Burma Democratic Concern has the firm determination to carry on doing until the democracy restore in Burma.

Monday 1 December 2008

ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် လှုပ်ရှားမှု ထိုင်းနိုင်ငံတွင် ပြုလုပ်

Monday, 01 December 2008

ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် လှုပ်ရှားမှုအဖြစ် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ မယ်တော် ဆေးခန်း၊ ထိုင်းနိုင်ငံရှိ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အမျိုးသမီး အဖွဲ့အစည်း များက လမ်းလျှောက် ချီတက်ခြင်းနှင့် ပညာပေး ဟောပြောပွဲများ ကျင်းပကြကြောင်း သိရသည်။

ယနေ့ကျရောက်သည့် ကမ္ဘာ့ AIDS နေ့တွင် ရာနှင့်ချီသော မြို့ခံများ၊ မြန်မာအလုပ်သမားများနှင့်ကျန်းမာရေး ၀န်ထမ်းများ၊ World Vision စသည့် NGOs အဖွဲ့များ၊ အမျိုးသမီးများအတွက် လူမှုစောင့်ရှောက် ရေးအဖွဲ့ (SAW) နှင့် မြန်မာအမျိုးသမီးသမဂ္ဂတို့သည် မဲဆောက်ဆေးရုံမှ မယ်တော်ဆေးခန်းအထိ ချီတက်ခဲ့ ကြ သည်။

မယ်တော်ဆေးခန်း၏သွေးစစ်ဌာနHIVဝေဒနာရှင်ကူညီ
စောင့်ရှောက်သူ စောသန်းလွင်က “ဒီဇင်ဘာ ၁ ရက် နေ့ရောက်တိုင်း ကမ္ဘာ့ AIDSနေ့ အထိမ်းအမှတ်အဖြင့် HIV/AIDS တားဆီးကာကွယ်ရေး နဲ့ပတ်သက် ပြီး ပြည်သူလူထုကြားမှာ အသိပညာရစေဖို့ နဲ့ ကာကွယ်တားဆီးရေးမှာ ပိုမို ပူးပေါင်းပါဝင်လာဖို့အတွက်ရည် ရွယ်တယ်၊ HIV/AIDS နဲ့ပတ်သက်တဲ့ ပညာပေးဆောင်ပုဒ်တွေကို ကိုင်တယ်၊ ပညာပေးလက်ကမ်း စာဆောင် တွေဝေတယ်၊ ကွန်ဒုံတွေဝေတယ်”ဟု ပြောသည်။

ယင်း မယ်တော်ဆေးခန်းတွင်လာရောက် ကုသမှုခံယူသည့် စာရင်းအရ ၂၀၀၁မှ ၂၀၀၈ခုနှစ်အတွင်း HIV/AIDS ဝေဒနာရှင် ၁၀၀၀ နီးပါးရှိပြီး တနှစ်လျှင် လူ ၁၀၀ ကျော် တိုးလာကြောင်းလည်းသိရသည်။ ၎င်းဝေဒနာရှင် အများစုမှာ အသက်၂၀ မှ ၄၀ကြားဖြစ်ပြီး မြန်မာပြည်တွင်းမှ လာရောက်ကုသသူများနှင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ ထဲမှဖြစ်သည်ဟုလည်း သိရသည်။

မယ်တော်ဆေးခန်းအနေဖြင့် HIV/AIDS လူနာများအတွက် ART ဆေးဝါးကို ၃ ရာခိုင်နှုန်းခန့်သာ ပေးနိုင် ကြောင်းလည်း စောသန်းလွင်ကပြောသည်။

(ကြည့်ကြပါ အရှက်မရှိသူများ၏ သတင်းများကို)
ယနေ့ထုတ် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာတွင် “HIV/AIDS တားဆီးတိုက်ဖျက်ရေး မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များ” ဟူသည့် ခေါင်းစဉ်ဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါပပျောက်ရေး အတွက် ဘက်စုံ ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး စီမံချက် ၂၀၀၆မှ၂၀၁၀ အထိ HIV/AIDS ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက် လုပ်ငန်းကြီး ၁၀ချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

သတင်းစာတွင်ဆက်လက်ပြီး ၂၀၀၆ခုနှစ် WHOနှင့် UNAIDS ပူးတွဲထုတ်ပြန်ချက်အစီိရင်ခံစာတွင် မြန်မာနိုင်ငံ၌ ၂၀၀၀ခုနှစ်တွင် ကိုယ်ဝန်ဆောင်မိခင်များအတွင်း ဖြစ်ပွားနှုန်းသည် ၂.၂ရာခိုင်းနှုန်းမှ ၁.၃ ရာခိုင်နှုန်းအထိလျော့နည်းသွားကြောင်းနှင့် ၂၀၀၁ခုနှစ်တွင် ၂၀၀၅ခုနှစ်အတွင်း အမျိုးသားကာလသား ရောဂါဝေဒနာရှင်အတွင်း ၈ရာခိုင်နှုန်းမှ ၄ရာခိုင်နှုန်း လျော့နည်း ကျဆင်းသွားသည်ဟုလည်း ပါရှိသည်။

ရောဂါပိုးကူးစက်ခံထားရသည့် ဝေဒနာရှင်များနှင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်း၊ ဝေဒနာရှင်များအား ART ဆေးတိုက်ကျွေးခြင်း၊ အိမ်တွင်းစောင့်ရှောက်ခြင်းလုပ်ငန်းများဆောက်ရွက်ပေးလျက်ရှိပြီး ARTဆေးတိုက် ကျွေးမှုကို ရန်ကုန်မြို့ ဝေဘာဂီဆေးရုံကြီး၊ မင်္ဂလာဒုံအထူးကုဆေးရုံကြီး အပါအဝင် ပြည်နယ်/တိုင်း ဆေး ရုံကြီးများမှ ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သို့သော် နယ်စည်းမခြားဆရာဝန်များ(MSF) အဖွဲ့က မြန်မာနိုင်ငံတွင် ARTဆေးဝါး မလုံလောက်သည့် အတွက် ယခုနှစ်အတွင်း သေဆုံးနိုင်သူ နှစ်သောင်းခွဲအထိရှိပြီး တနိုင်ငံလုံးအတိုင်း အတာအရ HIVရောဂါ ကူးစက်ခံနေရသူ ခန့်မန်းခြေ နှစ်သိန်းခွဲခန့်အနက် လူတသောင်းငါးထောင်ခန့်သာ ART ဆေးဝါးကုသခွင့် ရသည်ဟု ထုတ်ပြန်ကြေညာသည်။

MSF အဖွဲ့မှ လူတသောင်းတထောင် ကို ကုသမှုပေးနေသော်လည်း လူခုနစ်သောင်းခွဲကျော် မှာ အရေးပေါ် ဆေးကုသမှု လိုအပ်နေကြောင်း လည်းထုတ်ပြန်ထားသည်။

ရန်ကုန်အခြေစိုက် HIV/AIDS ဝေဒနာရှင်များအား အကူအညီပေးနေသော အဖွဲ့အစည်းတခုဖြစ်သည့် (Population Services International-PSI) ရှိ တာဝန်ရှိသူအကြီးအကဲများသည် ကမ္ဘာ့AIDSနေ့ နှင့် ပတ်သက်ပြီး နေပြည်တော်တွင်ကျင်းပသည့် အစည်းအဝေးသို့ သွားနေသည်ဟု PSI မှ တာဝန်ခံ တဦး ကပြောသည်။

The entire world is questioning 'What are you up to, regime?'

December 1st (today) is the 21st World AIDS Day and people around the world will be celebrating and commemorating the occasion. But in Burma....
Youths in Myanmar at risk
1 Dec 2008

YANGON (The Straits Times) - YOUTHS in Myanmar are particularly at risk from HIV, with almost two thirds of the near quarter million people living with the virus in that country aged under 24, the UN Children's Fund said Monday.
About 100,000 women are also living with HIV in Myanmar and many newborns are at risk of being infected, Ramesh Shrestha, the UNICEF representative in Myanmar, said in a statement for World Aids Day.
'Young people have a higher propensity for risk-taking behaviour which exposes them to avoidable risks including exposure to HIV,' Mr Shrestha said.
'It is estimated that there are approximately 240,000 people living with HIV in Myanmar, of which almost two thirds are young people under 24 years of age,' the statement said.
International humanitarian organization Medecins Sans Frontieres has said that about 76,000 of those living with HIV in Myanmar are in urgent need of anti-retroviral treatment (ART).
A senior Myanmar health ministry official said more funding was needed to prevent HIV spreading inside the country.
'More funds are needed not only ART for Aids patients but also for prevention projects,' Kyaw Nyunt Sein told AFP.
About 11,000 Aids patients around the country are getting ART from the government and international NGOs, he said.
Only 170 administrative regions out of 325 around the country can implement 100 percent condom promotion to prevent the HIV virus spreading because of funding shortages.
'We cannot give complete prevention. The disease mostly occurs through sexual contact, that's why we want to do 100 percent condom promotion for youths,' he said.
Myanmar has been ruled by the military since 1962 and the impoverished nation's healthcare system is in poor condition.

Journalists caught in crackdown by Myanmar junta

1 Dec 2008, 10 hours ago
YANGON, Myanmar (AP) — A court in military-controlled Myanmar has imprisoned two journalists for seven years each for undermining the country's ruling generals after being caught with a U.N. human rights report.

The court in a northeastern suburb of Yangon on Friday sentenced Thet Zin, editor of the local Myanmar-language journal Myanmar Nation, and Sein Win Maung, the paper's manager, after convicting them of undermining the government under the country's draconian Printing and Publishing Law.

The convictions were part of a renewed crackdown by the regime in the past month that has led to more than 100 people — including activists, writers, musicians and Buddhist monks — receiving jail sentences as long as 68 years. Many were transferred to prisons in remote regions.

The journalists' sentencing came the same day a court inside Yangon's Insein prison sentenced 13 members of the 88 Generation Students, a group at the forefront of a 1988 pro-democracy uprising, to six years for undermining stability, family members said.

The 13 activists were among 37 from the group handed long prison sentences for their roles in nonviolent protests, including pro-democracy demonstrations in September 2007 led by Buddhist monks that were violently suppressed.

Myanmar's military, which has held power since 1962, tolerates no dissent. It frequently arrests artists and entertainers regarded as opposing the regime.

The lengthy prison sentences have been condemned worldwide by Western governments and human rights organizations, who charge that the heavy-handed tactics makes a mockery of the ruling junta's professed plan to restore democracy through elections in 2010.

(This version CORRECTS name of journal in graf 2 to Myanmar Nation, and total number of members of the 88 Generation Students sentenced to 37 sted 46 in graf 5)

အချစ်ငတ်သူ

တကယ်တော့ မြန်မာပြည်ဆိုတာ
အရမ်းချစ်ပြီး ဘယ်လိုမှလက်ထပ်လို့မဖြစ်နိုင်တဲ့
မိန်းမတစ်ယောက်ပေါ့ …

ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ ...

၂၁ ရာစုမှာ internet ကို
ဆန်တစ်ပြည်လောက်မှ တန်ဖိုးမထားတဲ့ မိန်းမ ...

အမှောင်ထဲမှာပဲ ပျော်ပိုက်ပြီး
ညတွေမှာ မီးမလင်းနိုင်တဲ့ မိန်းမ ...

ခဏခဏပြင်ပြီး အညာခံနေရတဲ့
နှစ်သုံးဆယ်စီမံကိန်းပညာလောက်ပဲတတ်တဲ့ မိန်းမ ...

ပြည်ပလုပ်အလှပြင်ကိရိယာ ပြည်ပကနည်းပညာနဲ့
ကိုယ့်ကိုယ်ကို အလှဖန်တီးရှင်ပါလို့
စက်မူဇုန်ထဲကနေ ကြုံးဝါးနေတဲ့ မိန်းမ …

တတ်သမျှပညာတွေ ရှိသမျှလုပ်အားတွေနဲ့
ပြည့်ပြည့်ဝဝ လုပ်ကျွေးတာတောင်
လက်ဖက်ရည်ဖိုးလောက်ပဲ ပြန်ပေးချင်တဲ့ မိန်းမ ...

သည်းခံယူပြီး ပြုပြင်ပေးချင်တာတောင်
အုပ်ထိန်းသူက လက်သင့်မခံတဲ့ မိန်းမ ...

ယုတ်မာကောက်ကျစ်ပြီး အကြံပက်စက်လွန်းတဲ့
ပထွေးရဲ့တာဝန်ယူမူကို ခံထားရရှာတဲ့ မိန်းမ …

အုပ်ထိန်းသူတွေ ကိုယ်တိုင်က
ပြည့်တန်ဆာဇာတ်သွင်းခြင်းကို
မသိမသာ ခံနေရရှာတဲ့ မိန်းမ ...

သားသမီးတွေကို နွေးနွေးထွေးထွေးချစ်တတ်ပေမယ့်
ပထွေးမျက်နှာကြည့်ပြီး အသက်ရှူနေရရှာတဲ့ မိန်းမ …

ဒီလိုမိန်းမမျိုးနဲ့ကျွန်တော်
ဘယ်လိုလက်ထပ်လို့ဖြစ်နိုင်ဦးမှာလဲဗျာ ...

ဘယ်လိုပဲ ရည်းစားတွေထပ်ပြီးထားထား
သူ့ကိုတော့ တစ်နေ့မှမေ့မရနိုင်တာ အမှန်ပါပဲ ...

တကယ်လို့များ ...
သူ့ပထွေးကြီးမရှိတော့ဘူးဆိုရင် …

လက်ဖက်ရည်ဖိုးလောက်ပဲ ပေးပေး
ပြည့်တန်ဆာပဲဖြစ်နေပါစေ
အရာရာကိုပြုပြင် လက်ထပ်ချင်တဲ့ကောင်ပါ ...

တကယ်တော့ ...
ကျွန်တော့်ချစ်သူ မြန်မာပြည်ဟာ
စိတ်သောကတွေကြုံတိုင်းမှာ
အဖေကိုလွမ်းဆွတ် ငိုကြွေးတတ်တဲ့
အရမ်းလှပတဲ့ဗီဇတွေကို
ပထွေးက အနိုင်ကျင့် အစော်ကားခံလိုက်ရတဲ့
ချစ်စရာကောင်းတဲ့ မိန်းမတစ်ယောက်ပါ ...

အခုတော့ ကျွန်တော် မိဘသဘောတူထားတဲ့ ချစ်သူ (singapore) နဲ့ပဲ တွဲနေရတယ်...သူ့ကို မချစ်ပေမယ့်.... အရမ်းချစ်ရတဲ့ ချစ်သူ (myanmar) ကိုဆက်ပြီးလက်တွဲ နေဖို့က ဘယ်လိုမှမဖြစ်နိုင်သေးတော့....


Author : Singapore နဲ့ချစ်သူဖြစ်နေသူတစ်ဦး

မြန်မာ စစ်ထောက်လှမ်းရေး တစ်ဦး မလေးရှားတွင် တွေ့ရှိခြင်း

နိုဝင်ဘာ ၂၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ရှိ Prince ဟိုတယ် အတွင်း ကျင်းပ ပြုလုပ်သည့် မြန်မာ့ တိုင်းရင်းသား ခေါင်းဆောင် အချို့နှင့် NCGUB မှ လူကြီးများ မြန်မာ့နိုင်ငံရေး အခြေအနေ နှင့် ပြည်သူများ စားဝတ်နေရေး လက်ရှိအခြေအနေ ဆွေးနွေးပွဲသို့ နအဖ စစ်အုပ်စုမှ ထောက်လှမ်းရေး စေလွှတ်ပြီး သတင်းရယူခဲ့ကြောင်း သိရှိရသည်။
စေလွှတ်ခံရသူ ထောက်လှမ်းရေးမှာ မျိုးမြင့်မောင် ဖြစ်ပြီး၊ ၎င်းအား ဓါတ်ပုံရိုက် သတင်းယူခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။ သူသည် အစည်းအဝေး ခန်းမအတွင်း ဓါတ်ပုံများ ရိုက်နေစဉ် မသင်္ကာသဖြင့် အစည်းအဝေး တက်ရောက်ကြသူများမှ ခေါ်ယူမေးမြန်းရာတွင် မိမိမှာ စစ်ထောက်လှမ်းရေး ဖြစ်ကြောင်း အဖြစ်မှန်ကို ဝန်ခံခဲ့သည်။ ၎င်းထံမှလည်း သက်သေခံ အထောက်အထား စာရွက်စာတမ်းများ တွေ့ရှိရကြောင်း ပြောသည်။

သို့ရာတွင် အစည်းအဝေး တက်ရောက်လာကြသူများမှ ၎င်းအား တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ပြန်လွှတ် ပေးလိုက်သည်ဟု သိရသည်။

နအဖ အစိုးရသည် ငွေကြေး အမြောက်အများ သုံးစွဲကျခံလျှက် ပြည်ပတွင် နေထိုင်လျှက်ရှိသည့် မြန်မာလူမျိုး များအား ခြိမ်းခြောက် နှောင့်ယှက်မှု အမျိုးမျိုးပေး၍၊ ပြည်ပရှိ မြန်မာ နိုင်ငံဆိုင်ရာ သတင်းဌာနများ၊ ဘလော့ဂ်များ၊ အတိုက်အခံများကို သဲသဲမဲမဲ တိုက်ခိုက်နေကြောင်းလည်း သတင်းရရှိသည်။

ထိုကဲ့သို့ အခြားနိုင်ငံ တစ်နိုင်ငံ၏ ပိုင်နက်အတွင်း၊ အထူးသဖြင့် အာဆီယံ နိုင်ငံများအတွင်း မြန်မာ အစိုးရသည် မြန်မာနိုင်ငံသံရုံးမှ တဆင့် ထောက်လှမ်းရေးများ စေလွှတ် သတင်းရယူလျှက် ရှိကြောင်း သိရှိရသည်။