်းပစ်နေတာဖြစ်တယ်။ ခန္ဓာဗေဒ မသိပဲ
ခွဲစိတ်ကုသမှုလုပ်လို့မရသလို၊ ခန္ဓာဗေဒသိပြီးတိုင်းလဲ ခွဲစိတ်ကုသမှု လုပ်လို့မရဘူး။ အဓိကကတော့
common sense ပါပဲ။
မဟာဗျူဟာရေးဆွဲသူ သီအိုရီသမားတွေဘက်ကလဲ ကိုယ့်ရေးသားထားတဲ့အတိုင်း လက်တွေ့မှာ
အကောင်အထည်ဖော်ဖို့ ဖြစ်တာလဲရှိမယ်၊ မဖြစ်နိုင်တာလဲ ရှိမယ်ဆိုတာ နားလည်သဘောပေါက်ဖို့
လိုအပ်သလို၊ လက်တွေ့သမားတွေဘက်ကလဲ သီအိုရီသမားတွေ ဖော်ထုတ်ရေးသားတာကို လိုတာယူ၊
မလိုတာပယ်ပြီး ကိုယ့်အတွက် အသုံးဝင်မယ့် အချက်တွေကို ရွေးနုတ်အသုံးချလိုက်မယ်ဆိုရင်
တယောက်ကိုတယောက်၊ လက်ညှိုးထိုးနေကြတဲ့ အချိန်တွေ အလဟဿဖြစ်မှု နည်းသွားပါလိမ့်မယ်။
ကားမောင်းနည်း စာအုပ်ဖတ်ပြီး၊ ကားတက်မောင်းလို့မရနိုင်သလို၊ သီအိုရီက လီဘာနင်းရင်
ဘယ်လိုဖြစ်မယ်၊ ဘရိတ်နင်းရင် ဘယ်လိုဖြစ်မယ်ဆိုတာ မယုံလို့ဆိုပြီး၊ ချောက်ရှေ့မှာ
လီဘာနင်းမယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ ဆိုတာကိုလဲ စဉ်းစားရပါလိမ့်မယ်။
အခုဆက်လက်ပြီး COIN နဲ့ ပတသ် က်တဲ့ စစ်မဟာဗျူဟာလေ့လာရေး ပညာရှင်ကြီးတွေဖြစ်တဲ့ David
Galula, Robert Thompson တို့ရေးသားခဲ့ကြတဲ့ classical literature တွေနဲ့၊ ယနေ့ခေတ် ပညာရှင်
Schnaubelt, Daniel Marston, Carter Malkasian တို့ရေးသားခဲ့တဲ့ literature တွေထဲက
အရေးကြီးတဲ့ အချက်တချို့ကို ကောက်နှုတ်တင်ပြလိုပါတယ်။ ဘာကြောင့်ဒီအချက်တွေကို
တင်ပြရလဲဆိုရင် အခုလက်ရှိ စာရေးသူတို့ ရင်ဆိုင်နေရတဲ့ ရန်သူစစ်အုပ်စုဟာ
စစ်ရေးအတွေးအခေါ်နဲ့ပဲ အရာရာကို ရှုမြင်သုံးသပ်နေလို့ ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊
စီးပွားရေးတွေမှာ တဘက်ရန်သူ၊ တဘက်ပြိုင်ဘက်ရဲ့ intentions (ရည်ရွယ်ချက်), interests
(စိတ်ပါဝင်စားမှု), commitment (ခံယူချက်), value (တန်ဖိုးထားမှု) စတဲ့ အချက်လေးချက်ကို
အရင်လေ့လာပြီးမှ၊ သင့်လျော်တဲ့ မဟာဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေကို ချမှတ်ရပါတယ်။
အဲဒီလိုမဟုတ်ပဲ ကိုယ့်ဘက်က ကိုယ်ဖြစ်စေချင်တာတွေ၊ ကိုယ်လုပ်နိုင်တာတွေ၊
ကိုယ့်အယူအဆတွေကိုပဲ ဇောင်းပေးလုပ်ဆောင်နေမယ်ဆိုရင် ခုတ်ရာတခြား၊ ရှရာတခြားနဲ့
လုပ်လိုက်သမျှ တလွဲတွေဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ပုန်ကန်ခြားနားသူတွေကိုပဲ ဖြစ်ဖြစ်၊
တော်လှန်ရေးသမားတွေကိုပဲ ဖြစ်ဖြစ်၊ ချေမှုန်းရေးလုပ်ရာမှာ အသုံးပြုတဲ့ စစ်ရေးနည်းဗျူဟာများကို
ရေးသားတင်ပြပေးပါမယ်။
(၁) Legitimacy ရရန် ဆောင်ရွက်ခြင်း
ဒေးဗစ်ဂါလုလား အဆိုအရ ဘယ်လိုအသွင်သဏ္ဍာန်ဆောင်တဲ့ တော်လှန်ရေးပဲဖြစ်ဖြစ်၊
ပုန်ကန်မှုပဲဖြစ်ဖြစ်၊ အတိုက်အခံတွေဘက်က သုံးတဲ့စကားလုံးက “ပြည်သူ့အတွက်” ဆိုတဲ့ စကားလုံးပဲ
ဖြစ်လေ့ရှိပါတယ်။ ကမ္ဘာတ၀ှမ်းလုံးက တော်လှန်ရေးတိုင်း၊ စစ်ပွဲတိုင်းမှာ ဒီစကားလုံးက ထိပ်ဆုံးမှာ
နေရာယူလေ့ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူထုတွေအကြား၊ နိုင်ငံတကာ အစိုးရတွေအကြားမှာ
legitimacy ရဖို့က အရေးကြီးပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် legitimacy ဟာ အစိုးရနဲ့သာ
ထိုက်တန်တယ်။ ပုန်ကန်သူတွေ၊ တော်လှန်ရေးသမားတွေနဲ့ မထိုက်တန်ဘူးဆိုတဲ့ အချက်ကို
လူထုလက်ခံလာအောင် လုပ်ဖို့ လိုအပ်တဲ့အကြောင်း၊ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့
လိုအပ်တဲ့အကြောင်း COIN နည်းဗျူဟာက ထောက်ပြထားပါတယ်။
အနှစ်နှစ်ဆယ် နအဖ လုပ်ငန်းဆောင်တာတွေကို ကြည့်လိုက်တော့ နအဖဟာ စစ်အစိုးရပီပီ ဒါကို
တိတိကျကျ လိုက်နာခ့ေဲ ကြာင်း သိသာပါတယ်။ ကြံ့ဖွတ်၊ စွမ်းအားရှင်တို့လို သူတို့
နောက်လိုက်နောက်ပါ အင်အားစုတွေ မွေးယူတာတွေ၊ သတင်းစာ၊ တီဗွီတွေကနေ
ဝါဒဖြန့်ချိရေးလုပ်တာတွေ၊ ၀န်ထမ်းတွေကို မတက်မနေရ ပြည်သူ့ဝန်ထမ်းသင်တန်းတွေ
ခေါ်ပေးတာတွေဟာ ဒီနည်းဗျူဟာနဲ့ ဖြစ်ပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာ
ချက်ချင်းအာဏာပြန်မသိမ်းပဲ၊ လူထုထဲကို သူတို့လူတွေလွှတ်ပြီး၊ ခေါင်းဖြတ်သတ်ပွဲတွေ ဖန်တီးတာတွေ၊
လုယက်မှုတွေ၊ ဖရိုဖရဲတွေဖြစ်အောင် လုပ်တာဟာလဲ ဒီဗျူဟာ အခင်းအကျင်းပုံစံပါပဲ။ သမိုင်းဝင်
လူထုတော်လှန်ရေးတရပ်ကို အရေးအခင်းပုံစံအသွင်ဖြစ်အောင် ပြောင်းလဲယူပြီး၊ နိုင်ငံတော်မှာ
သူတို့အုပ်ချုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ အတွေးအခေါ်ကို လူထုထဲ ရိုက်သွင်းတာ ဖြစ်ပါတယ်။
ဒါပေမယ့် အနှစ်နှစ်ဆယ် သမိုင်းကို ကြည့်ခြင်းအားဖြင့် နအဖဟာ ဒီဗျူဟာကို နိုင်နင်းစွာ မကနိုင်ပါဘူး။
ခင်ညွန့်နဲ့ စစ်ထောက်လှမ်းရေးတွေကို အချင်းချင်း ဖြုတ်ထုတ်သတ်လုပ်ပြီး နောက်ပိုင်းမှာ ဒါတွေက
ပိုထင်ရှားမြင်သာလာပါတယ်။ အခုလဲ ၂၀၁၀ ရွေးကောက်ပွဲနဲ့ political legitimacy ရယူဖို့
ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အဓိကကတော့ နိုင်ငံတကာ စစ်မျက်နှာအတွက် ဖြစ်ပါတယ်။
လူထုကြားထဲမှာ legitimacy မရနိုင်တော့ဘူးဆိုတာ စစ်တင်ဘာတော်လှန်ရေးမှာ ကွက်ကွက်ကွင်းကွင်း
ထင်သာမြင်သာသွားပါတယ်။ ဒါကြောင့်လဲ ၂၀၁၀ ကို အတင်းတွန်းလုပ်ခဲ့ကြတာပါ။
ဒါကိုတော့ ကျွန်မတို့အတိုက်အခံတွေ ဂရုတချက်စိုက်ရပါလိမ့်မယ်။ ၂၁ ရာစုရဲ့ နိုင်ငံတကာ
အခင်းအကျင်းပုံစံတွေကို နားလည်ရပါလိမ့်မယ်။ ကျွန်မတို့ မြန်မာနိုင်ငံက တတိယဒီမိုကရေစီ
လှိုင်းလုံးကြီးမှာ ပါမသွားပဲ ကျန်ခ့တဲ့ဲ နိုင်ငံတနိုင်ငံပါ။ ၂၁ရာစုသစ်မှာ ဒီလှိုင်းလုံးကြီးက ၂၀ရာစု
နှောင်းပိုင်းကလို အင်အားသိပ်မကြီးတော့ပါဘူး။ အီရတ်နဲ့ အာဖဂန်နစ်စတန် ကိစ္စရပ်တွေ နောက်ပိုင်းမှာ
Military Intervention ဆိုတဲ့ သဘောတရားအပေါ်မှာ ဝေဖန်မှုတွေ အများကြီး ဖြစ်နေကြပါတယ်။
နိုင်ငံတကာဆက်ဆံရေးမှာ economic sanctions ဆိုတဲ့ သဘောတရားနဲ့ ပတ်သက်ပြီး၊
အပြန်အလှန်ငြင်းခုံမှုတွေ၊ ထင်မြင်ချက်တွေက အမျိုးမျိုးဖြစ်နေကြပါတယ်။ တဘက်က ဒီမိုကရေစီကို
ဇောင်းပေးပြောဆိုကြသလို၊ ဒီမိုကရေစီဟာ နိုင်ငံတော်လုံခြုံရေးကို အားနည်းစေတယ်ဆိုတဲ့
စွဲချက်တွေကလဲ ဖြစ်နေကြပါတယ်။ နိုင်ငံတကာ ဇာတ်ခုံကြီးဟာ အတွေးအခေါ်ပေါင်းစုံ၊
အယူအဆပေါင်းစုံ၊ လုပ်နည်းဆောင်တာမျိုးစုံနဲ့ သပွတ်အူကြီးလို ရှုပ်ထွေးနေပါတယ်။
ဒီလိုရှုပ်ထေွး နေတဲ့ နိုင်ငံတကာဇာတ်ခုံကြီးပေါ်မှာ အာရှတိုက်ထဲက နိုင်ငံငယ်လေးတခုဖြစ်တဲ့ (ဖြစ်နေတဲ့
ပကတိတရားကို အမှန်အတိုင်း လက်ခံဖို့လိုပါတယ်) မြန်မာပြည်အရေးလောက်ကို ရေးကြီးခွင်ကျယ်
ကိစ္စကြီးတခုအနေနဲ့ နိုင်ငံတကာ အစိုးရများက အသိအမှတ်မပြုပါဘူး။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ
ဆေွး နေွး ကြတဲ့ ပြဿနာတိုင်းသာ အဖြေထွက်လာနိုင်ခဲ့ရင် အခုကမ္ဘာမှာ ဖြစ်ပျက်နေတဲ့
သတင်းဆိုးတွေရဲ့ လေးပုံသုံးပုံလောက်ကို ကြားရမှာတောင် မဟုတ်ပါဘူး။ အီရတ်ကို အမေရိကန်နဲ့
မဟာမိတ်တပ်တွေ ၀င်နိုင်ဖို့ ဆယ်စုနှစ်တွေ ဘယ်လောက်ကြာခဲ့သလဲဆိုတာ
ပြန်တွက်ချက်ကြည့်စေလိုပါတယ်။ သေချာတာတခုကတော့ မြန်မာနိုင်ငံဟာ ဒုတိယအီရတ်
လုံးဝဖြစ်လာမှာ မဟုတ်ပါဘူး။ နိုင်ငံရေးပထ၀ီဝင် အနေအထားအရ ဒုတိယတောင်အာဖရိကလဲ
ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ ပကတိအခြေအနေမှန်ပါ။
ပြီးတော့ ကမ္ဘာပေါ်မှာ မြန်မာ့အရေးထက် ပိုအရေးကြီးတဲ့ ကိစ္စရပ်များစွာ ကလဲ ရှိနေပါသေးတယ်။
ဒါတွေကို မမြင်လို့ပဲဖြစ်ဖြစ်၊ တမင်တကာ မျက်စိပိတ်ပြီးပဲဖြစ်ဖြစ်၊ မြန်မာပြည်က စစ်အုပ်စုကို
နိုင်ငံတကာ ဖိအားတွေပေးပြီး၊ ဒိုင်ယာလော့ခ်လမ်းကြောင်း ပေါ်တက်လာအောင်လုပ်မယ်ဆိုတဲ့
မဟာဗျူဟာကြီးတွေ ချမှတ် အကောင်အထည်ဖော်နေတာကတော့ တလွဲဆံပင်ကောင်း လုပ်နေတာနဲ့
အတူတူပါပဲ။ နိုင်ငံတကာဇာတ်ခုံမှာ legitimacy နဲ့ ပတ်သက်ပြီး state actors နဲ့ non-state actors
ပြိုင်ပွေဲ တွ ဖြစ်တ့အဲ ခါ ဘယ်သူကနိုင်ပြီး၊ ဘယသ်ူတွေက ရှုံးတတ်တယ်ဆိုတာ ကမ္ဘာ့နိုင်ငံရေး သမိုင်း
စာမျက်နှာတွေမှာ အတိအလင်း လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒီမဟာဗျူဟာကြီးနဲ့ပဲ ဆက်လက်
တိုက်ပွဲဝင်နေရင်တော့ အဲဒီအတိုင်းတွေပဲ ဖြစ်သွားပါလိမ့်မယ်။ ပြောမထွက်ရက်လို့ ကျွန်မ
မပြောချင်ပါဘူး။ အချိန်က စကားပြောလာပါလိမ့်မယ်။ နိုင်ငံတကာ အစိုးရတွေရဲ့ ခြေလှမ်းတွေကို
နောက်နှစ်နှစ်အတွင်းမှာ စောင့်ကြည့်လိုက်ပါ။
အဲဒီလိုအဖြစ်မခံပဲ မြန်မာ့နိုင်ငံရေးတိုးတက်မှုကို တကယ်ဖြစ်စေချင်တယ်ဆိုရင်တော့ legitimacy
နည်းနဲ့ တကိုခိုက်နေတဲ့ စစ်အစိုးရကို အနိုင်ယူအောင်ပွဲခံနိုင်စေတဲ့ အင်အားကြီးတခုကတော့
ရှိနေပါတယ်။ ဒါကတော့ ပြည်သူလူထုပါ။ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကိုပဲ
လိုလားကြပါတယ်။ စစ်အုပ်စုရဲ့ မတရားမှုတွေကိုလဲ နေ့စဉ်နဲ့ အမျှ ခံစားနေကြရတာမို့ ခံပြင်းစိတ်တွေ
လူတိုင်းရဲ့ရင်ထဲမှာ ရှိနေပါတယ်။ စစ်အုပ်စုရှိနေသရွေ့၊ နောက်ကွယ်က ကြိုးကိုင်နေသရွေ့
မြန်မာပြည်ကြီး တိုးတက်မှာမဟုတ်ဘူး ဆိုတာကိုလဲ အများစုက နားလည်ကြပါတယ်။
ပြည်သူလူထုရဲ့အားကို ယူခြင်းကသာ အောင်ပွဲဆီကို ဦးတည်နိုင်ပါစေလိမ့်မယ်။ စစ်အုပ်စုဟာ COIN
နည်းဗျူဟာအတိုင်း Legitimacy ရဖို့အရေးကို အသည်းအသန် ကြိုးစားနေဆဲ ဖြစ်ပေမယ့်
ပြည်သူလူထုကြားမှာတော့ အခုအချိန်ထိ legitimacy မရသေးပါဘူး။ ဒီအချက်ကို ဇောင်းပေးပြီး
လုပ်သင့်တာလုပ်ကြဖို့ လိုပါတယ်။ ပြင်ဆင်သင့်တာကို တညီတညွတ်တည်း ပြင်ဆင်ကြဖို့
လိုပါလိမ့်မယ်။ စစ်ပွဲဆိုတာ စစ်မြေပြင်မှာပဲ တိုက်ရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ စစ်မြေပြင်လို့
ကျွန်မဆိုလိုတာက ပြည်တွင်းကို ပြောတာဖြစ်ပါတယ်။ ပြည်တွင်းမှာ စစ်ရေးနဲ့ လူထုတိုက်ပွဲ ဟန်ချက်ညီ
ပေါင်းစပ်နိုင်ဖို့ တော်လှန်ရေးစစ်မျက်နှာ ငါးရပ်ဖြစ်တဲ့ စစ်ရေးစစ်မျက်နှာ၊ နိုင်ငံရေးစစ်မျက်နှာ၊
လူမှုစီးပွားရေး စစ်မျက်နှာ၊ အတွေးအခေါ် ခံယူချက် စစ်မျက်နှာ၊ နိုင်ငံတကာစစ်မျက်နှာစတဲ့
စစ်မျက်နှာအားလုံး လိုအပ်လှပါတယ်။ တနေရာတည်းမှာ အားသာနေတာမဟုတ်ပဲ
အားလုံးဟန်ချက်ညီပေါင်းစပ်မှုကို ဆိုလိုတာဖြစ်ပါတယ်။
အမြောက်ပစ်ကူတချက် ပေးဖို့အရေး၊ အမြောက်လုပ်ဖို့ သံတုံးထိုင်သွေးနေသူတွေရဲ့ လက်ထဲကို
စစ်ပွဲတခုလုံးရဲ့ ကံကြမ္မာကို မထည့်လိုက်မိပါစေနဲ့။ စခန်းကုန်းလေးတခု သိမ်းပိုက်နိုင်တာနဲ့ပဲ
အောင်ပွဲရပြီ။ ဒါလေးကိုပဲ မပျောက်မပျက်အောင် ထိန်းထားမယ်ဆိုသူတွေရဲ့ လက်ထဲကိုလဲ command
power မထည့်လိုက်မိပါစေနဲ့။
အဲဒီလို ဖြစ်လာရင် လူထုဟာ သူတို့ လက်မခံနိုင်တဲ့ အစိုးရတရပ်ရဲ့ legitimacy ကို
အသိအမှတ်မပြုပေမယ့်၊ ပုန်ကန်ခြားနားသူတွေ၊ တော်လှန်ရေးသမားတွေနဲ့လဲ ကင်းကွာ
သွားနိုင်ပါတယ်။ လူထုနဲ့ တသားတည်းမရှိတဲ့ တော်လှန်ရေးဟာ အောင်ပွဲနဲ့ လွဲနေမှာ အသေအချာပါပဲ။
အခုဆက်လက်ပြီး COIN နည်းဗျူဟာတရပ်ဖြစ်တဲ့ လူထုနဲ့ တော်လှန်ရေးကင်းကွာအောင် ပြုလုပ်ခြင်း
အချက်ကို ဆက်လက်တင်ပြပါမယ်။ ဒီနည်းဗျူဟာကိုလဲ စစ်အုပ်စုက ကျင့်သုံးနေပါတယ်။
(၂) လူထုနှင့် တော်လှန်ရေးသမားများအား ကင်းကွာအောင် ပြုလုပ်ခြင်း
တော်လှန်ရေးနဲ့ပတ်သက်ပြီး၊ နာမည်ကျော်ကြားလှတဲ့ theorist တဦးဖြစ်တဲ့ မော်စီတုန်းရဲ့
အဆိုအမိန့်ကို ထည့်သွင်းပြောကြားလိုပါတယ်။ မော်စီတုန်းက ပင်လယ်ထဲမှာ ငါးလေးတွေ
ကူးခတ်နေသလိုပဲ တော်လှန်ရေးသမားများဟာလဲ လူထုထဲမှာ လှုပ်ရှားရမယ်လို့ ဆိုပါတယ်။ လူထုနဲ့
တော်လှန်ရေးဟာ ကင်းကွာလို့မရပါဘူး။ ဒီနေရာမှာ လူထုနဲ့ တော်လှန်ရေးနီးကပ်မှု၊
တသားတည်းဖြစ်မှုဆိုတာနဲ့ ပတ်သက်ပြီး အတွေးအခေါ်အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုး
ရှိနေတတ်ပါတယ်။ တချို့က လူထုထဲမှာပဲ တော်လှန်ရေးသမားက နေရမယ်၊ တချို့ကျတော့လဲ
လက်နက်ကိုင်တော်လှန်ရေး စစ်မျက်နှာမှာပဲ နေရမယ်၊ တချို့ကကျတော့လဲ တခြားစစ်မျက်နှာတွေမှာလဲ
ပါဝင်ရမယ်စသဖြင့် အမျိုးမျိုး ဆိုတတ်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးစစ်မျက်နှာ
ငါးရပ်ဖြစ်တဲ့ စစ်ရေးစစ်မျက်နှာ၊ နိုင်ငံရေးစစ်မျက်နှာ၊ လူမှုစီးပွားရေး စစ်မျက်နှာ၊ အတွေးအခေါ်
ခံယူချက် စစ်မျက်နှာ၊ နိုင်ငံတကာစစ်မျက်နှာစတဲ့ စစ်မျက်နှာ တရပ်ရပ်မှာ ပါဝင်နေမှုအားလုံးဟာ
တော်လှန်ရေးရဲ့ အင်အားတွေပဲဖြစ်ပါတယ်။ ဒီစစ်မျက်နှာအားလုံးမှာ ဟန်ချက်ညီနေဖို့  အထူး
လိုအပ်လှပါတယ်။ ဘယ်လိုစစ်မျက်နှာမျိုးမှာပါတာပဲဖြစ်ဖြစ် အဓိကကတော့ တော်လှန်ရေးအပေါ်မှာ
လူထုရဲ့ ထောက်ခံမှု ရှိနေဖို့ပဲ ဖြစ်ပါတယ်။ လူထုနဲ့ တော်လှန်ရေး တသားတည်း ရှိနေသရွေ့၊
တော်လှန်ရေးသမားတွေအပေါ်မှာ လူထုက လေးစားမှုရှိနေသရွေ့၊ တော်လှန်ရေးခေါင်းဆောင်တွေ
အပေါ်မှာ လူထုက ယုံကြည်မှုရှိနေသရွေ့ တော်လှန်ရေး ချိန်ခွင်လျှာက
တော်လှန်ရေးသမားတွေဘက်မှာ ရှိမှာဖြစ်ပါတယ်။ ဒီလိုမဟုတ်တော့ပဲ လူထုက တော်လှန်ရေးကို
ယုံကြည်မှု အားနည်းလာခ့ရဲ င်၊ ချိန်ခင်ွလျှာက COIN operations ဆင်နွှဲတဲ့ အစိုးရပဲဖြစ်ဖြစ်၊
အာဏာရှင်တွေပဲဖြစ်ဖြစ်၊ သူတို့ဘက်ကို ယိမ်းသွားတတ်ပါတယ်။
ဒါကြောင့်လဲ COIN နည်းဗျူဟာက လူထုနဲ့ တော်လှန်ရေးကို ခွဲထုတ်ရမယ်လို့ ဆိုထားပါတယ်။
ဒီလိုကင်းကွာအောင် လုပ်ရာမှာ ပထမ တနည်းကတော့ တော်လှန်ရေးသမားတွေ အ၀င်အထွက်ရှိတဲ့
ရွာတွေကို ပြောင်းရွှေ့မှုပါ။ ဘိုအင်းစစ်ပွဲကာလ၊ မလေးရှားနိုင်ငံအရေးပေါ်ကာလတွေမှာတုန်းက
ဗြိတိသျှစစ်တပ်က ဒီနည်းလမ်းတွေကို အများဆုံးအသုံးပြုခဲ့ပါတယ်။ ဒါပေမယ့်
အခုနောက်ပိုင်းကာလတွေမှာကျတော့ ဒီနည်းလမ်းအသုံးပြုမှုတွေကို နိုင်ငံတကာကရော၊
ပြည်တွင်းပြည်သူလူထုတွေကပါ လက်မခံကြတော့ပါဘူး။ စစ်မဟာဗျူဟာလေ့လာရေးပညာရှင်
Kilcullen ကတော့ ဒီဘက်ခေတ်တွေမှာ ဒီနည်းလမ်းတွေ အသုံးမပြုသင့်တော့ဘူးလို့ ဆိုထားပါတယ်။
သူက ဒီလိုလုပ်ခြင်းအားဖြင့် လူထုနဲ့ တော်လှန်ရေးကို လူချင်းကွဲကွာအောင်လုပ်လိုက်နိုင်ပေမယ့်
စိတ်ပိုင်းဆိုင်ရာမှာကျတော့ တော်လှန်ရေးသမားတွေကို လူထုက ပိုမိုထောက်ခံမှုပေးသွားနိုင်တယ်လို့
ဆိုထားပါတယ်။
နောက်တမျိုးကတော့ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ လူထုကို ကင်းကွာအောင် ပြုလုပ်နည်းပါ။
ဒီနည်းကတော့ ပိုမိုသိမ်မွေ့ပြီး၊ ရွာတွေပြောင်းရွှေ့မှုလိုမျိုး လူအများကို ထိခိုက်တာမဟုတ်ပေမယ့်
လက်တွေ့မှာ ပိုမိုထိရောက်ပါတယ်။ အရေးပါတဲ့ ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်မှု (targeted
assassinations)နဲ့ နှစ်ရှည်လများ ဖမ်းဆီးထောင်ချမှု (long-term imprisonment) နည်းလမ်းတွေနဲ့
လူထုနဲ့ ခေါင်းဆောင်တွေ ကင်းကွာအောင် လုပ်တာတွေကို COIN ဆင်နွှဲတဲ့
အစိုးရတော်တော်များများက ပြုလုပ်လေ့ရှိတတ်ပါတယ်။ ဒီနည်းလမ်းဟာ လူပုဂ္ဂိုလ်ကိုးကွယ်မှု
ပြုလုပ်တတ်လေ့ရှိတဲ့ အာရှနဲ့ အာဖရိကနိုင်ငံတချို့မှာ ပိုပြီးထိရောက်ပါတယ်။
ဒီလိုလူ့အဖွဲ့အစည်းတွေမှာဆိုရင် ပေါ်ပေါက်ခဲ့ဖူးတဲ့ ခေါင်းဆောင်တွေအပေါ်မှာပဲ သစ္စာရှိမှု၊
ယုံကြည်ကိုးကွယ်မှုတွေ ရှိနေတတ်တာဖြစ်တဲ့အတွက် ဒီခေါင်းဆောင်တွေ ကျဆုံးသွားရင်၊
အကျဉ်းကျသွားရင် တော်လှန်ရေးတခုလုံးဟာ ဖရိုဖရဲဖြစ်တော့တာပါပဲ။ ဒါတွေကို
ပြန်လည်ထိန်းသိမ်းနိုင်မယ့် ခေါင်းဆောင်တွေပေါ်လာဖို့ဆိုတာ အလွန်ပဲ ခဲယဉ်းတတ်သလို၊
ပေါ်ပေါက်လာခ့ရဲ င်လဲ အရင်ခေါင်းဆောင်ဟောင်းရဲ့ နောက်လိုက်တွေက သူတို့ခေါင်းဆောင်ကို
အစားထိုးတယ်လို့ ယူဆပြီး၊ တိုက်ခိုက်ခွဲထွက်မှုတွေ ဖြစ်လာတော့တာပါပဲ။ အာရှ၊ အာဖရိကတိုက်မှာ
COIN operations တွေ အောင်မြင်ခဲ့မှုဟာ အစိုးရတွေရဲ့ အရည်အချင်းဆိုတာထက် ဒီနည်းဗျူဟာရဲ့
ထိရောက်မှုကြောင့်လို့ ဆိုရင် မမှားပါဘူး။ တော်လှန်ရေးအဖွဲ့အစည်း၊ လူ့အဖွဲ့အစည်း အတွင်းမှာရှိတဲ့
ဒီလိုစိတ်ဓာတ်တွေကို မပြင်နိုင်သရွေ့ တော်လှန်ရေးချိန်ခွင်လျှာဟာ တော်လှန်ရေးသမားတွေဘက်ကို
ရောက်ဖို့ မလွယ်ပါဘူး။
နောက်နည်းလမ်းတခုကတော့ လူထုက တော်လှန်ရေးအပေါ် ယုံကြည်မှု ကင်းမဲ့အောင် ပြုလုပ်တဲ့
နည်းလမ်းပဲဖြစ်ပါတယ်။ ဒီလိုပြုလုပ်ရမှာ အနိမ့်ဆုံးပုဂ္ဂိုလ်ရေးရာ အပုပ်ချမှုတွေကနေ
အမြင့်ဆုံးတော်လှန်ရေးတရပ်လုံးရဲ့ image ကို ပျက်စီးစေတဲ့အထိ အဆင့်ဆင့်
ဆောင်ရွက်မှုတွေဖြစ်ပါတယ်။ ဒီလိုလုပ်ရာမှာ ပထမဆုံးအနေနဲ့ လူထုရဲ့ တန်ဖိုးထားမှု
အသွင်အမျိုးမျိုးကို ဖော်ထုတ်ရပါတယ်။ ပြီးတဲ့အခါမှာကျမှ ဒီတန်ဖိုးထားမှုတွေနဲ့ ပဋ္ဋိပက္ခဖြစ်စေနိုင်တဲ့
တော်လှန်ရေးသမားတွေရဲ့ အားနည်းချက်တွေကို ရှာဖွေရပါတယ်။ လူအများနဲ့ စုဖွဲ့ထားတဲ့
တော်လှန်ရေးအဖွဲ့ အစည်းဖြစ်တ့အဲ တက်ွကြောင့် ဘယ်လိုမှရှောင်လွှဲလို့မရတဲ့ ပုဂ္ဂိုလ်ရေးအားနည်းချက်
တွေကတော့ အများကြီးရှိနေတတ်တာပါပဲ။ ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက် အမှားအယွင်းတွေ
လုံးဝကင်းစင်တဲ့ တော်လှန်ရေးဆိုတာ ကမ္ဘာပေါ်မှာ မရှိခဲ့သေးပါဘူး။ အရေးကြီးဆုံးကတော့ လူနဲ့
စနစ်ကို ခွဲထုတ်မြင်တတ်မှုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီအမြင် ခိုင်ခိုင်မာမာ မရှိသေးတဲ့
လူ့အဖွဲ့အစည်းတွေမှာကျတော့ ပုဂ္ဂိုလ်ရေးအားနည်းချက်တွေကို အသုံးပြုပြီး၊ လူထုက
တော်လှန်ရေးအပေါ်၊ တော်လှန်ရေးသမားတွေအပေါ် ယုံကြည်မှုကင်းမဲ့အောင် ပြုလုပ်တဲ့နည်းက
ထိရောက်လှပါတယ်။ ဒီနည်းကြောင့် လူထုက အစိုးရဘက်မှာ ပါသွားတာ မဟုတ်ရင်တောင်၊
တော်လှန်ရေးဘက်မှာလဲ မရှိတော့ပဲ ကြားနေဆိုတဲ့ လူတန်းစားကြီး တရပ် ထုနဲ့ထည်နဲ့
ပေါ်ပေါက်လာတတ်တော့တာပါပဲ။ ဒါကြောင့် တော်လှန်ရေးတရပ်မှာ ၀ါဒဖြန့်ချိရေးယန္တရားတခု
ခိုင်ခိုင်မာမာ ရှိနေသင့်တယ်လို့ တော်လှန်ရေးတွေနဲ့ ပတ်သက်တာတွေကို လေ့လာသူတွေက
အဆိုပြုထားခြဲ့ကတာပါ။ ဒီလို တော်လှန်ရေးတရပ်မှာ ၀ါဒဖြန့်ချိရေးယန္တရားရှိဖို့လိုအပ်သလို၊
တော်လှန်ရေးသမားတွေဘက်ကလဲ မိမိတို့ တော်လှန်ရေးရဲ့ အတွင်းရေးကိစ္စတွေကို
မပေါက်ကြားအောင် ထိန်းသိမ်းတတ်နိုင်မှုကလဲ လိုအပ်လှပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တချို့က
ပငွ့်လင်းမှု၊ လတ်ွလပ်စွာပြောဆိုခငွ့်ဆိုတဲ့ စကားလုံးတွေကို အသုံးပြုပြိး။ အတွင်းရေးရာ ကိစ္စတွေကို
ပြောသင့်တယ်လို့ ပြန်လှန်ငြင်းဆိုမှုတွေ ရှိတတ်ပါတယ်။ ဒီရှုထောင့်ကနေ ကြည့်မယ်ဆိုရင် မှန်ပေမယ့်၊
စစ်ရေး၊ နိုင်ငံရေး၊ ကုန်သွယ်ရေးကိစ္စတွေမှာ အရာအားလုံးကို လွတ်လပ်စွာပြောဆိုခွင့် တခုတည်းနဲ့
တိုင်းတာသတ်မှတ်လို့မရပါဘူး။ “ငါတို့ အမေရိကန်တပ်တွေတော့ ဘယ်နေ့ဘယ်ရက်၊ ဘယ်အချိန်မှာ
အီရတ်ကို ကျူးကျော်တော့မယ်ဟေ့” လို့ ဘယ်ပင်တဂွန်အရာရှိကမှ ထုတ်ပြောခဲ့မှာ မဟုတ်ပါဘူး။
စစ်ရေး၊ နိုင်ငံရေး၊ အဖွဲ့အစည်းရေးရာတွေမှာ လျှို့ဝှက်သင့်တာကို လျှို့ဝှက်ရပါမယ်။
ရိုးသားပွင့်လင်းမှုဆိုပြီး၊ သမ္မတကျမ်းကျိန်ပွဲကျမှ “ငါ လေးတန်းတုန်းကလေ၊ သူငယ်ချင်း
တယောက်ဆီက ငွေတမတ်ခိုးဖူးတယ်။ အခုမှ ဒါဟာ မရိုးသားမှုဆိုပြီး နောင်တရနေမိတယ်”လို့
ထပြောတဲ့ သမ္မတတေလွဲ ကမ္ဘာမှာ ရှိမယ်မထင်ပါဘူး။ တချို့ သော အကြောင်းအရာတွေဟာ
မလိုအပ်ပဲနဲ့ အကျိုးမရှိပဲ တော်လှန်ရေးပုံရိပ်ကို ထိုးနှက်ဖို့ ရန်သူ့လက်နက်တွေ ဖြစ်သွားတတ်ပါတယ်။
COIN နည်းဗျူဟာကတော့ ဒီလိုနည်းမျိုးစုံကို အသုံးချပြီး လူထုနဲ့ တော်လှန်ရေးကို
ကင်းကွာအောင်လုပ်ဖို့ လမ်းညွှန်ထားပါတယ်။ ဒီလိုပြုလုပ်ဖို့ အကောင်းဆုံးလူတွေကတော့
လက်နက်ချလာသူတွေပါ။ သူတို့ကို အသုံးပြုရင် ပိုပြီးအောင်မြင်နိုင်တယ်လို့ အဆိုရှိထားပါတယ်။
ဒီနေရာမှာ လက်နက်ဆိုတာနဲ့ ပတ်သက်ပြီး၊ ငြင်းခုန်မှုတွေ ရှိတတ်ပါတယ်။ လက်နက်ဆိုတာက
လက်နက်ကိုင်တော်လှန်ရေး၊ စစ်ရေး စစ်မျက်နှာမှာဆိုရင် လက်နက်ခဲယမ်းမီးကျောက်တွေကို
ဆိုလိုတာဖြစ်ပြီး၊ နိုင်ငံတကာစစ်မျက်နှာမှာဆိုရင် နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ထောက်ခံမှုရယူဖို့
စည်းရုံးလှုံ့ဆော်ရေးဆိုင်ရာ နည်းလမ်းတွေကို ဆိုလိုပါတယ်။ ကိုယ်လုပ်တာကို ထောက်ခံမှုလို့
ကျွန်မဆိုထားပါတယ်။ သူတို့ လုပ်ခိုင်းတာကို လိုက်လုပ်မှု၊ သူတို့ပဲ လုပ်ပေးပါဆိုပြီး အားကိုးမှုကို
ကျွန်မဆိုလိုတာ မဟုတ်ပါဘူး။ လူမှု၊ စီးပွား စစ်မျက်နှာမှာဆိုရင်တော့ ရံပုံငွေရှာဖွေရေး၊
ရဲဘော်ရဲဘက်များအချင်းချင်း သာရေး၊ နာရေးကိစ္စရပ်တွေမှာ ကူုညီဆောင်ရွက်ရေး၊ တဘက်ရန်သူရဲ့
စီးပွားရေးယန္တရားကို ထိုးနှက်ရေးဆိုင်ရာ နည်းလမ်းတွေကို ဆိုလိုပါတယ်။
နိုင်ငံရေးစစ်မျက်နှာမှာဆိုရင်တော့ လူထုစည်းရုံးရေး၊ မြေအောက် ကလာဘ်စည်းတည်ဆောက်ရေး၊
သတင်းအချက်အလက်စုဆောင်းရေး စတဲ့ နည်းလမ်းတွေကို ဆိုလိုပါတယ်။ အတွေးအခေါ်ခံယူချက်
ရေးရာ စစ်မျက်နှာကတော့ ၀ါဒဖြန့်ချိရေး၊ နိုင်ငံရေးအယူအဆအတွေးအခေါ်များ ပြန့်နှံ့ရေး၊ စာပေဖြင့်
စည်းရုံးလှုံ့ဆော်ရေးစတဲ့ နည်းလမ်းတေကွို ဆိုလိုပါတယ်။ ဒီလိုစစ်မျက်နှာမျိုးစုံက နည်းလမ်းတွေကို
အသုံးပြုပြီး တော်လှန်ရေးမှာ ပါဝင်တာမဟုတ်တော့ပဲ၊ ဘေးထွက်ထိုင်နေတာလဲ မဟုတ်တော့ပဲ၊ မိမိရဲ့
အတွေးအခေါ် ခံယူချက်တေမွှားယငွ်းခ့ပဲါတယ်ဆိုပြီး၊ တဘက်ရန်သူထံကို အညံ့ခံလိုက်တဲ့အခါမှာ
တော်လှန်ရေးသမားတယောက် လက်နက်ချသွားတယ်လို့ သတ်မှတ်ပါတယ်။ COIN
နည်းဗျူဟာကတော့ ဒီလို လက်နက်ချလာသူတွေကို တော်လှန်ရေးပုံရိပ်ကျဆင်းစေရန်
ထိုးနှက်မှုတွေအတွက် အသုံးပြုရမယ်လို့ ဆိုထားပါတယ်။
(၃) အစိုးရအုပ်ချုပ်ရေးယန္တရားခိုင်မာအောင် တည်ဆောက်ခြင်း
တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မထိန်းချုပ်နိုင်တဲ့အစိုးရဟာ လူထုရဲ့
ထောက်ခံအားပေးမှုရဖို့ မလွယ်ပါဘူး။ စစ်ရေးပညာရှင် Thompson ဆိုခဲ့သလိုပဲ
သင့်လျော်ထိရောက်တဲ့ အစိုးရယန္တရားမရှိပဲ COIN operations အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
အစိုးရအုပ်ချုပ်ရေးယန္တရားကို ခိုင်မာအောင် တည်ဆောက်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။ နိုင်ငံတော်နဲ့
ဒေသဆိုင်ရာ အစိုးရအုပ်ချုပ်ရေးယန္တရားမှာ နားလည်တတ်ကျွမ်းတဲ့ အရပ်သားပညာရှင်တွေ ခန့်အပ်ပြီး၊
bureaucratic routines, fiscal responsibility, legal procedures ဆိုတဲ့
အရေးကြီးလုပ်ငန်းတာဝန်ကြီးတွေကို စနစ်တကျ အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။
တိုင်းပြည်တခုရဲ့ ဖရိုမရဲဖြစ်နေချိန်တွေမှာ၊ တော်လှန်ရေးကာလတွေမှာ အုပ်ချုပ်ရေးယန္တရားက
အရေးကြီးဆုံးပါ။ တခါတရံမှာ တော်လှန်ရေးသမားတွေဘက်က အားသာပြီး၊ အစိုးရဘက်က
ရှုံးနိမ့်နေတာတွေ ဖြစ်လာတတ်ပါတယ်။ တချို့သော နိုင်ငံတွေမှာ စစ်ရေးနဲ့ လူထုတိုက်ပွဲ
ပူးပေါင်းဖော်ဆောင်မှု ရလာဒ်ကြောင့် အုပ်ချုပ်နေတဲ့ အစိုးရရဲ့ အာဏာသက်ရောက်မှု
လျော့နည်းသွားတာမျိုးတွေလဲ ဖြစ်လာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အုပ်ချုပ်ရေးယန္တရားကို
မြန်မြန်ဆန်ဆန် အသက်သငွ်းနိုင်တ့ဘဲ က်က အနိုင်ရတာပါပဲ။ ဒါကြောင့်လဲ COIN နဲ့ ပတသ် က်တဲ့
ပညာရှင်တွေက political stability မရှိတဲ့ နိုင်ငံတခုရဲ့ အစိုးရဟာ အုပ်ချုပ်ရေးယန္တရားတခုလုံး
တော်လှန်ရေးသမားတွေ လက်ထဲ မကျရောက်နိုင်အောင် မြေပြင်၊ ဝေဟင်အတားအဆီးတွေ
ပြုလုပ်ထားရမယ်လို့ အကြံပြုထားကြပါတယ်။ တော်လှန်ရေးသမားတွေအနေနဲ့ကလဲ
အစိုးရဖြုတ်ချရုံဆိုတာတခုနဲ့ မပြီးသေးပဲ အုပ်ချုပ်ရေးယန္တရားကို အချိန်တိုအတွင်း
မောင်းနှင်အသက်သွင်းနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှ စစ်မှန်တဲ့ အောင်ပွဲက ကိုယ့်လက်ထဲ
ရောက်မှာဖြစ်ပါတယ်။ ဒီအထိ မပြင်ဆင်ထားပဲနဲ့ ဆိုရင် အချိန်ကုန်၊ လူပမ်းပြီး၊ ပေးဆပ်ရတဲ့ အသက်နဲ့
ဘ၀တွေ အလဟဿဖြစ်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ကားတစီးကို မိမိတို့
ယုံကြည်ရာလမ်းကြောင်းပေါ်မှာ မောင်းနှင်နိုင်ဖို့အရေးမှာ ကားကို ကျောက်ခဲနဲ့ လှမ်းထုရုံ၊
ကားပေါ်တက်ထိုင်ပြီး မောင်းမယ့်သူကို ဆွယ်တရားဟောရုံနဲ့ ရဖို့မလွယ်ပါဘူး။
ကားကိုရပ်တန့်နိုင်အောင် ပြုလုပ်ပြီး၊ driving seat ကို ၀င်ထိုင်နိုင်အောင် ကြိုးပမ်းရပါမယ်။
ဝင်ထိုင်ပြီးလဲ ကားမောင်းတတ်ဖို့တော့ လိုပါသေးတယ်။ သူတပါးမောင်းလာတဲ့
ကားကိုရပ်တန့်အောင်လုပ်နိုင်တဲ့ အရည်အချင်းရှိတိုင်းလဲ ကားကို ကျင်လည်အောင်
မောင်းတတ်မယ်လို့ ဘယ်သူမှ မပြောနိုင်သလို၊ ကားမောင်းတတ်သူတိုင်းလဲ သူတပါးမောင်း
လာတ့ကဲားကို ရပ်တန့်အောင် လုပ်ချင်မှ လုပ်နိုင်ပါလိမ့်မယ်။ ဒီလိုပဲ အစိုးရပြုတ်ကျအောင်
တော်လှန်ရေးလုပ်တတ်တ့လဲူရှိသလို၊ အုပ်ချုပ်ရေးယန္တရားမှာပဲ ကျွမ်းကျင်သူတွေလဲ ရှိပါတယ်။
အချိန်အခါနဲ့အညီ လူမှန်၊ နေရာမှန် ဖြစ်ဖို့ပါပဲ။
၁၉၅၀ ၀န်းကျင် ကာလတွေမှာတုန်းက ကမ္ဘာနဲ့အ၀ှမ်းမှာ နိုင်ငံတော်တော်များများ
လွတ်လပ်ရေးရလာပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရစ နိုင်ငံတိုင်းလိုလိုမှာ ပြည်တွင်းစစ်တွေ
တောက်လောင်ခ့ပဲါတယ်။ အုပ်ချုပ်ရေးယန္တရားတွေကို စနစ်တကျ မတည်ဆောက်နိုင်ခဲ့ကြပါဘူး။
အဓိကပြဿနာကတော့ အချိန်အခါနဲ့အညီ၊ လူမှန်၊ နေရာမှန်ဖြစ်ဖို့ ကိစ္စတွေမှာ
သဘောထားကွဲကုန်ကြတာပဲ။ သူတပါးတိုင်းပြည်အောက်က လွတ်မြောက်ဖို့လွတ်လပ်ရေး
ကြိုးပမ်းမှုတွေမှာပဲဖြစ်ဖြစ်၊ မိမိတို့တိုင်းပြည်တွင်းက အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့
လွတ်မြောက်ရေး ကြိုးပမ်းမှုတွေမှာပဲဖြစ်ဖြစ် အသက်၊ သွေး၊ ချွေး ပေးဆပ်ရတာတွေ ရှိပါတယ်။
ဘ၀တွေ ပေးဆပ်ရတာတွေရှိပါတယ်။ ဒီလိုနဲ့ လွတ်မြောက်လာတဲ့အခါ ပေးဆပ်ခဲ့သူတွေမှာလဲ
ဖြစ်စဉ်သမိုင်းအတွက် မိမိကိုယ်ကို ဂုဏ်ယူဝမ်းမြောက်မှုတွေ ရှိနေတတ်သလို၊ အုပ်ချုပ်ရေးယန္တရားမှာ
ယခင်အာဏာရှင်တွေလက်ထက်ကတည်းက ပါဝင်နေကြတဲ့ အရာရှိ၊ ၀န်ထမ်းများကလဲ
ကောင်းခ့သဲ ည်ဖြစ်စေ၊ ဆိုးခ့သဲ ည်ဖြစ်စေ အုပ်ချုပ်ရေးရာယန္တရားမှာ အတွေ့အကြုံရှိသူတွေအဖြစ်
မိမိကိုယ်ကို ခံယူထားတတ်ကြပါတယ်။ တခါ နှစ်ဖက်စလုံးမှာ မပါဝင်ခဲ့တဲ့ အသိပညာရှင်၊
အတတ်ပညာရှင်တွေကလဲ သူတို့ရဲ့ တိုင်းရေးပြည်ရာ အသိဥာဏ်ပညာနဲ့ ပတ်သက်ပြီး မိမိကိုယ်ကို
ဂုဏ်ယူဝမ်းမြောက်နေတာတွေ ရှိနေတတ်ပါတယ်။
ဒီနေရာမှာတင် ဒီလူတန်းစားသုံးမျိုး ပဋ္ဋိပက္ခဖြစ်ကြတော့တာပါပဲ။ တော်လှန်ရေးသမားဟောင်းတွေက
ယခင်အာဏာရှင်ဟောင်းလက်ထက်က အုပ်ချုပ်ရေးဝန်ထမ်းတွေကို ဗျူရိုကရက်တွေလို စွပ်စွဲမယ်။
ပညာရှင်တွေကိုလဲ တကယ်ပေးဆပ်ရတဲ့ကာလတုန်းက မပါခဲ့ပဲ အခုမှ ရေကန်အသင့်
နေရာလာမယူနဲ့လို့ စွပ်စွဲမယ်။ တခါ အုပ်ချုပ်ရေး ၀န်ထမ်းဟောင်းတွေကလဲ အစိုးရ
လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ရင် လုပ်ဖူးလို့လားလို့ ပြန်လှန်ငြင်းခုံကြမယ်။ ပညာရှင်တွေ ကလဲ
ဘယ်သူကဘယ်လောက်တတ်လို့လဲ။ သူတို့က ဘယ်လိုကမ္ဘာကျော်တက္ကသိုလ်တွေက ဆင်းလာတာ၊
ဘာဘွဲ့တွေရလာတာလို့ ပြန်ပြောတာတွေရှိမယ်။ ဒါမျိုးတွေက အကူးအပြောင်းကာလတွေရဲ့
ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများမှာ ဒါတွေ ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့
မြန်မာပြည်မှာလဲ ဦး၊ ဗိုလ်၊ သခင် အကွဲအပြဲတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေကို သင်ခန်းစာပြန်ယူပြီး၊
ရှောင်ရှားတတ်ဖို့ အရေးကြီးပါတယ်။ ၁၉၆၀ ပြည့်လွန်ကာလများမှာ လွတ်လပ်ရေးရပြီးစ
နိုင်ငံတော်တော်များများမှာ စစ်အာဏာသိမ်းယူမှုတွေ ဖြစ်ပွားခဲ့တဲ့ အဓိက အကြောင်းရင်းဟာ
အုပ်ချုပ်ရေးယန္တရားကို စနစ်တကျ အသက်သွင်းနိုင်မှုမရှိပဲ၊ နိုင်ငံရေးလောကမှာ သူဘာလဲ၊ ငါဘာလဲ
ငြင်းခုံနေရာလုမှုတွေကြောင့် ဖြစ်ပါတယ်။ အာဖရိကနိုင်ငံများမှာဆိုရင် အုပ်ချုပ်ရေးစနစ်လုံးဝမရှိတော့ပဲ
သူတလူ၊ ငါတမင်းဖြစ်ကုန်တ့အဲ ထိ ဖြစ်ခဲ့ရဖူးပါတယ်။ စစ်အာဏာရှင်တွေအတွက်တော့ ဒါတွေဟာ
အာဏာသိမ်းယူဖို့ ဖိတ်ခေါ်နေတဲ့ အပြုအမူတွေပါပဲ။
(၄) အချိန်ယူ၍ သွေးခွဲခြင်း၊ အယူအဆ ကွဲပြားအောင်ပြုလုပ်ခြင်း
COIN နည်းဗျူဟာတွေထဲက နောက်ထပ်အရေးကြီးတဲ့ အချက်တချက်ကတော့ အချိန်အတန်ကြာယူပြီး
သွေးခွဲခြင်းနဲ့ အယူအဆ ကွဲလွဲအောင် ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ စစ်ရေးကျွမ်းကျင်သူတွေက common
sense ကို အသုံးပြုဖို့ အကြံပြုကြပါတယ်။ စစ်ပွဲရဲ့ အဆုံးသတ်အောင်ပွဲဆိုတာ ရန်သူကို
သတ်ဖြတ်ချေမှုန်းတာ၊ ဖမ်းဆီးလိုက်နိုင်တာတခုပဲ မဟုတ်ရဘူးလို့ သူတို့က ဆိုထားပါတယ်။
အဓိကကတော့ အတွေးအခေါ်၊ အယူုအဆတွေကိုေ၀၀ါးအောင် ပြုလုပ်ပြီး အောင်ပွဲယူရမယ်လို့
ဆိုပါတယ်။ တော်လှန်ရေးခရီးဆိုတာ ကြမ်းတမ်းပါတယ်။ အချိန်ကြာပါတယ်။
မျိုးဆက်တဆက်ကနေတဆက် လက်ဆင့်ကမ်းပြီး လုပ်ကြရတဲ့ အခြေအနေမျိုးအထိလဲ
ဖြစ်တတ်ပါတယ်။ ဒါကြောင့် မျိုးဆက်တခုနဲ့ တခုကြားက အတွေးအခေါ် လက်ဆင့်ကမ်းမှုတွေကို
ဖြတ်တောက်နိုင်ရင် တော်လှန်ရေးခါးဆက်ဟာ ပြတ်သွားတတ်ပါတယ်။ COIN operations
ပြုလုပ်မယ့်သူတွေက ဒီအချက်ကို အခွင့်အလမ်းအဖြစ် သတ်မှတ်ရမယ်လို့ သူတို့က ဆိုပါတယ်။
ဒီလို တော်လှန်ရေးခါးဆက်ပြတ်သွားအောင် ပြုလုပ်နိုင်ခဲ့ရင် တော်လှန်ရေးဟာ တစတစ ပိုပြီး
အချိန်ကြာပါတယ်။ အချိန်ကြာတာနဲ့အမျှ မျိုးဆက်ဟောင်းတွေအကြားမှာ အယူအဆကွဲလွဲမှုတွေ
တစတစ ပိုမိုကြီးထွားလာပါတယ်။ စစ်မျက်နှာအသီးသီးမှာ လှုပ်ရှားနေသူတွေ အချင်းချင်း
သူ့စစ်မျက်နှာက ထိရောက်တယ်၊ သူ့စစ်မျက်နှာက မထိရောက် စသဖြင့် အငြင်းပွားမှုတွေ
များပြားလာပါတယ်။ ဟန်ချက်ညီလုပ်ဆောင်နိုင်မှုထက် ပြိုင်ဆိုင်မှုတွေ၊ သူမှန်တယ်၊ ငါမှန်တယ်
ငြင်းခုန်မှုတေ၊ွ အချိန်ကြာနေတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး သူ့ အပြစ်၊ ကယို့်အပြစ်ပုံချမှုတွေက
ပိုမိုကြီးထွားလာပါတယ်။ ဒါတွေဟာ အချိန်ကြာနေတဲ့ တော်လှန်ရေးတိုင်းရဲ့ ဖြစ်ရိုးဖြစ်စဉ်
ဓမ္မတာတွေပါပဲ။ "Walking the walk” လို့ စစ်မဟာဗျူဟာလောကမှာ ခေါ်ဆိုကြတဲ့ ဒီနည်းလမ်းဟာ
အစိုးရတွေအတွက်တော့ အတော်ကို ထိရောက်တဲ့ နည်းလမ်းလို့ ဆိုနိုင်ပါတယ်။ ဘာလို့လဲဆိုတော့
ဒါတွေကို အသုံးပြုပြီး၊ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းတွေအကြားမှာ သွေးခွဲမှုတွေ၊
စိတ်ဓာတ်ကျစေမှုတွေ၊ အယုံအကြည်ကင်းမဲ့မှု ဖြစ်စေနိုင်လို့ပါပဲ။ အာဖဂန်နစ်စတန် စကားပုံတခုက
ဆိုထားသလိုပဲ "You have the watches, we have the time” ဆိုတဲ့ အခြေအနေမျိုးပါ။
တော်လှန်ရေးသမားတွေအနေနဲ့ ဒါကို အထူးသတိပြုဖို့ လိုအပ်လှပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် အခုကျွန်မ အထက်မှာ ရေးသားပြထားတဲ့ နည်းလမ်းတွေဟာ
စစ်ရေးကျွမ်းကျင်သူများက Counterinsurgency နဲ့ ပတ်သက်ပြီး အသုံးပြုဖို့
ဖော်ထုတ်သုတေသနပြုထားကြတာတွေပါ။ နိုင်ငံပေါင်းများစွာက ဖြစ်ရပ်တွေ၊ သင်ခန်းစာယူစရာ
အချက်များစွာဟာ ဒီနည်းလမ်းတွေနဲ့ ဆက်စပ်နေပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက စစ်အုပ်စုဟာ
စစ်အစိုးရပီပီ ဒီနည်းလမ်းတွေကို အသုံးပြုခဲ့၊ အသုံးပြုနေဆဲပဲဆိုတာ သမိုင်းဖြစ်စဉ်တွေနဲ့
ယှဉ်ထိုးကြည့်ရင် မြင်သာထင်ရှားလှပါတယ်။ ဒီနည်းလမ်းတွေရဲ့ ထောင်ချောက်တွေထဲကို
မကျရောက်နိုင်ဖို့ တော်လှန်ရေးသမားတွေအနေနဲ့ ဆောင်သင့်တာဆောင်၊ ရှောင်သင့်တာရှောင်ပြီး၊
တော်လှန်ရေးချိန်ခွင်လျှာ ကိုယ့်ဘက်မှာ အလေးပိုသာနိုင်ဖို့အရေးအတွက်
ရှေးရှုလုပ်ဆောင်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
ခင်မမမျိုး (၂၉၊ ၄၊ ၂၀၀၉)
ရည်ညွှန်းကိုးကား-

Galula, David (2006) Counterinsurgency Warfare: Theory and Practice , Westport: Praeger
Security International
Hammes Thomas X. (2006) The Sling and the Stone: On War in the 21st century, St
Paul:Zenith Press
Kilcullen, David (2006) “Counterinsurgency Redux”, Survival, Volume 48
Mao Tse-Tung (2000) On Guerrilla Warfare, Translated by Samuel B. Griffith II Urbana,
University of Illinois Press
Persson, Per-Ann I. & Nyce, James M (2007) “Intuitive Tools? Design Lessons from the
Military Intelligence Community”, American Intelligence Review
Thompson, Robert (1966) Defeating the Communist Insurgency, New York, Hailer
Publishing

NLD news

NLD News

Copy from Arzarni Blogspot

Tuesday 28 April 2009

လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု

လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု

နအဖစစ်အစိုးရ၏ ၂၀၁၀ တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ရန် နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရန် BURMA DEMOCRATIC CONCNERN (BDC) မှ လက်ဖက်ရည်ဆိုင် လှုပ်ရှားမှု နည်းဗျူဟာ ကိုဖော်ဆောင်သွားမည် ဖြစ်သည်။

ဆရာကြီး ဦးဝင်းတင် မှ လက်ဖက်ရည်ဆိုင် စကားဝိုင်း နှင့် စတင်ကြရန် ပြောကြားသွားခဲ့သည်။ မြန်မာပြည်တွင် လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုသည်အလွန် အရေးပါလှပါသည်။ မြို့တိုင်း၊ရွာတိုင်း လိုလိုတွင် လက်ဖက်ရည်ဆိုင် များရှိကြပါသည်။ လူတိုင်းလူတိုင်း လက်ဖက်ရည်ဆိုင်ထိုင် ၍ လက်ဖက်ရည် သောက်ရင်း သတင်းစကားများ ဖလှယ်ရင်းအချင်းချင်း ဆွေးနွေးကြပါသည်။ လက်ဖက်ရည်ဆိုင် ထိုင်ရင်း ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်ရန် အချင်းချင်းတိုက်တွင်းနှိုးဆော်၍ ရပါသည်။ ဘာကြောင့် ဆန့်ကျင်သင့်သလဲ ဟု ဆိုသော် ၂၀၀၈ အခြေခံဥပဒေအရ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် ဖြစ်ပေါ်လာမည့် အစိုးရသစ်တွင် ၂၅% နှုန်းကို စစ်အစိုးရ မှ ပါလီမန် အမတ်နေရာများကို အလိုလို ရယူထားမည်ဖြစ်သည်။ မြန်မာပြည်သည်စစ်အာဏာရှင် အစိုးရ၏ လက်အောက်တွင် နှစ်ပေါင်း (၂၀) ကျော် ကြာတိုင်အောင် ဒုက္ခမျိုးစုံ ကိုခါးဆီးခံခဲ့ကြရပါသည်။

စစ်အာဏာရှင် စနစ်ကို တရားဝင် အသိအမှတ်ပြုထားသည့် ၂၀၁၀ ရွေးကောက်ပွဲ နှင့် စစ်အာဏာရှင် စနစ်ကို မဆန့်ကျင်ခဲ့လျှင်ဘယ်သောအခါ မှ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်မည် မဟုတ် ။ မြည်မာပြည်၏ နေရာအနှံ့အပြားတွင် လက်ဖက်ရည်ဆိုင်များ ရှိပါသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင် ထိုင်ရင်း အချင်းချင်း တိုက်တွန်းနှိုးဆော်ကြရန် လိုအပ်ပါသည်။ ဖြစ်နိုင်လျှင် တနင်္ဂနွေ နေ့တိုင်းတွင် အင်္ကျီအဖြူရောင်ဝတ်၍ စစ်အစိုးရ ၏ ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်သည့်စကားများကို အချင်းချင်းတိုက်တွန်း နှိုးဆော်ကြရန်လိုအပ်ပါသည်။

လက်ဖက်ရည်ဆိုင်များသည် တော်လှန်ရေးဖြစ်လာခဲ့လျှင် ချက်ခြင်းလူစုဝေးရာ ဋ္ဌာနဖြစ်လာနိုင်ပါသည်။ သတင်းစကား ဖြန့်ဖြူးရာ နေရာလည်းဖြစ်သည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင် များသည် တော်လှန်ရေး ၏မြစ်ဖျားခံရာနေရာများဖြစ်လာစေရန် တိုက်တွန်းလိုက်ရပါသည်။ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက် ဖျက်ရန် လူထု ဆန္ဒပြပွဲများ ၊ လူထု အုံကြွမှုများ ဖြစ်ပေါ်လာရန် ၀ိုင်းဝန်းဖော်ဆောင်ကြရန် လိုအပ်ပါသည်။

ဤနေရာတွင် ခေါင်းဆောင်မှုသည် အရေးအကြီးဆုံး ဖြစ်ပါသည်။ လူထု ဆန္ဒပြပွဲများ ၊ လူထု အုံကြွမှုများ ဖြစ်ပေါ်လာလျှင် ခေါင်းဆောင်များသည် ရှေ့တန်းမှ နေ၍ ပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ပေးကြပါရန်၊ ခေါင်းဆောင်မှုပေးကြပါရန် တိုက်တွန်းလိုက်ပါသည်။ စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုအားဖြင့် လက်ဖက်ရည်ဆိုင် လှုပ်ရှားမှုအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ၀ိုင်းဝန်းတိုက် ဖျက်ကြရန် BURMA DEMOCRATIC CONCNERN (BDC) မှ တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။